ရုပ်သံဖန်တီးထုတ်လုပ်မှုသင်တန်းအပတ်စဉ်(၂)

manawphyulayAugust 10, 20101min660

မီဒီယာနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) မှ ဒစ်ဂျစ်တယ် ဗီဒီယိုနည်းပညာများ ပြည်သူလူထုအတွင်း ပြန့်ပွားစေရန် ရည်ရွယ်ချက်ဖြင့်“ရုပ်သံဖန်တီးထုတ်လုပ်မှုသင်တန်းအပတ်စဉ်(၂)” အား ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ Myanmar Info-Tech ရှိ အဆောင်(၁) သင်တန်းခန်းတွင် ဩဂုတ်လ(၂၈) ရက်နေ့မှ စက်တင်ဘာလ (၂၆) ရက်နေ့အထိ စနေ/တနင်္ဂနွေတန်းခွဲအဖြစ် နံနက်(၁ဝးဝဝ)နာရီ မှ ညနေ(၄းဝဝ) နာရီအထိ ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်သည်။ သင်တန်းကြေးမှာ ၁၂၀ဝဝဝိ/-(တစ်သိန်းနှစ်သောင်းကျပ်တိတိ) ကျပ်ဖြစ်ပြီး မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်းဝင် များအား ၁ဝ% Discount ပေးမည် ဖြစ်သည်။

အဆိုပါသင်တန်းတွင်  ကွန်ပျူတာအခြေခံအဆင့် လေ့လာထားပြီး၊ ရုပ်သံအစီအစဉ်များနှင့် ရုပ်မြင်သံကြားကြော်ငြာများ၊ မှတ်တမ်းရုပ်ရှင်ကားများ ရိုက်ကူးတည်းဖြတ်ထုတ်လုပ်မှုများ အကြောင်းကို စိတ်ဝင်စားစွာလေ့လာလိုသူများ၊ ကုမ္ပဏီများ၊ ဌာန ဆိုင်ရာများတွင် Video Presentation များဖြင့် နေ့စဉ် ထိတွေ့လုပ်ကိုင်နေသူများ၊ အခြေခံပညာအထက်တန်း အောင်မြင်ထားသော လူငယ်များအား ရုပ်သံနည်းပညာ တွင်ပါဝင်သော ဗီဒီယိုပုံရိပ်များဖွဲ့စည်းမှုသီအိုရီ၊ ဗီဒီယိုရိုက်ကူးတည်းဖြတ်ခြင်းနှင့် DVD ထုတ်လုပ်ပုံများ၊ အသံပိုင်းဆိုင်ရာများစာတွေ့လက်တွေ့ပါဝင်ပြီး Adobe Certified Expert စာမေးပွဲနှင့် နိုင်ငံခြားရုပ်သံ တက္ကသိုလ်ဝင်ခွင့်များ ဖြေဆိုရာတွင် အထောက်အကူရရှိပါမည်။ အထက်ပါသင်တန်းအား ဦးဝဏ္ဏကျော် (Art Director – People Media, Inforithm-Maze )  ASEAN Award Winning New Media Artist, Contributor (Internet Journal) မှ သင်ထောက်ကူ ပစ္စည်းအပြည့်အစုံဖြင့် လာရောက်သင်ကြားမည်ဖြစ်ပြီး ဧည့်ပညာရှင်များအဖြစ် စာရေးဆရာ ချစ်ဦးညိုမှ ဇာတ်ညွှန်းရေးသားခြင်း အကြောင်း၊ ဒါရိုက်တာ ဇော်ဆက်မှ ဇာတ်ကားတည်းဖြတ်မှု အကြောင်း၊ တေးရေးနောင်နောင်(S.F) မှ ဇာတ်ဝင်တေးရေးသားခြင်း အပါအဝင် ဂီတရုပ်ရှင် အခြေခံသဘောတရားများကို တစ်ချိန်စီလာရောက်ပို့ချပေးကြမည်ဖြစ်သည်။ Software Application Installer များ၊ Plug-ins များ၊ Resource Material များ၊ ခေတ်ပေါ်ဗီဒီယို နည်းပညာနှင့် ရုပ်ရှင်ဂီတသဘောတရား ဆိုင်ရာ မှတ်စု များ ကိုလည်း တစ်ပါတည်း ဖြန့်ဝေပေးသွားမည်ဖြစ်သည်။ အသေးစိတ် သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ ဖုန်းနံပါတ်-၆၅၂၂၇၆ သို့ ဩဂုတ်လ(၂၅)ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်သည်။

source : မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း