ပတိုက်​နဲ့မတန်​ ………

ဟောင်း​လေ​လေ တန်​ဖိုးတက်​​လေ​လေ ဆို​ပေမဲ့
အမျိုးမမှန်​တဲ့ အ​ဟောင်းအမြင်းကျ​တော့
အမှိုက်​ထဲထိုးထည့်​ခံရတာမဆန်းပါဘူး
ဟုတ်​တယ်​ ဟုတ်
တန်​​ကြေးရှိတဲ့ ပျားရည်​ထဲ
နှပ်​​ချေး​ရောပြီးကာမှ
ပျားရည်​စစ်​စစ်​​တွေနဲ့တန်းတူထား
လှောင်​ထားလို့​ကော ဘာထူးမလဲ
အ​ရောအ​နှောဟာ
အ​ရောအ​နှောလိုတန်​​ကြေးမရှိ
အဲ့ဒိလိုပဲ
ယဉ်​​ကျေးမှုဆိုတာလဲ
ရော​ကော​,သော​ကောဖြစ်​လာရင်
ဆက်​ပီး မထိမ်းသိမ်းနိုင်​ရင်
ပြတိုက်​ထဲ​စော​စောထည့်​ ထားလိုက်​တာကပိုမ​ကောင်းဘူးလား
တော်​​တော်​ကြာ
ဟိုဟာ​ရော ဒီဟာစပ်​နဲ့
ပြတိုက်​နဲ့မတန်​ဖြစ်​သွားရင်
ငါတို့ဘာလူမျိုးဆိုတာ ကို
နောင်​လာ​နောက်​သား​တွေကို
သက်​​သေပြစရာမရှိဖြစ်​သွားမယ်​ ။

နေ၀န်းနီ

About naywoon ni

naywoon ni has written 439 post in this Website..

နေ၀န်းတော့ နေ၀န်းပဲ..။ ဒါပေမဲ့ ရဲရဲနီနေတဲ့ အရှေ့ဘက်မိုးကုပ်စက်ဝိုင်းကထွက်ပေါ်လာကာစ နေ၀န်းနီ........... CJ # 7272010