ဆရာဦးဝင်းတင် ကွယ်လွန်သောအခါ….

ဆရာဦးဝင်းတင် ကွယ်လွန်သောအခါ………

အားလုံးသော  ……..

ဂျာနယ်လစ်များ

ဓာတ်ပုံဆရာများ

စာရေးဆရာများ

ပုံနှိပ်တိုက်များ

စာအုပ်ထုတ်ဝေရေးများ ဝင်ငွေ သောင်းသောင်း ဖြဖြရကြလေသည်။

ထို့အပြင် ၂၃ရက်နေ့ ယုဒဿန်ခန်းမတွင် ကျင်းပမည့် ဈာပနအခမ်းအနားတွင် များစွာသော လူပရိတ်သတ်ကြီးတို့သည် အပြာရောင် ဝတ်စုံကို ဆင်မြန်းကျမည် ဖြစ်ရာ တီရှပ်ထုတ်သူများနှင့် ဆေးတံဆိပ်ရိုက်သူများ ထောကြပြန်သည်။

နေပူသော ရာသီဖြစ်သဖြင့် ရေသန့်များ ရောင်းကောင်းပါလိမ့်မည်။

တက်ရောက်လာသူများ ကွမ်းတဗြစ်ဗြစ် ဆေးလိပ်မီးတဖွားဖွား ဖြစ်နေပါလိမ့်မည်။ အထူးအခွင့်အရေးရသူများ ကဗျာရွတ်ခွင့် အမှတ်တရစကား ပြောခွင့်များ ရကြပေမည်။

တချို့တချို့သော ပုဂ္ဂိုလ်များသည် “ကျော်တို့ တိုင်းပြည်မှာ ဦးဝင်းတင်လို လူမျိုးတွေ၊ ဦးဝင်းတင်လို စိတ်ဓာတ်တွေ၊ ရဲရဲတောက် မျိုးဆက်သစ်တွေ ဖော်ထုတ်ဖို့ ကြိုးစားကျရမယ်” အစရှိသဖြင့် မစားရဝခမန်းများ အာဘောင်အာရင်း သန်သန် မိုက်ခရိုဖုန်းကိုင်ကာ ဟဲကြပါလိမ့်မည်။

ဆိုလိုသည်မှာ မြန်မာနိူင်ငံသားများ လမ်းပျောက်နေပါသည်၊

ဦးဝင်းတင် ကွယ်လွန်ပြီးနောက် ကာလအတန်ကြာ စာမျက်နှာများပေါ်တွင် ကျန်နေမည်မှလွဲ၍ ဘာမျှဖြစ်လာမည် မထင်ပါ။

အကြောင်းအရင်းမှာ စစ်အာဏာရှင်တို့၏ မတရားဖိနှိပ်မှုကြောင့်ဟု ကောက်ချက်ဆွဲ ရပါလိမ့်မည်။

အထက်ပါစကားစုကို အများသဘောကျ ပါလိမ့်မည်။

ကျနော်ကတော့ လူပြိန်းကြိုက် ရေးလိုက်ရခြင်းဖြစ်သည်။

နိဂုံးချုပ်သော်  ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်ပါကလည်း ထို့အထက် လူစည်ကားမည်မှလွဲ၍ မြန်မာနိူင်ငံသားတို့ အတွက် ဘာမျှထူးထွေမည် မထင်ပါ။

အကြောင်းအရာမှာ ကျနော်တို့သည်

ကြောက်စိတ်ထက် အငုံ့စိတ်

ဖောက်ထွက်ခြင်းထက် မနာလိုစိတ်

သတ္တိထက် ရေလိုက်ငါးလိုက်

အများကောင်းကျိုးထက် အတ္တ  လွတ်လပ်ခြင်းကို အများသဘောဆောင်ယူ နေသမျှ ကာလပတ်လုံး ကျနော်တို့၏ တကိုယ်ရည်နှင့် အဖွဲ့အစည်းအားလုံးသည်

မည်သို့မျှ ဖွံ့ဖြိုးတိုးတက်လာမည် မဟုတ်ပါ။

.

.

.

.

 

.

.

.

.

 

..

 

အဟိ လျှောက်ရေးကြည့်တာ လူရှိန်မလားလို့!!!

 

:mrgreenn:

23 comments

  • surmi

    April 22, 2014 at 11:48 am

    ကိုရဲစည်ရေ
    ကွယ်လွန်သူရဲ့ဆန္ဒက နေ့ခြင်း သင်္ဂြို စေချင်တယ်ဆိုပဲ
    အဲဒါ ဟုတ်သလားဗျာ

  • Mr. MarGa

    April 22, 2014 at 12:02 pm

    ထိုင်ရေးတယ်တော့ လုပ်ပါဗျာ

    ဘာပဲဖြစ်ဖြစ် မှန်တာပြောရင် ရွာ့ပြင်ထွက်ရတတ်တယ်နော့ :mrgreen:

  • မဟာရာဇာ အံစာတုံး

    April 22, 2014 at 12:30 pm

    ကျုပ်ကတော့ ..
    မြန်မာဘောလုံးအသင်း ရှုံးတုန်းက ဖြစ်သွားကြတဲ့ စိတ်နဲ့
    အခု ဦးဝင်းတင် ဆုံးတော့ ဖြစ်သွားတဲ့စိတ်
    ဘယ်လိုလေးများ ကွာတုန်း သိချင်သားဗျာ …

  • ခင် ခ

    April 22, 2014 at 1:49 pm

    တစ်ခါတရံမှ လူအများအာရုံစိုက်လိုက်သော ကိစ္စရပ်တစ်ခုပေါ်အခြေပြုပြီး နိုင်ငံရေးအမြတ် ထုတ်တတ်ကြတယ်၊ ဒါကို နိုင်ငံရေးလုပ်သည် နိုင်ငံအတွက်လုပ်သည်လို့ ထင်ကြပေမယ့် အဲဒါ ပေါ်ပင်နိုင်ငံရေးမျှသာဖြစ်ပါသည်။
    ကျုပ်တို့နိုင်ငံ တကယ့်ကောင်းစားစေလိုသော နိုင်ငံရေးဆိုတာမျိုးက လူတစ်ဦးတစ်ယောက် မကွယ်လွန်ခင်ကလည်း ရည်မှန်းချက်တောင်းတချက်ရှိကိုရှိပြီး ထိုရည်မှန်းရာကို အရောက်သွားနိုင်ရမှာဖြစ်သလို ဘယ်သူတွေကွယ်လွန်ကျဆုံးသွားလဲ မူလရည်မှန်းထားတဲ့အတိုင်း အရောက်သွားပြီး ရယူနိုင်အောင် တစိုက်မတ်မတ် လုပ်နေတာမျိုး အဲဒီရည်မှန်းချက်ကို သွားနေတဲ့ခရီးမှာလည်း အများပြည်သူ ယုံကြည်လက်ခံလာနိုင်အောင် စည်ရုံးနိုင်ခဲ့တာမျိုး စည်းရုံးလို့ပါဝင်လာတဲ့ ပြည်သူကလည်း ပြောင်းလဲတိုးတက်မှုကို တူညီစွာယုံကြည်လက်ခံ ကျင်ကြံနေကြတာမှ တိုင်းပြည်အတွက် တကယ့်နိုင်ငံရေးဖြစ်တယ်။
    သာဓကတစ်ခုပြောရရင် ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄ရ ခုနှစ်မှာ တစ်နှစ်အတွင်း မြန်မာပြည် လွတ်လပ်ရေးရကို ရရမယ်လို့ သူနဲ့အတူ လုပ်ဖော်ကိုင်ဖက်တွေ ကြွေးကြော်ခဲ့ကြတယ်၊ ၁၉၄ရ ဇူလိုင်မှာ ဗိုလ်ချုပ်တို့ ကျဆုံးသွားသော်လည်း ၁၉၄၈ ခုနှစ် ဇန်နာဝါရီမှာ မြန်မာပြည်လွတ်လပ်ရေး ရအောင် ယူပြနိုင်ခဲ့သလိုမျိုးပါ။
    အဲဒါဘာလို့လည်း ကိုယ်စီးတဲ့မြင်း အထီးမှန်း အမမှန်းသိသလို ကိုယ်သွားရမယ့် လမ်းကိုလည်း ကိုယ်တိုင် ဖောက်ခဲ့ကာ ရည်မှန်းချက်တူတဲ့ နိုင်ငံရေးရှိခဲ့လိုပါဘဲ။ ရောသားယိမ်း ဘသားယိမ်း နိုင်ငံရေး မျှသာ လုပ်ကြရင်တော့ ခဏသာအထင်ကြီးယုံမှ တပါးအခြားမမြင်ပေသကား။

  • Ma Ma

    April 22, 2014 at 2:07 pm

    ပညာရှိတို့ ပြေးကြည့်တာ တွေးကြည့်သလိုပါပဲလား။ 😀
    ပညာရှိကစည်တွေးကြည့်တာ ပြေးကြည့်သလိုကို မှန်မယ်လို့ ထောက်ခံတာပါ။ 🙂

  • ကေဇီ

    April 22, 2014 at 2:45 pm

    ဒီ တစ်ခါတော့ နာ့ အကိုယွဲ ရေးတာ သဘူတောပါတယ်။

    😀

  • ရဲစည်

    April 22, 2014 at 3:19 pm

    အမှန်က အင်းကျီ ကန်ထရိုက်ကလည်း အနော်ပဲ ဈေးရောင်းခွင့် ပါမစ်ကလည်း အနော်ပဲ ရတာ၊ တဖက်မှာ လူရှိန်အောင် လော်ဘီလုပ်ရေးတာ ဟိဟိ

    :mrgreen:

  • kai

    April 22, 2014 at 3:56 pm

    ဦးဝင်းတင်ရဲ့.. ဒေါ်အောင်ဆန်းစုကြည်အပေါ်သစ္စာရှိပြီး.. ခိုင်မြဲတဲ့စိတ်ဓါတ်ရှိတာကိုကြိုက်ပါတယ်..။
    သူလိုလူ..သမိုင်းမှာလိုတာအမှန်ပါပဲ..
    သတိရနေကြမှာပါ…။

    • Foreign Resident

      April 24, 2014 at 6:28 am

      kai says:
      ” ဦးဝင်းတင်ရဲ့.. ဒေါ်အောင်ဆန်းစုကြည်အပေါ်
      သစ္စာရှိပြီး.. ခိုင်မြဲတဲ့စိတ်ဓါတ်ရှိတာကိုကြိုက်ပါတယ်..။ ”

      ဟုတ်ပါတယ် ။
      ဦးဝင်းတင် ဟာ လမ်းပေါ်တက်မယ့် ကွန်မြူနစ် အမါလိုင်းပါ ။
      သူ နှင့် ဒေါ်စု သဘောထားတွေ မတူကြပါဘူး ။
      ဒါပေမယ့် ၊ ပါတီ (NLD) နှင့် ပြည်သူ ရဲ့ ရေရှည် အကျိုးစီးပွား အတွက် ၊
      ဒေါ်စု ရဲ့ ခေါင်းဆောင်မှု နောက်ကိုဘဲ သစ္စာရှိရှိ လိုက်ခဲ့သူပါ ။

  • အာဂ

    April 22, 2014 at 4:25 pm

    ဖွဘုတ်မှတော့ တွေ့ပြီးပြီး အခုမှ လာမန့်တာ…။ကျနော်တောင် ထီအပြာလေးတွေကို ဆရာဦးဝင်းတင်နာမည်နဲ့ပုံလေးတွေရိုက်ပြီးတော့လုပ်ရောင်းမလိုလုပ်နေတာအသိရှိရင်ပြောပါဦး။ဘာပဲပြောပြောနေပူတော့လေ…ခိခိ

  • ရဲစည်

    April 22, 2014 at 5:20 pm

    @ ဦးဆာ
    အမှန်ပါခင်ဗျ သူ့ကို လုပ်စားမယ်ဆိုတာ သိနေတယ်လေ။ ဆေးရုံကဆင်းတာ သက်သာလို့ မဟုတ်ပါဘူး သေရမယ်ဆိုတာ သိနေပီလေ။ ဒေါ်စုနဲ့ ဆရာ မိနစ်၄ဝလောက် စကားပြောဖြစ်ကျတယ်။ သူ့ဆန္ဒက ချက်ချင်း သဂြိုလ်ဖို့ သိတဲ့အတိုင်းပေါ့ဗျာ။ အခမ်းအနားကတော့ တနေရာပေါ့။
    ဘာပဲဖြစ်ဖြစ်ပါ သူ့သမိုင်းကို တာဝန်ကျေအောင် ရေးနိူင်ခဲ့တော့ အားကျ ဂုဏ်ယူပါတယ်။

  • TNA

    April 22, 2014 at 6:24 pm

    ဘယ်လိုပဲဖြစ်ဖြစ်သွားရမဲ့လူနဲ့ မသွားရမဲ့လူ လွဲနေသလိုပဲအေ။ ဘာပဲဖြစ်ဖြစ် တိုင်းပြည်တော့ နွံထဲကတက်ဖို့ ခက်နေအုံးမှာပဲ။ :byee:

  • alinsett (gazette)

    April 22, 2014 at 7:36 pm

    ဝမ်းနည်းစရာပါပဲ…
    ဒီနေ ့ညနေတောင်… ကျောင်းရှေ ့က… အခမ်းအနားလေးကို ရောက်ဖြစ်သေးတယ်…

  • kyeemite

    April 23, 2014 at 1:24 pm

    ဝမ်နည်းမိတယ်..ရင်နာမိတယ်…သားတို့ဘွကိုလေ 😥 😥 😥 😥 😥 😥 😥 😥

  • Iris

    April 23, 2014 at 6:21 pm

    ဆရာ ဦးဝင်​းတင်​ ကွယ်​လွန်​​သော အခါ….ဆရာဦးဝင်​းတင်​​လေး​တွေ ဖြစ်​​အောင်​ကြိုးစားကြပါလို့။ လပ်​သွားတဲ့​နေရာ​တွေမှာ အစားထိုးနိုင်​​စေဖို့။

  • padonmar

    April 23, 2014 at 10:06 pm

    မှန်တာ ပြောရရင် ဦးဝင်းတင်ကို မာလွန်းလို့ သိပ်မကြိုက်ဘူး။
    ဒါပေမယ့် လေးစားတယ်။
    သူထောင်ထဲမှာ ခံခဲ့ရတဲ့ အကြောင်းတွေ ဖတ်မိတော့
    အော်..ဒီလို ခံခဲ့ရတော့လည်း မာပေမပေါ့လို့ သူ့ကို နားလည်မိတယ်။
    မာလို့လည်း ခံရတာဖြစ်မှာပေါ့နော်။
    ဒါပေမယ့် ခံရမှာ မကြောက်တတ်လို့ မာရဲတဲ့ သတ္တိကို လေးစားမဆုံးဘူး။

    • ဦးကျောက်ခဲ

      April 24, 2014 at 9:53 pm

      ဟုတ်ပါတယ် အန်တီဒုံ… ဆရာကြီးက အမာလိုင်းပါ…
      မာချက်ကတော့ ရဲဘော်ဖိုးသံချောင်းတို့တောင် ဩချယူရတယ်…
      မေစု သူ့လမ်းစဉ်ကနေ သွေဖယ်လိုက်တာ ပြုပြင်ပြောင်းလဲရေး လမ်းစပါ…
      ဆရာကြီးကို အပြစ်မဆိုပါဘူး… သူရင်းခဲ့ရတာ ဆယ်စုနှစ် ၂ခုလေ …
      ထောက်ပြုတ် ဘိုခင်ညွန့်တို့ ဘယ်မျက်နှာနဲ့လူလုပ်နေတယ်မသိ…

  • အရှင်း ဆုံး ပြော ရ ရင်
    ဒါ လုပ် ရင် အထဲ ဝင် ရ မယ် ဆို တာ သိ နေ တဲ့ အချိန် က လုပ် ခဲ့ တဲ့ သူ မှန် သမျှ
    ( အ ယူ အဆ ခြင်း တူ သည် ဖြစ် စေ မ တူ သည် ဖြစ် စေ ) လေး စား ပါ သည်။

    မ ဖမ်း တော့ မှန်း သိ မှ လမ်း မ ပေါ် ထွက် အော် နေ သူ များ နှင့်
    ခ ရို နီ အရိပ် အောက် မှာ နေ ပြီး တိုင်း ပြည် ချစ် ဟန် ဆောင် ပြ နေ နေ သော

    စစ် တပ် ကို ဟန် ပြ မုန်း ပြ နေ သူ များ ကိုေ တာ့ စက် ဆုပ် ပါ သည်

  • Foreign Resident

    April 24, 2014 at 6:16 am

    ကိုပေါက်(မန္တလေး) says:
    ” ဒါလုပ်ရင် အထဲ ဝင်ရမယ်ဆိုတာ သိနေတဲ့ အချိန်က လုပ်ခဲ့တဲ့သူ မှန်သမျှ
    ( အယူအဆခြင်း တူသည် ဖြစ်စေ မတူသည်ဖြစ်စေ ) လေးစားပါသည် ။

    မဖမ်းတော့မှန်းသိမှ ( မဖမ်းတော့မှန်းသိမှ ) လမ်းမပေါ် ထွက်အော်နေသူများ နှင့် ၊
    ခရိုနီ အရိပ်အောက်မှာနေပြီး တိုင်းပြည် ချစ်ဟန်ဆောင်ပြနေသော ၊
    စစ်တပ်ကို ဟန်ပြ မုန်းပြ နေသူများ ကိုတော့ စက်ဆုပ် ပါသည် ”

    အပေါ်မှာ ကိုပေါက် ပြောသွာသလိုပါဘဲ ။
    ဒါလုပ်ရင် အထဲ ဝင်ရမယ် ၊ မိသားစုလိုက် အနှိပ်စက်ခံရမယ် ဆိုတာ ၊
    သိနေတဲ့ အချိန် သိသိကြီး နှင့် မိမိ ယုံကြည်ချက်အတွက် လုပ်ခဲ့တဲ့သူ မှန်သမျှ ၊
    အယူအဆခြင်း တူသည် ဖြစ်စေ မတူသည်ဖြစ်စေ ၊ အထူး လေးစားပါသည် ။
    ( အဲဒီထဲမှာ ကွန်မြူနစ် ဦးဝင်းတင် ကော ၊ ABSDF မိုးသီးဇွန် ကော ပါသည် )

    မှန်တာပြောရရင် ၊ အဘ ဦးဝင်းတင် တို့ ၊
    အနစ်နာခံ ဦးဆောင် တိုက်ပွဲဝင်ပေးခဲ့လို့သာ ၊
    ( အပြည့်အစုံမဟုတ်တဲ့ ) ဒီမိုကရေစီ ရဲ့ အပိုင်းအစလေး ကို ၊
    ကျနော်တို့ ဒီနေ့ မြည်းစမ်းခွင့် ရနေတာပါ ။
    ( နို့မဟုတ်ရင် ပြည်သူတွေဟာ ဒီနေ့ထိတိုင် ၊
    စစ်ခွေးတွေ ရဲ့ စစ်ဖိနပ်အောက်မှာ ပြားပြားဝပ် နေရဦးမှာပါ )

    ဒါကြောင့် ၊ အဘ ဦီးဝင်းတင်ကို ၊
    ကျနော်တို့ ရဲ့ ကျေးဇူးရှင် တစ်ဦး ၊
    မြန်မာနိုင်ငံ ရဲ့ ကျေးဇူးရှင် သူရဲကောင်း တစ်ဦး ၊
    အဖြစ် ခံယူပါတယ် ။

    ” အာဏာရှင်သေတဲ့အခါ သူ့ရဲ့အုပ်ချုပ်မှုလည်း ပြီးဆုံး သွားတယ်။
    အာဇာနည်အတွက် တော့ သူသေတဲ့အချိန်မှ သူ့ရဲ့ အုပ်ချုပ်မှုခေတ်ကစတင်တာဖြစ် ပါတယ် ’’
    ( ဒင်းနစ်ရှ်လူမျိုး တွေးခေါ် ပညာရှင် ဆိုရင်ကဲ ကီးဂတ် )

    ဦးဝင်းတင်၏ခေတ်က အခုမှ စတင်မှာ ဖြစ်ပါသည်။

    • kai

      April 24, 2014 at 7:33 am

      ဦးဝင်းတင်ခေတ်ရောက်ပါ့မလား.. အဘဖောရယ်..။
      ဒေါ်စုတယောက်လုံး.. ငုတ်တုတ်ရှိနေမင့်ဟာကို…

      ဆိုတော့…
      သူ့လုပ်ရပ်တွေ..မှန်ကန်တယ်..မှားခဲ့တယ်..သိပ်မမှန်ဘူး.. လုံးဝမှန်တယ်ကိုတော့.. သမိုင်းကအဆုံးအဖြတ်ပေးမှာပါ..
      စောသေးတယ်လို့ထင်မိတယ်..။
      လောလောဆယ်သိထားတာကတော့…
      ဒေါ်စုအကျယ်ချုပ်မလွတ်ခင်မှာ.. ဒီချုပ်ကို ၂၀၁ဝ ရွေးကောက်ပွဲမဝင်ဖြစ်အောင်… ဆွဲဆောင်သွားသူက.. အဘဦးဝင်းတင်ပဲ..။

  • ရဲစည်

    April 24, 2014 at 11:19 am

    ကျော်က ဦးဝင်းတင်အကြောင်း ဘာမှမပြောဘူးနော် ဦးဝင်းတင် နာမည်တပ်ပီး လူတွေအကြောင်း ပြောတာ၊ ဆိုတော့ ကျန်တာတော့ ဆြာများ ဆက်ဆွဲကျပါဗျို့

    :mrgreen:

  • ဝင့်ပြုံးမြင့်

    April 25, 2014 at 6:28 am

    ဟုတ်တယ်။ အဘအကြောင်း သူဘာမှ မပြောဘူး။ လူတွေအကြောင်းပဲ ပြောသွားတာ။ ဘယ်သူတွေ တက်အုပ်ချုပ် အုပ်ချုပ် လူတွေ အဓိကပါပဲ။ ပို့စ်တစ်ပုဒ်လုံး အမှန်တွေချည်းမို့ ဘာမှတောင် ပြောစရာမကျန်တော့ဘူး။

  • Paing Lay

    April 25, 2014 at 7:50 pm

    အနော်တို့ နိုင်ငံက သာကီဝင်တွေ တယ်ခက်ပုံများ “သူခိုးဗျို့!!!!!!!!!သူခိုးးးးးးးး” လို့ တစ်ချက်အော်ကြည့် တစ်ရပ်ကွက်လုံးနီးပါး ရဲစခန်းကို ဖမ်းချုပ်ပြီး အပ်မယ့်အစား ဆွမ်းကြီးဝိုင်းလောင်းလိုက်ရတာ မသေရုံတမယ်ပဲ။ အနည်းဆုံးတော့ ဆေးခန်းတော့ရောက်မယ်(ကုလားမဟုတ်ရင်ပေါ့။ ကုလားသာဆိုရင် မသေမချင်း သတ်ချင်ကြသေးတာ။ အထက်က နောင်တော်တွေပြောတဲ့ အငုံ့စိတ်ပေါ့။ ပြီးခဲတဲ့ နှစ်က ဖြစ်ခဲတဲ့ ပဋိပက္ခတွေကိုသာကြည့်) :buu:

Leave a Reply