စာမရေးတာကြာလို့လားမသိဘူး ..

စာရေးချင်မိငဲ့ ….

ရေးကားေ၇းချင်ငဲ့ …

ဘာရေးရမှန်းကိုမသိ ….

အဲ … ဂလိုဆိုတော့ ….

ဟဲ့မယ်ဂိ …ညည်းရေးဇာမစိ ၀ူးလား လို့..

ခေါင်းမော့ မေးငေါ့ လတ္တံ့သော .. ဖေ့စဘုတ်တော် ပေါ်မှ .. မှတ်မှတ်ထင်ထင် များ ဖြစ်သည့် ရွာ့ဇဗျစ်သီး တဖြစ်လဲ..

သင်္ဘောနှစ် မှ အခြစ် ထင်သည့် ပုလင်းဖင် မှန်ဝိုင်းတပ် သင်္ဘောသီး ကတော် အားလည်းကောင်း

ကျော့်ကို ပြူးအောင် ရိုက်ပေးပါ ဆိုတတ်သည့် … ထွာဘယ်မိတ်ကာ ကိုကိုစော အားလည်းကောင်း..

ကြာဇံမွေး ဆံထုံးချည် ..ပြုံးရီသည့်အခါ ပြီတီတီ ဖြစ်နေတတ်သည့် ထိုင်နေအကောင်းဟ ..ထသွားမှ ၀-မှန်းသိသည့် .. အိုးယက်စ် မမအားလည်းကောင်း..

မိုးလင်းတိုင်း ပလာတာဗျင်းရမှ နေသာထိုင်သာရှိသည့် သီဟပူရ ဘာဂါကွင်း အား လည်းကောင်း..

ဗမာပြည်လက်ရွေးဇင် ဘတ်စကတ်ဘော ချံပလုံဟောင်း ဟိုမမအား လည်းကောင်း (အခုတော့ သူ့နာမည်က အမြီးလေးယား တယ်ဆိုလား)

ကမ္ဘာကြီး ပူနွေးလာမှု အတွက် တာဝန်မကင်းရှာသော ..ဟို ကပ္ပလီကြီးအားလည်းကောင်း (သဂျီးပြောတော့ ကမ္ဘာပူလာတာ နှင်းတောင်တွေ အရေပျော်လို့ ရှို. ..)

သူ့ ဖွားဘက်တော်.. (အဲ့လေ ရှုပ်ကုန်ဘီ) ..ညီအစ်ကိုတော်..ဖြစ်သည့် ရိုက်လိုက်ပါအုံး မားရယ်. .. စကားရပ်အိ မူလဘူတ ပိုင်ရှင်..ရိုးမတခြမ်း ဘူဒိုဇာအစွမ်းထိထားသည့် မားဆွေအား လည်းကောင်း..

ခေါင်းမှာ သံခမောက် ချိုပေါက်မှ သောက်မယ်.. အဲ့လေ.. ကြောက်မယ် ဟူသော တောင်လှေကား နှင့် တွံတေးအရပ်မှ လက်ဝှေ့ကျော် ၂ဦးအား လည်းကောင်း

အခင်းအကျင်း တူလျင် ..ပုလင်း အတင်းယူမယ် ဆိုသော … မတ်-စည်-ဂ-ကမ်း တို့အား လည်းကောင်း..

မိဘမွေးထားသည့် ဆံပင် ကိုပင် အေးအေးမနေရ ….. ဇင်လေးအတွက်ဆို ဇဘင်လေးပါ ဖြောင့် ပေးရပေးရဆိုသည့် …ပိုးထိုးလောက်တက် ပန်းသီးပိတ်သတ်ကြီးအား လည်းကောင်း

စိန နှင့် ကေအင်ယူ ကို အမုန်းဂျီးမုန်းနေသည့် အူးလေး ကြောင် (ခေတ္တ-ချိန်ပါ-ရာမ ) အား လည်းကောင်း..။

ခုတလော အဆဲမခံဖို့ရာပင် မအားလပ်ရှာသည့် … တောင်ကျွန်း ၀ိဇ္ဇာနှင့် …အဆဲ ချံပျံ ဘန်ဂေါက်ပု အား လည်းကောင်း …။

အ၀င်တခါ အထွက်တခါ အစွမ်းပြတတ်သည့် … အောင်သိမ်းလင်းနှင့် တူချင်သော ဒညက်ဝင်း အားလည်းကောင်း…။

ကွမ်းစားပီးတစ်သည့် တခမ်းမွေး ပိုင်ရှင် သဂျီး နှင့် အရှေ့အလယ်ပိုင်းမှ ချစ်သွေးကြွ တခမ်းမွေးပိုင်ရှင် ကွင် ရှူလုံး အားလည်းကောင်း …။

ခုစာကို ခုနေရာထိ ..ဆာလုံးဗောင်း ဘယ်နှလုံး မှားသွားဗီဒီး ဟု ကောင့်ဒေါင်း လုပ်နေလေသတတ်သော မား-မာ အမွှာ အား လည်းကောင်း…။

သားတော်မောင် အတွက် ဂျော်မေထွီ သင်သည့်အခါ ခေါ်ပြရန် ရည်စူးထားသော ကုဗတုံး နှင့် ဂေါ်လီလုံး အတွဲ အား လည်းကောင်း….။

သွားလေသူ နှူးဘာဂိုဏ်းသားများနှင့်တကွ. .. ကျဆုံးလေပြီးသော ရွာသူားများ အားလည်းကောင်း ….

(အရင်က ရွာ … အခု ကျူးကျော်… အဲ့လေ မြို့ ..ဆိုလား ..)

ကျော် ဘာရေး ရကောင်းမည်နည်း ဟူ၍သာ ဗျို့ …ဟစ်လိုက်ချင်တော့ပါသည်…။။

ဟီဟိ.. ဒချိ ဒချိ…

 

 

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011