အားကျမိကြောင်း ရိုးသားစွာဝန်ခံပါသည်

ရွှေ ကြည်April 19, 20141min35633

မင်္ဂလာပါရှင့် မတွေ့ရတာလည်းကြာပြီ

ပေါ်လိုက်ပျောက်လိုက်နဲ့ ဂနာမငြိမ်တဲ့ မိရွှေကြည်ရွာသူမကိုခွင့်လွှတ်ကြပါကုန်

နှစ်သစ်မှာ ရွာသူ၊ ရွာသား အပေါင်း မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ

စိတ်သွားတိုင်း ကိုယ်ပါနိုင်ကြပါစေ

စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံနိုင်ကြပါစေ မေတ္တာပို့သပါတယ်။

မျက်စိတွေလည်းလည်နေတယ် နကိုကမှ မကျွမ်းမကျင်နဲ့ဆိုတော့ ပုံတင်တာမျက်စိလည်နေတယ်။

စမ်းတဝါးဝါး နဲ့ တင်လိုက်ပါတယ်။

ဟုတ်ကဲ့ မိရွှေကြည် အားကျမိပါတယ် တကယ်ကြီးပါ။

ဒီအသက်ဒီအရွယ်ရောက်ပြီဆိုတော့လည်း အားကျမိပါရဲ့ ။

မိရွှေကြည် ဒီအသက်အရွယ်ရောက်တဲ့အထိ ရှစ်ပါးသီလလုံအောင်ထိန်းနိုင်ခဲ့တာ

(တော်တော်လေးကိုခက်ခက်ခဲခဲကြိုးစားလိုက်ရပါတယ်)

ဘုရားစူး တကြိမ်တည်းပါ။

ဘုန်းကြီးကျောင်းကိုတော့ အမေနဲ့အတူ သီလလိုက်ယူတာကတော့ အကြိမ်ပေါင်းများစွာ

တခါမှ သီလလုံအောင်မနေခဲ့ဖူးဘူး

ရန်ကုန်မှာအလုပ်လုပ်ရင်း တရက်သော ဝါဆိုလပြည့်နေ့မှာမှ ရွှေတိဂုံဘုရားမှာ

အိမ်အတူနေတဲ့သူငယ်ချင်းတွေနဲ့ သီလယူပြီး ဥပုဒ်စောင့်ခဲ့ပါတယ်

တကယ်ကြီး တကြိမ်တည်းပါ။

အခုအထိလည်း မစောင့်ဖြစ်သေးပါ။

ဒါပေမယ့် ဒီရွာကြီးရဲ့ကျေးဇူးနဲ့ ခင်မင်ခွင့်ရခဲ့တဲ့ ရွာသူားတွေထဲကမှ

ယောင်းမဆိုလည်းဟုတ် ညီမလေးဆိုလည်းဟုတ်တဲ့ လုံမ အမွန်က

ဒီနှစ်သင်္ကြန်မှာ သာသနာ့ဘောင်ရက်ပိုင်းဝင်ဖြစ်တာတွေ့ရတာ့ လေးစားအားကျမိတယ်

ကလေးမက တရားစခန်းတွေလည်းဝင်ဖြစ်တယ် ရွှေကြည်ထက်ငယ်ပေမယ့်

ထက်မြက်သွက်လက်တဲ့ ချစ်စရာကောင်မလေးတယောက်

သာသနာ့ဘောင်မှာ ပန်းရောင် သင်္ကန်းကိုဆင်မြန်းလိုက်တော့လည်း

တကယ့်ကို ကြည်ညိုဖွယ်ရာအပြည့်နဲ့မို့ သာဓုခေါ်ရပြန်တယ်။

ကဲ ဒီမှာရှုလော့

Sayarlay

အခု လူဝတ်လဲပြီးသကာလမှာတော့ အောက်တွင်ရှုလော့

amon

 

(အမွန်ရေ အမွန့်ပုံတွေ ဖွဘုတ်က မ လာတယ် မမဂျီးကို သွေးပုချိ)

ဟုတ်ကဲ့ အားကျမိပါတယ် တကယ့်ကိုအားကျမိပါတယ်။

မိရွှေကြည် အများကြီးကြိုးစားရပါဦးမယ် ကြိုးစားမယ်လို့ ဆုံးဖြတ်ရင်း

ရွာသူားအပေါင်းရေ ဒီနေ့တော့ ဂလောက်ပဲ။

 

ကျေးဇူးအကြီးကြီးတင်ပါတယ်ရှင့်။

 

33 comments

  • ကေဇီ

    April 19, 2014 at 9:28 pm

    ကြည်ညိုစရာကောင်းစွာ ကျက်သရေရှိပါတယ်ရှင့်!!

  • ရွှေ ကြည်

    April 19, 2014 at 9:35 pm

    မင်ဂါပါ မမကေဇီ (အရုပ်လေးတွေမလုပ်တတ်တော့လို့ ပြုံးပြသည်ဟုမှတ်ပါလေ)

  • padonmar

    April 19, 2014 at 9:54 pm

    ဒီလို အရွယ်လေးတွေ သီလရှင်(ပဏ္ဍိတာရာမ ဆရာတော်ကြီးက သိက္ခာရှင်လို့ ခေါ်တယ်)ဝတ်တော့ သီလရှင်တွေကို မကောင်းပြောတဲ့
    သားသေလင်ဆုံး
    ကုန်ရှုံးကြွေးတင်
    လိုအင်မရ
    မယ်သီလ ဆိုတာကို တိုက်ဖျက်ရာ ရောက်တာပေါ့။
    ဖါးအောက်က သီလရှင် ဒေါ်ကေတုမာလာအကြောင်း Documentary video လေးကြည့်ရတာ တကယ့်ကို ကြည်ညိုဖွယ်ပါ.
    အမွန်လေးကလည်း ကြည်ညိုဖွယ်ပါပဲ။
    သာဓုသာဓုသာဓုပါ။
    ရွှေကြည်လေးကိုလည်း ဦးကြောင်က ရွှေကြည်အလိုမရှိ ဆိုတာနဲ့ ဂဇက်က ခွာသွားသလား လို့၊
    တွေ့ရတာ ဝမ်းသာလိုက်တာ။

    • ရွှေ ကြည်

      April 19, 2014 at 10:07 pm

      အန်တီဒုံရေ ရွှေကြည်လေးရွာမရောက်တာ ဦးကြောင်ကြောင့်မဟုတ်ပါဘူး
      ကွန်ပြူတာသုံးရတာ အဆင်မပြေလု့ိလေ ဖုန်းနဲ့ကလည်း မသုံးတတ်ဘူး
      မြန်မာဖောင့်ကလည်းထည့်မရနဲ့မိုု့ပါ
      ဒါနဲ့စကားမစပ် ဆရာတော်ကြီးက သိက္ခာရှင်လို့ ခေါ်ဝေါ်သုံးနှုန်းတယ်ဆိုတာလေး ဝေမျှလို့ကျေးဇူးပါနော်
      ရွှေကြည်လည်းရွာကိုလွမ်းပါတယ်

  • lu lu

    April 19, 2014 at 9:58 pm

    များလည်းအားကျမခံ ဝက်ဖြစ်လိုက်မယ် အဲ မှားလို ့
    ဝတ်ပစ်လိုက်မယ် သီလရှင် ကို
    မကြာမီလာမီ ညော် . . .

    • ရွှေ ကြည်

      April 19, 2014 at 10:08 pm

      ကြိုးစားလိုက်ပါ လုလေးရေ မမဂျီးရွှေကြည်လည်း ကြိုးစားရဦးမယ်

    • ရွှေ ကြည်

      April 19, 2014 at 10:34 pm

      အဲ ဟုတ်ပါ့ အဲဒါ အရေးကြီးဆုံးပဲ အပူရှိန်ကပြင်းနေတာရယ်

  • snow smile

    April 20, 2014 at 12:17 am

    အ ခု က တဲ က သီ လ ရှင် ပုံ နဲ့ မျက် စိ ထဲ မြင် ကြည့် မိ တာ
    တ ကယ် ကြ ည် ညို စ ရာ ပါ လား
    မြန် မြန် ဝတ် ဖြစ် ဘို ့ ကြိုး စား ပါ ရွှေ ကြည် ရေ
    ဒီ မှာ လဲ ဝတ် လို ့ ရ တယ်

    • ရွှေ ကြည်

      April 23, 2014 at 7:29 pm

      ဟုတ် အစ်မစနိုးရေ ရွှေကြည်ဝတ်ဖြစ်မယ်ဆိုရင်တော့ မြန်မာပြည်မှာပဲဝတ်မှာပါ မိသားစု အထူးသဖြင့် အမေ့ကိုမြင်စေချင်လို့ပါ ကျေးဇူးပါ အစ်မရေ

  • black chaw

    April 20, 2014 at 5:30 am

    သီလရှင် ဝတ်ခဲ့တဲ့ မွန်မွန် ရော
    မဝတ်နိုင်ပေမယ့် အားကျစိတ် ဝင် ခဲ့တဲ့ ရွှေကြည်ရော
    ၂ ယောက်စလုံးအတွက်
    သာဓု…ခေါ်သွားပါတယ်ဗျာ။
    သာဓု…သာဓု…သာဓု…။

    • ရွှေ ကြည်

      April 23, 2014 at 7:31 pm

      လေးဘလက်ရဲ့ သာဓုကြောင့် ဖြစ်အောင်အကောင်အထည်ဖော်ဖို့အတွက် တွန်းအားတရပ်ရသွားတယ်

  • Wow

    April 20, 2014 at 5:52 am

    အမွန်လေးက ငယ်ပေမဲ့ ထက်မြက်လိမ်မာ သူလေးပါ 🙂

    • ROssI

      April 22, 2014 at 1:09 am

      တချို့ အာပျိုယီးတွေနဲ့ တော့ ကွာပ ဗျာ..

      • Wow

        April 22, 2014 at 12:48 pm

        မကွာအောင် မောင်ဂလေးကို ဂဒုံးတုံးပီး ရဟန်းအမလုပ်လိုက်မယ်… :boss:

    • ရွှေ ကြည်

      April 23, 2014 at 7:33 pm

      အမှန်ပါပဲ အစ်မဝါးးးးးးးးးး အဲလေ အစ်မ ဝိုးးးးးးးး အဲ အစ်မ ဝေါင်းးးးးးးးးးး (ဟိ ချစ်လို့စတာ)

    • ရွှေ ကြည်

      April 23, 2014 at 7:34 pm

      အလက်ဆင်း မင်ဂါပါ ကဗျာမပေးနိုင်ခြင်းအတွက်ခွင့်လွတ်ပါကွယ်နော် မမဂျီးအလုပ်များနေလို့

  • ဦးကြောင်ကြီး

    April 21, 2014 at 7:56 am

    မိရွှေကြည် နင်ငါ့ရင်ထဲက ထွက်သွားဇမ်း…။ အသဲစား ဘီလူးမကြီး ရွှေကြည် နင့်ဂိုငါမုန်းဒယ်…

    • ရွှေ ကြည်

      April 23, 2014 at 7:36 pm

      အူးကြောင် ဘီလောက်မုန်းမုန်း မိရွှေကြည်ကပြုံးပြုံးပဲ
      မေတ္တာမပျက်ပါဘူး (ဟိ ကိုယ့်ဦးလေးပဲကိုနော့)

  • မဟာရာဇာ အံစာတုံး

    April 21, 2014 at 9:12 am

    အားကျသင့်ဘာဒယ် …
    အားကျသင့်ဘာဒယ် …..
    နေဦး … အားမရသေးဘူး …
    အားအားအားကျကျကျ သင့်ဘာဒယ် …..
    ဘာပဲပြောပြော … ရွာကလူတွေ ဝိုင်းမြှောက်ပေးနေဂျဒလို တစ်သက်လုံးဝတ်မသွားတာ ကံကောင်းဒယ် …
    :mrgreen:

    • ရွှေ ကြည်

      April 23, 2014 at 7:38 pm

      လူချင်းသေချာတွေ့မှ တသက်လုံးဝတ်ဖို့ တိုက်တွန်းရမယ် ခိ ခိ

  • Mr. MarGa

    April 21, 2014 at 9:49 am

    သာဓု

    ဖြစ်နိုင်ရင် တစ်သက်လုံးဝတ် အဟိ

    • ရွှေ ကြည်

      April 23, 2014 at 7:41 pm

      အူးသိကြားကိုထောက်ခံပါတယ် လုံမ တသက်လုံးဝတ်ပါ (အံစာတုန်းမမြင်စေရ 😆 )

  • ခင် ခ

    April 21, 2014 at 2:26 pm

    သီလရှင်ဝတ်ထားတဲ့ပုံလေးက ကြည်ညိုဖွယ် ကောင်းသလောက် လူဝတ်ကြောင် ဂတုံးကေနဲ့ မျက်နှာပေးကတော့ အစပ်အဟပ် မတည့်သလိုဘဲဗျာ

    • ရွှေ ကြည်

      April 23, 2014 at 7:43 pm

      လေးခင်ခရေ မင်ဂါပါ မိရွှေကြည်ယောင်းမလေးက ပဲမပေးတတ်လို့ဘာာာာာာာာ :hee:

  • “ဘီလူးကြီး”ogre

    April 21, 2014 at 5:24 pm

    အားကျရုံပဲဆို ရင်တော့ အင်းးး နည်းနည်းပိုရှည်အုန်းမှာပေါ့
    ,,သံသရာ,, ပြောတာပါ 😉

    • surmi

      April 22, 2014 at 10:29 am

      ဟိုက်ရှာလဘတ် !!!

      ပေါ်တော်မူ ဘီလူး 🙂

      P W ပြန်ရရင်လည်း စာလေးဘာလေးရေးဦးလေ

    • ရွှေ ကြည်

      April 23, 2014 at 7:44 pm

      ဟုတ်တယ် အူးအူးဘီ သံသရာရှည်ဦးမှာ

  • kyeemite

    April 22, 2014 at 1:38 pm

    မွန်မလေးလုံလုံက သီလရှင်ဝတ်နဲ့ ကြည်ညိုဖွယ်ပါပဲ။
    သာဓုသာဓုသာဓုပါ။
    ရွှေကြည်လေးကိုလည်း မတွေ့တာကြာလို့နှုတ်ခွန်းဆက်သပါဂျောင်း :loll:

    • ရွှေ ကြည်

      April 23, 2014 at 7:46 pm

      အူးကြိုက်မီးရေ မင်ဂါပါဗျာ ကျန်းခါသာလို့ မာပါစ

  • TNA

    April 22, 2014 at 6:42 pm

    ငယ်တုန်းလုပ်နိုင်တုန်းလုပ်ထားတာကောင်းတယ်။ အိမ်ထောင်မှု့ပြီးမှတော့ ဘုရားတောင်နပ်မှန်အောင် ရှစ်ခိုးဖို့မလွယ်ဘူးရယ်။

    • ရွှေ ကြည်

      April 23, 2014 at 7:47 pm

      ဒါဆိုသွားပြီ အစ်မသဲရေ ရွှေကြည်ဘီလိုလုပ်ရပါ့ အိမ်ထောင်ပြုဖို့စိတ်ကူးထားရင် မပြုခင်ဝတ်ရမယ်ပေါ့နော်

Leave a Reply