နားလည်မှုလွဲမှားခြင်း

manawphyulayAugust 10, 20101min540

နေလုံးက
ဟန်မဆောင်တတ်တဲ့
ငါ့ရဲ့ ဆံကေသာပေါ်ဖြန့်ချလို့
ငါကတော့ ငါ့ဖဝါး ငါ့အရိပ်
ငါ့နယ်နမိတ်နဲ့
ငါကိုယ်တိုင် လမ်းဖွဲ့လျှောက်ပေါ့။
နားလည်မှုနဲ့ ဝေးကွာခဲ့တဲ့
ငါ့ရဲ့အဖြစ်ကို
ညီမလေးနှင်း နားလည်ပေးပါလို့
မတောင်းဆိုရဲပါဘူး။
ငါ့ကိုယ်ငါတောင် နားလည်မှုဆိုတဲ့
စကားလုံးကို ဝေခွဲမရစွာနဲ့
နားလည်နိုင်အောင် ကြိုးစားနေဆဲ
ညီမလေးနှင်းပို့လိုက်တဲ့ မေးလ်ရောက်ခဲ့
ဘယ်နေရာရောက်ရောက်
နားလည်မှုဆိုတဲ့စကားသံ
ပဲ့တင်ထပ်အောင် ကြားစမြဲ
ခုတော့ ညီမလေးနှင်း မေးတဲ့ မေးခွန်းတစ်ခု
”အမရဲ့ညီမလေးနှင်းအပေါ်ထားတဲ့ နားလည်မှုက ဘာလဲတဲ့”
ငါ့ရဲ့နားလည်မှုကို ဘယ်လိုပြောရပါ့…
အမှန်တော့
ငါဟာ နားလည်မှု မရှိတဲ့သူတစ်ယောက်ပါ….
ငါ ငါ့အတ္တကို
အမြဲရှေ့တန်းတင်ခဲ့
ငါဟာ နားလည်မှုနဲ့
မထိုက်တန်တဲ့သူတစ်ယောက်…
ငါဟာ ငါ့ကိုယ်ကျိုးပဲ ကြည့်တတ်တဲ့
အတ္တကြီးသူတစ်ယောက်ပါ ညီမလေးနှင်းရယ်…
ပစ်ထားခဲ့ပါတယ်ဆိုတဲ့
ညီမလေးနှင်းရဲ့ စွပ်စွဲချက်တွေဟာ
ငါ့အတွက် အလွန်ပဲ ပြင်းထန်လွန်းခဲ့ပါတယ်…
ဒီအသံကို နားထဲမှာ အထပ်ထပ်ကြားနေပေမဲ့
ငါဟာ တကယ်ပဲ ပစ်ခဲ့သူလား
ငါ့အကြောင်း ငါဘဲသိပါတယ်ညီမလေးရယ်…
ဘာတစ်ခုမှ မဖြေရှင်းတော့ပါဘူး
ငါ့ရဲ့သတိရခြင်းတွေ
ငါရဲ့ဝမ်းနည်းအားငယ်မှုတွေကို
ဖြစ်နိုင်ရင် မင်းကို မမြင်စေချင်ပါဘူး…
ငါ့ရဲ့ရင်မှာ တကယ်ကြေကွဲမိပါတယ်…
အတူရှိခဲ့စဉ်ကာလတုန်းကလည်း
ငါဟာ မင်းကို အားပေးခဲ့တဲ့သူ
နားလည်မှု ပေးစွမ်းနိုင်ခဲ့သူ မဖြစ်ခဲ့မိဘူးနော်
ငါဟာ မင်းရဲ့နားလည်မှုနဲ့
ခုတော့…
ညီမလေးရဲ့ဝန်းကျင်မှာ
နားလည်မှုတွေ ပေးစွမ်းနေတဲ့သူတွေ ရှိနေပြီမို့
ငါလေ…
နားလည်မှုတွေ မပေးနိုင်တဲ့
ဘဝနဲ့ပဲ အဝေးတစ်နေရာက
ပြုံးသူမှာ မျက်ရည်စတွေနဲ့
ငေးငေးကာကြည့်ရင်း
ကျေနပ်ပီတိဖြစ်လို့နေမိပါတယ်
ညီမလေးနှင်းရယ်….

ဒါတွေဟာ အမရင်ထဲက ထွက်ပေါ်လာတဲ့ မင်းကို ပြောချင်တဲ့စကားတွေပါ။ အမရင်နဲ့မဆန့်အောင် ခံစားမိပါတယ်။ ဘာလိုလိုနဲ့ တို့ညီအစ်မတွေ ခွဲခွာခဲ့တာ နှစ်နှစ်ပြည့်ခဲ့ပြီနော်။ သတိရတယ်။ တစ်ယောက်ထဲရှိနေချိန်မှာ ပိုပြီး လွမ်းမိတယ်ညီမလေး။