အနောက်ရိုးမသို့ အလည်တစ်ခေါက် Kan Thar Yar Beach…

Normal
0

false
false
false

MicrosoftInternetExplorer4

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin:0in;
mso-para-margin-bottom:.0001pt;
mso-pagination:widow-orphan;
font-size:10.0pt;
font-family:”Times New Roman”;
mso-ansi-language:#0400;
mso-fareast-language:#0400;
mso-bidi-language:#0400;}

ဒီနှစ်ပိတ်ရက်အစမှာတော့ သူငယ်ချင်းတစ်ယောက်က သူခြံဝယ်ထားတယ်တယ်ဆိုတဲ့

ရခိုင်ပြည်နယ် ဂွမြို့နယ် ကမ်းသာယာကို လိုက်ခဲ့ဖို့ခေါ်လို့ အလည်သွားဖြစ်ခဲ့ပါတယ်…

၁၂ ရက်နေ့မနက် ရနာရီခွဲ သူငယ်ချင်းသုံးယောက် ရန်ကုန်က စထွက်ဖြစ်ပါတယ်……

ခရီးစဉ်အရက ပုသိမ် မုံရွာလမ်းအတိုင်း သွားပြီး ဂွတောင်ကြားလမ်းကနေ ရိုးမကိုကျော်..

ကမ်းသာယာကိုရောက်ပြီပေါ့….အစထဲက ယဉ်သကိုဆိုသလို လှိုင်သာယာအထွက်မှာပဲ

ပြဿနာကစပါတော့တယ်…ဘုရင့်နောင်တံတားဖြတ်တော့ တံတားပေါ်မှာ တန်းစီပြီး တစ်ရွေ့ရွေ့နဲ့

တစ်နာရီလောက် ဖြတ်မှ လှိုင်သာယာကိုရောက်ပါတယ်…

လှိုင်သာယာရောက်ပြန်တော့ ပထမအဝိုင်း မရောက်ခင်မှာပဲ ကားတွေဂျမ်းစဖြစ်ပါတယ်..

ရွေ့ကိုမရွေ့နိုင်တာနဲ့ ကားပေါ်ကဆင်း..အကဲခပ်ကြည့်တော့…

ဒီနေ့ဟာ နှစ်သစ်ကူး ပိတ်ရက်ရှည်စတာကြောင့် မိမိရပ်ဋ္ဌာနေ ပြန်မယ့်သူတွေ ဒဂုန်ဧရာ

အဝေးပြေးကားဂိတ်ကို တက်စီနဲ့ငှားလာသူတွေ…ရုံးပိတ်ရက်ရှည်မို့ ခရီးထွက်သူတွေ…

ဆိုတော့ လမ်းပေါ်မှာ ခါတိုင်းထက် ကားများနေပါတယ်…အဓိကပြဿနာကတော့…

Queue လို့ခေါ်တဲ့ စည်းကမ်းတကျ တန်းစီခြင်း အလေ့အထကို မလိုက်နာကြပဲ…

လွန်ခဲ့တဲ့ အာဏာရှင်စံနစ်အောက်မှာ ကျင့်သားရခဲ့တဲ့ ဆိုးဝါးလှတဲ့ ငါ့တစ်ဘို့ပဲ

ကြည့်တဲ့ လူတွေရဲ့ စရိုက်ကြောင့် လမ်းပြောင်းပြန်ကနေ သူ့ထက်ငါကျော်တက်ကြရင်း

အဝိုင်းပါတ်လမ်းမှာ မျက်နှာချင်းဆိုင်တွေတွေ့ပီး သူလည်းတိုးမရ ကိုယ်လည်းတိုးမရနဲ့

ပိတ်မိကုန်တာပဲ…ပိတ်ဆို…လုံးဝကို ကားတန်းကမလှုပ်တော့တာ…

ကျုပ်တို့လည်း ကားပေါ်ကဆင်း လမ်းဘေးသစ်ပင်ရိပ်ခိုရင်း ငုတ်တုပ်မေ့ေပေါ့..

ကမ်းသာယာခရီးအစ
ကမ်းသာယာခရီးအစ

 

ဟိုင်းဝေးကား လက်မှတ်ဖြတ်ထားသူတွေကပို ဒုက္ခရောက်တာပေါ့..ကိုယ့်အထုပ်

ကိုယ်ထမ်းပီး လမ်းလျှောက်ချီတက်နေကြလေရဲ့…အဲဒီမှာ..ဈေးကွက်လေးတစ်ခု

ရုတ်ချည်းဖြစ်ပေါ်လာပါတယ်…အဲ့ဒါကတော့ ဆိုက်ကယ်ကယ်ရီသမားတွေပေါ့…

ခုနက အထုပ်ထမ်းလမ်းလျှောက်နေကြသူတွေအတွက်လည်း ကယ်တင်ရာပါပဲ..

ကားပိတ်လို့ ကြန့်ကြာနေသူတွေကို လိုက်ပို့ပေးတဲ့ အတွက် သူတို့လည်းပိုက်ဆံရ

ခရီးသည်တွေလည်းလိုရာရောက်တော့ ဝမ်းသာစရာပါ….

သုံးနာရီလောက်ကြာမှ ယာဉ်တန်းကနဲနဲလှုပ်လာတယ်…ကျုပ်တို့လည်း ကားတရွေ့

ရွေ့ လှိမ့်ရင်း ပလန်ဘီကိုကားပေါ်မှာပဲစလိုက်ရပါတယ်…မူလပလန်အရတော့

အနောက်ရိုးမတောင်ပေါ်စခန်းမှာ..တောကောင်သားလေးဘာလေးနဲ့ အထူးအဆန်း

နေ့ခင်းစာစားမယ်လို့စီစဉ်ထားတာ…..

ဒီလိုနဲ့ နေ့ခင်း ၁၂ နာရီလောက်မှာ ရန်ကုန်မြို့ပြင်အထွက် လမ်းဘေးဆိုင်တစ်ဆိုင်မှာ

နေ့လည်စာစားလိုက်ရတာပေါ့ဗျာ…

လှိုင်သာယာမှာနေ့လည်စာ(ထမင်းပေါင်း)
လှိုင်သာယာမှာနေ့လည်စာ(ထမင်းပေါင်း)

 

 

ကျန်တဲ့ခရီးစဉ်ကတော့ ပုံမှန်အတိုင်း ဆက်ချီတက်ခဲ့ပါတယ်…အနောက်ရိုးမကို

မရောက်တာ နှစ်ပေါင်း လေးဆယ်လောက်ရှိပါပြီ…

အရင်ရောက်ခဲ့တုန်းကတော့ တကယ့်တောကြီးမျက်မဲပါ

ခရီးသွားရင်း ဆင်တွေ ကျားတွေ အန္တရယ်တောင် ကြောက်ကြောက်နဲ့ သွားလာခဲ့ရတာ..

အခုတွေ့ရတဲ့မြင်ကွင်းကတော့..တကယ့်ကို စိတ်မကောင်းစရာပါ…

တောတွေပြုန်းပီး တောင်ကတုံးတွေအတိနဲ့ အနောက်ရိုးမ..“ဥတုရာသီတောကိုမှီ၏”…ဆို

ခုတော့ ဘယ်လိုလုပ်ဥတု ရာသီမှန်ပါတော့မလဲ

အနောက်ရိုးမတောင်ကတုံး-၁
အနောက်ရိုးမတောင်ကတုံး-၁

 

အနောက် ရိုးမတောင်ကတုံး-၂
အနောက် ရိုးမတောင်ကတုံး-၂

အဲ့လိုနဲ့ အတိတ်ကိုလွမ်းရင်းချီတက်လာလိုက်တာ…အနောက်ရိုးမ တောင်ထိပ်က

၃၂မိုင် ၁ဖါလုံ စခန်းလေးကိုရောက်ခဲ့ပါတော့တယ်..အဲဒီနေရာလေးကတော့

သာသာယာယာလေးမို့ စားသောက်ဆိုင်လေးမှာ တစ်ထောက်နားကြပါတယ်…

(မူလအစီအစဉ်အတိုင်းဆို ဒီဆိုင်မှာ နေ့လည်စာစားဖို့ပါ..ခုတော့ညနေလေးနာရီ

ကျော်နေပီမို့…ထုံးစံအတိုင်း အမြည်းလေးတွေပဲမှာစားတာပေါ့…)

တောင်ပေါ်စခန်း
တောင်ပေါ်စခန်း

 

 

 

 

 

 

 

 

 

ခဏနားကြမယ်
ခဏနားကြမယ်

 

 

 

 

 

 

 

 

 

 

 

 

 

မျောက်သားဟင်းနဲ့မြည်းမလား
မျောက်သားဟင်းနဲ့မြည်းမလား

 

 

 

 

 

 

 

 

 

 

 

 

 

ခဏတဖြုတ်နားကြပီး ဆက်မောင်းလာတော့ ဂွမြို့နယ်ဘက်နီးလာလေ သစ်တောလက်ကျန်များလာလေမို့

ပါတ်ဝန်းကျင်က စိမ်းစိုလာပါတယ်…..

ဒီလိုအပင်ကြီးတွေ တွေ့ရသေးတာဝမ်းသာစရာ
ဒီလိုအပင်ကြီးတွေ တွေ့ရသေးတာဝမ်းသာစရာ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

အပင်ကြီးနဲ့တောအုပ်တွေ ပြန်တွေ့လာရလို့ ဝမ်းသာမိကြောင်း သူငယ်ချင်းကို အားပါးတရ ပြောမိပါတယ်…

သူငယ်ချင်းက..“ရှေ့ဆက်ကြည့်ပါအုံးလေ” တဲ့…ဒီလိုနဲ့တော်တော်လေးသွားမိတော့…လား..လား….

သူငယ်ချင်းပြောတာ အဓိပ်ပါယ်ပေါက်သွားတယ်…ဒေါသလည်းထွက်မိပါတယ်…

အော်…ခုတ်လို့မဝကြသေးပဲကိုး….

ရိုးမ လက်ကျန်ရှင်းသူများ
ရိုးမ လက်ကျန်ရှင်းသူများ

 

 

 

 

 

 

 

 

 

 

 

 

 

ရိုးမ လက်ကျန်ရှင်းနေသူများ
ရိုးမ လက်ကျန်ရှင်းနေသူများ

 

 

 

 

 

 

 

 

 

 

 

 

 

ရိုမ လက်ကျန် ကတုံး တုံးနေပြီ
ရိုမ လက်ကျန် ကတုံး တုံးနေပြီ

 

 

 

 

 

 

 

 

 

 

 

 

 

မွသဲနုအေး တွေ့တဲ့ သစ်တင်ကားတွေ ဒီရိုးမကလာတာ
မွသဲနုအေး တွေ့တဲ့ သစ်တင်ကားတွေ ဒီရိုးမကလာတာ

 

 

 

 

 

 

 

 

 

 

 

 

 

တော်ပီဗျာ…စိတ်ပျက်လာပြီ…

ဒီမှာခေတ္တ တစ်ခန်းရပ်ကြအုံးစို့…..

ကမ်းသာယာအလှတော့ နောက်နေ့တွေ ဆက်ပါအုံးမယ်…

အားလုံးကိုလေးစားခင်မင်လျှက်…

ထာဝရလမ်းဆက်လျှောက်နေတဲ့…

ကြီးမိုက်။

၂၃၊၄၊၂၀၁၄

 

 

 

 

31 comments

  • Mr. MarGa

    April 23, 2014 at 1:35 pm

    အင်းးး ပုံတွေကြည့်ရင်း ဆို့ နင့် လာတယ် ဗျာ

    ဝတ်ကျေ တန်းကျေ စိုက်ထားတဲ့ ကျွန်းပင်လေးတွေ ကြည့်ရတာလဲ သက်ဆိုးရှည်မယ့်ပုံ မပေါ် 🙁

    • kyeemite

      April 23, 2014 at 3:58 pm

      အမှန်ပဲကိုမာဃရေ..ကျုပ်လည်းတောရိပ်တောင်ရိပ်ခိုဖို့သွားတာ…ခုတော့လွင်တီးခေါင် :byee:

      • Mr. MarGa

        April 23, 2014 at 4:16 pm

        မနှစ်ကတည်းကပြောပါတယ်

        ဦးမာဃ တောထွက်ဖို့ တောရှာတာ တောပျောက်နေလို့ပါ ဆိုမှ :eee:

  • ကေဇီ

    April 23, 2014 at 1:43 pm

    ဒီ သယံဇာတ လက်ကျန်တွေ ရှင်းဖို့
    ဥသေးစိမ် ကို ကြားထိုးထားတာပေါ့ဗျာ

    :hint:

  • surmi

    April 23, 2014 at 1:46 pm

    အင်းးးး ရှိရှိသမျှသော ရိုးမများ ကုန်လေပြီကိုးးး

    မျောက်သားဟင်းခွက်လေးမြင်လိုက်တာနဲ့ ခံတွင်းလေးရွစိရွစိဖြစ်လာတယ် ။
    တခြားအသားတွေလည်းရတော့ရဦးမှာပါ ။
    တောလိုက်တဲ့အလေ့ရှိသေးတာကိုး
    ကျနော်က မိသားစုလိုက်သွားမယ်ထင်နေတာ

    • kyeemite

      April 23, 2014 at 4:02 pm

      ကေဇီ နဲ့ ကိုရင်ဆာမိရေ…
      ပထမဆုံး အလယ်ရိုးမကတုံးဖြစ်..ပီးတော့ အရှေ့ရိုးမ ရှမ်းတောင်ကတုံးဖြစ်..
      နောက်ဆုံးတော့ အနောက်ရိုးမလည်း ကုန်ရှာလေပြီ… 👿
      သဘာဝ ဆိုတာ စာဘဝမှာသာရှိတော့ပါ၏။

  • ROssI

    April 23, 2014 at 1:49 pm

    ကြေကွဲစရာ…

    • kyeemite

      April 23, 2014 at 4:05 pm

      ကျုပ်လည်း လက်တွေ့မြင်ရမှ…တောက် တစ်ချက်ပြင်းပြင်းခေါက်မိတယ်…ဒီစစ်ဘီလူးတွေလက်ထက်မှာ
      အကုန်ပြောင်တာပဲ…မရိုစီရေ

      • ကေဇီ

        April 24, 2014 at 9:04 am

        မရိုစီ တဲ့။
        ခုခွိ။
        နာမည် အသစ်ခေါ်စရာရပြီ ..

        😀

        • Ma Ei

          April 24, 2014 at 10:06 am

          မရိုစီ ရေ….
          🙂

        • ROssI

          April 24, 2014 at 10:55 am

          တိန် ….

        • ကေဇီ

          April 24, 2014 at 11:33 am

          အဲလာ သများ ကေဇီ ရဲ့ ညလေး ရိုစီပါချင့်!!

          😀

        • kyeemite

          April 24, 2014 at 11:53 am

          😀 😀 😀 😀 😀

      • Foreign Resident

        April 24, 2014 at 11:52 am

        kyeemite says:
        ” ဒီစစ်ဘီလူးတွေလက်ထက်မှာ အကုန်ပြောင်တာပဲ…မရိုစီရေ ”

        ဟီ ဟိ ၊ မရိုစီ တဲ့ ။
        ဦးကြီးမိုက် ကလည်း ရွာသူား Senior ကြီးဖြစ်ပြီး ၊
        ဒီတစ်ခါတော့ ခံလိုက်ရပြန်ပြီ ။

        အဲဒီ မရိုစီ ဆိုတာ ၊ လတ်တလော အသီးကွဲနေတဲ့သူလေ ။

        • kyeemite

          April 24, 2014 at 11:58 am

          ကျုပ်သိပါတယ် ကိုရင်ဖေါရာ..ဒီပုဂ္ဂိုလ်လေးက နာမည်ခဏခဏပြောင်းလွန်းလို့
          ကျုပ်ကလည်း သူပြောင်တဲ့အတိုင်း လိုက်လိုက်ခေါ်ပေးတာပါ…
          😀 😀 😀 😀 😀

  • Ma Ei

    April 23, 2014 at 2:35 pm

    ရာဘာ၊ ဆီအုန်း၊ ကြက်ဆူ စိုက်ပါမယ်ဆိုပြီး စိုက်ကွင်း အမည်တပ် တောရှင်း သစ်မျိုးစုံခုတ်
    တစ်ကယ်စိုက်တာက လမ်းဘေးနား ဟန်ပြလောက်ရယ်…
    ယူထားတဲ့ ဧရိယာ တစ်ကယ်စိုက်မစိုက် ဘယ်သူကစစ်လို့ ဘယ်သူက အရေးယူကြမှာပါလိမ့်…

  • Crystalline

    April 23, 2014 at 3:38 pm

    သက်တမ်းလိုက် ပုံမှန်အတိုင်းစနစ်တကျခုတ်…ပြန်စိုက်လုပ်ရင်.. စားပါလေ့..ဆယ်သက်.. ရတနာတန်းဝင်ကျွန်းက ဟိုလူကြီးတွေ လက်ထက်မယ်… သီရိမင်္ဂလာဈေးက ကုန်စိမ်းဈေးကွက်သာသာဖြစ်ရော.. ငွေတွေကြိုယူ… ခုတ်ကွက်တွေပေး… 🙁 ပြန်စိုက်ဖို့ကျတော့ မလောက်မငချပေး.. နောက်ပုကလိကကို လုပ်ကွက်တွေပေးတော့လည်း… သူတို့လူတွေ နေရာကောင်းတွေမှာ ဧကတွေ ရာချီ ထောင်ချီယူထားပြီး ဘာမှမလုပ်.. မလုပ်လည်း ဘာမှအရေးမယူ… နောက်လုပ်မယ့်သူကိုကန့်ကွက်… :evill:

  • ကထူးဆန်း

    April 23, 2014 at 4:17 pm

    ရန်ကုန်ဘက် ကသွားရင် ကမ်းသာယာ ကို အရမ်းသဘောကျတယ်.. ကားလမ်းကနေ ပင်လယ်ပြင်ကို ဘွားကနဲ တွေ့ရပြီး သွားရတာ အရမ်းလှတယ် ထင်ပါသည် ။ အဲ့ဒီ အရသာမျို း မြန်မာပြည်မှာ အခြားဘယ် beach မှ မရဘူး ။ (ကျွန်တော် ရောက်ဘူးသမျှ ။ ငပလီ ၊ချောင်းသာ ၊ငွေဆောင်။မောင်းမကန်၊ကမ်းသာယာ)

    လမ်းတွေကော ဘယ်လိုလဲ ဦးမိုက် ။ ကောင်းနေပြီလား ။ကြည့်ရတာတော့ ကောင်းနေပုံဘဲ။ သင်္ကြန်အပြီး ငပလီ ကို အဲ့ဒီ့ဘက်ကနေ သွားမလို့ ရည်ရွယ်ထားပြိးမှ မသွားဖြစ်လိုက်ဘူး ။

    • kyeemite

      April 24, 2014 at 8:13 am

      ကထူးဆန်းရေ..လမ်းတွေကတော်တော်ကောင်းနေပါပြီ…တချို့လမ်းပိုင်းတွေလည်းပြင်နေတာတွေ့ခဲ့တယ်
      ဟုတ်တယ်..ကမ်းသာယာကသိပ်သဘာဝဆန်ဆန်ကျန်သေးတယ်လို့ပြောနိုင်တယ်ဗျ…
      ကမ်းသာယာပုံလေးတွေတင်ပါအုံးမယ်..မအားသေးလို့

  • မဟာရာဇာ အံစာတုံး

    April 23, 2014 at 4:34 pm

    ဪ ..
    ရိုးမရဲ့ တောတောင်လည်း
    ကတုံးပြောင်ပြောင် ဖြစ်ကုန်ပြီပဲ …
    စိတ်မကောင်းစရာပါပဲ အုတ်ကထဂျီးရေ …

  • Ma Ma

    April 23, 2014 at 4:46 pm

    ကမ်းသာယာသွားတယ်ဆိုလို့ ကမ်းခြေသွားတာလားလို့။
    ကမ်းသာယာကမ်းခြေဖွင့်ခါစနှစ်တွေတုန်းက ၂ခါလောက် ရောက်ဖူးတယ်။
    ပထမစစချင်းရောက်တဲ့နှစ်တုန်းကတော့ စခါစမို့ မပြည့်စုံသေးဘူး။
    နောက် ၄-၅ နှစ်လောက်ထင်တယ် ထပ်ရောက်တော့ ပျက်စီးနေတာ လူတောင် သိပ်မသွားကြတော့ဘူး။
    ခုတော့ ဘယ့်နှယ်နေတယ်မသိ။

    အထက်တန်းကျောင်းတုန်းက ပုပ္ပားမောင်တောင်ကတုံးကို ယောင်ထုံးဖို့ ပြောနေကြတာ ခုတော့လည်း စိုပြေလာသား။

    အနောက်ရိုးမအတွက်ကတော့ အသက်ဆက်နိုင်ပါ့မလားမသိ။ :byae:

  • TNA

    April 23, 2014 at 5:18 pm

    မျက်ရည်စက်လက်ထွက်ရပါအိ။ တကယ့်ကိုနှမျောမိပါသည်။ ဒီအပင်ကြီးတွေကို ပစ်စလက်ခတ်လုပ်တဲ့ သူတွေကို သတ်ပစ်ချင်ပါသည်။ တဘို့ထဲသမား လူတွေမဟုတ်ပါ။

  • black chaw

    April 23, 2014 at 5:57 pm

    ဟိုတုန်းက
    ရိုးမ မှာ သစ်ခုတ်နေကြတဲ့
    သစ်ခုတ် သမားတွေ ရဲ ့ ဘဝကို
    စောဘွဲ ့မှူး ကြီးက သီချင်းတစ်ပုဒ် ရေးပြီး
    ဂုဏ်ပြုခဲ့ ဖူးပါတယ်။
    ပြည်ဝင်ငွေတွေ တိုးသထက်တိုးအောင်
    ရွှေပင် တွေကို ဖောင် ဖွဲ ့နေ
    ဖေါင်တွေပေါ်မှာ လွှားကနဲ လွှားကနဲ
    အ ဖေါ်တွေကို မြင် လာတော့
    ရိုးမ ရဲ ့ ည နေခင်းလေးကိုတောင်
    အလှကြည့်ဖို ့ မအားပါ ခင် ဗျာ

    မဆလ ခေတ် သစ်ခုတ်သမားတွေ က တော့
    ပြည်ဝင်ငွေ တွေ တိုးဖို ့ ခုတ်တာတဲ့။
    ဦးသိန်းစိန် ခေတ် သစ်ခုတ်သမားတွေက
    ဘယ်သူ ့ ဝင်ငွေတွေ အတွက် ခုတ်တာ တဲ့ လဲ။
    အိုဘယ့်…ရိုးမရဲ ့ ည နေ။

  • snow smile

    April 23, 2014 at 7:03 pm

    ရေး ထား တာ ဖတ် ရ တာ
    အ ပန်း ဖြေ ခ ရီ း က
    စ စ ချင်း မှာ က်ို မော ပမ်း နေ ရ သ လို

  • ပါး စပ် က တိုင်း ပြည် အတွက် ပါ လို့ ဖေစ ်ဘုတ် မှာ
    အွန် လိုင်း မှာအ မြု ပ် ထွက် မ တတ် ပြော ပြီး
    လက် တွေ့ ဘဝ မှာေ တာ့ ခ ရို နီ တွေ နဲ့ ပေါင်း ပြီး
    မျက် နှာ ဖုံး စွပ် ထား တဲ့ လူ တွေ ကြောင့် တိုင်း ပြည် ပျက် စီး နေတ ာ ကို
    သိ နေ တော့ ဘယ် သူ့ ကို စိတ် တို ရ မှန်း မသိ

  • kyeemite

    April 24, 2014 at 8:49 am

    အံစာ၊ မမ၊ မွသဲ…ဖတ်ရှုခံစားအားပေးတာကျေးကျေးပါဗျာ…

    ရဲဘော်ဘလက်က မှတ်ဉာဏ်တော်တော်ကောင်းတာကိုး..ဆက်စပ်တဲ့သီချင်းလေးတန်းမှတ်မိတာပဲ…
    ဒါကြောင့်လည်း ဘလက်ချောဆိုပြီးနာမည်ကြီးနေတာ…

    မနှင်းပြုံးရေ…အမောတကောသွားခဲ့ရပေမဲ့ ကမ်းသာယာရောက်တော့ အမောပြေသွားပါတယ်…

    ကိုပေါက်ရေ..လူတွေသာအဆောင်အရောင်ပြောင်းပြီး မူတွေကဒီတိုင်းရှိနေသေးတော့… 🙄

  • kyeemite

    April 24, 2014 at 1:38 pm

    အင်း..ဒီကိုးနတ်ရှင်နဲ့ ငါတင်မဲ့ ကမ်းသာယာအလှတွေတောင် သိုးကုန်တော့မယ်.. :harr:

  • Phoe Kaung

    April 24, 2014 at 6:23 pm

    ကို်ယ်မရောက်ဖူးတဲ့နေရာတာမှာ ဘယ်လိုတွေဖြစ်နေတယ်ဆိုတာသိရလို့ ကျေးဇူးပါ
    ဘယ်နှစ်ညအိပ်ခဲ့လဲဗျာ့

  • Wow

    April 25, 2014 at 2:38 pm

    မျောက်သားစားကောင်းလား မိုက်မိုက် 🙂

  • weiwei

    April 25, 2014 at 4:30 pm

    ကမ်းသာယာ ရောက်ဖူးတယ် .. အပြာရောင်ပင်လယ်ပြင်ကြီးကို ဘွားကနဲတွေ့လိုက်ရတဲ့ ခံစားချက်က မိုက်တယ် ..
    အခုနှစ်အတွင်း ကမ်းသာယာ ကမ်းခြေစခန်း ဖျက်သိမ်းလိုက်ပြီလို့ ကြားတာ .. ကြည့်ရတာ ဟိုတယ်တွေပဲ ဖျက်သိမ်းလိုက်တာနဲ့တူတယ်နော် ..

Leave a Reply