အမှန် နှစ်ခု ကြားမှာ ….စစ် .

Sine SantApril 19, 20141min20318

ဆူညံပေါက်ကွဲ ရွာနီးနားဝယ်
သမီးသားလာပါ ဖိုးဖွားလက်ဆွဲ
သေကွဲရှင် ကွဲ တောကြီးတောင် ထဲ
အိမ်လယ်ယာကုန် ရန်မီးများကြား
ရှိတာထုပ်ထား တနပ်စားဖြစ်စေ
မဝ ရေစာ စုပေါင်းဝေမျှ
က လေးတို ့ကျောင်းစာ ဘယ်မှာရှာအံ့
ဘဝတူချင်း အားပေးကူညီ
အားမရှိတဲ့ ရည် မှန်းချက်နဲ ့
အသက်တစ် ရက် ပဲရှည်ပါစေ
နွေးထွေးစွာ လက်လှမ်းကြိုတဲ့
ဒုက္ခသည်စခန်း ဆီသို ့။ ။
😥
ငြိမ်းချမ်းရေးအတွက်ဆိုပြီး
ငြိမ်းချမ်းစွာနေထိုင် တဲ့ ပြည်သူတွေ
ဒုက္ခသည်စခန်းမှာ ဘယ်အချိန်ထိ
ဒုက္ခခံနေရမှာလဲ ။ ။ :buu: 😥

ကချင်ပြည်နယ် စစ်ဘေး ဒုက္ခ သည်
များသို ့ဆုတောင်းမေတ္တာပို ့သလျက် ။

လုလု

18 comments

  • TNA

    April 19, 2014 at 3:40 pm

    ထပ်တူထပ်မျှခံစားရပါတယ်

  • black chaw

    April 20, 2014 at 5:18 am

    မြန်မာပြည် ငြိမ်းချမ်းပါစေ ပန်းပွင့်တွေ ဆုတောင်း နေ
    မြန်မာပြည်ငြိမ်းချမ်းပါစေ ကျေးငှက်တို ့ တေးဆို နေ။

  • lu lu

    April 20, 2014 at 6:55 am

    အမြန်ငြိမ်းချမ်းနိုင် ရင်
    အားလုံးဝမ်းသာရမယ့် အဖြစ်ပါ
    တ နေ ့တ နေ ့ဂျာနယ်ထဲတေ ွ ့နေရတာ စိတ်မချမ်းသာစရာ

  • alinsett (gazette)

    April 20, 2014 at 7:15 am

    ငြိမ်းချမ်းရေးဆိုတာ
    အဝေးကို ထ ထ ပျံသွားတတ်တဲ့ ငှက်တစ်ကောင် လို့
    ကျနော် ခံယူနေမိပြီ

    ကြာပါပြီ။
    ငြိမ်းချမ်းရေးကို မျှော်လင့်ခဲ့တာ
    ဂဘာကြီး ငြိမ်းချမ်းရေး
    ပြည်တွင်းငြိမ်းချမ်းရေး
    ပြီးတော့ ကိုယ်တွင်း ငြိမ်းချမ်းရေး

    • lu lu

      April 20, 2014 at 8:30 am

      အပြင် ကငြိမ်းချမ်းရေး ကိုတော့ ကိုယ်တစ်ယောက်
      တည်း လုပ်ဖို ့မဖြစ်နိုင် ဘူး
      ဒီတော့ကာ
      ကိုယ်တွင်းငြိမ်းချမ်းရေးပဲ ရ အောင် ယူပါ

  • ကေဇီ

    April 20, 2014 at 7:45 am

    စစ် ဆိုတာ ဘာမှ မကောင်းဘူးးး
    သိပ်ပြီး သိတ္တိရှိပြီး ခံယူချက်ပြင်းထန်နေကြရင် ခေါင်းဆောင်ချင်း သေနတ်ချင်းယှဉ်ပစ်ကြပါလားးး
    ကိုယ့် အမိန့်နဲ့ သူများသားသမီး သေအောင်လုပ်နေကြတယ်။

    😥

    • lu lu

      April 20, 2014 at 8:27 am

      တကယ်တော့ သူတို ့အကိူးအတွက် ဘာမှအပြစ်မရှိတဲ့သူ
      တွေကိုအသုံးချနေကြတာ

  • naywoon ni

    April 20, 2014 at 10:42 pm

    ကျည်​ဆန်​​တွေအစား ပန်​းများပွင်​့​စေ တဲ့ ဘယ်​သူဆိုတာလဲမသိ

    • lu lu

      April 21, 2014 at 12:21 pm

      အင်း အယ် ပီတူလဲ ချို တော့ တစ်ယောက်ယောက်ဖြစ်နိုင်
      ဒယ် အဟဲ

  • ဦးကြောင်ကြီး

    April 21, 2014 at 7:58 am

    လုလုနဲ့ကြောင် လက်ခြင်းယှက်ပြီး (ခါးလေးလည်းဖက် ရင်ဂျင်လည်းအပ်ထားမယ်) ကချင်-ဗြံမာ ခြစ်ကြည်ရေး တည်ဆောက်ကြဇို့..

    • lu lu

      April 21, 2014 at 12:18 pm

      လျက်ဆား ပါ ဦးကြောင်
      ရာသီဥတုက အရမ်းပူ နေလို ့ကျောချင်း ရင် ချင်းမအပ် နိုင်
      တာတော့ တွေ ့ပူချိ

  • ခင် ခ

    April 21, 2014 at 2:58 pm

    ပြည်သူတွေ မှီခိုသူတွေအတွက် ငြိမ်းချမ်းကို တကယ်လိုလားကြတဲ့ နှလုံးရည်သာ ငြိမ်းချမ်းရေးအတွက် ခေါင်းဆောင်တွေမှာ အပြည့်အဝရှိကြမယ်ဆိုရင် စစ်ပွဲတွေရပ်သွားမှာ ကြာလှရောပေါ့ကွယ်

    • lu lu

      April 21, 2014 at 5:13 pm

      ဟုတ်ဒါပေါ့ကွယ် အ နော်တို ့ကချင် ပြည်ကြီး
      သူတို ့လက် ရုံးရည် ပြပွဲမှာ ပြာပုံ ဖြစ်တော့မယ်
      stop . .ကြပါတော့ ကို သရဲကောင်းတို ့ရေ ( ( ( (

  • Ma Ma

    April 21, 2014 at 4:05 pm

    ဟိုးတုန်းက ဘုရင်တွေလို စီးချင်းထိုးပြီး နိုင်တဲ့သူက မင်း လုပ် ဆိုတာကမှ မျှတသေးတယ်။
    ကိုယ်အုပ်ချုူ ပ်ခွင့်ရဖို့အတွက် ကိုယ့်အရည်အချင်းနဲ့ကိုယ်၊ ကိုယ့်အသက်ကိုရင်းပြီး ရယူရတာ။

  • kyeemite

    April 22, 2014 at 1:44 pm

    ခံစားချက်နဲ့အရေးအသားလေး ထိမိပါပေရဲ့..ငြိမ်းချမ်းပါစေ မြန်မာပြည်။ 😥

    • lu lu

      April 23, 2014 at 6:38 pm

      ပို ့တ တဲ့မေတ္တာ လည်းထိထိမိမိ ရှိပါစေကွယ်

  • Mr. MarGa

    April 23, 2014 at 4:59 pm

    ယုံကြည်မှု ဆိုတာ…
    ယုံကြည်မှု တည်ဆောက်ခြင်း ဆိုတာ
    နှစ်ပေါင်းများစွာ ကြာအောင် လုပ်ရတာ ဖြစ်ပေမယ့်
    နာရီပိုင်းအတွင်းမှာ ပျက်ပြား သွားတတ်တာမျိုး မို့………..

    • lu lu

      April 23, 2014 at 6:35 pm

      ဘယ်အရာမှအမြဲ ရှိ မ နေပါဘူးဆို တာကိုပဲ
      နှလုံး သွင်းထား လိုက်ပါတယ်

Leave a Reply