အဆုံးဆိုတာ တနေ့သောအခါ အစ ပါပဲ

ေမာင္ရိုးApril 24, 20141min31636

 

 

အစ ရှိလျှင် အဆုံးရှိပေလိမ့်မည် ။

သို့သော် .. အဆုံးဟူသည်ကား တနေ့သောအခါတွင် အစ မဖြစ်နိုင်ပေဘူးလား ,?

ဤသို့ တွေးမိပြန်သောအခါ အဆုံးဟူသည် အစတစ်ခု ဖြစ်ရန်

အထောက်အပံ့ပြုမည်ဟု ……ဖြေသာသည့်အတွေးဖြင့်သာ ……

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

ဟော ……… အခု ဆရာဦးဝင်းတင်ကြီး နောက်ဆုံးခရီးအဖြစ်

ထွက်ခွါသွားခဲ့လေပြီ ။ ဆုံးရှုံးမှုအတွက် စိတ်မကောင်းသော်လည်း နောက်ထပ် မွေးဖွါးလာမည့်

ဆရာဦးဝင်းတင်လေးများ၏ အစ များဖြစ်လေမလားဟု မျှော်လင့်မိပါသေးသည် ။

 

 

ယနေ့ …… ထရေးဒါးဟိုတယ်ရှေ့ရောက်သောအခါတွင် အဆုံး အစ တစ်ခုကိုထပ်မံတွေ့ရပြန်သေးသည် ။

ထရေးဒါးဟိုတယ်ကြီးကား အဆုံးသတ်သွားပြန်ပြီထင့် ။

ထရေးဒါး ဆိုသောစာလုံးအစား ရှန်ဂရီလာ ဟူသောစာလုံးကြီးမှာခန့်ခန့်ထည်ထည်……

နေရစ်တော့ ထရေးဒါးရေ ……

ရှန်ဂရီလာ ကိုစတင်အသက်သွင်းကြမယ်ထင်၏ ။

ထရေးဒါး၏အဆုံးသည် ရှန်ဂရီလာ ၏ အစ …………

 

 

~~~~~~~~~~~~~~~~~~~~~~~~~~~~

 

ရုတ်တရက် ကဗျာချစ်သူလူငယ်လေးတစ်ယောက်ထံမှ တယ်လီဖုန်းဆက်လာသည် ။

မက်ဆေ့ပို့ထားပါသည် … ဖတ်ကြည့်ပြီး ပ်ု့စ်တစ်စောင်တင်ပေးပါ တဲ့ ………

 

” ဦးဆာရေ … ကျနော်တို့ ကဗျာပြခန်းလေး နားတော့မယ် ။ အဲဒါလေးကို ရွာထဲတရားဝင်အသိပေးချင်လို့ ပို့စ်တင်ပေးနိုင်မလား ။ ကဗျာပြခန်းလေးကို ကာလတစ်ခုအထိအကန့်အသတ်မရှိနားဖို့ ပြောရမှာ ရင်ထဲနင့်နေလို့ … ” တဲ့

 

ဟုတ်ပါလိမ့်မည်။ ကဗျာချစ်သူ လူငယ်များ၏ ရင်သွေးရတနာ ပြခန်းလေးကို သူတို့ ချစ်ရှာမည်ပေါ့။

ရင်းနှီးမှုဖြင့်အကူညီတောင်းခံမှုကိုမငြင်းရက်ပါ ။

သူတို့ စိတ်မကောင်းဖြစ်နေပါလိမ့်မည် ။

သူတို့ခံစားမှုကိုနားလည်ပေးရင်း သားသတ်သမားအဖြစ် ကျနော် လက်ခံလိုက်ပါသည် ။

ကဗျာချစ်သူတို့၏ရင်သွေး ၊ သူတို့၏ သမိုင်းမှတ်တိုင် ၊

သူတို့ချစ်သော ကဗျာပန်းခင်း … ……

ဒါတွေအားလုံးကို ကျနော် အဆုံးသတ်ပေးရပါတော့မည် ။

ကျနော်ကရော မခံစားတတ်ပေဘူးလား ?

သားသတ်သမားသည် အကြင်နာကင်းမဲ့ရပေလိမ့်မည် ။

ဒါးချက်တိကျဖို့အတွက် လက်ကိုဖြေးညှင်းစွာမြှောက်လိုက်သည် ။

 

ကဲ .…… သွားပေတော့ !!!

 

” သဂျီးခိုင်နှင့် ရွာသူရွာသားများခင်ဗျာ …… ယခုမှစ၍ ကဗျာပြခန်းကို ကာလအကန့်အသတ်မရှိ

ရပ်နားထားလိုက်ပြီဖြစ်ပါကြောင်း ဝမ်းနည်းစွာ အသိပေးအပ်ပါတယ် ခင်ဗျား ”

 

 

သားသတ်သမားသည် သူ့တာဝန်သူထမ်းဆောင်သွားလေပြီ ။ ။

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

အောက်တွင်ဖေါ်ပြအပ်သော ကျေးဇူးတင်လွှာသည် ကဗျာချစ်သူများမှပို့ပေးခြင်းဖြစ်ပါသည် ။

 

 

သူကြီးဦးခိုင်နှင့်တကွ လေးစားရပါသောရွာသူရွာသားများခင်ဗျာ ……

 

ကျနော်များ ကဗျာချစ်သူများ၏ ပြခန်းလေးဖြစ်မြောက်ရေးအတွက် အဖက်ဖက်က ဝိုင်းဝန်းပံ့ပိုးကူညီခဲ့ပါသော

သဂျီးမင်းဦးခိုင်

စာပေဆုရွေးချယ်ရေးအဖွဲ့

ရင်တွင်းဖြစ်ကဗျာများပေးပို့ကူညီခဲ့လေသော ကဗျာဝါသနာရှင် ဆရာ ဆရာမများ

ဖတ်ရှုဝေဖန် အကြံပေးကြသော ရွာသူားများ

ဆုရွေးချယ်ဗုတ်ပေးလေသော ရွာသူားများ

ဝါသနာအလျောက်ဝင်ရောက်ဖတ်ရှုသူများ

စသည့် အားလုံးသော လူကြီးမင်းများအား ကျေးဇူးအထူးတင်ရှိပါကြောင်း

လေးစားစွာဖြင့် ဂါရဝပြုရင်း နှုတ်ဆက်ပါရစေ ခင်ဗျာ ”

 

ကဗျာချစ်သူများအဖွဲ့

အလင်းဆက် ၊ ဦးမာဃ၊ မဟာမြန်မာ ၊

ကမ်းဝေး ၊ ကေဇီ၊ မွန်မွန်၊ နေခြည်၊ သူကလေး

 

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

တခါတရံတွင် အစဟူသည် အဆုံး၏နောက်ထပ်စာမျက်နှာတစ်ခု

ဖြစ်နေတတ်သည် ။

ထို့ကြောင့်……………

အဆုံးဆိုတာ တနေ့သောအခါ ……အစ ပါပဲ လို့ ………။

 

 

 

လေးစားလျှက်

မောင်ဆာမိ

 

 

 

36 comments

  • Mr. MarGa

    April 24, 2014 at 4:11 pm

    ကဗျာပြခန်း တာဝန်ခံတစ်ယောက်အနေနဲ့
    ကဗျာချစ်သူတွေ အနေနဲ့
    တင်သင့်ပေမယ့်
    မတင်ပေးနိုင်တဲ့
    ကျနော်တို့ကို နားလည်ခွင့်လွှတ်ပေးနိုင်လိမ့်မယ် ထင်ပါကြောင်း။

    ကဗျာပြခန်းဟာ အဆုံးသတ်သွားတာမဟုတ်ပါဘူး

    အနားပေးထားတာပါ လို့ပဲ…………………………..

  • alinsett (gazette)

    April 24, 2014 at 4:11 pm

    အတိုင်းအတာတစ်ခုအထိတော့ ရပ်တည်လို့ရခဲ့တယ်
    အဲဒါကပဲ ကျနော်တို့ရဲ့ ဖြေသိမ့်စရာပါ။

    ကဗျာပြခန်း
    ဘယ်လောက်ချစ်စရာကောင်းလိုက်သလဲ

    ချစ်စရာကောင်းခဲ့တယ်

    ဒါပါပဲ

    ———

  • ကေဇီ

    April 24, 2014 at 5:16 pm

    ဘာပြောရမလဲ မသိ။
    ဟိ။
    တဂျားနဲ့ ငါ ရန်ဖြစ်ဖို့ တစ်ကြောင်းလျော့သွားတာ အမြတ်ပေါ့။
    :hint:

    • Mr. MarGa

      April 25, 2014 at 8:40 am

      လျော့တာက တစ်ကြောင်းရယ်
      နောက်ထပ် ဘယ်နှကြောင်း ပိုတိုးလာမယ် မသိသေးဘူး 🙂

      • ကေဇီ

        April 25, 2014 at 8:50 am

        နောက် အကြောင်းတွေတော့ သများ မပါဝူးးးးး
        ကိုယ့် ပေါက်ကရ ပို့(စ) ရေးချင်တာ တွေ အကုန်ရေးဖို့ကို အချိန်မလောက်လို့။
        ဂစ်။

        :hint:

  • TNA

    April 24, 2014 at 5:59 pm

    😥 ကြားရတာ စိတ်မကောင်းလိုက်တာ။ ဘယ်လိုဖြစ်တာလဲဟင်။ ကဗျာမရလို့လား။ ဘာဖြစ်တာလဲဟင်။

    • alinsett (gazette)

      April 24, 2014 at 7:12 pm

      အဓိကကတော့ ကဗျာမရတာပေါ့။
      ရိုးသွားလို့များလားမသိ ကဗျာပြခန်းအတွက် ကဗျာပေးပို့ခြင်း အရှင်းမရှိတာ
      သုံး လ လောက် ရှိပြီ ထင်ပါရဲ့။
      ကြာပြီ။
      ကဗျာ မရတာ
      ဒါက တကြောင်းပေါ့။
      တခြားအကြောင်းလေးတွေလည်း ရှိသေးတာပါပဲ။

      ကဗျာဆိုတာလည်း လိုသလောက် ထုတ်လုပ်ပေးလို့ရတဲ့ စက်ရုံထုတ်ပစ္စည်းမှ မဟုတ်တာလေ ။
      ဒီတော့ ရှားပါးသယံဇာတကို တူးဖော်မရသေးလို့ ခဏနားတဲ့သဘောပါ။

      ဘယ်အချိန်ထိ နားထားမယ်ဆိုတာသာ မပြောနိုင်သေးတာပါ။
      ကျနော်တို့မှာ ပြင်ဆင်စရာတွေ စီစဉ်စရာတွေ များလှပါတယ်။
      တစ်ခုချင်း ပြောပြနေရင် ဘေးလူတွေပါမောနေမယ်။
      ဒီတော့ လောလောဆယ် နားထားလိုက်တယ်ပေါ့။

      အစစအရာရာ အကြောင်းညီညွတ်တဲ့အခါ
      ကဗျာပြခန်း ပြန်အသက်ဝင်လာလိမ့်ဦးမယ်လို့
      မျှော်လင့်ထားပါတယ်။

      ______________________________

      ကဗျာပြခန်း နားလိုက်ပြီဆိုပေမယ့်
      ကျန်ရှိသေးတဲ့ ဆုရသူများကိုတော့
      အရင် အစီအစဉ်အတိုင်း
      အမှတ်တရဆုလက်ဆောင်ကို ပေးခဲ့မှာဖြစ်ပါတယ်။

      ပြခန်း (၁) ကနေ (၁၂) အထိ အမှတ်တရဆုလက်ဆောင်တွေ ပေးခဲ့ပြီးပါပြီ။

      အခု လာမယ့် တွေ့ဆုံပွဲမှာ လက်ကျန်ပြခန်းတွေဖြစ်တဲ့ ပြခန်း (၁၃) ကနေ (၁၆) ထဲက ဆုရကဗျာနှစ်ပုဒ်ကို ထပ်ပေးပါမယ်။
      (ပြခန်း ၁၃ နဲ့ ၁၆ မှာက ဆုရကဗျာရွေးချယ်မှု
      မရှိတဲ့အတွက် )
      ဆုလက်ဆောင် အမှတ်တရပေးဖို့
      ကျန်တာကတော့. . . .

      တောတွင်းပျော် ရဲ့ ညီမငယ်လေးသို့ ကဗျာရယ်

      မခိုင်ဇာ ရဲ့ မြတ်နိုးခြင်း ကဗျာတို့ဖြစ်ပါတယ် ။

      လာမယ့် တွေ ့ဆုံပွဲမှာ ကဗျာရှင်တွေအတွက် အမှတ်တရ ပေးအပ်ပါမယ် ။

      ——-

      မမေးပဲ ရှင်းပြချင်တာကတော့
      အခု ကဗျာပြခန်း မရှိတော့တာပါ။
      ကဗျာချစ်သူလူငယ်အဖွဲ ့က ရှိပါတယ်။
      ကဗျာချစ်သူတွေ သွေးမကွဲပဲ ကဗျာကိုချစ်မြဲ ချစ်ဆဲ
      စည်းလုံးညီညာဆဲပါ။
      သ်ု့လော သို့လော ဖြစ်မယ့်သူတွေအတွက် ကြိ ု ပြောရတာပါ။

      ကဗျာချစ်သူလူငယ်များ ဒီရွာ ဒီကဗျာတွေကြားမှာ
      ဆက်လက် ချစ်နေဦးမှာ အသေအချာပါပဲ။

      အခုလောလောဆယ်တော့
      ငါတို့ ဒီရွာမှာ ဒီလို ကဗျာပြခန်း ဆိုပြီး
      အချိန်ကာလအတိုင်းအတာတစ်ခုအထိ
      အောင်မြင်စွာ ဖန်တီးနိုင်ခဲ့တယ် ဆိုတာလေးနဲ့
      ကျေနပ်ပါတယ် ။

      လေးစားစွာဖြင့်

      အလင်းဆက် (Gazette)
      24 / 4 / 2014 /
      (ကဗျာချစ်သူများကိုယ်စား)

      • ကဗျာပြခန်းမှာ ကို့်အရင်းနှီးဆုံးမောင်နှမတွေချည့်ဖြစ်နေပေမယ့် ကိုယ်ဝါသနာအပါဆုံးဝတ္ထုတိုဘက်တောင်မလှည့်နိုင်လို့ သိပ်အားမသန်တဲ့ကဗျာ(ဘယ်လောက်အားမသန်လဲ တဂျားအသိဆုံး)ကို တစ်ပုဒ်လောက်တော့ရေးပို့မယ် ပို့မယ်နဲ့ ပြခန်းပိတ်သွားတဲ့အထိမပို့နိုင်တာ ခွင့်လွှတ်ကြပါ။
        😥

  • lu lu

    April 24, 2014 at 6:12 pm

    ကဗျာပြခန်း ကို ရပ်နားလိုက် ဖို ့အစီအစဉ်ရှိတာလား

    • Mr. MarGa

      April 25, 2014 at 8:21 am

      ဟုတ်ကဲ့
      အားလုံး ဆုံးဖြတ်ချက်အရ ရပ်နားလိုက်တာပါ။

  • ROssI

    April 24, 2014 at 6:36 pm

    ကဗျာ ခန်း နားပီလား …
    အင်းလေ…နစ်ကိုးရဲ့ အဆုံးဟာ ချက်ထွီရမ် ရဲ့ အစ ဆိုလား …

  • မဟာရာဇာ အံစာတုံး

    April 24, 2014 at 6:47 pm

    ကဗျာ ရေးချင်စိတ်တွေ ကုန်ဆုံးသွားခြင်းရဲ့ အဆုံးမှာ …
    ကဗျာ ရေးချင်စိတ်တွေက ပြန်လည် ထကြွလာပြန်တယ် …..
    ကဗျာပြခန်းက နားသွားဘီဆိုဒေါ့ကာ အဲ့ဒီ ပြန်လည် ထကြွလာတဲ့အစကို …
    ပို့စ်ရေးတဲ့ လူကြီးလို အကြင်နာ ကင်းမဲ့စွာ အဆုံးသတ်ပလိုက်ဒယ် … :mrgreenn:

    အတည် ပြောရရင် …
    ကဗျာပြခန်းဆိုတာ ခရီးရှည် ထွက်သွားတဲ့လူလိုပဲ ဖြစ်မှာပါ …
    ပြန်ရောက်လာတဲ့အခါ ဝမ်းသာအယ်လဲ ကြိုဆိုဦးမှာပါ ….

    ဥဆာ ရေးထားတာလည်း ခိုက်သဗျာ …
    လန်းတယ် …

  • padonmar

    April 25, 2014 at 1:07 am

    ဟင်..မထင်ထားမိဘူး။
    ကိုယ့်မှာလည်း အပြစ်မကင်းသလိုခံစားမိတယ်။
    ကလေးတွေ အားကြိုးမာန်တက်လုပ်တာကို မှန်မှန် အားမပေးမိဘူးကို။
    ရောက်တဲ့အခါရောက်၊မရောက်တဲ့အခါမရောက်နဲ့။
    ငါမဝင်လည်း ဝင်မယ့်သူရှိပါတယ်။ငါမဗုတ်လည်း ဗုတ်မယ့်သူရှိပါတယ် ဆင်ခြေတွေကွကိုယ်ပေးလို့။
    တောင်းပန်ပါတယ် ကဗျာချစ်သူများ။
    ခဏရပ်တာပဲ ဖြစ်ပါစေ။
    ဂဇက်စာပေဆုတောင် မနည်း အသက်ဆက်ထားရတာ။
    ဥက္ကဋ္ဌကြီး ဦးမိုက် မားမားမတ်မတ်ရပ်ပေလို့ပေါ့။
    ကဗျာပြခန်းလေး ခဏနားတုံး ဓာတ်ပုံပြခန်းလေး လုပ်ကြပါလား။
    ပြိုင်ပွဲမဟုတ်။
    ပန်းပြပွဲဆို ကိုယ်တိုင်ရိုက်တဲ့ပန်းပုံတွေ ပို့ကြမယ်လေ။
    ကားပြပွဲဆို ကိုယ်တိုင်ရိုက်တဲ့ကားပုံတွေ ပို့ကြမယ်။
    ဆုမပေးနဲ့။အပျော်ပေါ့။

    • alinsett (gazette)

      April 25, 2014 at 7:23 am

      ဒီရွာအတွက် ဒီရွာသူားတွေအတွက်
      တစ်ခုခုတော့ ထပ် လုပ်ဖြစ်ဦးမှာပါ တီတီ

      🙂

  • ဝင့်ပြုံးမြင့်

    April 25, 2014 at 5:49 am

    ချ ုပ်သိမ်းသွားတယ်လို့လည်း မထင်။ ရပ်နားတယ်လို့လည်း မမြင်။ လုပ်ငန်းစဉ်တစ်ခု အချိန်ကာလတစ်ခုထိ အောင်မြင်စွာပြီးဆုံးတယ်လို့ပဲ မြင်ပါသည်။ ဝမ်းနည်းစရာလို့ မယူဆဘဲ အလုပ်တစ်ခုကို အောင်မြင်စွာ နိဂုံးသတ်နိုင်ခဲ့တယ်လို့သာ မြင်ပါသည်။ ဂုဏ်ယူပါသည် ကဗျာချစ်သူများအဖွဲ့။

    • alinsett (gazette)

      April 25, 2014 at 7:22 am

      ဟုတ်ပါတယ်
      အတိုင်းအတာတစ်ခုထိ အောင်မြင်အောင် လုပ်နိုင်ခဲ့ကြပါတယ်

      🙂

    • ကိုယ်ရေးထားတာ ကိုယ်ဖျက်လို့မရဖြစ်နေလို့ ဖျက်ပေးနိုင်သူများ ဖျက်ပေးကြပါ၊ ကူညီနိုင်လျင် ကူညီကြပါဦးလို့၊ ရေးလိုက်ပြီးကာမှ ရေးထားတာ ကိုယ်ကိုယ်တိုင် မကြိုက်တာကြောင့်ပါ

      • surmi

        April 25, 2014 at 8:17 am

        ကိုစိုင်းရေ
        ကျနော့အဆင့်က တခြားသူရဲ့ကွန်မန့်ကိုပြင်ပေးလို့မရပါဗျာ
        ခွင့်လွှတ်ပါ ။
        သဂျီး သို့မဟုတ် မော့ တစ်ယောက်ယောက်ကူမှရပါမယ်

  • မိုး မင်းသား

    April 25, 2014 at 7:47 am

    ဦးဆာရဲ ့ခေါင်းစဉ်လေးကိုကစိတ်ဝင်စားစရာလေးပါ

    တော်လိုက်ဲ ့ဦးဆာလို ့ချီးကျူးပါရစေခင်ဗျာ

  • kyeemite

    April 25, 2014 at 8:40 am

    အခုလိုအောင်မြင်စွာကျင်းပရပ်တည်ခဲ့တာ ကဗျာချစ်သူများကိုချီးကျူးပါတယ်…
    ဟုတ်တယ်…လမ်းလျှောက်တယ်ဆိုတာ နားဖို့လိုတဲ့အချိန်နားရမှာပေါ့..
    ထာဝရဆက်လျှောက်ကြရအုံးမှာ မဟုတ်ပါလား…
    ကိုဆာမိပြောတာမှန်ပါတယ်…တစ်ခုခုအဆုံးမသတ်ပဲ နောက်တစ်ခုစလို့မရပါဘူး…
    မူလတန်းအဆုံးသတ်မှ…အလယ်တန်းစ…အလယ်တန်းအဆုံးသတ်မှ..အထက်တန်းစ….
    နို့မို့ဆို…ရှေ့ခရီးသစ်မဆက်နိုင်ပဲ လည်ထွက်နေမှာပေါ့….
    အသွင်သစ်တစ်မျိုးနဲ့ ပြန်ပေါ်လာတော့လည်း..အားပေးနေအုံးမှာပါလေ…
    ခုတော့ …ခေတ္တရပ်ဆိုင်း…ဟတ်ဖ်တိုင်းပေါ့ :hint:

    • Mr. MarGa

      April 25, 2014 at 8:42 am

      မှန်ပါတယ် ဦးကြီးမိုက်
      ခေတ္တရပ်ဆိုင်းခြင်းပါ
      ပုံစံပြောင်းပြီး ဆက်တော့ လျှောက်နေကြဦးမှာပါ

  • စိတ် တော့ မ ကောင်း ဘူး။

    ပြီး ခဲ့ တဲ့ လ က ကဗျာ မ ရှိ ဘူး လို့ ု ဆို တာ နဲ့ ပြခန်း ရပ် မ သွား အောင်

    ကျ နော် ရေး သမျှ ထဲ က နေ ထု တ်ပြီး တစ် ကိုယ် တော် ပြ ခန်း ဖြစ် အောင် လုပ် ပေး လိုက် တယ်။

    အခု တော့ ကျ နော် ပြ ခန်း က နောက် ဆုံး လို ဖြစ် သွား တယ် ပေါ့။

    ဘော လုံး ပွဲ များ လို ပ ထ မ ပိုင်း 45 မိ နစ် နား တာ ဖြစ ်ပါ စေ။

    က ျနော် ရဲ့ 9500မြောက် ကော် မင်း က ထူး ထူး ခြား ခြား လေး ဖြ စ် သွား သည် ပေါ့။

    • surmi

      April 25, 2014 at 9:56 am

      ကျနော်လည်း ၇၅ ပုဒ်မြောက်စိန်ရတုအဖြစ် သားသတ်သမားဖြစ်သွားပါကြောင်း 🙂

  • Ma Ma

    April 25, 2014 at 2:33 pm

    လူငယ်တွေစုစည်းပြီး စည်းလုံးညီညွတ်စွာ အောင်မြင်စွာ စွမ်းဆောင်နိုင်ခဲ့ကြတာမို့ ချီးကျူ းပါတယ်။
    စုစည်းတဲ့လူငယ်တွေ အဖွဲ့လေးတစ်ခု ထူထောင်နိုင်လိုက်တာ အမြတ်ပေ့ါ။
    🙂

    • Mr. MarGa

      April 26, 2014 at 9:18 am

      လူငယ်တွေမို့ လူငယ်အလျောက် လိုတာတွေ အများကြီး ရှိခဲ့မှာပေမယ့်
      အခုအထိ ပြောမနာ ဆိုမနာတွေအဖြစ် တလုံးလုံး ဖြစ်သွားတာ အမြတ်ပဲ လို့ ပြောရမလား :mrgeenn:

  • ခင် ခ

    April 25, 2014 at 9:50 pm

    အပိုင်းဆက်ကဗျာက ၂ လ အလိုမှာ ကဗျာပြခန်းရပ်ခဲ့လို့ မတင်ပေးဖြစ်တဲ့ ထိုအပိုင်းများကို ပြန်လည်စုစည်း တင်လိုက်ပါမယ့် အကယ်လို့ အပိုင်းဆက်ကဗျာလေးကို ဆက်တိုက်ဖတ်ခဲ့တဲ့ စာဖတ်ပရိတ်သတ် တစ်ယောက်တလေများရှိခဲ့ရင် ထို စာဖတ်ပရိတ်သတ်ကို ခင်ခ အလေးထားတဲ့အနေနဲ့ပါ။ ကဗျာအဖွဲ့ အနေနဲ့တော့ ကျုပ်ပြန်လည်ဖော်ပြမှာကို နားလည်ပေးပါဟု……..

    • Mr. MarGa

      April 26, 2014 at 9:15 am

      လေးခ ရေ
      တင်နိုင်ပါတယ်ဗျာ။

      တကယ်လို့ ကျနော်တို့ ပြခန်းမှာ ပြခဲ့တဲ့ ပုံလေးတွေ လိုမယ်ဆိုရင်လည်း ကျနော့်ဆီမှာ ရှိပါတယ် ဆိုတဲ့အကြောင်း…

  • nature

    April 27, 2014 at 10:34 am

    ကဗျာဆိုတာမျိ ုးက ကျနော့်အမြင်ပြောရရင်စိတ်ဝင်စားသူ အကန့်အသတ်ရှိပြီး ရင်ထဲကခံစားချက်ရှိမှ ထိထိမိမိ လှလှပပရေးနိုင်တဲ့စာမျိ ုးပါ။ ကဗျာဆရာတွေက တစ်လတစ်ကြိမ် နှစ်ကြိမ် ပုံမှန်ရေးဖို့ဆိုတာ ရေရှည်မှာတော့ အခက်အခဲရှိကောင်းရှိမှာပါ။

  • မီ မီ

    April 27, 2014 at 1:43 pm

    ကဗျာပို့ချင်ခဲ့ပါတယ်
    ဘယ်လို ပို့ရမယ်ဆိုတာ နားမလည်ခဲ့ပါရှင်

    • alinsett (gazette)

      April 27, 2014 at 4:43 pm

      အခုတော့ ပြခန်း တစ်စခန်းရပ်ပြီမို့ . . .

      ဒါပေမယ့် သီးသန့်ပိုစ့်အနေနဲ့ ကဗျာတွေ ရေးတင်ပါဦးနော်
      ဖတ်ချင်ပါတယ်။

      ကျနော်လိုလူက ကဗျာဆို ချစ်တတ်လို့ . . .

  • ဦးကြောင်ကြီး

    April 28, 2014 at 8:17 am

    သောက်ဗျာ
    ရောက်ရာ
    ပေါက်ရာ
    လျောက်မှာ…

Leave a Reply