ဒီ နိုင်ငံ

ဇီဇီApril 23, 20141min31029

 

စက်ရုပ်လို လူတွေ နေတဲ့နိုင်ငံ…..

ပိုက်ဆံအကြောင်းပဲတွေးတဲ့ နိုင်ငံ…..

ချစ်ခြင်း မေတ္တာမရှိတဲ့ နိုင်ငံ…..

ရယ်မောခြင်း ရှားပါးသော နိုင်ငံ…..

အနုပညာ အရည်အသွေး ညံ့ဖျင်းသော နိုင်ငံ…..

အိပ်ချိန်နဲ့ စားချိန်က လွဲလို့ အလုပ်အကြောင်းပဲ စဉ်းစားနေရတဲ့ နိုင်ငံ…..

ကိုယ် အကြိုက်ဆုံး ဆောင်းရာသီမရှိသော နိုင်ငံ…..

ကိုယ့်ကို ချစ်တဲ့သူ နည်းပါးသော နိုင်ငံ…..

World’s Most Emotionless Countries Top (5) ထဲမှာ ပါတဲ့ နိုင်ငံ…..

ဒီနိုင်ငံမျိုးကို လွန်ခဲ့တဲ့ ရ နှစ်လောက် က ဘာလို့ နန့်နန့်တက် လာချင်ခဲ့လည်း စဉ်းစားလို့ကို မရဘူး။

.

.

.

.

.

.

(ကိုယ့်ကိုယ်ကို ပြောပါတယ်။)

:hint:

29 comments

  • Crystalline

    April 23, 2014 at 3:54 pm

    ဒီနိုင်ငံက ကေကေဇီမကြိုက်တဲ့အချက်တွေ… ဒီဖက်ပို့လိုက်ကွာ… တို့နိုင်ငံကဟာတွေ.. အဲ့ဖက်ပြန်ပို့လိုက်မယ်… :mrgreenn:

  • ROssI

    April 23, 2014 at 3:54 pm

    လွန်ခဲ့တဲ့ ရနှစ် ကတည်းက နန့်တယ်လား …

    ကျော်မပြောဘူးနော် … ကွကိုယ် ဝန်ခံတာ ..
    ငိငိ

  • Mr. MarGa

    April 23, 2014 at 4:14 pm

    ဒီ နိုင်ငံ က
    မျှော်လင့်ချက်တွေကို ဖြစ်လာဖို့ အခွင့်အလမ်းတွေ ပေးထားခဲ့တာကိုး

  • kyeemite

    April 23, 2014 at 4:25 pm

    ငွေတစ်မျိုးရလို့တော်သေးတာပေါ့…ပညာလည်းရသေးသားနော

  • မဟာရာဇာ အံစာတုံး

    April 23, 2014 at 4:38 pm

    ပျော်ရာမှာ မနေ
    တော်ရာမှာ နေရမယ်လို့ .. မာမီ မှာလိုက်တာ မေ့တွားဘလားကွဲ့ …
    :mrgreen:

  • alinsett (gazette)

    April 23, 2014 at 4:45 pm

    အနုပညာအရည်အသွေး ညံ့ဖျင်းသော နိုင်ငံ ဆိုလို့
    ဒီမှာတော့
    အနုပညာအရည်အသွေး အသိအမှတ် အပြုမခံရတာတွေ ရှိတဲ့ နိုင်ငံ

    ဒန်တန်းးးးတန်

    :mrgreen:

  • TNA

    April 23, 2014 at 5:13 pm

    ချရေးပြရင် ဒီနိုင်ငံကတောင်ပိုများနေအုံးမယ်ထင့်။ ဘာဆိုဘာမှမရှိတာပါအေရယ်။ လွမ်းမနေပါနဲ့။ အဲဒီကမှ လက်ချိုးရေလို့ရသေး။ ဒို့ညန်မာပြီကြီးက လက်ချိုးလို့မနိုင်လို့ခြေကူ၊ ခြေကူလို့မနိုင်လို့ တာလီဘာချိုးရ သအေ့။ လွမ်းလောက်စရာမရှိဘောင်အေ။ အဲ့မှာသာအေးအေးသက်သာနေပါလေ

  • Iris

    April 23, 2014 at 5:48 pm

    ဒီနိုင်​ငံ စိတ်​ဓာတ်​ကိုခိုင်​မာရင်​့ကျက်​​စေ​အောင်​သင်​​ပေးတယ်​။
    ဒီနိုင်​ငံ အမှိုက်​ပုံး ထဲ အမှိုက်​ပစ်​တတ်​​အောင်​သင်​​ပေးတယ်​။
    ဒီနိုင်​ငံ ကိုယ်​့အတ်​တ​တွေချိုးနှိမ်​ပြီး အများဆန်​ဒ ကို အ​ကောင်​အထည်​​ဖော်​နိုင်​​အောင်​ သင်​​ပေးတယ်​။ (Team work)
    ဒီနိုင်​ငံ ​မတူညီတဲ့ ယဉ်​​ကျေးမှု​တွေကို ​လေးစား အသိအမှတ်​ပြုဖို့သင်​​ပေးတယ်​။ (respect to others)
    ဒီနိုင်​ငံ ကိုယ်​့ကိုယ်​ကို ယုံကြည်​ပြီး ဆုံးဖြတ်​ရဲ​အောင်​သင်​​ပေးတယ်​။ (you can do it)
    ဒီနိုင်​ငံ အရာရာ ကို အ​လေးအနက်​ထား စဉ်​းစား​တွေး​ခေါ်​စေတယ်​။
    ဒီနိုင်​ငံ ကိုပြောချင်​ရာ​တွေ လွတ်​လပ်​စွာ​ပြောနိုင်​ပြီး ကို​ကိုယ်​တိုင်​တာဝန်​ယူရမယ်​ဆိုတာ သင်​​ပေးတယ်​။
    ဒီနိုင်​ငံ ဥပ​ဒေ နဲ့ လုပ်​ထုံးလုပ်​နည်​း​တွေကို လှည့်​့စားလို့မရဘူးဆိုတာသင်​​ပေးတယ်​။
    ဒီနိုင်​ငံ ကျန်​းမာ​ရေးဂရုစိုက်​ဖြစ်​​အောင်​သင်​​ပေးတယ်​။ (​ဆေးခန်​းသွားရင်​​ဈေးကြီးလို့)
    ဒီနိုင်​ငံ အချိန်​ရဲ့ တန်​ဖိုးကို နားလည်​​အောင်​သင်​​ပေးတယ်​(OT ဆင်​းရင်​ပိုက်​ပိုက်​ရလို့)
    ဒီနိုင်​ငံ လုပ်​ငန်​းခွင်​ထဲ တစ်​ကိုယ်​ရည်​ ခံစားချက်​​တွေ သယ်​မလာမိ​စေဖို့ သင်​​ပေးတယ်​။
    ဒီနိုင်​ငံ သဘာဝ အရင်​းအမြစ်​​တွေကို တန်​းဖိုးထားတတ်​​အောင်​သင်​​ပေးတယ်​။ (​ရေ​တောင်​ ဝယ်​​သောက်​​နေရလို့)
    ဒီနိုင်​ငံ….ကိုယ်​့မှာ ဒီထက်​​ကောင်​းတဲ့ ​မွေးရပ်​​မြေရှိတယ်​ဆိုတာသင်​​ပေးတယ်​။ (​မွေးရပ်​​မြေ=မြန်​မာနိုင်​ငံ)
    အဲလိုနဲ့ပဲ မွမ်​းကြပ်​မှု​တွေကို ကုစားပါတယ်​။ ☺
    ​​ကေဇီ ကို အရွဲ့တိုက်​တာဟုတ်​ဘူး​နော်​။

    • ROssI

      April 23, 2014 at 6:08 pm

      ဗရာကြော် ..ဖဲဝိဇ္ဇာကွ …

    • snow smile

      April 23, 2014 at 7:12 pm

      ရေး တတ် လိုက် ကြ တာ လေ
      နှစ် ယောက် စ လုံး

      • ROssI

        April 23, 2014 at 7:51 pm

        အဲ့ အစ်မ၂ယောက်ကဗျာ ..တကယ်တော်ဂျဒါပါ …
        တကယ် ..တကယ်…
        ၂ယောက် စလုံး ..ယဉ် ယဉ်လေး နဲ့ …
        ..
        .
        .

        အာဟိ

  • Iris

    April 23, 2014 at 6:37 pm

    ဘာ…Iris က ဗရာ​ကြော်​​ရောင်​းဘူး။ ဟိုဘက်​ က ကူးမာရ်​ဆီမှာသွားဝယ်​။

  • ROssI

    April 23, 2014 at 7:55 pm

    ဖိနပ်စုပ်လို လူတွေ နေတဲ့နိုင်ငံ…..
    အခွင့်အရေးအကြောင်းပဲတွေးတဲ့ နိုင်ငံ…..
    ဂွင်တွေချည်း ပေါတဲ့ နိုင်ငံ…..
    မေတ္တာစစ် ရှားပါးသော နိုင်ငံ…..
    စိတ်ဓါတ် အရည်အသွေး ညံ့ဖျင်းသော နိုင်ငံ…..
    အိပ်ချိန်နဲ့ စားချိန်က လွဲလို့ အချောင်ရဖို့ပဲ စဉ်းစားနေရတဲ့ နိုင်ငံ…..
    ကိုယ် အကြိုက်ဆုံး မင်းသမီးတွေ စပွန်စာထားတဲ့ နိုင်ငံ…..
    ကိုယ့်ကို ရိုက်ချင်တဲ့သူ များသော နိုင်ငံ…..

    သကြားမှာ ၂ ဆန်မှာ ၁ ကနေပီး .. ချစားတာ၂ ကင်ဆာ ၁ လောက် ဖြစ်နေတဲ့နိုင်ငံ…..
    ဒီနိုင်ငံမျိုးကို လွန်ခဲ့တဲ့ ရ လလောက် က ဘာလို့ နန့်နန့်တက် ပြန်လာချင်ခဲ့လည်း စဉ်းစားလို့ကို မရဘူး။
    .
    .
    .
    .
    .
    .
    (မားကို မား ပြောပါတယ်။)

    ဆဲဂျဇေသဒီးးးး

    • Wow

      April 24, 2014 at 1:31 pm

      ဟိုဘက်က အိုးရက်နဲ့ ဒမာပေါင်းဆဲလိုက်မယ်… မတာမ…စ် :mrgreen:

      • ကေဇီ

        April 24, 2014 at 2:24 pm

        ဟယ်။
        မရိုစီကို မဆဲ ပါနဲ့ဟယ်။

        :mrgreen:

  • lu lu

    April 23, 2014 at 9:43 pm

    ဒီနိုင် ငံကသူများထက် ချမ်းသာပါတယ်
    ဒုက္ခ ၊ ဒေါသ ၊ မောဟ ၊ အမှိုက် ၊

  • Ma Ma

    April 24, 2014 at 7:56 am

    တစ်ခုကို လိုချင်ရင် တစ်ခုကို စွန့်ရမယ်လို့ ဆိုကြတယ် မဟုတ်လား။
    သူ့နေရာနဲ့သူ အားသာချက်တော့ ရှိကြပါတယ်လေ။

  • ကေဇီ

    April 24, 2014 at 8:39 am

    ဂစ်။

    :b:

    အဟုတ်မမှတ်ကြနဲ့။
    ဒီလိုပဲ တစ်နှစ်တခါ ဒီ ရောဂါက ထလာတာ။
    :p:

    အမှန်တော့ မခွဲနိုင်ဘူးရယ်။
    မင်းသားကြီးနဲ့ ဘဘလီကို ပြောတာပါ။
    ခုခွိ ခုခွိ။

    :s:

  • sorrow

    April 24, 2014 at 1:09 pm

    ကျော်လေ ..ဒီနိုင်ငံမှာမပျော်ဘူးရယ်… သို့သော်..တခြားနိုင်ငံမှာလဲ မနေနိုင်ဘူး ..အဲ့ရာ ..ဝဋ် လို့ခေါ်ရားဟင်…အဟင့်

  • kai

    April 24, 2014 at 2:25 pm

    ယူအက်စ်မှာ တခြားနိုင်ငံမှာမွေးပြီး. .လာနေနေတဲ့သူတွေတော်တော်များတယ်..။
    အားလုံးလိုလိုက.. သူတို့မိခင်နိုင်ငံ.. ကောင်းတယ်ချည်းပြောတာပဲ..
    ဘယ်နှာ.. ဟိုး…အာဖရိက..အီသီယိုးပီးယား.. ကွန်ဂို..ကင်ညာကလူတွေတောင်ဒီစကားပြောတာပဲ..
    အံ့စရာမဟုတ်…။

    တကယ့်ပေကြိုးကတော့.. ကုလသမဂ္ဂကသတ်မှတ်တာနဲ့တိုင်းပေါ့..
    ကမ္ဘာမှာ ထိပ်တန်းနေလို့ကောင်းတဲ့နိုင်ငံတွေစာရင်း.. ရည်ညွှန်းကိန်းတွေနဲ့.. သူတို့စနစ်တကျပြုစုထားတာပဲ.. (မယုံချင်လည်းနေပေါ့..)
    အမှတ်မမှားရင်.. သီဟပူရက.. ယူအက်စ်ရဲ့ရှေ့မှာရှိတယ်..။

    ကျုပ်တောင်.. ငွေယားလေးများစုမိရင်.. သီဟပူရမှာနေမလား.. တခါတလေတွေးတာ.. :mrgreen:

    • ကေဇီ

      April 24, 2014 at 2:46 pm

      ယုံပါတယ်ဗျ။
      အာ့ကြောင့် ဘယ်လောက် ညည်းညည်း တကယ် ပြန်မလားမေးရင် တွန့်နေတာ။
      ကြွေးဟောင်းဆပ်ရမဲ့ မိသားစုက မန်းလေးမှာ မို့ …………..
      ကျနော့ကို ချစ်တဲ့ သူငယ်ချင်းတွေက မန်းလေးမှာမို့ ………………
      ကျနော်က ချစ်တဲ့ သူတွေ အများစုက မြန်မာပြည်မှာမို့ ……………ကျနော် တစ်ခါတစ်လေ နောက်ဆံတင်းတာပါ။

      ကျနော့ အမေ အဖေ တစ်သက် ကျနော် ဒီ နိုင်ငံသား (PR to Citizen) မခံယူပါဘူးးး
      (မပြောကောင်း မဆိုကောင်း) ၂၀၁၅ အမေ စု မနိုင်ခဲ့ရင် တော့ ကျနော် အမေအဖေကို ဒီမှာပဲ ခေါ်ထားဖို့ အစီအစဉ်ရှိပါတယ်။
      ကျနော် ပြန်မလာတော့ပါဘူးး..
      😀

  • ဝင့်ပြုံးမြင့်

    April 25, 2014 at 6:14 am

    သင်္ကြန်ပြီးကတည်း ဒီမှာ ကုန်ဈေးနှုန်းခုန်တက်သွားတယ်။ ဥပမာ ပြီးခဲ့တဲ့ ၂နှစ်က ဆိတ်သား တစ်ဆယ်သား ၈၀ဝကျပ်ပါ။ အခု ၁၅၀ဝ ကျပ်။ ဒါကြောင့် သတိ္တရှိရင် လက်ထပ်လိုက် … အဲလေ … မှားသွားလို့ သတိ္တရှိရင် ပြန်လာခဲ့ပါ အစားမမ။

  • ကေဇီ

    April 25, 2014 at 7:08 am

    ဂစ်
    :b:
    ဝင့် စကား ကြောင့် အရှုက် တည့် တည့် ထိ

    • Mr. MarGa

      April 25, 2014 at 9:03 am

      အရှိုက် ဟုတ်ဖူးလား ဟင် :mrgreenn:

      • ကေဇီ

        April 25, 2014 at 9:13 am

        လုံးကြီးတင်ဖို့ မေ့သွားလို့။
        😀

  • ကူမားရ်

    April 25, 2014 at 9:06 am

    ဇီဇီ ရယ်..စောစော ကရေးပါတော့လား…ခုတော့ နောက်ကျတွားဘီ..
    ကူမားရ်ကိုက မိုက်တာပါ..ခုတော့ ဘာလုပိစားရမှန်းသိတော့ဘူး..
    လူကြားကောင်းအောင်..ဖေတို့မေတို့ကို စောင့်ရှောက်ဖို့လို့ ခေါင်းစဉ်တတ်လိုက်မယ်..
    ခံသာတာပေါ့..

    • ကေဇီ

      April 25, 2014 at 9:17 am

      ဟင့်။
      ပြန်လာရင်…………..
      အစိုးရ အလုပ် လုပ်ရအောင်က အသက်လွန်…. :mrgreenn:
      ကိုယ်ပိုင်စီးပွါးရေးလုပ်ငန်းလည်း မရှိ….. :mrgreenn:
      ဘာမှ မတတ်… :mrgreenn:
      ယုတ်စွ အဆုံး သက်သက်သာသာ စပွန်စာရှာလို့ ရတဲ့ အရွယ်လည်းမဟုတ်တော့ … :mrgreenn:
      အဲ့ ကို ပြန်လာရင် သများက အလုပ်လက်မဲ့ဖြစ်မှာ သေချာတာမို့ သများ ပြန်မလာတော့ဘူးးး
      :hint:

      ဖေနဲ့မေနား ချစ်သားကူးမား ဖားနေပေတော့။
      အလည်ပြန်လာမှ ဘီယာတိုက်မယ်။
      :s:

  • ခင် ခ

    April 25, 2014 at 10:50 pm

    အဲ ပြန်မလာတော့ဘူး တကယ်လားဟင်
    ကျုပ်လက်ထဲက နာရီလေး ဘယ်သူ့ပေးရပါ့

  • လူချော(ဆာဂျရီပဲဖြစ်ဖြစ်) နေတဲ့နိုင်ငံ…..

    ချစ်ခြင်း မေတ္တာတွေပိုလွန်းတဲ့ နိုင်ငံ…..

    ရယ်မောပျော်ရွှင်စရာကောင်းသော နိုင်ငံ…..

    အနုပညာ အရည်အသွေး ကမာ္ဘကိုထိုးဖောက်နိုင်တဲ့ နိုင်ငံ…..

    ကိုယ် အကြိုက်ဆုံး ဆောင်းရာသီတွေချည့်ရှိသော နိုင်ငံ…..

    ကိုယ် ချစ်တဲ့သူများပြားသော နိုင်ငံ…..

    ကိုသွားပါလားမမ
    😀

Leave a Reply