အမည် သညာ ခေါ်စရာကား….

နွေဦးApril 23, 20141min25519

ရွာထဲက ဂျီးဒေါ် တယောက် စာတစ်ပုဒ်အတွက် မက်စိကနေ တိုးတိုးတိတ်တိတ် ကလောင်နာမယ်ဘာကြောင့်ဘယ်လိုမှည့် တာလဲဆိုပြီး မေးနေတာကို ကြားတော့ နံမယ်တွေဘယ်လိုမှည့်ကြတယ်ဆိုတာ တွေးမိရင်း ဒါလေး ရေးဖြစ်တယ်..

အိမ်နားက အသိ ကို ကျင်တိတ် သူ့ခလေးတွေ နံမယ်ပေးထားတာတွေကို အမြဲ ခပ်ကြွားကြွားပြောလေ့ရှိတယ်..။

သူတို့အရပ် သူကြီးခဲ့တဲ့ဒေသက သားသမီးတွေမွေးတာကို နံမယ်မှည့်တာကသပ်သပ် အချင်းချင်းတွေပြောကြရင် “နံပါတ်ဘယ်လောက်ကောင်”.. “နံပါတ် ၅ခလေးတုန်းက” စတဲ့ နံပါတ်စဉ်နဲ့ပြောကြတာ…။

 

“ကျုပ်တို့အမျိုးတွေက ခလေးအများကြီးမွေးတတ်တော့ ခလေးတွေကို နံပါတ်တတ်ပြီးခေါ်တာ သိပ်တော့မဆန်းပါဘူး..ကျုပ်ကတော့ ခလေးတွေကို နံမယ်ပေးရင်း နံပါတ်ပါတတ်ထားတော့ မှတ်လို့လွယ်တာပေါ့..”

“ကျင်တိတ်က ခလေးငါးယောက်ဘဲမွေးလို့ပေါ့ ခြောက်ယောက်သာဆို ခေါင်းစားပြီ”လို့ပြောတတ်တာ..။

“ဆိုပါဦး..ခင်ဗျားနံမယ်ပေးပုံလေး…” နွေဦး စပ်စုလိုက်တယ်..။

“ကျုပ်သားကြီး က ‘ကျင်ဝမ်း’လေဗျာ..’ကျင်’ က ကျုပ်တို့ မျိုးနွယ်လေ…သားကြီး နံပါတ် One ပေါ့

နောက်တကောင် ခင်ဗျားတို့က ‘ဂျစ်တူး’ လို့ခေါ်တာ ..သူ့နံမယ်ရင်းက ‘ကျင်တူး’..Two နံပါတ်၂ပေါ့..”

“ဒါဆိုနောက်သမီးက ဘာလို့ ‘ကျင်စမ်း’ ဖြစ်ရတာလဲ..’ကျင် သရီး’ ဒါမှမဟုတ် ‘ကျင်သုံး’ ဖြစ်ရမှာ မဟုတ်လား…”နွေဦးရဲ့ စောဒက တက်ရပြီပေါ့…။

“ဟေ့လူ ဒါ တရုပ်နံပါတ်ဗျ.. အိ အော့ စမ်း စု..ကြားဖူးတယ်မဟုတ်လား..နောက်လေးယောက်မြောက် သမီးက ‘ကျင်စု’လို့ပေးမလို့ မိန်းမက ဗမာလိုမှည့်ပါဆိုလို့ ‘ကျင်လေး’ ဖြစ်သွားတာ…”

“အဲ နောက်တယောက်လဲမိန်းခလေး မွေးလာကော ကျုပ်လဲ နံမယ်ဘယ်လိုမှည့်ရမယ်ဆိုတာ အတော်စဉ်းစားရတာဗျ..’ကျင်ဖိုက်’ ဆိုလည်းမကောင်း..’ကျင်ငါး’ ဆိုလည်း အဆင်မပြေ ‘ကျင်ဝူ’ ဆိုလည်းခေါ်လို့မကောင်း..အတော်ခေါင်းစားတာ…”

“အဲဒီတုန်းက ကာကာဆိုင်မှာ လဘက်ရည်သောက်ရင်း ဒီသမီး နံမယ်ပေးဖို့ တွေးလို့ နေတုန်း.. ဗြုန်းဆို နံမယ်လေး ရလာတာ…”

” အငယ်မနံမယ် ‘ကျင်ပန်း’ နဲ့ ဘာဆိုင်လို့တုန်းဗျ..” ကောက်ခါငင်ခါမေးလိုက်တဲ့ နွေဦးရဲ့မေးခွန်း…

“အေ..ဒို… တင်း… ကျား…ပန်း…ဆိုတာ ကုလားလို ၁..၂..၃..၄..၅..ဗျ..ဒါကြောင့် သူ့နံမယ်က  ‘ကျင်ပန်း’ ဖြစ်တာပေါ့ဗျာ..” တဲ့ ။

ကျွန်တော်တို့လဲ အားလို့ အချိန်ရတဲ့အခါ ကိုကျင်တိတ် အတွက် ခြောက်ယောက်မြောက်ခလေး..ခုနှစ်ယောက်မြောက် ခလေးတွေ မွေးလာရင် ဘယ်လိုနံမယ်ပေးမလဲဆိုတာ တွေးပေးကြရအောင်…။

ကဲ ဟိုဂျီးဒေါ်ကြီး အတွေးမလွဲနဲ့အုံး..

နွေဦးဆိုလို့ သားကြီးဩရသ လို့ မမှတ်နဲ့ဗျ..

ဗမာစကားရှိတယ်မလား..တခါတလေတော့ နောက်ကလဲလာသေး ..မောင်ဦးလို့လဲ မှည့်သေး..ဆိုသလိုပေါ့ဗျာ…

 

နွေဦး ပေါက်ကရတွေးသည်…။

19 comments

  • TNA

    April 23, 2014 at 1:26 pm

    အဟိ ကြံကြံဖန်ဖန်နာမည်ပေးတတ်တယ်။ သူ့နည်းကလဲမဆိုးပါဘူး။ တရုတ် ဗမာ ကုလား အကုန်ပါကော။ နံပါတ်ခြောက် နံပါတ်ခွန်ဆိုရင်တော့ နိုင်ငံတကာအကူညီယူရတော့မယ်ထင့်။ :mrgreen:

    • နွေဦး

      April 23, 2014 at 2:14 pm

      အမျိုးတချို့က မြစ်တွေနဲ့ နံမယ်ပေးတယ်..
      မောင်ဧရာတဲ့ မောင်စစ်တောင်းတဲ့ မေခတဲ့ မလိခတဲ့ မေချင်းတွင်းဆိုတာလဲ ရှိသေးတာ..
      ဦးလေးတယောက်ကတော့ သူ့သမီးတွေကို ပန်းနံမယ်တွေနဲ့ မှည့်တယ်..
      အင်ကြင်းတဲ့ မေသရဖီတဲ့ မေဆပ်သွားဖူးတဲ့ မေမဉ္ဇူ တဲ့…
      ကျုပ်တို့မောင်နှမတွေကျတော့ အဖေက အရောင်တွေနဲ့ မှည့်တာဗျ…
      နီ ဖြူ ညို ဝါ စိမ်း ပြာ ဆိုပြီး မှည့်တာ..(ကြုံတော့မှ အဖေရဲ့ family plan နဲ့ သားသမီးတွေ မွေးပြီး နံမယ်ပေးစနစ်ကို ကြွားတော့မယ်..)

  • ကေဇီ

    April 23, 2014 at 1:29 pm

    ဂစ်။
    နွေဦးမှာ မွေးလို့ ဂလိုပေးသလားလို့ပဲ မှတ်ပါတယ်။
    😀

    • နွေဦး

      April 23, 2014 at 2:01 pm

      ဟိုခေတ်ကတော့ နွေဦးမှာ လက်ပန်ပွင့်တယ်..ခွေးရူးတယ်..
      ဒီခေတ်ကတော့ ခွေးရူး သိပ်မတွေ့တော့ဘူး…

      • မဟာရာဇာ အံစာတုံး

        April 23, 2014 at 4:48 pm

        လက်ပံတွေတော့ ပွင့်သေးတယ် ..
        ဒီတော့ … နွေဦး ဆိုတော့ လက်ပံပွင့်တယ် ..
        လက်ပံ ဆိုတော့ လန်ပက် ပေါ့နော် …
        မွေးတုန်းက ပက်လက်ကလေး လန်နေလို့မို့ ခုလို နွေဦးဆိုပီး ဖြစ်လာဒါနေမှာ ..
        :mrgreen:

        =====

        စကားမစပ် …
        ကျော့် ကလေးကျရင်တော့ ..
        အံဝမ်း၊ အံတူး၊ အံသရီး .. ဆိုပီး မှည့်ရမယ် … ငိငိငိ
        :mrgreen:

        *နည်းနည်း လွန်းသွားသလို ဖြစ်သွားလို့ စကားအချို့ကို ပြန်ဖျက်လိုက်တယ် ….

        • TNA

          April 23, 2014 at 5:04 pm

          အောင်မယ်လေးဟယ်။ အဆင့်ကျော်နေဘီ။

  • Mr. MarGa

    April 23, 2014 at 1:30 pm

    သူက အစီအစဉ်လိုက်သွားတာပဲ
    အီး နှစ်ခါ၊ ချိုင်းနီးစ် တစ်ခါ၊ ဘားမီးစ် တစ်ခါဆိုတော့
    ကျန်တာ ကုလားလိုနှစ်လှည့် ပြီးရင် ကိုရီးယန်း တစ်ခါ ဂျာပွန်တစ်ခါ၊ အဲ့ဒါမှ ထပ်လာသေးရင် ဂျာမန်၊ အီတလီတွေပါ ဆက်ထည့်လိုက်ဗျာ။

    အနော့်ကိုတော့မမေးနဲ့နော် အသံတောင် ဘယ်လိုထွက်မလဲ မသိဘူးရယ် :mrgreen:

  • ကေဇီ

    April 23, 2014 at 1:34 pm

    အမည်မဖော်လိုသူ ဂျီးဒေါ် ကေဇီမှ တိုးတိုးတိတ်တိတ်လိုက်မေးကြောင်း လို့ ပြောလိုက်ရင် ပိုကောင်းမယ်။
    ဟီးဟီး
    :mrgreenn:

    ခိုး စု နေပါတယ် ဆိုမှ။
    မထူးတော့ပါဘူးးး
    တင်လိုက်တော့မယ်။

    :mrgreen:

    • Ma Ei

      April 23, 2014 at 2:22 pm

      ခိုးစုတဲ့သူရဲ့ နောက်က နွေက ဦးသွားပြီ….
      ထူးပါဘူး မြန်မြန်တင်ပါ…
      ဆက်ရီရအောင်လေ…
      🙂

      • ကေဇီ

        April 23, 2014 at 2:30 pm

        ဂစ်။
        လူ မစုံသေးလို့ မွအိရ။

        :b:

    • နွေဦး

      April 23, 2014 at 2:23 pm

      ဆက်ပြီးစုပါအုံး.. ပေါက်ကရ ကုန်ကြမ်းတွေ ထပ်ပေးချင်လို့ပါ…

  • alinsett (gazette)

    April 23, 2014 at 1:44 pm

    အဟိ
    ဦနွေဦးလည်း ပေါက်ပေါက်ရှာရှာ တွေးသား
    အဲ
    ဟိုကလည်း ပေါက်ပေါက်ရှာရှာ ဂျီး ဖြစ်နေတာကိုး

    :mrgreen:

    • နွေဦး

      April 23, 2014 at 2:22 pm

      သိပ်မတွေးလို့မရဘူးလေ….
      ကိုယ့်အလှည့်ကျမှ ကျင်စွိ တို့ ကျင် တွတ် တို့ ဖြစ်နေအုံးမယ်…

  • Ma Ma

    April 23, 2014 at 5:23 pm

    ဖတ်ဖူးတာတဲ့ ဟာသစာပေတစ်ခုမှာ………
    လင်မယားနှစ်ယောက် သားဦးလေးမွေးတော့ ဝမ်းသာအားရနဲ့ ခင်မောင်ဦး လို့ မှည့်လိုက်တယ်။
    နောက်တစ်ခါ သားလေးတစ်ယောက်ထပ်မွေးတော့ ခင်မောင်လတ် ပေ့ါတဲ့။
    နောက်သားတစ်ယောက်မွေးပြန်တော့ ခင်မောင်ထွေး တဲ့။
    တော်လောက်ပြီထင်ပေမယ့် နောက်တစ်ယောက်ထပ်မွေးတော့ နာမည်ဘယ်လိုမှည့်ရမယ်ဆိုတာ မနည်းစဉ်းစားပြီး ခင်မောင်ထွေးနောက်က ခင်မောင်လေး ပေ့ါ ဆိုပြီး မှည့်လိုက်တယ်။
    သိပ်မကြာဘူး နောက်ထပ် သားတစ်ယောက် မွေးပြန်တယ်။
    သူ့နောက်မှာတော့ ထပ်မမွေးတော့ဘူး။
    နာမည်ဘယ်လို မှည့်လိုက်တယ်ဆိုတော့ ခင်မောင်ဘိတ် တဲ့။ 😀

  • lu lu

    April 23, 2014 at 6:47 pm

    သားစဉ်မျိုးဆက် နံမယ် ကိုဘယ်လိုပေးရမလဲ လို ့စဉ်းစား
    နေတာ အဟဲ ဦးနွေဦး ဆီကအတူအနီ သောင်း ရ ဒေါ့မယ် အဟီး း း
    အိမ်ကမြစ်လေး ကို ဘယ်လို နံမယ် ပေးရင် ကောင်းမလဲ
    ? ? ? ?

  • padonmar

    April 23, 2014 at 10:26 pm

    ပထမဆုံး မြန်မာဆရာဝန်မကြီး နာမည်က ဒေါက်တာ ဒေါ်စောဆ တဲ့။
    သူ့အဖေက ပါဠိလို အစဉ်လိုက်ပေးတာ။
    မစောပ၊မစောဒွေး၊မစောတ၊မစောစ၊(၅ယောက်မြောက်တော့မသိဘူး၊ကျမစိတ်ထင် မစောပန် ဖြစ်မယ်။သူက ၆ယောက်မြောက်ဆိုတော့ မစောဆ တဲ့)

  • ပြော ရ အုံး မယ် ကျ နော် သူ ငယ် ချင်း က ခြောက် ယောက် မြောက် မှာ မွေး လို့ အိမ် နာ မယ် ခြောက် ကောင်
    သူ ့ အဖေ က လဲ ခြောက် ယောက် မြောက် မွေး လို့ ခြောက် ကောင် ။

    တစ် ရက် သူ ငယ်ချင် းအိမ် ရှေ့ သွား
    ” ဟေ့ ခြောက် ကောင် ++++++++သား ထွက် ခဲ့ ” လို့ အဆဲ လေး နဲ့ ခေါ် လိုက် တော့
    အဘိုး ကြီး တစ် ယောက် ထွက် လာ တယ်

    }++++++++သားေ တွ ငါ ခြောက် ကောင်ကွ ဘယ် ကောင် ငါ ့ အိမ် ရှေ့ လာ ဆူ နေ တာ လဲ ” လို့ အော် ပြီး ထွက် လာ လို ့ ထွက် ပြေး ခဲ့ ရဘူး ပ ါကြောင်း။

  • etone

    April 27, 2014 at 1:38 am

    etone တို့ အာရီးလေးလို ကလေးဆယ့်ခြောက်ယောက်သာ မွေးလျှင်တော့ …. နာမည်ပေးဖို့ စဉ်းစားရုံနဲ့ ဆံပင်ဖြူလောက်တယ် … ဒါပေမယ့် အာရီးလေးကတော့ သူ့ကလေးတွေကို နာမည်ပေးတာ လွယ်လွယ်ပဲ … စန်းစန်းမြင့် … မြင့်မြင့်စန်း အေးအေးမြင့် မြင့်မြင့်အေး …. မိုးဇော်အောင် အောင်ဇော်မိုး ခွိ …. အဲ့လိုမျိုးတွေ Rပေးထားတာ … 😆

  • ၆ယောက်မြောက်က ကျင်လျို့ လို့မှည့်လို့မဆိုးလှပေမယ့် ရယောက်မြောက်သမီးလေးကျရင် ကျင်ချီး ဖြစ်တော့မှာပဲ
    😀
    ဒါနဲ့ဇဂါးမစပ်
    “ရွာထဲက ဂျီးဒေါ် တယောက် စာတစ်ပုဒ်အတွက် မက်စိကနေ တိုးတိုးတိတ်တိတ် ကလောင်နာမယ်ဘာကြောင့်ဘယ်လိုမှည့် တာလဲဆိုပြီး မေးနေတာကို ကြားတော့”

    ဆိုတဲ့ကိတ်စ အဲ့ဂျီးဒေါ်ပို့စ်ကဘာလို့တက်မလာသေးတာတဲ့လဲဟင်
    :chee:

Leave a Reply