သေဘေးက သီသီလေးလွတ်ခဲ့တဲ့ ရေတံခွန်ခရီးစဉ်

alinsettApril 20, 20144min33530

 

ဒီနှစ် သင်္ကြန်က

ဟိုနှစ်သင်္ကြန်နဲ့အတော်လေး ကွဲလွဲခဲ့ပါတယ် ။

 

ဒီနှစ်ခရီးရက်ရှည် ထွက်ခဲ့မိတာ မှားယွင်းမှုတစ်ခုလား

အမှန်တရားတစ်ခုလား ဘာမှန်းကို မရေရာတော့ပါဘူး။

 

မသေလို့ ပြန်ရေးပြနိုင်တဲ့ ခရီးစဉ်ဆိုတဲ့စကားက

အလကားပြောခဲ့တာမဟုတ်ပါဘူး။

 

တကယ့်ကို သေမယ့်ဘေးနဲ့ သီသီကလေးတွေ ကပ်လွဲပြီးမှ

သက်ပြင်းကြီး ဟင်းခနဲ ချရင်း ပြောရတဲ့စကားပါ ။

 

ဟုတ်ပါတယ်။

ဒီသူရ . . .

ဒီခရီးကိုထွက်ခဲ့ပြီး. . .

ဒီလိုပြန်ပြောပြနိုင်တာ. . . မသေခဲ့လို့ပါ ။

 

ဒီလိုပါ. . . . .

 

_____________

 

သူရ တည်းတဲ့ စိန္တာရွာ ဆိုတာက ဘားအံမြို့နဲ့ မိုင်လေးဆယ်လောက်ဝေးတဲ့ မြိုင်ကြီးငူအထူးဒေသလမ်းပေါ်က ရွာကလေးပါ ။

ကရင်ပြည်နယ် . . .

လှိုင်းဘွဲ ့မြို ့နယ်ထဲမှာ . . .ရှိပါတယ် ။

 

အဲဒီရွာလေးကို သူရ ရောက်တော့. . . .

ပထမဆုံးနေ့မနက်မှာပဲ. . .

မြိုင်ကြီးငူ ရေတံခွန်လို့ ဒေသအခေါ် ခေါ်ကြတဲ့…

ကျုံထော်ရေတံခွန်ကို သွားချင်တာပါ ။

 

ကံကောင်းတာလား ကံဆိုးတာလားမသိ. . .

အဲဒီ ၂၀၁၄ သင်္ကြန်အကြိုနေ့မနက်မှာ . . .

အဲဒီ ရေတံခွန်ကို အလည်သွားမယ့် လူစုထားတဲ့ကားတစ်စီးက အဆင်သင့်ရှိပါတယ်တဲ့. . .

 

အဲဒီကားက လူအယောက်နှစ်ဆယ်ကျော်

ပါမယ့်ကားကြီးပါ။ စိန္တာရွာကမဟုတ်ပါဘူး။ တခြားရွာက ကားပါ။

 

သူရလည်း လိုက်မယ်ဆိုရင် လိုက်ခဲ့လို့ရပါတယ်တဲ့။

တစ်ယောက် သုံးထောင်တော့

ပေးရမယ်ပေါ့လေ။ ကိုယ့်ဘာသာဆိုင်ကယ် ကယ်ရီငှားစီးသွားရင်

သင်္ကြန်တွင်း ဈေးနှုန်းအရ ရှစ်ထောင် တစ်သောင်းတော့ ပေးရလိမ့်မယ်တဲ့။

မြိုင်ကြီးငူဘက်ကို မိုင်နှစ်ဆယ်လောက် ဆက်သွားရမှာ သိပ်တော့ မဝေးပေမယ့် လမ်းက ဆိုးပါတယ်။

 

ဖုန်တထောင်းထောင်းထတာက ဆိုးတာ မဟုတ်သေးပါဘူး။

 

တောင်တန်းမှိုင်းညို့ညို့ကြီးတွေကို ကွေ ့ကာ ဝိုက်ကာ မောင်းရတဲ့ လမ်းကလည်း ဆိုးတာ မဟုတ်ပါဘူး ။

 

လက်နက်ကိုင်အဖွဲ ့အစည်းတွေ စစ်လားဆေးလား လုပ်ပြီး ပြဿနာရှာနိုင်တာကလည်း မဆိုးသေးပါဘူး။

 

ဆိုးတာက တောင်တက်တောင်ဆင်းလမ်း…

 

ဘေးတစ်ဖက်မှာက ချောက်နက်နက်ကြီးနဲ့. . . .

တစ်ဖက်က တောင်နံရံ. . .

အရှိန်နဲ့ တက် ဆင်းရတဲ့ လမ်းက အရှိန်တစ်ချက်မထိန်းနိုင်တာနဲ့ ဝုန်းခနဲ ချောက်ထဲကျသွားမှာပါ။

ချောက်ထဲကျတာနဲ့

အရိုးအသား တခြားစီ တဖဲ့စီ ဖြစ်သွားနိုင်တယ် ။

 

အထူးသဖြင့် အဆင်းးးး

တောင်ပတ်လမ်းကနေ ဆင်းလာရင် ဘရိတ်ကိုသာ နိုင်နိုင် မထိန်းနိုင်ရင် /

အကွေ ့အဝိုက် ကိုသာ နိုင်နိုင်နင်းနင်းမရှိရင် အရှိန်နဲ့ ဝေါဆို ရောက်သွားမှာက တမလွန်ကိုပါ ။

 

ကောင်းပြီ။ ဒီလမ်းကို သုံးထောင်လောက်နဲ့ ကားနဲ့ သွားရမယ်ဆိုတော့လည်း လိုက်မယ်ပေါ့ဗျာ ။

 

သူရ တည်းတဲ့ အိမ်ကို ဝင်ခေါ်မယ်တဲ့။

မနက် ၈ နာရီမှာတဲ့ ။

 

အိုခေ. . .

 

သူရ စောင့်နေလိုက်တယ်။

 

_____________

 

နေ့လည် ဆယ့်တစ်နာရီသာ ထိုးသွားရော . . . .

သူရကို လာခေါ်မယ်ဆိုတဲ့ကားက ပေါ်မလာဘူး ။

 

ဘာများဖြစ်လို့ပါလိမ့်။

မေ့သွားတာလား။

ဘာကြောင့်လဲ. . .

ဘာကြောင့်လဲ. . . .

စဉ်းစားရင်း စောင့်စားရင်းနဲ့

၁၁ နာရီ စွန်းစွန်းမှာ သတင်းဆိုးတစ်ခုက ဝင်လာတယ် ။

 

ရေတံခွန်သွားတဲ့ကား ချောက်ထဲကျသွားလို ့တဲ့. . .

လူအယောက်နှစ်ဆယ် သေသွားတယ်တဲ့ ။

ဆိုးလိုက်တဲ့သတင်း ။

နောက်ဆက်တွဲကတော့ ပိုဆိုးတာလား ဘာလားမသိ။

 

အဲဒီ ချောက်ထဲကျ သေကုန်တဲ့ကားက . . .

သူရကို ဝင်ခေါ်မယ် ဆိုပြီး ဝင်မခေါ်သွားတဲ့ကား တဲ့ ။

 

ဘုရား ဘုရားးးးး

 

သူရကို ဘာလို့ ဝင်မခေါ်သွားတာလဲ. . .

ဝင်များခေါ်သွားခဲ့ရင်

သူရပါ အပါအဝင် နှစ်ဆယ့်တစ်ယောက်ဖြစ်မှာပဲ

အခု သူရက လိုက်မယ် ခေါ်မယ်ဆိုပြီးမှ ကျန်ခဲ့တာ. . .

 

သေနေ့ မရောက်သေးလို့ပဲလား

 

( အခုတလော သေမယ့်ဘေးတွေကနေ သီသီလေး လွတ်လွတ်နေတာ နှစ်ခါ သုံးခါ ရှိပြီ။ )

 

(ရန်ကုန်မှာတုန်းကလည်း စီးလာတဲ့ လိုင်းကား ဟိုင်းလတ်က

မှတ်တိုင်မှာ ရပ်ထားတာကို

အနောက်ကနေ ကားတစ်စီးက

ဝင်တိုက်တာ. . .

အရှိန်နဲ့ အသံကြီး ကျွီ ခနဲ မြည်ပြီး ပြေးဝင်လာတာ. . .

တိုက်ပြီ။ လာနေပြီ ။

ကားပေါ် အစွန်နားက သူရ

စိစိညက်ညက်ကြေပြီ ဆိုပြီး မျက်လုံးတွေ ပြာခနဲဖြစ်. . .

သေတော့မှာပဲ ဆိုပြီး လူက စကားလုံးနဲ့ ဖော်ပြလို့မရတဲ့ ခံစားချက်တွေ ဖျတ်ခနဲ ဖျတ်ခနဲ

 

တော်သေးတယ်။ အရှိန်နဲ့ ဝင်တိုက်တော့မယ့်ကားက သူရ စီးလာတဲ့ကားကို

တိုက်မိဖို့ တစ်ထွာလောက်ပဲ လိုတော့တဲ့နေရာမှာ အရှိန်က ဗြုန်းခနဲ တန့်သွားတာ. . .)

 

————————————————-

 

အဲဒီ သတင်းဆိုးကြီး ကြားပြီး

သူရ ဘာဖြစ်သွားလဲ သိလား။

 

သူရ ပါသွားရင် သေမယ့် အဲ့ဒီ ကားကျသွားတဲ့နေရာကို သွားကြည့်ချင်တာ. . .

အဲဒီ ခရီးလမ်းကို အရောက်သွားကြည့်ချင်တာပါ။

 

ဒါနဲ့ပဲ နေ့လည်း ၁၂ နာရီစွန်းစွန်းလေးမှာ . . .

ဆိုင်ကယ်ကယ်ရီတစ်စီး အသွားအပြန် ၈၀၀ဝ ပေးပြီး ငှားလိုက်တယ် ။

 

သွားမယ် ။

 

_____________

 

တကယ်တော့ လမ်းက ဝေးတယ်ဆိုတာထက် အဆင်းအတက် တောင်ပတ်လမ်းးက

သတိကြီးကြီး ထားနေရလို့ ကြာပါတယ် ။

တစ်နာရီကျော်ကျော်လောက် မောင်းပြီးမှ အဲဒီ ချောက်ကြီးနားရောက်ပါတယ်။

 

ကား ကျထားတာကို အပေါ်ကနေ လှမ်း မမြင်ရပါဘူး။

အဲဒီ နေရာမှာ ကူညီ ကယ်တင်သူတွေ ဘာတွေလည်း မတွေ ့ရဘူး ။

အဲဒီနေရာမှာ ကျသွားတာရော ဟုတ်လို့လား . . .

 

သူရကို လိုက်ပို့တဲ့ ကရင်ကြီးကလည်း ကြောက်နေပုံရပါရဲ့ ။

အဲဒီနေရာ လို့ပဲ ပြောပြီး ရပ်မပေးဘူး ။

ဆက်မောင်းနေတယ် ။

 

ပြီးတော့ တောင်အတက်လမ်း အစမှာ နတ်စင်လိုလို စင်လေးတစ်ခု ရှေ ့ အကြာကြီး ရပ်ပြီး ရှိခိုးနေလိုက်တာ. . .

 

ဒီ ရေတံခွန်လမ်းက နတ်ကြီးတယ် တဲ့ ။

 

သားငါးလည်း ယူလာလို့ မရဘူးတဲ့ . . .

ဆံပင်အနီတွေ ဘာတွေနဲ့ ကြောင်တိကြောင်ကြားတွေနဲ့

ဆိုလည်း ဝင်ခွင့်မပြုဘူးတဲ့ ။

 

ဟိုးးးတစ်နှစ်တုန်းက မိန်းမတစ်ယောက် သေဖူးတယ်တဲ့ ။

အဲဒီ မိန်းမသေပြီးနောက်ပိုင်း ယောကျာ်းပျိုလေးတွေချည်းပဲ ထပ် ထပ် သေတာ ခဏခဏပဲတဲ့။

 

အခု အစုလိုက်အပြုံလိုက် သေတာကတော့ ဒါပထမဆုံးပဲတဲ့. . . .

 

သူရ မဲ့ပြုံးတစ်ချက် ပြုံးမိတယ်။

” အခု ကျနော်က အဲဒီ အစုလိုက်အပြုံလိုက်ထဲ

အလွဲအချော်ကြားက ပါမသွားတဲ့ ကျန်ခဲ့သူတစ်ယောက်ပေါ့ ”

 

အဲဒါကိုများ အဲဒီ ကရင်ကြီးကို ပြောလိုက်ရင် . . . .

ရောက်တဲ့နေရာမှာ ဆိုင်ကယ်ပေါ်က မောင်းချ ထားခဲ့မလားပဲ. . . .

 

_____________

 

ရေတံခွန်ဆီ ရောက်တော့ နေ့လည် တစ်နာရီနဲ့ လေးဆယ့်ငါးမိနစ်. . .

 

အမယ် ဒီရေတံခွန်အောက်မှာကျတော့လည်း ပျော်ပါးကစားနေသူတွေ မနည်းပါလား ။

 

ချောက်ထဲကျခြင်း သေဆုံးခြင်းဆိုတာတွေဟာ

ဟို အယောက်နှစ်ဆယ်နဲ့ပဲ ဆိုင်တယ် ။

ငါတို့နဲ့မဆိုင်ဘူး ဆိုတဲ့ ပုံစံလေးတွေနဲ့ ရေထဲ ပျော်ပါး ဆော့ကစားနေကြတာ. . .

 

အမှန်တော့. . . .

ကိုယ်ဟာ အချိန်မရွေး သေသွားလောက်တဲ့ အဖြစ်တွေနဲ့ ကြုံနိုင်တယ်ဆိုတာ အမှန်ပါ. . .

 

ပြီးတော့ . . .

သေခြင်းတရားက ကိုယ့်အနားကို ဖျတ်ခနဲ ရောက်လာလိုက်

 

ဖျတ်ခနဲ ဝေးသွားလိုက်နဲ့ . . .

 

အလွန် လှည့်စားတတ်သော

မာယာများတတ်သော မှော်ဆရာတစ်ယောက်လို

ပွတ်ကာသီကာ နောက်ပြောင်တတ်သေးတယ်

 

_____________

 

လေးစားစွာဖြင့် . . .

 

အလင်းဆက် (Gazette)

 

2014 / သင်္ကြန်အကြိုနေ့

သေဘေးလွတ်ခြင်း အမှတ်တရ

 

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

 

 

ဒါ.... ဒါ...
ဒါ…. ဒါ…

 

 

 

 

ရေတံခွန်အသွား..လမ်းအစ
ရေတံခွန်အသွား..လမ်းအစ

 

လမ်းတစ်နေရာ...
လမ်းတစ်နေရာ…

 

ရေတံခွန်...ရှိရာ..
ရေတံခွန်…ရှိရာ..

 

ကိုယ့်ပုံက မလှတော့လည်း..ဘေးလူပုံသာ...ပြရဲသည်..
ကိုယ့်ပုံက မချောတော့လည်း..ဘေးလူပုံသာ…ပြရဲသည်..

 

အလှအပ
အလှအပ

 

ကြည့်လို ့..ကောင်းတယ် ဟုတ်... ။ မသေလို ့....မြင်ရတာ..
ကြည့်လို ့..ကောင်းတယ် ဟုတ်… ။ မသေလို ့….မြင်ရတာ..

 

ရေတွေက...အေးစက်နေတာပဲ
ရေတွေက…အေးစက်နေတာပဲ

 

သေခြင်းတရားလား.. အင်း..ဒီလို ပြုံးပြုံးလေးပဲ....
သေခြင်းတရားလား..
အင်း..ဒီလို ပြုံးပြုံးလေးပဲ….နေပြချင်တော့တယ်

 

 

 

အပြန်…..

အဲဒီ ရေတံခွန်မှာ ရှိတဲ ့..  အစားအသောက်ဆိုင်လေးတွေ ရှေ့မှာ….

သနပ်ခါးတို ့..နံ ့သာတို ့..နဲ ့.ကျောက်ပြင်လေးတွေ..  အသီးသီးချထားတယ်….

 

ယောက်ျားလေးတွေရော..မိန်းကလေးတွေရော.. ကိုယ်စီ လိမ်းကျံပြီးမှ…ပြန်ကြလို ့…

သူရလည်း…အားကျမခံ..မျက်နှာတစ်ခုလုံး..ထူလဗျစ်လိမ်းပြီး..ပြန်ခဲ့တယ်……

 

သူရ….

မသေသေဘူး…

 

:mrgreen:

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

30 comments

  • ဦးကြောင်ကြီး

    April 21, 2014 at 8:06 am

    အုကြပ်ပါတယ်ဆိုဒဲ့ နင်ထိုင်ရိုက်ထားတဲ့ ပုံက အဲဒီခရီးဆင်လား..

  • မဟာရာဇာ အံစာတုံး

    April 21, 2014 at 8:20 am

    နင် သေရင် ဒီစာတွေ ဖတ်ရတော့မှာ မဟုတ်ဘူး ..
    ဒီလိုဆို ငါလည်း ဒီကွန်မန့်အတွက် မန်းနီး ရတော့မှာ မဟုတ်ဘူး …
    ငါ့ သဘောအရ ဆိုရင်တော့ …
    အဟမ်း .. ဟမ်း … နင် ဟိုကားထဲပါသွားရင် ဘယ်လောက် ကောင်းလိုက်မလဲလို့ …
    အဲ့ဒီလို မပြောပါဘူးလို့ …. မထင်ပါနဲ့လို့ .. စတာပါလို့ .. အတည်ပါလို့ .. နောက်တာပါလို့ .. မပြောပါဘူးလို့ .. လို့ .. လို့ .. လို့ …

  • ကေဇီ

    April 21, 2014 at 11:51 am

    ဒီ လွဲထဲမှာတော့ ဒီ အလွဲက ကောင်းပါတယ်ကွယ်။
    ရေတံခွန်က လှလိုက်တာ။
    🙂

  • lu lu

    April 21, 2014 at 11:54 am

    အဲလို ခက်ခဲလို ့ပဲ အဲလို အလှကိုခံစားရမှာပေါ့နော်
    အဲလိုနေရာကို အဲလို အဖြစ်ဆို းတွေနဲ ့မကြုံရဘဲ အဲဒီနေရာကို
    ရောက်ဖူးချင် တဲ့
    အဲလို လု လု

  • snow smile

    April 21, 2014 at 1:23 pm

    ယောက် ကျား ပျို လေး တွေ ထပ် . . . . . တဲ့
    ဆို တော ့ ကာ
    စဉ်း စား စရာ က
    ယောက် ကျား ပျို မ ဟုတ် လို ့ ကျန် ခဲ့ တာ များ လား
    . . . . . . . . လား
    . . . . . . . . လား
    ဘာ လား ညာ လား
    :)))))

    • alinsett (gazette)

      April 21, 2014 at 4:49 pm

      တိန်

      :mrgreen:
      ကျသွားတဲ့ အယောက်နှစ်ဆယ်ထဲမှာတော့ . . .
      မိန်းခေးတွေရော
      လူအိုတွေရော ပါ ပါဒယ်ဂျ

      ဟိုဟာက တိုက်ဆိုင်မှုနေမှာပါ

      ဆိုတော့. . .
      အနော်က စစ်ပါကြောင်းးးး

      :mrgreen:

      • lu lu

        April 21, 2014 at 5:07 pm

        အင်းးးးးးး
        အခုခေတ် ကယုန် လိုက်စရာ တောကလည်း
        သူများခုတ်တာနဲ ့ပြောင် သလင်းခါနေပြီချိုတော့

        • alinsett (gazette)

          April 21, 2014 at 9:31 pm

          ယုံပါလို့ပြောတဲ့လူ တော်တော်များများက
          လူလိမ်တွေ ဆိုဓေါ့ဂါ

          အနော့်ကို မယုံဘာနဲ့ ခည

          :mrgreen:

  • black chaw

    April 21, 2014 at 5:45 pm

    မင်းသားချောချောပါတဲ့ နောက်ထပ် စွန့်စားခန်းရုပ်ရှင် တစ်ကားပေါ့…။
    :mrgreen:

    • alinsett (gazette)

      April 22, 2014 at 11:57 am

      အဟိ
      မင်းသားက ချောတော့ ချောပါဘူးဂျာ
      🙂

      တခါတရံမှာ
      တကယ့်အဖြစ်အပျက်တွေက ရုပ်ရှင်တစ်ကားထက်တောင်
      ကြည့်ကောင်းသေးတယ်နော့
      :mrgreen:

  • Ma Ma

    April 21, 2014 at 7:18 pm

    အသက်ဘေးနဲ့နီးပြီး ဒီလောက်အန္တရယ်များတဲ့လမ်းကို အပျော်ခရီးအတွက်သက်သက်တော့ မသွားသင့်ဘူးထင်တာပဲ။
    ရေတံခွန်ပုံလေးတွေ မြင်ရတော့လည်း စိတ်ချမ်းသာစရာ။ 🙂

    ဒါ့ထက် (ကိုယ့်ပုံက မချောတော့လည်း..ဘေးလူပုံသာ…ပြရဲသည်..) ဆိုတော့ကာ….
    ခုတော့လည်း ဒေါ်ဖွားမေက ဒီလိုပြောပြီလား။ 😀

    • alinsett (gazette)

      April 22, 2014 at 12:00 pm

      အဲဒီတုန်းက ကျနော်
      စွန့်စားခန်းတွေ ရိုက်ချင်နေတဲ့ မင်းသားတစ်ယောက်လိုပါပဲ

      ဒေါ်ဖွားမေကတော့ သဘာဝကျကျဟာသခန်းတွေပဲ ရိုက်စေချင်မှာ အဟိ ။

      :mrgreen:

  • kai

    April 21, 2014 at 11:37 pm

    ယူအက်စ်မှာဆိုရင်တော့.. မတော်တဆဆိုတာကိုလွန်ပြီး.. အဲလိုခဏခဏလူသေတဲ့လမ်းမျိုး… ဖောက်တဲ့အစိုးရ.. တရားစွဲခံရဖို့ရှိတယ်..
    နေပြည်တော်လမ်းဆိုလည်း.. သေလိုက်တာခဏခဏ..
    ဘာလို့တရားမစွဲကြလည်းမသိ..။ :mrgreen:

    • alinsett (gazette)

      April 22, 2014 at 11:43 am

      အိုက်လမ်းကို ဖောက်ပေးထားတာ ဆရာတော်ကြီးတစ်ပါးနဲ့ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ပူးပေါင်းပြီး ဖောက်ထားတာမှတ်တယ်။

      :mrgreen:

      ဒီမှာက အစိုးရကို တရားစွဲဖို့ဆိုတာ မပြောနဲ့
      ဝေဖန်တာတောင် စကားလုံး အတုံးလိုက်အတစ်လိုက် သုံးရဲတာ မဟုတ်။
      နီးရာဓါး ကြောက်နေရတဲ့ ခေတ် ကိုးဗျ

      အဟိ

      🙂

  • Wow

    April 22, 2014 at 9:56 am

    အာ့ အင်းနား သတ်တီဆဲဗင်း အောက်တား သတ်တီဆဲဗင်းက ညီးကိုသဒိပေးဒါ… :mrgreen:
    နောက် ဒါ့ပုံဒွေ ခီနခီန တင်ပီး လူဂျီးဒွေ စိတ်ညစ်အောင် မလုပ်နဲ့ :boss:

  • kyeemite

    April 22, 2014 at 10:56 am

    တစ်ခုပဲအံ့ဩချီးကျူးမိတယ်…အဲလိုမတော်တဆမှုကြီး ဖြစ်ပီးပီးချင်း
    ဒီလောက်အန္တရယ်များတဲ့လမ်းကို ရောက်အောင်သွားခဲ့တာကိုပါ..
    တော်ရုံလူတွေဆို အဲ့ခရီးစဉ် ပျက်ပီ 🙁

    • alinsett (gazette)

      April 22, 2014 at 11:52 am

      ဟုတ်တယ် ဦးကြီးး
      ကျနော် အဲဒီနေ့က ဘယ်လိုဖြစ်လဲ မသိ
      ဒီလမ်းဟာ ငါသေမယ် ဆိုတဲ့နေရာ
      အဲဒီနေရာကို ရောက်အောင် သွားကြည့်ချင်တာ
      ငါ ဒီနေရာကို ထပ်သွားရင် လွဲခဲ့တဲ့အလွဲက အလွဲအတိုင်းကျန်ခဲ့ပြီး မသေတော့ဘူးလား
      ဒါမှမဟုတ် သေကို သေမှာလား
      အဲဒီအတွေးတွေနဲ့ ဘာပဲဖြစ်ဖြစ် အဲဒီနေရာကို ဇွတ်တိုးသွားကြည့်ချင်စိတ်တွေ တဖွားဖွားပေါ်လာတာ

      Final Destination ဇာတ်ကားတွေကိုလည်း သတိရသွားပါရဲ့
      အဲဒီ ဇာတ်ကားတွေထဲက အဆိုအရတော့
      သေရမယ့်အဖြစ်အပျက်တစ်ခုနဲ့ လွဲပြီး မသေပဲ ကျန်ခဲ့ ရှောင်လွှဲနိုင်ခဲ့ပေမယ့်
      သေရမယ့်စာရင်းထဲ ပါခဲ့သူဆိုတော့
      သေကိုသေရမှာပဲ။

      အဲဒီ အချိန်မှာ ကျနော် သေမှာကို မကြောက်ခဲ့ဘူး
      မျက်ကန်းမို့ သရဲမကြောက်တာနေမှာ

      :mrgreen:

  • surmi

    April 22, 2014 at 12:55 pm

    သေရွာပြန်ရဲ့ အခန်းဆက်များ

    မကြာမီ လာမည် မျှော် 🙂

  • TNA

    April 22, 2014 at 6:41 pm

    နင်ချည်းတရားကျပြီး နင်ချည်းတရားပြနေတော့တာပါပဲလား ဒညင်းခွက်ရယ်။ ငါတို့လဲ တရားရအောင်ရှာရတော့မပေါ့ဟယ်။ ကံကောင်းလို့ပါလား။ ဟိုဟိုဒီဒီလျှောက်မသွားပါနဲ့ဟယ်။ သာသာယာယာပဲသွားပါ။ မထိပ်သာမလန့်သာ။ ဒါ့ထက်ဇဂါးမစပ် သနပ်ခါးထူလဗျစ်ပုံဘာလို့မတင်တာလဲအေ

    • alinsett (gazette)

      April 22, 2014 at 7:40 pm

      သနပ်ခါး ထူလဗျစ်လိမ်းတဲ ့ပုံသာ တင်ပြလိုက်လို ့ကတော့…
      အားလုံး..စိတ်ဆင်းရဲကုန်မှာလေ..
      အဟိ
      :mrgreen:

  • ရွှေတိုက်စိုး

    April 26, 2014 at 9:35 am

    အော်အဆက်ကလေး ကံသီပေလို.သာပ… နို.မဟုတ်ရင် အဆက်ကလေးကနေ အမှုန်ကလေးဖြစ်နေလောက်ပြီ… ဒါတောင်ရောက်အောင်သွားခဲ့သေးတယ်အေ… ဒီလောက် ရေတံခွန်လေးနဲ.များ သက်စွန်ဆံဖျားသွားနေရသလား.. ဓာတ်တော်ချိုင့် သွားပါလားအေ.. ရေတံခွန်မှ အကြီးကြီးပဲ… ပြီးတော့ အဆက်ကလေးဓာတ်ပုံကြည့်ရတာ BEဖော ရေတံခွန် နဲ.ခပ်ဆင်ဆင်ပဲနော်.. ဒါများ သက်စွန်ဆံဖျားသွားရလားအဆက်ကလေးရဲ… မေမြို.သွားလိုက် ပေါလို. ရေတံခွန်တွေ…

    ကဲပါ ကံမကုန်သေးတော့ ပို.စ် တင်ရတာပေါ့အေ…

    • alinsett (gazette)

      April 26, 2014 at 10:29 am

      အဆက်ကလေး တဲ့
      အဟိ
      🙂

      မေမြို့သွားချင်တယ်ဂျာ

Leave a Reply