ဆူညံပေါက်ကွဲ ရွာနီးနားဝယ်
သမီးသားလာပါ ဖိုးဖွားလက်ဆွဲ
သေကွဲရှင် ကွဲ တောကြီးတောင် ထဲ
အိမ်လယ်ယာကုန် ရန်မီးများကြား
ရှိတာထုပ်ထား တနပ်စားဖြစ်စေ
မဝ ရေစာ စုပေါင်းဝေမျှ
က လေးတို့ ကျောင်းစာ ဘယ်မှာရှာအံ့
ဘဝတူချင်း အားပေးကူညီ
အားမရှိတဲ့ ရည် မှန်းချက်နဲ့ 
အသက်တစ် ရက် ပဲရှည်ပါစေ
နွေးထွေးစွာ လက်လှမ်းကြိုတဲ့
ဒုက္ခသည်စခန်း ဆီသို့ ။ ။
:cry:
ငြိမ်းချမ်းရေးအတွက်ဆိုပြီး
ငြိမ်းချမ်းစွာနေထိုင် တဲ့ ပြည်သူတွေ
ဒုက္ခသည်စခန်းမှာ ဘယ်အချိန်ထိ
ဒုက္ခခံနေရမှာလဲ ။ ။ :buu: :cry:

ကချင်ပြည်နယ် စစ်ဘေး ဒုက္ခ သည်
များသို့ ဆုတောင်းမေတ္တာပို့ သလျက် ။

လုလု

About Sine Sant

Sine Sant has written 23 post in this Website..

မှန်လိုလူ