ဆိုက်ရောက်ဗီဇာစနစ် မလေးရှားဖျက်သိမ်း

True FaithAugust 10, 20101min923

မလေးရှား နိုင်ငံ အစိုးရက မြန်မာနိုင်ငံ အပါ အဝင် အာရှတိုက်ရှိ နိုင်ငံ ရှစ်နိုင်ငံ အပေါ် ခွင့်ပြုပေး နေသည့် ဆိုက်ရောက် ဗီဇာ စနစ်ကို နိုင်ငံ အတွက် ပြဿနာ များစွာ ကြုံတွေ့ နိုင်သည်ဟု အကြောင်း ပြ၍ ဩဂုတ်လ ၃ ရက်နေ့က ဖျက်သိမ်း လိုက်ကြောင်း ရန်ကုန် မြို့တော်ရှိ ပြည်ပ အလုပ် အကိုင် ရှာဖွေရေး ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဆိုက်ရောက် ဗီဇာ စနစ် အမြဲတမ်း ရပ်စဲ ရခြင်း၏ အဓိက အကြောင်း အရင်းမှာ အိန္ဒိယ နိုင်ငံမှ အလည် အပတ် လာရောက်သူ လေးသောင်း ခန့်သည် ဆိုက်ရောက် ဗီဇာ စနစ် အသုံးချ၍ မလေးရှား နိုင်ငံတွင် တရား မဝင် နေထိုင်လျက် ရှိသည့် အတွက် ယခုကဲ့သို့ ရပ်စဲ ရခြင်း ဖြစ်သည်ဟု မလေးရှား နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် မူဟိုင်ဒင်ယာစင် ၏ အဆိုကို ကိုးကား၍ ဩဂုတ်လ ၃ ရက်နေ့ မလေးရှား နိုင်ငံထုတ် Star သတင်း စာတွင် ပါရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ဩဂုတ်လ ၁၅ ရက် နေ့လောက် စမယ် လို့တော့ ကြားတယ် ဟုလည်း ၎င်းက ရှင်းပြသည်။ ယင်း ကဲ့သို့ မြန်မာ နိုင်ငံသားများ အပေါ် ဆိုက်ရောက် ဗီဇာ စနစ် ဖျက်သိမ်း လိုက်သည့် အတွက် မြန်မာ နိုင်ငံမှ ခေါ်စာ Calling ဖြင့် ဗီဇာ မယူဘဲ သွားရောက် ကြသူ များသည် မဖြစ် မနေ ဗီဇာယူ ရတော့မည် ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ပြည်ပ အလုပ် အကိုင် ရှာဖွေရေး အေဂျင်စီ များက ပြောကြားသည်။

၂၀ဝ၆ ခုနှစ်မှ စတင်၍ မလေးရှား နိုင်ငံသို့ ဝင်ရောက် လာသူ များကို ဆိုက်ရောက် ဗီဇာ စနစ် ခွင့်ပြုပြီး ယခု ဆိုက်ရောက် ဗီဇာ စနစ် ဖျက်သိမ်းသော နိုင်ငံ များမှာ မြန်မာ နိုင်ငံ အပါ အဝင် အိန္ဒိယ၊ တရုတ်၊ ဘူတန်၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ် (တိုင်ပေ)၊ ကူမာရော ကျွန်းစု နိုင်ငံတို့ ဖြစ်ကြောင်း စုံစမ်း သိရှိရသည်။

(ပြည်တွင်း အပတ်စဉ်ထုတ် The Voice ဂျာနယ် 6 – 36 မှ ကူးယူဖော်ပြသည်။)

3 comments

  • Pyaung Gye

    August 10, 2010 at 8:41 am

    အမျိုးမျိုးဘဲနော်

  • zuugyi

    August 10, 2010 at 10:02 am

    ဒီလိုပါပဲဗျာ… လူတွေအမျိုးမျိုးရှိကြတာ.. စိတ်တွေလဲအမျိုးမျိုးရှိမှာပဲဆိုပြီးပြောကြတယ်…
    တကယ်တမ်းတော်တော်များများက စိတ် ၂ မျိုးပဲရှိတယ်..
    ခုတစ်မျိုး
    တော်ကြာတစ်မျိုး တဲ့…. 😛

  • Yin Nyine Nway

    August 10, 2010 at 11:50 am

    ဟုတ်တယ်….
    2 မျိုးပဲ ရှိလို့
    တော့် တော်ကြာ တမျိုး ပါဆိုရင်တော့ ရူးကြတော့မှာပဲ

Leave a Reply