သက္ကရာဇ်​တစ်​ခုထဲမှာဘဲ

naywoon niApril 23, 20141min1279

လူတစ်​ချို့က
ငါလွန်​ခဲ့တဲ့ ဆယ်​နှစ်​အ​ကျော်​က
ဖြတ်​သန်​းခဲ့ဖူးတဲ့ လမ်​းမှာ
မျက်​​စေ့လည်​ လမ်​းမှား​နေကြတုန်​း
ဒီ​တော့ ငါဟာ သူတို့​တွေထက်​
ဆယ်​နှစ်​အ​ကျော်​​လောက်​ ​ရှေ့ကို ​စော​ရောက်​​နေ​ပေါ့ …… ။
သူတို့​တွေကလည်​း အားကျမခံပြန်​​ပြော​ပေါ့
မင်​းအခု မျက်​​စေ့လည်​း လမ်​း​ပျောက်​​နေတဲ့လမ်​းကလည်​း
ငါတို့ ဆယ်​နှစ်​အ​ကျော်​က ဖြတ်​သန်​းခဲ့ဖူးပြီ တဲ့​လေ
အဲ့ဒိ​တော့ ငါက
သူတို့ရဲ့ ဆယ်​နှစ်​အ​ကျော်​ ​နောက်​ကျ​နေပြန်​​ရော …… ။
သက္ကရာဇ်​ တစ်​ခု ထဲမှာပဲ
ငါဟာ ​ရှေ့ကို​ရောက်​လိုက်​ ​နောက်​ကျလိုက်​နဲ့
ပစ္စက္ခ တစ်​ခု ချိန်​သားကိုက်​ဖို့
ချိန်​ညှိ​နေရ​ပေါ့ ….. ။

​နေဝန်​းနီ

9 comments

  • lu lu

    April 24, 2014 at 6:00 am

    လွန်ခဲ့တဲ့ဆယ်နှစ် လောက်က လုလုလည်း
    လမ်းမှားခဲ့တယ် အခုလာမယ့်ဆယ်နှစ်တော့ မမှား
    အောင် မြေပုံကြည့်တတ်သွားပြီ ။

  • alinsett (gazette)

    April 24, 2014 at 6:34 am

    တချို့က လမ်းပျောက်လို့ ရှာနေချိန်မှာ . . .
    ကျနော်က ခြေထောက်ပျောက်လို့ ရှာနေခဲ့ရ

    🙁

    • lu lu

      April 24, 2014 at 7:35 am

      ကိုဆက် ခြေ ထောက် ဘယ်ရောက်သွားတာလဲ
      ဒုတ်ခ ပါပဲ တွယ်

      • alinsett (gazette)

        April 24, 2014 at 7:41 am

        ကျနော့် ခြေထောက် လမ်းလျှောက်ထွက်သွားတယ်
        ကျနော့်ကို ထားရစ်ခဲ့လို့ပေါ့

        • lu lu

          April 24, 2014 at 7:47 am

          ဒါလည်း ဒုတ်ခ ကိုဆက် နဲ ့အတူ လမ်းလျှောက် ဖို ့စားစဉ်းထား တာ
          လု ခြေ ထောက်ငှား ပေးရမှာပေါ့ နော်

  • ကေဇီ

    April 24, 2014 at 9:14 am

    အနော် တော့ လမ်းလည်း မပျောက်ဘူးးး
    ခြေထောက်လည်း မပျောက်ဘူးးး
    ဖိနပ်လည်းပါတယ်။
    ဒါပေမဲ့ ရှေ့မရောက်ဘူးးး
    လမ်းလျှောက်ပျင်းပြီး တက်စီခ မပါလို့ ။
    ဟေးဟေးဟေးးးး

    ကားကြုံလေးများ ခေါ်ကြပါ။
    :mrgreen:

  • naywoon ni

    April 24, 2014 at 10:08 am

    ဝင်္ကဘာနဲ့ ပွဲ​ဈေးတန်​း ဥပမာ ထားတင်​စားကြည်​့တာပါ

  • မဟာရာဇာ အံစာတုံး

    April 24, 2014 at 10:51 pm

    စော ပဲ စောစာ
    နောက် ပဲ ကျကျ
    ဒီသက္ကရာဇ် ကွာဟမှုထဲမှာ
    ခင်ဗျား ခလေး ဘယ်နှစ်ယောက် ရဘီလဲ ….
    အဲ့ဒါဘဲ သိဂျင်ဒယ် …

  • ခင် ခ

    April 25, 2014 at 10:06 pm

    အရှေ့ကို လျှောက်ပါလို့ အနောက်ကိုတဲ့ မျှော်လိုက်ရင်း

Leave a Reply