အဘဖေါ ရဲ့ နယူးဇီလန်သွား Cruise တောလား – ၁၂ ( Akaroa & Christchurch ) ။

Foreign ResidentApril 24, 201422min28822

အဘဖေါ ရဲ့ နယူးဇီလန်သွား

Cruise တောလား – ၁၂ ( Akaroa & Christchurch ) ။

 

၁၅ – ၁၂ – ၂၀၁၃ ။

 

ဒီနေ့ မနက်မှာတော့ Akaroa ဆိုတဲ့ Bay ပင်လယ်ကွေ့လေးမှာ သင်္ဘောကို ကျောက်ချပါတယ် ။

သင်္ဘောပေါ်ကနေ Tender Boat လေးနှင့် Akaroa ဆိုတဲ့ မြို့ကလေးကိုကူး ၊

အဲဒီ Akaroa မြို့ကမှ မိုင် ၃ဝ လောက်ဝေးတဲ့ Christchurch မြို့ကို သွားမှာပါ ။

 

Christchurch မြို့ဟာ ၊ နယူးဇီလန် တောင်ဘက်ခြမ်း / ကျွန်း ရဲ့ အကြီးဆုံး မြို့ ဖြစ်ပြီး ၊

နယူးဇီလန် နိုင်ငံ ရဲ့ တတိယ အကြီးဆုံး မြို့ ဖြစ်ပါတယ် ။

 

Christchurch မြို့ ဟာ ၂၀၁၁ တုန်းကလှုပ်ခဲ့တဲ့ ၊

2011 Christchurch ငလျှင်ကြောင့် နာမည်ကြီးပါတယ် ။

( http://en.wikipedia.org/wiki/2011_Christchurch_earthquake )

 

4,423 earthquakes were recorded in the Canterbury region,

above a magnitude 3.0, from 4 September 2010 to 3 September 2012.

 

၂၀၁ဝ စက်တင်ဘာ ကနေ ၂၀၁၂ စက်တင်ဘာ ကြား ( ၂ ) နှစ် အတွင်းမှာ ၊

နယူးဇီလန် နိုင်ငံ မှာ ရစ်ချ်တာ စကေး ၃ အထက် ငလျှင် ၄၄၂၃ ခါ လှုပ်ခဲ့တယ်တဲ့ ။

 

on Tuesday 22 February 2011,

earthquake measuring magnitude 6.3 struck the city at 12:51 pm.

၂၀၁၁ ဖေဖေါ်ဝါရီ ၂၂ ရက် ၁၂ နာရီ ၅၁ မိနစ် မှာ

ရစ်ချ်တာ စကေး ၆.၃ ရှိတဲ့ ငလျှင်ကြီး လှုပ်ခဲ့တယ် ။

 

တကယ့်တကယ်က ရစ်ချ်တာ စကေး ၆.၃ ဆိုတာ သိပ်မကြီးပါဘူး ။

ဒါပေမယ့် ငလျှင်ကို တိုင်းတာပုံမှာ နှစ်မျိုး ရှိပါတယ် ။

 

၁ ။

Richter magnitude scale & Moment magnitude scale 

= to quantify the energy that is released during an earthquake.

Richter magnitude scale & Moment magnitude scale က ၊

ငလျှင် ရဲ့ စွမ်းအား / စွမ်းအင် သုံးစွဲမှု ကို တွက်ချက် ဖေါ်ပြပုံ တစ်မျိုး ။

 

၂ ။

Peak ground acceleration scale & Mercalli intensity scale

= how hard the earth shakes in a given geographic area ( the intensity )

Peak ground acceleration scale & Mercalli intensity scale က ၊

ငလျှင် ရဲ့ လှုပ်ရမ်းမှု ကို တွက်ချက် ဖေါ်ပြပုံ တစ်မျိုး ။

 

the intensity and violence of the ground shaking was measured to be MM IX,

among the strongest ever recorded globally in an urban area

The PGA is also one of the greatest ever ground accelerations recorded in the world

 

အဲဒီမှာ ၊ ဒီ 2011 Christchurch ငလျှင်က ၊

စွမ်းအင် သုံးစွဲမှု / ထုတ်လုပ်မှုမှာ ၊ ရစ်ချ်တာ စကေး ၆.၃ သာ ရှိပေမယ့် ၊

Mercalli intensity scale လှုပ်ရမ်းမှုမှာ အဆင့် ၉ အထိ ရှိခဲ့ပါတယ် ။

အဲဒါဟာ မြို့ပြဒေသတွေမှာ ငလျှင်တွေ လှုပ်ဖူးသမျှအထဲမှာ အပြင်းဆုံးပါဘဲတဲ့ ။

 

အဲဒါကြောင့် Christchurch မြို့ ဟာ ၊

2011 Christchurch ငလျှင် ဒါဏ်ကို အပြင်းအထန် ခံခဲ့ရပါတယ် ။

လူ ၁၈၅ ဦး သေဆုံး ပြီး ၊ ၂၀၀ဝ ကျော် ဒါဏ်ရာရရှိခဲ့ကာ ၊

အဆောက်အဦးပေါင်း မြောက်များစွာ ပြိုလဲ ပျက်စီးခဲ့ရပါတယ် ။

 

ဒီနေ့ အတွက် Optional Shore Excursion ကိုတော့ ၊

Christchurch & Country side ဆိုတဲ့ Excursion ကိုဘဲ ရွေးထားပါတယ် ။

တစ်ယောက်ကို ဒေါ်လှ ၁၀ဝ ဆိုတော့ ၊ နှစ်ယောက် ဆိုတော့ ဒေါ်လှ ၂၀ဝ ပေါ့ ။

 

အဓိက ကတော့ ငလျှင်ဒါဏ်ခံခဲ့ရတဲ့ Christchurch မြို့ ရဲ့ လက်ရှိ အခြေအနေ ကို ကြည့်ချင်လို့ပါ ။

နောက်တစ်ခုက Manderlay Farm ရဲ့ Sheep Dog Demonstration ကိုလည်း ကြည့်ချင်လို့ပါ ။

( အဘ တို့ လင်မယား က ခွေးလေးတွေကို ချစ်တတ်တယ်လေ )

 

12 ငလျှင်ဒါဏ်ခံခဲ့ရတဲ့ Christchurch မြို့ နှင့်

Manderlay Farm ရဲ့ Sheep Dog Demonstration ကို ကြည့်ချင်လို့ပါ ။12 ငလျှင်ဒါဏ်ခံခဲ့ရတဲ့ Christchurch မြို့ နှင့်  Manderlay Farm ရဲ့ Sheep Dog Demonstration ကို ကြည့်ချင်လို့ပါ ။

 

အမှန်ပြောရရင် ဒီ နာမည်ကျော် Christchurch Cathedral ဟာ ၊

အဘ တို့ တစ်နေ့နေ့မှာ သွားကို သွားကြည့်ရမယ့် စာရင်းထဲမှာ ပါပါတယ် ။

အခုတော့ အချိန်နှောင်းသွားပြီမို့ ၊ တစ်ပိုင်းတစ်စ ပျက်စီးနေတဲ့ ၊

Christchurch Cathedral ကိုဘဲ ၊ အာသာပြေ ကြည့်ရတော့မပေါ့လေ ။

 

မနက် ၈ နာရီမှာ အဘတို့အဖွဲ့ သင်္ဘောကနေ Tender ဘုတ်လေးနှင့် စထွက်ပါတယ် ။

တောင်ထိပ်ဒေသတွေမှာ မြူလေးတွေ ဆိုင်းနေပြီး ရာသီဥတုက အေးပါတယ် ။

ထုံးစံအတိုင်း နယူးဇီလန် ရဲ့ ရေပြင် မြေပြင် ရှုခင်းတွေကတော့ လှမှလှ ပါဘဲ ။

 

12 တောင်ထိပ်ဒေသတွေမှာ မြူလေးတွေ ဆိုင်းနေပြီး ရာသီဥတုက အေးပါတယ် ။

12 တောင်ထိပ်ဒေသတွေမှာ မြူလေးတွေ ဆိုင်းနေပြီး ရာသီဥတုက အေးပါတယ် ။
12 တောင်ထိပ်ဒေသတွေမှာ မြူလေးတွေ ဆိုင်းနေပြီး ရာသီဥတုက အေးပါတယ် ။

 

12 ထုံးစံအတိုင်း နယူးဇီလန် ရဲ့ ရေပြင် မြေပြင် ရှုခင်းတွေကတော့ လှမှလှ ပါဘဲ ။

12 ထုံးစံအတိုင်း နယူးဇီလန် ရဲ့ ရေပြင် မြေပြင် ရှုခင်းတွေကတော့ လှမှလှ ပါဘဲ ။
12 ထုံးစံအတိုင်း နယူးဇီလန် ရဲ့ ရေပြင် မြေပြင် ရှုခင်းတွေကတော့ လှမှလှ ပါဘဲ ။

 

ဘုတ်ဆိပ် ရောက်တော့ အဖွဲ့သားတွေကို လူတစ်ခါ ထပ်စစ်ပြီး ၊

အသင့်စောင့်နေတဲ့ ဘတ်စ်ကားကြီးတွေနှင့် ဆက်ထွက်လာခဲ့ပါတယ် ။

Christchurch မြို့စပ်ကို စဝင်တာနှင့် အပျက်အစီးတွေကို နေရာအနှံ့ တွေ့နေရပါတယ် ။

 

12 Christchurch မြို့စပ်ကို စဝင်တာနှင့် အပျက်အစီးတွေကို နေရာအနှံ့ တွေ့နေရပါတယ် 1 ။

12 Christchurch မြို့စပ်ကို စဝင်တာနှင့် အပျက်အစီးတွေကို နေရာအနှံ့ တွေ့နေရပါတယ် 1 ။
12 Christchurch မြို့စပ်ကို စဝင်တာနှင့် အပျက်အစီးတွေကို နေရာအနှံ့ တွေ့နေရပါတယ် 1 ။

 

12 Christchurch မြို့စပ်ကို စဝင်တာနှင့် အပျက်အစီးတွေကို နေရာအနှံ့ တွေ့နေရပါတယ် 2 ။

12 Christchurch မြို့စပ်ကို စဝင်တာနှင့် အပျက်အစီးတွေကို နေရာအနှံ့ တွေ့နေရပါတယ် 2 ။
12 Christchurch မြို့စပ်ကို စဝင်တာနှင့် အပျက်အစီးတွေကို နေရာအနှံ့ တွေ့နေရပါတယ် 2 ။

 

Christchurch မြို့လည်ကို နံနက် ၁ဝ နာရီခွဲလောက်မှာ ရောက်ပါတယ် ။

ပထမဆုံး Christchurch Botanical Garden ကို အမြန် ကြည့်လိုက်ပါတယ် ။

အဘ အတွက်ကတော့ ရုက္ခဗေဒ ဥယျာဉ်တွေကို သိပ်စိတ် မလှုပ်ရှားတော့ပါဘူး ။

နို့ ၊ ရောက်သမျှ  မြို့တွေမှာ ဒီ  ရုက္ခဗေဒ ဥယျာဉ်တွေဘဲ ကြည့်ခဲ့ရတာလေ ။

ပန်းလေးတွေ အပင်လေးတွေ အပင်ကြီးတွေ လှတယ် စုံတယ်ပေါ့ ။ ဒါပါဘဲ ။

 

12 Christchurch Botanical Garden ရုက္ခဗေဒ ဥယျာဉ် ။

12 Christchurch Botanical Garden ရုက္ခဗေဒ ဥယျာဉ် ။
12 Christchurch Botanical Garden ရုက္ခဗေဒ ဥယျာဉ် ။

 

12 ဘဲလေးတွေက အန္တရာယ် မပေးမှန်း သိနေတော့ ၊ လူမကြောက်ကြပါဘူး ။

12 ဘဲလေးတွေက အန္တရာယ် မပေးမှန်း သိနေတော့ ၊ လူမကြောက်ကြပါဘူး ။
12 ဘဲလေးတွေက အန္တရာယ် မပေးမှန်း သိနေတော့ ၊ လူမကြောက်ကြပါဘူး ။

 

အဲဒါပြီးတော့ မလှမ်းမကမ်းက ၄ ဘလောက်လောက်ဘဲ ဝေးတဲ့ ၊

Christchurch Cathedral & Square ကို ၊ လမ်းလျှောက်သွားကြပါတယ် ။

 

မြို့လယ် လမ်းဘေး ဝဲယာမှာလဲ နေရာအနှံ့ အပျက်အစီးတွေနှင့် ပါဘဲ ။

Christchurch Art Centre ကြီးလည်းဘဲ အကြီးအကျယ် ပျက်စီးနေပြီး ၊

Christchurch Art Centre ကို ပြန်ပြင်ဖို့ အလှူငွေ ထည့်ကြဖို့ တိုက်တွန်း နေတာကို တွေ့ရပါတယ် ။

 

12 မြို့လယ် လမ်းဘေး ဝဲယာမှာလဲ နေရာအနှံ့ အပျက်အစီးတွေနှင့် ပါဘဲ 1 ။

12 မြို့လယ် လမ်းဘေး ဝဲယာမှာလဲ နေရာအနှံ့ အပျက်အစီးတွေနှင့် ပါဘဲ 1 ။
12 မြို့လယ် လမ်းဘေး ဝဲယာမှာလဲ နေရာအနှံ့ အပျက်အစီးတွေနှင့် ပါဘဲ 1 ။

 

12 မြို့လယ် လမ်းဘေး ဝဲယာမှာလဲ နေရာအနှံ့ အပျက်အစီးတွေနှင့် ပါဘဲ 2 ။

12 မြို့လယ် လမ်းဘေး ဝဲယာမှာလဲ နေရာအနှံ့ အပျက်အစီးတွေနှင့် ပါဘဲ 2 ။
12 မြို့လယ် လမ်းဘေး ဝဲယာမှာလဲ နေရာအနှံ့ အပျက်အစီးတွေနှင့် ပါဘဲ 2 ။

 

12 Christchurch Art Centre ကြီးလည်းဘဲ အကြီးအကျယ် ပျက်စီးနေပြီး ၊

12 Christchurch Art Centre ကြီးလည်းဘဲ အကြီးအကျယ် ပျက်စီးနေပြီး ၊
12 Christchurch Art Centre ကြီးလည်းဘဲ အကြီးအကျယ် ပျက်စီးနေပြီး ၊

 

12 Christchurch Art Centre ကို ပြန်ပြင်ဖို့ အလှူငွေ ထည့်ကြဖို့ တိုက်တွန်း နေတာကို တွေ့ရပါတယ် ။

12 Christchurch Art Centre ကို ပြန်ပြင်ဖို့ အလှူငွေ ထည့်ကြဖို့ တိုက်တွန်း နေတာကို တွေ့ရပါတယ် ။
12 Christchurch Art Centre ကို ပြန်ပြင်ဖို့ အလှူငွေ ထည့်ကြဖို့ တိုက်တွန်း နေတာကို တွေ့ရပါတယ် ။

 

၁ဝ မိနစ် မရှိတရှိ လမ်းလျှောက်လိုက်တဲ့ အခါမှာတော့ ၊

နာမည်ကျော် Christchurch Cathedral & Square ကိုရောက်ပါတယ် ။

ငလျှင် မလှုပ်ခင်က Christchurch Cathedral ရဲ့ ပုံ နှင့် ၊

ငလျှင် ဒါဏ်ခံခဲ့ရအပြီးမှာ Christchurch Cathedral ရဲ့ ပုံ ကို ယှဉ်ပြတာပါ ။

 

12 ငလျှင် မလှုပ်ခင်က Christchurch Cathedral ရဲ့ ပုံ ၊

12 ငလျှင် မလှုပ်ခင်က Christchurch Cathedral ရဲ့ ပုံ ၊
12 ငလျှင် မလှုပ်ခင်က Christchurch Cathedral ရဲ့ ပုံ ၊

 

12 ငလျှင် ဒါဏ်ခံခဲ့ရအပြီးမှာ Christchurch Cathedral ရဲ့ ပုံ ။

12 ငလျှင် ဒါဏ်ခံခဲ့ရအပြီးမှာ Christchurch Cathedral ရဲ့ ပုံ ။
12 ငလျှင် ဒါဏ်ခံခဲ့ရအပြီးမှာ Christchurch Cathedral ရဲ့ ပုံ ။

 

အဲဒါပြီးတဲ့အခါ ၊ Canterbury Museum, Christchurch ကို သွားလေ့လာပါတယ် ။

 

12 Canterbury Museum, Christchurch ကို သွားလေ့လာပါတယ် 1 ။

12 Canterbury Museum, Christchurch ကို သွားလေ့လာပါတယ် 1 ။
12 Canterbury Museum, Christchurch ကို သွားလေ့လာပါတယ် 1 ။

 

12 Canterbury Museum, Christchurch ကို သွားလေ့လာပါတယ် 2 ။

12 Canterbury Museum, Christchurch ကို သွားလေ့လာပါတယ် 2 ။
12 Canterbury Museum, Christchurch ကို သွားလေ့လာပါတယ် 2 ။

 

12 Canterbury Museum, Christchurch ကို သွားလေ့လာပါတယ် 3 ။

12 Canterbury Museum, Christchurch ကို သွားလေ့လာပါတယ် 3 ။
12 Canterbury Museum, Christchurch ကို သွားလေ့လာပါတယ် 3 ။

 

12 Canterbury Museum, Christchurch ကို သွားလေ့လာပါတယ် 4 ။

12 Canterbury Museum, Christchurch ကို သွားလေ့လာပါတယ် 4 ။
12 Canterbury Museum, Christchurch ကို သွားလေ့လာပါတယ် 4 ။

 

အဲဒီ Museum ကို လေ့လာပြီးတဲ့ အခါမှာတော့ Christchurch မြို့ကို လှည့်ပြပါတယ် ။

ဒါကတော့ Christchurch မြို့ထဲက နာမည်ကြီး တစ်ခုဖြစ်တဲ့ ၊

Cathedral of the Blessed Sacrament, Christchurch ပါ ။

ငလျှင် မလှုပ်ခင်က Cathedral of the Blessed Sacrament ရဲ့ ပုံ နှင့် ၊

ငလျှင် ဒါဏ်ခံခဲ့ရအပြီးမှာ Cathedral of the Blessed Sacrament ရဲ့ ပုံ ကို ယှဉ်ပြတာပါ ။

 

12 ငလျှင် မလှုပ်ခင်က Cathedral of the Blessed Sacrament ရဲ့ ပုံ ၊

12 ငလျှင် မလှုပ်ခင်က Cathedral of the Blessed Sacrament ရဲ့ ပုံ ၊
12 ငလျှင် မလှုပ်ခင်က Cathedral of the Blessed Sacrament ရဲ့ ပုံ ၊

 

12 ငလျှင် ဒါဏ်ခံခဲ့ရအပြီးမှာ Cathedral of the Blessed Sacrament ရဲ့ ပုံ

12 ငလျှင် ဒါဏ်ခံခဲ့ရအပြီးမှာ Cathedral of the Blessed Sacrament ရဲ့ ပုံ
12 ငလျှင် ဒါဏ်ခံခဲ့ရအပြီးမှာ Cathedral of the Blessed Sacrament ရဲ့ ပုံ

 

အကြမ်းဖျင်းပြောရရင်တော့ ၊ Tour Guide ရှင်းပြတာက ၊ Christchurch မြို့ ဟာ ၊

2011 Christchurch ငလျှင် အပြီးမှာ ၊ နာလန် မထူနိုင် Recovery မဖြစ်သေးပါဘူး ။

မြို့ထဲ အဝင် မြို့စပ်မှာတော့ ၊ လူနေအိမ်တွေကို ဦးစားပေး ဆောက်နေပါတယ် ။

ဒါပေမယ့် မြို့လယ်က အထင်ကရ အဆောက်အဦးတွေကိုတော့ ၊

( ဦးစားပေး မဟုတ်လို့ရော ၊ ဘတ်ဂျက် လိုအပ်ချက် အရပါ )

အခုထက်ထိကို ( လုံးဝ နီးပါး ) ပြန် မဆောက်နိုင်တော့တာ တွေ့ရပါတယ် ။

 

12 မြို့ထဲ အဝင် မြို့စပ်မှာတော့ လူနေအိမ်တွေကို ဦးစားပေး ဆောက်နေတာ တွေ့ရပါတယ် ။

12 မြို့ထဲ အဝင် မြို့စပ်မှာတော့ လူနေအိမ်တွေကို ဦးစားပေး ဆောက်နေတာ တွေ့ရပါတယ် ။
12 မြို့ထဲ အဝင် မြို့စပ်မှာတော့ လူနေအိမ်တွေကို ဦးစားပေး ဆောက်နေတာ တွေ့ရပါတယ် ။

 

နယူးဇီလန် နိုင်ငံ လို ချမ်းသာ တိုးတက်တဲ့ နိုင်ငံတောင်မှ ၊

ကမာ္ဘမြေကြီး က တစ်ချက်လေး ကြည်ဆယ်တဲ့ဒါဏ် ကို ၊

လူးလှိမ့်နေအောင် ခံရတာပါလား ။

 

ဪ ၊ ငါထက် ငါသာ ဆိုပြီး ထောင်လွှား မေါက်မာ ရှိတဲ့သူတွေကို ၊

လောကကြီးက ရယ်တယ် ဆိုတဲ့စကား ကို အမှတ်ရမိပါတော့တယ် ။

တကယ့်ကို ၊ သံဝေဂ ယူစရာ ၊ အနိစ္စ သဘောကို ရှင်းပြနေသလိုဘဲ ။

 

အဲဒီ နောက် Christchurch မြို့ထဲကနေ ပြန်လည် ထွက်ခွာလာပြီး ၊

မြို့ပြင်က သိုးမွေးတဲ့ Manderlay Farm ကို သွားကြပါတယ် ။

အဲဒီမှာ အဘ တို့ကို High Tea နှင့် ဧည့်ခံပါတယ် ။

( အဘ တို့ကတော့ မုန့် နှင့် ကော်ဖီ ကို နေ့လည်စာလွတ် အဝစားလိုက်တာပါဘဲ )

 

အဲဒီနောက် Sheep Dog Demonstration ကို ပြတာပါဘဲ ။

Manderlay Farm သိုးခြံ ပိုင်ရှင်က ၊ ဟိုးအဝေးကြီး တောင်ကုန်းပေါ်က ၊

သိုးမွေး ညှပ်ဖို့ အချိန်ရောက်နေပြီ ဖြစ်တဲ့ သိုးအုပ် တစ်အုပ်ကို ရွေးလိုက်ပြီး ၊

သူ့ရဲ့ သိုးကျောင်း ခွေးတွေထဲက တစ်ကောင်ကို ရွေးပြီး ၊

ခွေး အမိန့်ပေး ဝီစီ လေးနှင့် အမိန့်ပေးပြီး ၊ သွားခေါ်ခိုင်းတာပါ ။

 

သိုးကျောင်း ခွေးလေး က သူ့သခင် အမိန့်ပေးတဲ့ အတိုင်း ၊

သူ့သခင် ရွေးပေးတဲ့ သိုးအုပ်ဆီသွားပြီး ၊

သိုးအုပ် ပါတ်ပါတ်လည်ကနေ ခြောက်လှန့်မေါင်းပြီး ၊

သိုးအုပ် ကို သူ့သခင်ဆီ ခေါ်ဆောင်လာတာပါ ။

အရမ်း လိမ္မာတဲ့ သိုးကျောင်း ခွေးလေးတွေပါ ။

 

12 ခွေး အမိန့်ပေး ဝီစီ သီးသန့် ရှိတယ် ။

12 ခွေး အမိန့်ပေး ဝီစီ သီးသန့် ရှိတယ် ။
12 ခွေး အမိန့်ပေး ဝီစီ သီးသန့် ရှိတယ် ။

 

12 မြှားပြထားတာ ဟိုးအဝေး တောင်ကုန်းပေါ်က အနက်ရောင် သိုးကျောင်း ခွေးလေးပါ ။

12 မြှားပြထားတာ ဟိုးအဝေး တောင်ကုန်းပေါ်က အနက်ရောင် သိုးကျောင်း ခွေးလေးပါ ။
12 မြှားပြထားတာ ဟိုးအဝေး တောင်ကုန်းပေါ်က အနက်ရောင် သိုးကျောင်း ခွေးလေးပါ ။

 

12 သိုးအုပ်ကို ခြောက်လှန့်ပြီး မေါင်းလာတာလေ ။

12 သိုးအုပ်ကို ခြောက်လှန့်ပြီး မေါင်းလာတာလေ ။
12 သိုးအုပ်ကို ခြောက်လှန့်ပြီး မေါင်းလာတာလေ ။

 

12 သိုးအုပ် ခြံထဲတော့ ရောက်လာပြီ ။

12 သိုးအုပ် ခြံထဲတော့ ရောက်လာပြီ ။
12 သိုးအုပ် ခြံထဲတော့ ရောက်လာပြီ ။

 

12 သိုးအုပ် သူ့သခင်ဆီ ရောက်ပြီ ။

12 သိုးအုပ် သူ့သခင်ဆီ ရောက်ပြီ ။
12 သိုးအုပ် သူ့သခင်ဆီ ရောက်ပြီ ။

 

ပြီးတဲ့အခါ ၊ သိုးခြံ ပိုင်ရှင်က သိုး ၂ ကောင်ကို ရွေးပြီး ဆွဲခေါ်လာကာ ၊

အဘ တို့ကို သိုးမွေး ရိတ်ပုံကို သရုပ်ပြပါတယ် ။

 

12 အဘ တို့ကို သိုးမွေး ရိတ်ပုံကို သရုပ်ပြပါတယ် ။

12 အဘ တို့ကို သိုးမွေး ရိတ်ပုံကို သရုပ်ပြပါတယ် ။
12 အဘ တို့ကို သိုးမွေး ရိတ်ပုံကို သရုပ်ပြပါတယ် ။

 

12 သိုးမွေး ရိတ်ပြီးသွားပြီ ၊ သိုးလေးတော့ အေးနေတော့မှာဘဲ ။

12 သိုးမွေး ရိတ်ပြီးသွားပြီ ၊ သိုးလေးတော့ အေးနေတော့မှာဘဲ ။
12 သိုးမွေး ရိတ်ပြီးသွားပြီ ၊ သိုးလေးတော့ အေးနေတော့မှာဘဲ ။

 

သိုးခြံ ပိုင်ရှင်က ရှင်းပြပါတယ် ။ အခုတလော သူတို့ စီးပွားရေး မကောင်းဘူးတဲ့ ။

သူတို့ရဲ့ အဓိက ဝယ်သူဖြစ်တဲ့ တရုတ်ပြည် က ၊

ဈေးကွက်ကို လုံးဝ အုပ်စီးထား ၊ Monopoly လုပ်ထားပြီး ၊

သူတို့ သိုးမွေးတွေကို ဈေးကောင်း မပေးလို့တဲ့ ။

သူတို့ ခမျာ အခုလို Tourist တွေဆီက ဝင်ငွေကိုဘဲ မျှော်လင့်နေရတယ်တဲ့ ။

 

Manderlay Farm သိုးခြံ ကနေထွက်လာခဲ့ပြီးတဲ့နောက် ၊

အဘ တို့ရဲ့ သင်္ဘောကြီးဆီကိုဘဲ ပြန်လာခဲ့ပါတော့တယ် ။

လမ်းမှာ ရှုခင်းလှတဲ့ နေရာလေးတွေမှာ ကားရပ်ပေးပြီး ဓါတ်ပုံ ရိုက်ကြတယ်လေ ။

 

ဒီတစ်ခေါက် Post မှာ အဘ ဓါတ်ပုံတွေ အရမ်းများသွားတယ်ကွယ် ။

အဘ လည်း တတ်နိုင်သလောက်တော့ ပုံတွေကို လျော့တာပါဘဲ ကွယ် ။

မြန်မာ့ ရှယ် မပုတင် ( MPT ) နှင့် ကြည့်နေရတဲ့ ရွာသူားတွေ နှင့် ၊

Server လေးသွားမယ့် သူကြီး ကို တောင်းပန်ပါတယ် ။

 

အမေရိက နှင့် ကနေဒါ ခရီးစဉ် စတော့မှာမို့ ၊ မစသေးခင် ၊

ဒီ နယူးဇီလန် ခရီးစဉ် Post တွေကို လုံးဝ ပြီးသွားအောင် ၊

အမြန်ဆုံး ဆွဲနေရတယ် ။ မှီပါ့မလား မသိ ။ အဟင့် ။

 

တော်သေးဘီ ။

 

အဘ ဖေါ ( F R ) ။

 

12 လမ်းမှာ ရှုခင်းလှတဲ့ နေရာလေးတွေမှာ ကားရပ်ပေးပြီး ဓါတ်ပုံ ရိုက်ကြတယ်လေ ။

12 လမ်းမှာ ရှုခင်းလှတဲ့ နေရာလေးတွေမှာ ကားရပ်ပေးပြီး ဓါတ်ပုံ ရိုက်ကြတယ်လေ ။
12 လမ်းမှာ ရှုခင်းလှတဲ့ နေရာလေးတွေမှာ ကားရပ်ပေးပြီး ဓါတ်ပုံ ရိုက်ကြတယ်လေ ။

 

 

22 comments

  • ကေဇီ

    April 24, 2014 at 11:47 am

    ၁) ဟုတ်တယ်။ ငလျင် ကို ၂ မျိုးတိုင်းတာ သိသူ သိပ်မများဘူးး။ ဟီးးး အနော် သီးဆစ် တုန်းက ငလျင်နဲ့ စွိုင်း ကို ယူထားတာ။ စာတွေ ကျောင်းပြန်ပြေးလို့ ခု ဘဖောပြောမှ ပြန် အမှတ်ရ။
    ၂) ဘဲတွေ ပန်းတွေ၊ ကိုယ်သာဆို အဲဒီမှာ အကြာကြီးနေမှာပဲ၊.
    ၃) နမြှောစရာ အဆောက်အဦးတွေ နော်။
    ၄) သိုးမွှေးက ရိတ်ရတာနော်။ နာလားတော့မသိ။ ယုန်မွှေးက ဆွဲနှုတ်တာဆိုလားးး၊ နားစွန်နားဖျားပဲ ဟုတ်မဟုတ်မသိ။
    ၅) ခိ။ ကနေဒါခရီးစဉ်ကိုလဲ လိုက်ခဲ့ပါရစေနော်။ သွားချင်တဲ့ နိုင်ငံထဲမှာ ပါတယ်။ မြစ်တို့ ၏မာယာမှာ ကိုမိုးဝေ သွားကတည်းက။

    😀

    • Foreign Resident

      April 25, 2014 at 3:12 am

      ကေဇီ says:
      ” သိုးမွှေးက ရိတ်ရတာနော်။ နာလားတော့မသိ ”

      ဟုတ်ပါတယ် ။ သိုးမွှေးက ရိတ်ရတာပါ ။
      သိုးလေးတွေကြည့်ရတာ နာပုံမရပါဘူး ။

      ” ခိ။ ကနေဒါခရီးစဉ်ကိုလဲ လိုက်ခဲ့ပါရစေနော်။ သွားချင်တဲ့ နိုင်ငံထဲမှာ ပါတယ် ”

      အမေရိက နှင့် ကနေဒါ ခရီးစဉ် လည်း ရေးဖြစ်မှာပါ ။

  • Ma Ei

    April 24, 2014 at 12:14 pm

    သိုးမွေးက အဲ့လို အပြောင်ရိတ်လိုက်ကြတာလား…
    နဲနဲ ပါးပါးချန်ထားပေးသင့်တယ်နော်…
    ရေပြင် နဲ့ ရှုခင်းတွေလဲ လှလိုက်တာ…
    ပုံလှလှလေးတွေ ကြည့်ချင်တာမို့ ဆက်တင်ပါ…
    သူကြီး ကို ကူပြီး တောင်းပန်ပေးပါ့မယ်…

  • alinsett (gazette)

    April 24, 2014 at 1:09 pm

    ရေပြာပြာပေါ်က သင်္ဘော
    ဟိုအဝေးက တောင်တန်းကြီးး

    သိပ်လှ

    သိပ် သွားချင်မိ

    :mrgreen:

    • Foreign Resident

      April 24, 2014 at 2:39 pm

      မိုးမင်းသား says:
      ” ထိုင်နေတဲ ့လူက အဘဖေါလား ဟင် ? ”

      ဟယ် ကြည့်စမ်း ၊ မိုးမင်းသား က မျက်စိ သိပ်လျှင်တာဘဲ ။ 😛

  • kai

    April 24, 2014 at 3:18 pm

    အမေရိက နှင့် ကနေဒါ ခရီးစဉ် စတော့မှာမို့ ၊

    အကြောင်းကြားပါနော…
    မဖြစ်မနေ..။

    • Foreign Resident

      April 24, 2014 at 3:59 pm

      kai says:
      ” အကြောင်းကြားပါနော… မဖြစ်မနေ..။ ”

      Sorry သူကြီးရေ ။
      ဒီတစ်ခေါက် အမေရိက နှင့် ကနေဒါ ခရီးစဉ် မှာ ၊
      သူကြီး တို့ L A မပါဘူးဗျ ။

      L A , Hollywood နှင့် Hawaii ကို ၊
      နောက်တစ်ခေါက်မှ သပ်သပ် ထပ်လာမယ် စဉ်းစားထားလို့ ။

  • lu lu

    April 24, 2014 at 6:29 pm

    သာယာလိုက်တာနော် အလည်သွားချင် တယ်

  • Iris

    April 24, 2014 at 8:21 pm

    Church ​ကျောင်​းကြီးနှ​မျောစရာ။ ရုံးမှာ ဂျူနီယာက နယူးဇီလန်​နဲ့ အိုင်​စ်​လန်​အ​ကြောင်​း သတိရတိုင်​း​ပြောတယ်​။ ကျမ က​တော့ ယူရုပ်​ ကိုပိုစိတ်​ဝင်​စားတယ်​။ အခု ဦး​ဖော ဒါ့ပုံ​တွေ အရ နယူးဇီယန်​ကသွားသင်​့တဲ့​နေရာတစ်​ခုပါပဲ။ ​တော်​​တော်​စိမ်​းစို​နေတာပဲ။ယူ​ရုပ်​ကလူ​တွေ ဟိုက်​ကင်​း သွားရင်​းသဘာဝအလှ​တွေသွားကြည်​့ကြတာ​တော့ကြားဖူးတယ်​။ ကျမ အလုပ်​ က ဩဇီ ဦး​လေးကြီးက နယူးဇီလန်​မှာအိမ်​​ဆောက်​​နေတယ်​။အငြိမ်​းစားယူရင်​​နေဖို့အတွက်​။ သူ့ဆီလာလည်​ရင်​ သူကိုယ်​တိုင်​ဖမ်​းထားတဲ့ ငါးကိုချက်​​ကြွေးမယ်​ဆိုပဲ။ သူ့အိမ်​က hobbit village နဲ့ နီးတယ်​တဲ့။ ပြီး​တော့ နယူးဇီလန်​က ​လေထုညစ်​ညမ်​းမှုအနဲဆုံးပဲတဲ့။

    • Foreign Resident

      April 25, 2014 at 3:23 am

      Iris says:
      ” ရုံးမှာ ဂျူနီယာက နယူးဇီလန်​နဲ့ အိုင်​စ်​လန်​အ​ကြောင်​း သတိရတိုင်​း​ပြောတယ်​။
      ကျမ က​တော့ ယူရုပ်​ ကိုပိုစိတ်​ဝင်​စားတယ်​ ”

      Iris ရယ် ။
      အမှန်က နေရာဒေသတိုင်းမှာ သူ့ဟာနှင့်သူ အလှအပတွေ ရှိကြပါတယ် ။
      အဲဒီ အလှအပလေးတွေကို ၊
      ၁ ။ မြင်တတ်တဲ မျက်စိ / အမြင် Vision ရှိဖို့ ၊
      ၂ ။ ထုတ်ဖေါ် Promote လုပ်တတ်ဖို့ ။
      ၃ ။ တန်ဖိုးထား တတ်ဖို့ ။
      ၄ ။ ရေရှည် တည်တံ့အောင် Preserve ထိမ်းသိမ်း ပေးဖို့ ၊ ဘဲလိုတာပါ ။

      ရှုမြင်ကွင်း လှလှလေးတွေကို တွေ့ချင်တာ ဆိုရင်တော့ ၊
      ဆွစ်ဇာလန် နှင့် နယူးဇီလန် နှစ် နိုင်ငံ ကို ၊
      အဘ Recommend ပေးပါရစေ ။

  • မဟာရာဇာ အံစာတုံး

    April 24, 2014 at 10:50 pm

    ဒီတောင်တွေကို မြင်ရတော့
    ဥမိုက် ပို့စ်ထဲက ကတုံးပြောင်ပြောင် ရိုးမတောင်တွေကို အမှတ်ရမိတယ် …
    ဒီထဲမှာတော့ဖြင့် …
    လုပ်ထားလိုက်ကြတာ .. စိမ်းစိုနေတာပါပဲ …
    ဥမိုက် ပို့စ်ထဲမှာတော့ဖြင့် ခုတ်ထားလိုက်ကြတာ ….
    တကယ့် လူ့ဗာလ တွေပါပဲ ဘဖောကြီးရယ် ….

    • Foreign Resident

      April 25, 2014 at 3:38 am

      မဟာရာဇာ အံစာတုံး says:
      ” ဒီတောင်တွေကို မြင်ရတော့ ဥမိုက် ပို့စ်ထဲက
      ကတုံးပြောင်ပြောင် ရိုးမတောင်တွေကို အမှတ်ရမိတယ် …
      ဥမိုက် ပို့စ်ထဲမှာတော့ဖြင့် ခုတ်ထားလိုက်ကြတာ ….
      တကယ့် လူ့ဗာလ တွေပါပဲ ဘဖောကြီးရယ် …. ”

      အံစာတုံး ရေ ။ အဘ အမြင် ပြောရရင် ၊
      ဒီ စစ်အစိုးရ လက်ထက်မှာ ၊ မြန်မာပြည် ကို ၊
      အစစ အရာရာ မှာ ၊အကုန်လုံးနီးပါး ချွတ်ချုံကျလောက်အောင် ၊
      ( သယံဇာတ ၊ ကျောက်သံ ပတ္တမြား ၊ သစ် ၊ ရာသီဥတု ၊ ပါတ်ဝန်းကျင် ၊ စာရိတ္တ )
      စိတ်တိုင်းကျ ကိုယ်ကျိုးရှာ သုံးစွဲ ၊ ကြိုရောင်း ၊ ဖျက်ဆီးခဲ့တာပါ ။

      နောက်ဆုံး ကုန်သလောက်ရှိမှ ၊ အမေစု ကို ၊
      ရာသီဥတု နှင့် သဘာဝ ပါတ်ဝန်းကျင် ပျက်စီးနေတဲ့ ၊
      သယံဇာတ လဲ အခွံ သာသာ ကျန်တော့တဲ့ နိုင်ငံ နှင့် ၊
      စာရိတ္တ ချွတ်ခြုံကျ ၊ ပညာရေး နှင့် အတွေးအခေါ် နိမ့်ကျ နေတဲ့ လူထုကြီးကို ၊
      ပြဿနာပေါင်းစုံနှင့် ချန်ခဲ့တာပါ ။

      အဘ ကတော့ မြန်မာပြည် ကို ၊ သိပ် တိုးတက်လာမယ် မထင်မိပါဘူး ။
      နောင်လဲ စစ်ပွဲ တွေ အဓိကရုဏ်း တွေ စဉ်ဆက်မပြတ် ဖြစ်နေမယ့် နိုင်ငံ လို့ မြင်မိတာဘဲ ။

  • ဝင့်ပြုံးမြင့်

    April 25, 2014 at 6:22 am

    ဟုတ်ပါတယ် ဘဖောရယ်။ ကြော်လည်း မြန်မာပြည်မယ် မနေချင်တော့ပါဘူး။ အဓိကက မျှော်လင့်ချက်ပေါ့။ အဲဒါ ထားလို့ မရတော့လို့။
    ဓာတ်ပုံတွေကိုကြည့်ပြီး သူတို့နိုင်ငံတွေရယ်၊ ဘဖောရဲ့ သင်္ဘောခရီးစဉ်ရယ်ကို အားကျငေးမောနေမိခဲ့ပေါင်း များပါပြီ။ ကြုံတုန်းကြွားရရင် ကြော့် အဖိုးနဲ့အဖွားဟာ ကွင်းမေရီသင်္ဘောကြီးနဲ့ ကမာ္ဘပတ်ခဲ့ကြတယ်။ အဲဒီ သင်္ဘော ခရီးစဉ်ဟာ သူတို့ တစ်သက်မမေ့နိုင်စရာ ဘဝရဲ့ အထင်ကရအပိုင်းကြီးကို ဖြစ်ခဲ့ကြတယ်။

  • Ma Ma

    April 25, 2014 at 7:07 am

    (လမ်းမှာ ရှုခင်းလှတဲ့ နေရာလေးတွေမှာ ကားရပ်ပေးပြီး ဓါတ်ပုံ ရိုက်ကြတယ်လေ ။)
    သူတို့ဆီက တောင်တွေက ဒီမှာလို သစ်ပင်အကြီးတွေ နည်းတယ်နော်။

    အအေးပိုင်းဒေသမို့ပဲ အပူပိုင်းသစ်တောတွေလို မဟုတ်တာများလား။

    ဒီမှာတော့ ဘရာသာမိုက်ရဲ့ အနောက်ရိုးမလို ခုတ်လို့ ကုန်တာမဟုတ်တဲ့ နေရာတွေမှာ သစ်ပင်ကြီးကြီးမားမားတွေ ရှိတတ်တယ်လေ။

    • Foreign Resident

      April 25, 2014 at 5:11 pm

      Ma Ma says:
      ” သူတို့ဆီက တောင်တွေက ဒီမှာလို သစ်ပင် အကြီးတွေ နည်းတယ်နော် ”

      ဟုတ်တယ် ၊ သူတို့ဆီက ရာသီဥတု နှင့် အပင်ပေါက်ပုံ အရ ထင်တယ် ။
      စိမ်းလန်းနေတဲ့ မြက်ခင်းကျယ်ကြီးတွေ အတော်တွေ့ရတယ် ။
      သစ်ပင်ခုတ်ထားလို့ ဖြစ်နေတာ မဟုတ်ဘူး ၊ နဂိုကကို မြက်ခင်း ဖြစ်နေပုံဘဲ ။

  • kyeemite

    April 25, 2014 at 2:03 pm

    ကိုရင်ဖေါ ပုံတွေအားပါးတရတင်ထားတာနဲ့ ခုတလောကိုးနတ်ရှင် စုတ်ပြတ်တာနဲ့ ကောင်းကောင်းကို
    မပွင့်ဘူးဗျာ…ဒီနေ့မှကောင်းကောင်းကြည့်ရတယ်…(ကျုပ်ကမ်းသာယာပုံတွေတောင် တင်မရသေး.. 😛 )
    သိုးတွေက အမွှေးအတော်ထူပြီး အကောင်လည်းထွားလိုက်တာ
    ဒီကသိုးနဲ့များကွာပ…အင်း..စံနစ်တကျမမွေးတာလည်းပါတာပေါ့လေ…
    သူများနိုင်ငံတွေများ မွေးမြူရေးခြံပြပြီးတောင် ငွေရှာနိုင်ကြတယ်…အားကျစရာ(သူများနိုင်ငံ)
    စိတ်ပျက်စရာ(ဒို့နိုင်ငံ) :chee:

    • Foreign Resident

      April 25, 2014 at 5:07 pm

      kyeemite says:
      ” ခုတလော ကိုးနတ်ရှင် စုတ်ပြတ်တာနဲ ”

      ဦးမိုက် ရေ ၊ ကျနော် တစ်ခုလောက် ပြောပါရစေ ။
      ခုတလော မှာမှ ကိုးနတ်ရှင် က စုတ်ပြတ် နေတယ်လို့ ဆိုရအောင် ၊
      မြန်မာပြည်မှာ ဘယ်တုံးကရော ကိုးနတ်ရှင် က ကောင်းဖူးလို့လဲဗျာ ။
      အမြဲတမ်း စုတ်ပြတ်နေတာ မဟုတ်ဘူးလား ။

      • Mr. MarGa

        April 25, 2014 at 5:18 pm

        စုတ်ပြတ်နေကျထက် ပို ဆိုးနေလို့ပေါ့ ဘဖောရယ်

  • Mr. MarGa

    April 25, 2014 at 5:54 pm

    ငလျင်ဒဏ်ခံ အပျက်အစီးတွေကြည့်ပြီး ကိုယ်တွေဆီဆို ဘယ်လိုနေမလဲ တွေးသွားမိတယ်ဗျာ

    အမွှေးရိတ်ပြီးသား သိုးကလေးကိုကြည့်တာတော့ တစ်ခုခု လိုနေသလို

    စကားမစပ် ကျနော် အပိုင်း ကိုးအထိ ပြီးပြီဗျို့

    ကျန်တာလေးတွေ ထပ်ပို့ပေးပါဦးလို့ 🙂

  • ဗုံဗုံ

    April 26, 2014 at 9:07 am

    သိုးလေးသနားပါတယ်ဟယ်… 😥
    ပုံတွေကြည့်ချင်လို့ စောင့်နေရတာ….
    အကြာကြီးဘဲ…….. ဒါတောင်စုံအောင်မကြည့်ရဘူး… :hint:

  • snow smile

    April 28, 2014 at 6:17 pm

    ပုံ တွေ ကြည့် ချင် လို ့ စောင့် နေ တာ
    ဒီ နေ့ မှ ဘဲ ရ တော့ တာ
    သွား ချင် မိ တဲ့ နိုင် ငံ ပါ

Leave a Reply