မေးကြမယ်…ဖြေကြမယ်…(ဂဇက်အတိုင်ပင်ခံPost)

alinsettApril 28, 201410min5606173

 

 ရွာ့အရေးတစ်ခု တိုင်ပင်ဆွေးနွေးပါရစေ… သို ့…

အဓိကကတော့   မန်ဘာတစ်ယောက် သိချင်တာတစ်ခုကို

တခြား သိတဲ့ မန်ဘာတစ်ယောက်က အဖြေရှာပေးသွားမယ့် လူမှုကူညီရေးအတိုင်ပင်ခံကဏ္ဍ အဖြစ် အကျိုးပြုနိုင်ဖို့ပါ။

((မေးခွန်းတစ်ခု သိချင်လို့မေးထားတာကို မကြာခင်မှာပဲ တစ်ယောက်ယောက်ကတွေ ့ပြီး ဆွေးနွေးတိုင်ပင် အဖြေရှင်းချက်လေးး ပေးသွားမယ် ဆိုတော့

ဒီ နေရာဟာ ရှင်သန် သက်ဝင်လှုပ်ရှားနေတယ်ဆိုတာကိုလည်း သက်သေပြရာရောက်ပါတယ်။))

 အဲဒီ အမေးနဲ့ အဖြေကို တခြားသူတွေ ဖတ်လိုက်ရရင်လည်း . . . အသိတွေ ဗဟုသုတတွေ တိုးပွါးနိုင်တာမို့

မန်ဘာဝင်မဟုတ်သူတွေ  အပြင်ကဖတ်သူတွေ အတွက်လည်း အကျိုးရှိပါလိမ့်မယ် ။

—————————————————————————————————–

 

ကျန်းမာရေးကိစ္စ

 

Q .  ဝင့်ပြုံးမြင့်

ဗိုက် ၂ကြိမ်ခွဲထားတော့ အခု ဗိုက်သားအဆီစုလာတဲ့အခါ အရင်ကလို အိပ်ထမတင်ကို တဖျပ်ဖျပ် မလုပ်နိုင်တော့ဘူး။

မနည်းကြီးကို လုပ်နေတာ သုံးကြိမ်ထက်ပိုမရဘူး။ အဲဒါ ဒီရွာထဲမှာ အားကစားသမားများရှိရင် အိပ်ထမတင် လုပ်စရာမလိုတဲ့ ဗိုက်ချပ်နည်းလေး မ စ ပါရှင့်။

 

————

 

A . ကေဇီ

@ Wint

ဗိုက်ချပ် အဆီကျလိုလျှင် (အရမ်းကောင်းသောအူဆေးနည်း)
===============================

ဆေးသောက်စရာမလိုပဲ အရမ်းကို ထိရောက်တဲ့ နည်းလမ်းလေး တစ်ခုရှိပါတယ်။ တစ်ရက်တော့ပင်ပန်း ခံရပါမယ်။ ခက်ခဲတဲ့အတွက် အစာအိမ်ရောဂါရှိသူ၊ သွေးအားနည်း ရောဂါရှိသူတွေအတွက်တော့ မစမ်းသပ်ကြဖို့ မှာကြားလိုပါတယ်။
၁။ ၂၄ နာရီလုံး ရေ တစ်မျိုးထဲသာ သောက်ရပါမယ်။
(ဥပမာ – ယနေ့ မနက် ရနာရီမှ စမည်ဆိုလျှင် နောက်နေ့ မနက် ရနာရီထိ)။

၂။ ၂၄ နာရီအတွင်း အနည်းဆုံး ရေ ငါးလီတာခန့်ထိ ဝင်အောင် သောက်ပေးရပါမယ်။
၃။ မည်သည့် အစားအစာ၊ကော်ဖီ၊လက်ဖက်ရည်၊ အချိုရည်မှ မသောက်ရပါ။

၅။ ၂၄ နာရိ ပြည့်သည်နှင့် ရေနွေး တစ်လီတာကို ဆား လက်ဖက်စားဇွန်း တစ်ဇွန်း ထည့်မွှေပြီး တစ်ထိုင်တည်း ကုန်အောင် သောက်ပေးရပါမည်။

၆။ ထို့နောက် အိပ်ယာထက်တွင် ညာဘက်သို့ စောင်းကာ နာရီ ဝက်ခန့် လဲလျောင်း နား နေရပါမယ်။

၇၊ ဝမ်းသွားလိုလာလျှင် ထ သွားလိုက်ပါ။
၈။ ထိုသွားသော ဝမ်းသည် အလွန် နံဟောင်သော ဝမ်း၊ ရံခါ အမည်း အညစ် အကြေးများပါ တွေ့ရပါလိမ့်မယ်။

၉။ ၄ခါ ၅ခါ ခန့်သွားပီး အရည်ကျဲလာလျင် ဆန်ပြုတ် (သို့) သစ်သီးဖျော်ရည် တစ်ခွက် သောက်ကာ ခန ပြန် နားနေလိုက်ပါ။

၁၀။ ထို့ နောက် ထိုနေ့ တစ်နေကုန် အပူအစပ်၊ နို့နှင့် နို့ထွက် အစားအစာများ နှင့် ready made food များကို ရှောင်ကြဉ်ပေးရပါမည်။
နောက်ရက်များတွင် နှစ်သက်ရာ ပြန်လည် စားသောက်နိုင်မည် ဖြစ်ပါသည်။ သို့သော် ready made food များကို တော့ တတ်နိုင်သလောက် ရှောင်ကျဉ်ရပါမည်။

နို့နှင့် နို့ထွက် အစားစာများကို တတ်နိုင်သလောက် ရှောင်ကျဉ်ရပါမည်။ သစ်သီးဝလံများကို ပိုမိုစားသုံးရပါမည်။

ညဘက်တွင် အသီးနှံ တမျိုးမျိုး ကို ညစာ အစားထိုး ဖြည့်စွက် စားသုံးနိုင်ပါသည်။

ယင်းနည်းသည် မင်းသမီး ဒိုင်ယာနာ မကွယ်လွန်မီ တလ တခါ ပြုလုပ်နေကြ နည်းလမ်းဖြစ်သည်ဟု သိရပါသည်။
မိမိတို့ နေ့စဉ် စားသုံးခဲ့သော အစားအစာများ အကြော်ဆီများ ဆီဦးထောပတ်များအတွက် အူသည် မည်သည့်အခါမှ မဆေးကြောခဲ့ရပါ။

ထို့ကြောင့် ဗီလိုင်ဟု ခေါ်သော အမြှေးလေးများမှာ ငါးကန်များ ရေညှိ တက်သကဲ့သို့ အညှိလေးများ တက်နေပါသည်။ ထိုသည်ကို ဆားရေနွေးလေးများဖြင့် ဆေးကြောသန့်စင်လိုက်ခြင်းဖြစ်ပါသည်။

ထိုသို့ ဆေးကြောလိုက်ခြင်းဖြင့် နောင် အခါ စားသောက်သော အသီးအနှံ အစားအစာများမှ အာဟာရများ ပိုမို စုပ်ယူနိုင်မည်ဖြစ်ပီး

ကျန်းမာသန်စွမ်းသော ကိုယ်ခန္ဒာကို ပိုင်ဆိုင်လာမည်ဖြစ်သည်
ထိုသို့ အူမဆေးမီ မိမိ ဗိုက်နှင့် ကိုယ်အလေးချိန် တိုင်းထားပါ။ အူဆေးပီးနောက်ရက် ထပ်တိုင်းကြည့်ပါ။

သိသိသာသာ ဗိုက်လေး ချပ်ရပ်လှပသွားမည်ကို တွေ့ရပါမည်။

သတိပြုရန်မှာ။ ။ အူဆေးထားပီးနောက် ညစာအဖြစ် နို့နှင့်နို့ထွက်အစားစာများ စားသုံးခြင်း၊

ညစာ အလွန်အမင်း စားသုံးခြင်းများ သတိပြု ရှောင်ကြဉ်စေလိုပါသည်။ အသီးအနှံ ဖြည့်စွက် စားသုံးခြင်း အလေ့အထကို ပြု လုပ်စေလိုပါသည်။
Credit to original uploader

————————————————-

ကေဇီ says:

တကယ်ပိန်ချင်သူများအတွက်သာ
**********************
ဟောဒီမှာ တကယ်ပိန်ချင်သူများအတွက် ဆေးဝါးအကူမလိုဘဲ၊ မိမိဖာသာ အစားအသောက်ဖြင့် ဝိတ်ချလို ့ရတဲ့ နည်းလမ်း ကောင်းရှိပါတယ်။

ဒီနည်းက ရက်သတတ္တ (၁)ပတ်အတွင်း ကိုယ်အလေးချိန် ၆ မှ ၈ ကီလိုထိ ကျစေတဲ့ နည်းလမ်းဖြစ်တယ်လို ့

၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ (၄)ရက် နေ ့စွဲပါ American Health Digest မှာ ဖော်ပြထားခဲ့ပါတယ်။ ။

သို ့သော် (၇)ရက်တိတိ သူ ့အညွှန်းအတိုင်း လိုက်နာနိုင်မှသာ ကိုယ်အလေးချိန် သိသိသာသာလျော့ကျစေမှာဖြစ်လို ့၊

တကယ်ပိန်ချင်လိုစိတ်ပြင်းပြ သူများ ကြိုးစားအားထုတ်ကြည့်စေလိုပါတယ်။
ပထမနေ ့
———–
တသက်တာလုံးစားသောက်လာခဲ့သမျှှ ခန္ဒာကိုယ်ထဲမှာ ပုန်းအောင်းနေတဲ့ အဆိပ်အတောက်တွေကို

ဖယ်ထုတ်ပေးရမှာဖြစ်လို ့ ပထမနေ ့က အရေးကြီးဆုံးပါဘဲ။ ။

ဒါကြောင့် ရေဓာတ်ပါဝင်မှုများတဲ့ သစ်သီးဝလံများဖြစ်ကြတဲ့

ဖရဲသီး၊ စတော်ဘယ်ရီ၊ သခွား မွှေး၊ ဂရိတ်ဖရု၊ နာနတ်၊ လိမ္မော်၊ စပျစ်သီး၊ သင်္ဘောသီး၊ ပန်းသီး၊ တရုပ်ဇီးသီးကြီး စသည့်

အဆင်ပြေရာ သစ်သီးတို ့ကို ဗိ်ုက် ဆာတဲ့အခါတိုင်း ထမင်းလွတ်စားပေးရမှာဖြစ်ပါတယ်။

သောက်ရေကိုတော့ အနည်းဆုံး ဖန်ခွက် ၆-ခွက်မှ ၈-ခွက်အထိ သောက် ပေးပါ။ (ပထမနေ ့မှာ ဌက်ပျောသီး စားခွင့်မရှိပါဘူးရှင်)
ဒုတိယနေ ့
————
ဒီနေ ့မှာတော့ ပန်းဂေါ်ဖီစိမ်း(ခေါ်)ဘရိုကိုလီ၊ မုန်လာဥနီ၊ ပဲသီးအမျိုးမျိုး၊ သခွားသီး၊ ဂေါ်ဖီထုပ် စတဲ့ ဟင်းသီးဟင်းရွက်တွေကို အစိမ်းလိုက်(သို ့မဟုတ်)ပြုတ်၍(သို ့မဟုတ်)အပူပေးကာ ဟင်းချို/စွပ်ပြုတ်ဖြစ်ဖြစ် နှစ်သက်သလို စားနိုင်ပါတယ်။ ။

သို ့သော် ဆီ (လုံးဝ) မထဲ့ပါနဲ ့။ ဒုတိယရက်မှာ အာလူးကို ရှောင်နိုင်လေကောင်းလေးပါ။

အကယ်၍ အားလူးစားချင်စိတ်ရှိပါက ပြုတ်၍ နံက် စာအဖြစ်သာစားပါ။ (ပထမနေ ့အတိုင်း ရေသောက်ဖို ့မမေ့ပါနဲ ့)
တတိယနေ ့
————-
ဒီနေ ့အတွက် သစ်သီးဝလံ နဲ ့ဟင်းသီးဟင်းရွက်တွေကို တလှည့်စီစားလို ့ရပါပြီ။ ဒါပေမယ့် အာလူးတော့ မစားပါနဲ ့ဦး။

နံက်စာ ကို သစ်သီးဝလံစားပါ။ နေ ့လည်စာကို ဟင်းသီးဟင်းရွက်စားပါ။

ညနေပိုင်း အဆာပြေ သစ်သီးထပ်စားပြီးနောက်၊ ညစာကိုတော့ ဟင်းသီးဟင်းရွက်တွေရော သစ်သီးဝလံများပါ ၂-မျိုးရောစားနိုင်ပါတယ်။ (ပထမနေ ့အတိုင်း ရေသောက်ဖို ့မမေ့ပါနဲ ့)
စတုတ္ထနေ ့
———–
ဒီနေ ့ကတော့ ပျော်စရာနေ ့လေးပါဘဲ။ တနေ ့တာလုံးအတွက် ဌက်ပျောဌက်ပျောသီး ၈-လုံးအထိစားလို ့ရပြီး၊

နွားနို ့၃-ခွက် အထိ သောက်ခွင့်ရှိပါတယ်။ နံက်စာ၊ နေ ့လည်စာနဲ ့ ညစာတွေကို ဌက်ပျောသီး ၂-လုံးနဲ ့၊ နွားနို ့ ၁-ခွက် စီသောက်ပေးပါ။

ညနေစာကိုတော့ အဆာပြေ ဌက်ပျော်သီး ၂လုံးလောက်စားပေးနိုင်ပါတယ်။ (ပထမနေ ့အတိုင်း ရေသောက်ဖို ့မမေ့ပါနဲ ့)
ပဉ္စမနေ ့
———
ဒီနေ ့မှာတော့ ခရမ်းချဉ်သီးမှည့်(အလုံးကြီးကြီး) ၁၀-လုံးနဲ ့ ထမင်း ပန်းကန်လုံးသေး ၁-ခွက် စားလို ့ရပါတယ်။

ထမင်း ပန်းကန် လုံးသေး ၁-ခွက်ကို နေ ့လည်စာအဖြစ် စားပြီး၊ နံက်/နေ ့လည်/ညစာတွေအတွက်

ခရမ်းချဉ်သီး ၁၀-လုံးကို အဆင်ပြေသလို စား နိုင်ပါတယ်။ ပဉ္စမနေ ့က ရေတိုးသောက်ပေးရမယ့် နေ ့ဖြစ်လို ့

ယခင်သောက်ရေ ဖန်ခွက် ၈-ခွက်မှ ယခု ၁၂-ခွက်အထိ သောက် ပေးရပါမယ်။
ဆဌမနေ ့
———-
ဒီနေ ့မှာလည်း နေ ့လည်စာကို ထမင်းပန်းကန်လုံးသေး ၁-ခွက် စားလို ့ရပါတယ်။

သို ့သော် သစ်သီးဝလံတို ့စားခွင့်မရှိပါဘူး။ ဒုတိယနေ ့ကအတိုင်း ဟင်းသီးဟင်းရွက်တွေကိုတော့ အလုံအလောက်စားပေးနိုင်ပါတယ်။

(ပဉ္စမနေ ့ပမာဏအတိုင်း ရေများများ တိုးသောက်ဖို ့မမေ့ပါနဲ ့)
သတ္တမနေ ့
————-
(အားတင်းထားနော် နောက်နေ ့ကစလို ့ကိုယ်ကြိုက်တာ အစားစုံ စားလို ့ရပြီလေ) ပျော်စရာနေ ့ကြီးပါ။

ဒီနေ ့မှာတော့ ထမင်း ပန်းကန်လုံးသေး ၁-ခွက်စာ အပြင်၊ ဟင်းသီးဟင်းရွက်တွေနဲ ့ သစ်သီးဝလံတွေပါ စားခွင့်ရှိပါတယ်။

မှန်ကြည့်လိုက်ပါဦး သင့် မျက်နှာအသားအရေပိုကောင်းလာပြီး ယခင်ကထက် ပိုမိုဝင်းပနေတာကိုတွေ ့ရပါလိမ့်မယ်။

ကိုယ်အလေးချိန် ချိန်ကြည့်တဲ့အခါ မှာလည်း အနည်းဆုံး ၆-ကီလိုလောက် ကျသွားတာမို ့

ဒါဟာ သင့်ရဲ ့ မဆုတ်မနစ် ဇွဲရှိရှိဖြင့် ကြိုးစားအားထုတ်မှု ရလာဘ်တွေ ဖြစ်ပါတယ်။

ပေါက်ပေါက် (Ref : American Health Digest )
—————————————————-
http://www.facebook.com/health.beauty.mm
ကျန်းမာရေးနှင့် အလှအပရေးရာမှ
တဆင့်ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်။

 

——————————————————————————————————————————————–

 

Q .  •*¨နန်းတော်ရာသူ •*¨

ဆာဂျရီလုပ်ထားရင်သေရင်ချက်ချင်းပုပ်တယ်ဆိုတာဟုတ်ပါသလား။ သာမန်ဗိုက်ခွဲထားရင်ကော သေရင်ချက်ချင်းပုပ်ပါသလား။
သေပြီးနောက်ကိုယ်ခန္ဓာကိုလှူနိုင်ဖို့ ဘယ်လိုပြင်ဆင်သင့်ပါသလဲ သိချင်နေတာကြာပါပြီ။

 

———————

 

A .  padonmar

မဆီမဆိုင် မမနန်းရယ်၊
ဆာဂျရီလုပ်ထားတာနဲ့ ဘာလို့ မြန်မြန်ပုပ်ရမှာလဲ၊ပုပ်စရာတခုလျော့သွားလို့ ပုပ်ချိန်တောင် နှေးရအုံးမယ်။
ရန်ကုန်မှာတော့ ရေခဲတိုက်ထဲ ထည့်တော့ ပုပ်တာမသိသာဘူး။
နယ်တွေမှာတော့ သိသာတယ်။
ဒါကြောင့် ဘုန်းကြီးပျံတွေဆို ဗိုက်ခွဲ ကလီစာတွေထုတ်ထားရင် ရရက်စသည် ထားလို့ရသွားတယ်။
ဖော်မလင် ထိုးထားရင်လည်း အပုပ်နှေးတယ်။
သေပြီး ရိုးရိုးထားတာချင်းမှာလည်း မသေခင် လေဖြတ်တာတို့ ဖောယောင်နေတာတို့ဆို မြန်မြန်ပုပ်နံ့ထွက်တယ်။
ပုံမှန်ဆို သေပြီး ၃နာရီလောက်မှာ တောင့်တင်းလာပါတယ်။
(Rigor Mortis)လို့ခေါ်တယ်။ပြီးရင်တော့ တဖြည်းဖြည်း ပုပ်ဖို့ စလာတာပါပဲ။
(အင်း…ဒီကွန်မန့်ကတော့ မွှေးနေမှာပဲ)

 

———————————————————————————————————————————————-

မျက်စိကျန်းမာရေး

 

Q –  Crystalline

ကိုအလင်းဆက်ရှင့်…
ကျမသိလိုတာက ရန်ကုန်မှာ ကုသိုလ်ဖြစ်.. မျက်စိခွဲစိတ်တဲ့ ဆေးခန်းတွေဘာတွေရှိလား သိချင်ပါတယ်…

နယ်ဖက်က ကလေးမလေး တစ်ယောက်ခွဲစိတ်ချင်လို့ပါ… ဆေးခန်းတွေမှာခွဲစိတ်ဖို့.. ပိုက်ဆံလည်းမတတ်နိုင်တဲ့အတွက်..

စရိတ်စက နည်းနည်းနဲ့ ကုသလို့ရမယ့်နေရာရှိမရှိသိလိုပါတယ်..

 

—————-

A .1 – alinsett(gazette)

 

စရိတ်နည်းနည်း သက်သက်သာသာနဲ့
ကုသပေးတဲ့နေရာတွေရှိပါတယ်ခင်ဗျ

သိသလောက်တော့
မြောက်ဥက္ကာ မေဓါဝီဆေးရုံမှာလည်း ကုသပေးပါတယ်
ဦးကျော်သူတို့ဆီမှာလည်း ကုသပေးပါတယ်။
ရန်ကုန်မျက်စိအထူးကုဆေးရုံကြီး(မင်္ဂလာတောင်ညွန့်)မှာလည်း စရိတ်သက်သာစွာ ကုသနိုင်ပါတယ်။
မျက်စိဆေးရုံကြီးမှာတော့ ကျနော်ကိုယ်တိုင် မျက်စိကုဖူးပါတယ်။
ခွဲစိတ်ရတာတော့မဟုတ်
သာမန်အသေးစားကုသမှုပါ
အဲဒီတုန်းကတော့ စေတနာကြေးပဲ ပေးရပါတယ်။
လိုအပ်တဲ့ဆေးကိုတော့ ဆေးရုံရဲ့ သက်သာဆိုင်က ဝယ်ယူရပါတယ်
သမိုင်းလမ်းဆုံက ကြံ့တွေဖွတ်တွေ တည်ထောင်ထားတဲ့ ဖြိုးဆိုလား
ဆေးခန်းမှာလည်း တနင်္လာ သောကြာ နှစ်ရက်ကို အခမဲ့ကုသပေးတယ်လို့ သိရပါတယ်။

 

———————–

 

A . 2 – nozomi

ဇီဝိတဒါနသံဃဆေးရုံမှာလဲ အခမဲ့ ( သို့) သက်သာသောနှုံးနဲ့ ခွဲပေးနေတာရှိတယ်

 

————————————————————————————————————————————————

 

နှင်းဆီပင်လေး

Q .  lu lu

တစ်ခုလောက်မေးစမ်းချင် ရဲ ့
နှင်းဆီပန်းပင် အတွက် ဘယ်လို အာဟာရ တွေကြွေးရပါသလဲ
လုလု နှင်းဆီ ပင် တွေစိုက်ထားတာ ကြီးထွာမှုအားနဲနေလို ့
ဘာလုပ်ပေးရမလဲ

————————-

A . 1 – ကေဇီ

@ Lu Lu

အဝတ်သန့်သန့်လျှော်ပြီးထားတဲ့ ဆပ်ပြာမှုန့်ရေ လောင်းလိုက်။
အကုန် အကျသက်သာအောင်။အဖူးတွေကို ပိုးမကိုက်စေချင်ရင် ကြက်ဥခွံ့စွပ်ထားးး
ကုန်နိုင်ရင် ဘားပလက် ကျွေးးး

နောက် နှင်းဆီ က အပွင့် မပွင့်တဲ့ ကိုင်းတို့ ကျိုးသွားတဲ့ ကိုင်းတို့ ကို အားမနာနဲ့ ဖြတ်ပစ်။
နို့မို့ အမြစ်က သယ်ပေးတဲ့ အာဟာရကို သူတို့ပါ ပေးနေရတာ။။

I am serious.

————————–

A . 2 –  Ma Ma

နှင်းဆီပင်အတွက် အလွယ်ကူဆုံး အကောင်းဆုံးအားဆေးက ဆန်ဆေးရည်  ပါပဲ။
နေ့စဉ် ထမင်းချက်တဲ့အခါ ရတဲ့ ဆန်ဆေးရည်နဲ့ ပန်းပင်ကို လောင်းပေးရင် အခြား ဘာအားဆေးမှ ထည့်ဖို့မလိုပါဘူး။
ဆပ်ပြာရည်ကတော့ ပိုးသတ်ဆေးအစားသုံးတဲ့သဘောပါ။ :)

 

——————————————————————————————————————————————————

 

 

လေယာဉ်လက်မှတ်ကိစ္စ

 

Q . 1 – Ma Ma

လေယာဉ်လက်မှတ်ဈေး သိချင်နေတာနဲ့ အတော်ပဲ။
စ လုံး သွားဖို့ လေယာဉ်လက်မှတ်ဝယ်ချင်တယ်။
အသက်သာဆုံးနည်းနဲ့ ဘယ်လိုဝယ်ရမလဲ။ :boss:

————————–

A . 1 –  sorrow

 

တီတီမမရေ …လက်ရှိ စလုံးကို သွားနေတာ အောက်ပါအတိုင်းရှိပါတယ်ဗျ ။

1) စင်ကာပူလေကြောင်း ( SQ )
2) ပိုးသားလေကြောင်း ( MI )
3) ရွှေမြန်မာလေကြောင်း ( GMA )
4) မြန်မာ့လေကြောင်း ( 8M)
5) ကျားလေကြောင်း ( TR )
6)ဂျက်လေကြောင်း ( 3K)

ဈေးသက်သာတာရွှေးချယ်လိုရင်ဖြင့် ( ရွှေမြန်မာ ။ ကျား ။ ဂျက် စသော စရိတ်နည်း လေကြောင်းလိုင်းများကို ရွှေးချယ်စေလိုကြောင်း )

သို့သော် စရိတ်နည်းလေကြောင်းလိုင်းများ၏ ထုံးစံအတိုင်း
1) သွားပြန် ရက်အတိအကျ သတ်မှတ်ရခြင်း
2) ဝန်စည်စလှယ်ဖိုး ထပ်မံပေးဆောင်ရခြင်း
3) ရက်ပြောင်းလိုလျှင် ရက်ပြောင်းကြေးနှင့် ဒဏ်ကြေးထပ်မံပေးဆောင်ရခြင်း

အဲ့တာလေးတွေကတော့ရှိကြောင်း ဈေးနှုန်း အားဖြင့် အစိမ်း 150 -200 ခန့်သွားမည့်ရက်ပေါ်မူတည်ပြီး အပြောင်းအလဲရှိပါကြောင်း ။

မှတ်ချက် ။ မြန်မာလေကြောင်း အထူးဈေးချထားပေးပါသည် ။ 205 ကျပ် ( 14 ရက်အတွင်း ရက်ချိန်းနိုင်သည် ) ။ GMA လေယဉ်မယ်လေးများ တော်တော်ချောသည် ။ ဟိုလေကြောင်းလိုင်းမှ aisle နှင့်ပင် မဆန့်သော လေယဉ်မယ် ဝဝကြီးများလိုမဟုတ် ….အဟိဟိ

———————————————————————————————————————————-

Q . 2 – ကေဇီ

ညီညီတာလေး လိုက်တာ ဘယ် လေကြောင်းတုန်းးး

————-

A . 2 – sarrow

အပြည်ပြည်ဆိုင်ရာ မြန်းကျန့်လေကြောင်း မှာလုပ်သွားတာ…

————————————————————————————————————————————————–

 

 

ဘဏ်ကိစ္စ

 

 Q – မိုက်ကယ်ဂျော်နီအောင်ပု

. ဘဏ်မှာငွေထည့်ထားရင် အတိုးဘယ်လောက်ရနိုင်သလဲဗျာ
.အနည်းဆုံးဘယ်လောက်ထည့်လို့ရတယ်
. ကိုယ်လိုတဲ့အချိန်ပြန်ထုတ်လို့လွယ်မလွယ်
. ဘဏ်မှာငွေအပ်တာ လုပ်သင့်မသင့်
. ဘယ်ဘဏ်မှာ ဘယ်လိုပုံစံက ပိုကောင်းတယ် ဘါညာကွိကွ

——–

A . 1 –  ဦးဦးပါလေရာ

.ဘဏ်မှာ ငွေစုစာရင်း ၈% စာရင်းသေအပ်ငွေ ၈-၁၀% ရနိုင်ပါတယ်
.စာရင်းစဖွင့်ရင်အနည်းဆုံး ၁၀၀ဝ ကျပ်ထည့်ရမှာဖြစ်ပြီး စာရင်းထဲမှာ အနည်းဆုံး၃၀ဝ ကျပ်ချန်ရပါမယ်
.ကိုယ်လိုတဲ့အချိန်ပြန်ထုတ်ဖို့ဆိုတာ ဘဏ်အမျိုးမျိုးအပေါ်မှာနဲ့ အခြေအနေအပေါ်မှာ မူတည်ပါတယ်။

အခုတော့ ဘာမှမဖြစ်သေးတော့ ဘယ်ဘဏ်ဖြစ်ဖြစ်လွယ်ပါတယ်။
.မြန်မာပြည်ကဘဏ်တွေမှာငွေအပ်တယ်ဆိုတာ ပိုက်ဆံဒီအတိုင်းထားရမှာ များလို့ ရှုပ်လို့ ခက်လို့ အပ်ကြရတာပါ။

အတိုးလိုချင်လို့လဲ အပ်တာရှိပေမယ့် ရတာနဲ့ ကာမိပါ့မလားဆိုတာ လူအပေါ်မူတည်ပါတယ်။

ဒီမှာ ဘဏ်ထဲငွေထည့်ပြီး နိုင်ငံခြားမှာလို သုံးစရာရှိတိုင်း ကဒ်နဲ့ ချက် နဲ့ ရှင်းလို့မရပါဘူး။

ငွေရှင်းစရာရှိတော့ ကိုယ်တိုင်ဘဏ်ကငွေသွားထုတ်ပြီး ကူလီနဲ့ထမ်း ကားနဲ့သယ်ပြီး ရှင်းရတာပါ။

.ဘယ်ဘဏ်က ဘယ်လိုဆိုတာနဲ့ပတ်သက်လို့
.-မဆုံးချင်ရင် MICB
.-မြန်ချင်ရင် CB
.-နေရာတစ်ကာမှာ ငွေထုတ်ငွေသွင်းချင်ရင် KBZ
.-ဘဏ်ထဲမှာ တစ်ရေးအိပ်ချင်ရင် MOB
.-ဘဏ်ထဲ ကော်ဖီသောက်ပြီး ကာရာအိုကေ ကြည့်ချင်ရင် MAB
.-ဘဏ်စည်းထဲမှာ ငွေစက္ကူအတုပါလာမှာမကြောက်ရင် …… အဲ… အဲဒါလေးတော့ ပြောလို့မဖြစ်ဖူးထင်ပါရဲ့….

————–

A . 2 –  ကထူးဆန်း

saving account က တစ်ပါတ်မှာ တစ်ခါဘဲ ထုတ်ပေးပါတယ် ။
current account ကတော့ cheque နဲ့ ကြိုက်သလောက်ထုတ်လို့ ရပါတယ်

ဆိုတော့ current account ကို saving account နဲ့ ချိတ်ဆက်ထားမှ လိုချင်တဲ့ အချိန်ပြန်ထုတ်လို့ လွယ်ပါတယ် ။
USD account ကတော့ တစ်နေ့မှusd တစ်သောင်းထက်ပိုမထုတ်ပေးပါဘူး ။

usd account မှာ saving မရှိဘူးထင်ပါသည် ။ သို့သော် ကိုယ့် usd account ထဲ က ဒေါ်လှတွေ ကို

အဲ့ဒီ့နေ့ မြန်မာငွေ ပေါက်ဈေးနဲ့ လဲထုတ်မယ် ဆိုရင်တော့ အကုန်ပြောင်အောင်လည်း သတ်မှတ်ဈေး နဲ့ လဲထုတ်လို့ ရပါသည် ။
ဦးဦးပါရဲ့ အဲ ကိုဖြေကြည့်ရရင် ADB ဆို မှန်မလားဟင် ….

————————————————————————————————————

 

အခွန်ကိစ္စ

 

Q .  ပန်း စံပါယ်

အခွန်ဆောင်ပြီးငွေ၊ အခွန်ကင်းလွတ်ခွင့်ရတဲ့ငွေနဲ့ ကားဝယ်ရင် အခွန်ကိစ္စက ဘယ်လိုပါလဲ သိပါရစေ။

ဘာကြောင့်လဲဆိုတော့ ကားဝယ်ရင် အခွန်အမည် အမျိုးမျိုးနဲ့ ဆောင်ကြရတယ်ကြားလို့ ရှင်းရှင်းလင်းလင်း သိပါရစေ။

အခြားနိုင်ငံတွေမှာရော ကားဝယ်ရာမှာ ဘယ်လိုစည်းကြပ်မှုတွေရှိလဲဆိုတာလည်း သိပါရစေ။

နောက်တစ်ခုသိချင်တာက တစ်နှစ်ဝင်ငွေ သိန်း ၂ဝ ဆိုရင် အခွန်ကင်းလွတ်တယ်ဆိုတော့

အဲဒီမှာ အစိုးရဆီ တရားဝင် ဝင်ငွေခွန်ကြေငြာထားခြင်းမရှိတော့ တရားဝင်ငွေဖြူ ဟုတ်မဟုတ်ဆိုတာ သိချင်ပါတယ်။

နောက်ပြီး သိန်း ၅ဝ ရတဲ့သူကလည်း ကြေငြာထားခြင်းမရှိတော့ ငွေဖြူ မဟုတ်တာတော့ သေချာတယ်။ အချို့ဝန်ထမ်းတွေက တရားဝင်ဖြစ်ချင်တယ်။ ဝင်ငွေခွန် ဆောင်ချင်ကြတယ်။ သို့သော်လည်း လုပ်ငန်းရှင်တွေဘက်က တရားဝင်မလုပ်ကြဘူး။

ကုမ္ပဏီဘက်က မလုပ်တော့ ဝန်ထမ်းတွေအနေနဲ့ ဝင်ငွေကို တရားဝင်ဖြစ်အောင် ဘယ်လိုမှလုပ်လို့မရဘူး။

အဲဒီလိုတရားဝင်လုပ်ရင် သူတို့လဲအခွန်နဲ့ အတော်ထိတော့မှာလေ။ နောက် အခြား အကြောင်းအချက်တွေလည်း ရှိမှာပေါ့။

မိမိလုပ်အားခကို အခွန်ဆောင်ပြီး တရားဝင် ဝင်ငွေဖြစ်အောင် ဘယ်လိုလုပ်ရပါ့မလဲမသိ။ အစိုးရအနေနဲ့ လုပ်ငန်းရှင်တွေက ဝန်ထမ်းလစာကို တရားဝင် အမှန်အတိုင်းဖော်ပြ ကြေငြာနိုင်ဖို့ကို အဘယ်ကဲ့သို့ လုပ်ဆောင်မည်နည်းသိချင်စမ်းပါဘိ။

 

——————————–

 

A . 1 – kai

ယူအက်စ်မှာတော့.. အခွန်ဆောင်ထားငွေ (ငွေဖြူ)နဲ့ကားဝယ်ရင်လည်း.. အခွန်ထပ်ဆောင်ရမှာပဲ..
ကုန်ဝယ်တဲ့အခွန်လေ..။
ကားမှမဟုတ်.. ငွေဖြူနဲ့.. ဘာဝယ်ဝယ်.. ဝယ်ခွန်ထပ်ပေးရပါတယ်..။
သာမန်အားဖြင့် ကုန်ဝယ်ခွန်က၁ဝရာခိုင်နှုန်းပါ..။
သာမန်အားဖြင့်… ယူအက်စ်မှာ..လူတယောက် ငွေ၁၀ဝ ဝင်ငွေရှိရင်.. ၅ဝကျော်..၅၁-၂လောက်ကအစိုးရကို

အခွန်အဖြစ်သေချာပေါက်(သေချာပေါက်) ပေးရပါတယ်..။
အဲဒီငွေနဲ့.. အမေရိကားအစိုးရ ကမ္ဘာမှာလူတွင်ကျယ်လုပ်နေတာဖြစ်ပါကြောင်း..။

ကားဝယ်ရင်.. တလုံးထဲတခဲထဲ.. ရော့ ၃သောင်းဆို.. မပေးကြပဲ.. အကြွေးယူပေးပါတယ်..။
ဥပမာ။ ၃သောင်းတန်ကားဝယ်မယ်ဆို.. ၁သောင်းကို လက်ငင်းပေးမယ်..။ ကျန်၂သောင်းကို ..အတိုးနဲ့ငွေချေးပြီး.. တလ ၄၀ဝ နဲ့.. ၅နှစ်ဆပ်မယ်.. စသဖြင့်ပေါ့…။
ငွေလှုပ်တိုင်း..လှုပ်တိုင်း.. အခွန်က ကပ်ကပ်ပါပါတယ်..။
=
လုပ်ငန်းရှင်က.. စုစုပေါင်းဝင်ငွေထဲက..အမြတ်ပြပြီးအမြတ်ထဲက အခွန်ဆောင်ရတဲ့..ရာခိုင်နှုန်းနဲ့..

စုစုပေါင်းဝင်ငွေထဲက.. ဝန်ထမ်းလစာတွေနှုတ်.. ပြီးမှအခွန်ဆောင်ရတဲ့.. အချိုးရာခိုင်နှုန်းမတူပါ..။
ဒါကြောင့် ..ယူအက်စ်မှာ.. အမြတ်ငွေတက်တာနဲ့အမျှ.. ဝန်ထမ်းတွေကိုတိုးခန့်တယ်..။

အခွန်ကို တဝက်..လုပ်ငန်းရှင်က ဝင်ဆောင်ပေးတယ်..။ စသဖြင့်လုပ်ကြပါကြောင်း…။
အခွန်စနစ်မှန်သွားတာနဲ့အမျှ.. တိုင်းပြည်တိုးတက်လာမှာဖြစ်ပါကြောင်း..။ :mrgreen:

 

—————————

 

A . 2 –  ဦးကြောင်ကြီး

ဝန်ထမ်းလစာပေးတိုင်း တစုတစည်းထဲ ရီပို့တင်ရတဲ့စနစ်ရှိလျင် ဘယ်သူဘယ်လောက်ရလို့ ဘယ်လောက်ဆောင်ရမည်ဆိုတာ ရှင်းသွားပါမည်။

ယနေ့အိုင်တီခေတ်မှာ ဒီလိုပဲလုပ်ကြသလေ..။ အစိုးရဝန်ထမ်းများ ဖက်စပ်ဝန်ထမ်းလစာများ အဲလိုပဲ လုပ်ကြပါသည်။

လစာပေးထဲက အခွန်၊ ဖူလုံကြေး ဘာညာကွိကွ တခါထဲဖြတ်ထားပြီး ဘဏ်မှာသွားဆောင်၊

ကျန်ငွေကို ဝန်ထမ်းကို ချက်ထုတ်ပေး.. ဘဏ်စနစ်ဖွင့်ဖြိုးဖို့ မြန်နှုန်းမြင့်အင်တာနက် ထွန်းကားဖို့လိုသည်။

တခုရှိတာ တရားမဝင်ခန့်ထားရင် ချက်လက်မှတ်နဲ့မပေးပဲ ငွေသားချည်းပေးလျင်တော့ လိုက်ရခက်မြီ။

အချို့လုပ်ငန်းရှင်များက အလုပ်သမား ဥပဒေကိုကြောက်လို့ တမင်စာရင်းမသွင်းဘဲနေတာလည်း များစွာရှိသည်။

 

————————————————————————————————————————————————-

Q – ပန်းစံပယ်

” မှတ်​ချက်​..နိုင်​ငံသားမည်​သူမဆို အ​ခြေပစ္စည်​းတစ်​ရပ်​ရပ်​ ဝယ်​ယူခြင်​း တည်​​ဆောက်​ခြင်​း ရယူခြင်​း အတွက်​

တစ်​ဦးလျှင်​ တစ်​ကြိမ်​သာခံစားခွင်​့ရှိသည်​ ” ဆိုတာ ဘယ်​လိုမျိုးပါလဲ သိပါရ​စေ။
ဥပမာ နိုင်​ငံခြားသွားြပြီးအလုပ်​လုပ်​တဲ့သူတစ်​​ယောက်​ ရဲ့ လစာနဲ့ သူ့နာမည်​နဲ့အိမ်​ဝယ်​တယ်​ အခြားတစ်​​ယောက်​က ကားဝယ်​တယ်​ ဆိုပါ​တော့။

အခွန်​ကင်​းလွတ်​တဲ့ လစာ​​ငွေနဲ့ဝယ်​တာလည်​းဖြစ်​တယ်​ သူ့နာမည်​နဲ့ ဝယ်​ထားတဲ့အိမ်​/ကားလည်​း အခြားမရှိ​သေးဘူးဆိုရင်​

အခွန်​ကင်​းလွတ်​တယ်​ဆိုတဲ့သ​ဘော ဟုတ်​ မဟုတ်​ သိပါရ​စေ။

—————–

A – ဦးဦးပါလေရာ

.အခုမေးတာ အခြေပစ္စည်းနဲ့ပါတ်သက်ပြီး နှုံးထားလျှော့ပေါ့ထားတဲ့ အခွန်ကိစ္စဖြစ်မယ်ထင်ပါတယ်။

 

.အခြေပစ္စည်းဆိုရာမှာ အိမ်၊ မြေ၊ တိုက်ခန်း တွေကို ခေါ်ဆိုတာပဲ ဖြစ်ပါတယ်။ ကား မပါ ပါ။
.အခွန်ဆောင်ထားတဲ့ သို့မဟုတ် အခွန်ကင်းလွတ်ခွင့်ရထားတဲ့ ငွေဖြူနဲ့ ဝယ်တာတွေမပါပါ။ အဲဒီငွေမျိုးတွေနဲ့ ကြိုက်သလောက်ဝယ် – တံဆိပ်ခေါင်းခွန် သာကျသင့်မှာ ဖြစ်ပါတယ်။
.ဝင်ငွေရလမ်းမဖေါ်ပြနိုင်တဲ့ ငွေမည်းနဲ့ဝယ်ရင် အခုအသစ်သတ်မှတ်ထားတဲ့ နှုံးနဲ့ တစ်ကြိမ်သာ စည်းကြပ်မှာဖြစ်ပြီး နောက်အကြိမ်တွေအတွက်တော့ အခွန်ဥပဒေပါ အချိုးအစားအရ အချိုးကျစည်းကြပ်မယ် လို့ ဆိုလိုပါတယ်။
.ဒါကြောင့် ငွေမည်းနဲ့ဝယ်မှာဖြင့်သိန်း ၁၅၀၀/ သိန်း၃၀၀ဝ အတွင်းဝယ်ရင် အတန်ဆုံးဖြစ်ပါတယ်။
.ဒါကြောင့် မန္တလေးမှာ အရင်လို အကွက်ကြီးအရောင်းအဝယ်တွေထက် သိန်း ၃၀၀ဝ ပတ်လည်တွေ အရောင်းအဝယ်လဲဖြစ် အခွန်လဲဆောင်ကြပါတယ်။

—————————————————————————————————————————————-

 

 

အိမ်ထောင်ရေးကိစ္စ

 

Q – ဝင့်ပြုံးမြင့်

အချစ်ရေးကို တာဝန်ယူဖြေရှင်းပေးမည်၊ အထူးသဖြင့် ကွဲကွာရေးကို တာဝန်ယူဖြေရှင်းပေးမည်ဆိုသော မမချွိကို မေးပါရစေ။
ဒီလိုလေ၊ ကိုယ်က မယားကြီးနေရာကဆိုပါတော့၊

ကိုယ့်မှာက သားတစ်ယောက်လည်းရှိပြီ၊ ပြည်ပကိုလည်း ခဏတဖြုတ်ရောက်နေတယ်။

အိမ်ထောင်သက်ကလည်း ဘာမှ မကြာသေးဘူး။ မြန်မာပြည်က ကိုယ့်ယောက်ျားက နောက်တစ်ယောက်နဲ့ မင်္ဂလာဆောင်ဖို့ ကြိုးစားနေတယ်။ မယားကြီးတစ်ယောက်အနေနဲ့ ကိုယ်က ဒီလိုကြီးပေါ်တင်စော်ကားခံရပြီဆိုတော့ မကျေနပ်ဘူး။

သတင်းစာမှာ ဘာညာကွိကွ ထည့်လိုက်တယ်။

ကိုယ့်ယောက်ျားကတော့ သူ့မိဘတွေဆီက အမွေဖြတ်ဆိုတာလုပ်ပြီး နောက်အိမ်ထောင်ထူဖို့ လုပ်လိုက်ပြီ။

အဲဒီမှာ ယောက်ျားက အမွေဖြတ်ဆိုတာ လုပ်လိုက်တော့ ပါရင်းပစ္စည်းဆိုတဲ့အပိုင်းက မရှိတော့ဘူးပေါ့နော်။

လင်မယားကွဲရင် လင်ရဲ့ ပါရင်းပစ္စည်း (သူ့မိဘအမွေ) သုံးပုံတစ်ပုံ မိ်န်းမက ရတယ်လေ။

လက်ထက်ပွားကတော့ တစ်ယောက်တစ်ဝက်ပေါ့။

လောလောဆယ်မှာ သူက အမွေဖြတ်လုပ်ချလိုက်တော့ မယားကြီးက ပါရင်းထဲက ဘာမှ မရတော့ဘူးလား။

တကယ်တော့ ဒီအမွေဖြတ်ဆိုတာချည်းကလည်း တရားမဝင်တော့ သူ့မိဘတွေ သေပြီးရင် အမွေက သူပဲပြန်ရမှာလေ။

အဲတော့ ယောက်ျားရဲ့ ပါရင်းပစ္စည်းတွေအပေါ်မှာ နောက်မယားကသာ အကျိုးကျေးဇူးခံစားခွင့်ရှိသွားတော့မှာပေါ့။

နောက်မယားအနေနဲ့ အမွေမမက်ဘူးဆိုတဲ့ ဂုဏ်သိက္ခာလည်းရ၊ ပစ္စည်းလည်းရ၊ အဲဒီလိုဖြစ်မကုန်ဘူးလား။

တကယ်တော့ ကိုယ်လင်တစ်ယောက်ရဖို့အတွက် သူများ အသိုက်အမြုံကို ဖြိုခွဲနိုင်တဲ့သူ၊

မိန်းမသားချင်း ကို်ယ်ချင်းမစာတဲ့သူ ဟာ နဂိုအခံမှာ မက်ပြီးသားပါ။

အဲတော့ မမချွိသာ မယားကြီးနေရာမှာဆိုရင် ကွာမလား။

————–

A –  ကေဇီ

ငင့်။
ဝင့်။ ဒါက အချစ်ရေးဟုတ်ဘူးလေ။
အိမ်ထောင်ရေးဖြစ်သွားပြီ။
ကြားရတာတော့ ခုလတ်တလောခေတ်စားနေတဲ့ ဟိုမင်းသမီး ကိပ်စနကို အမှတ်ရစေတယ်။
ကျနော့စိတ်နဲ့ ဆိုရင်တော့ အဲဒီ အချိန်မှာဖစ်နေတဲ့ မုဒ် အတိုင်းလုပ်မယ်ဗျ။

 

ပြည်ပမှာ ခဏတဖြုတ်ဆိုတာ အလည်လားးး
အလုပ်လုပ်နိုင်တယ် ဆိုရင်တော့ ဘာပဲပြောပြော အဲဒီ အကြီးအနေနဲ့ အရည်အချင်းလေး ရှိပြီးသားလို့ မှတ်ပါတယ်။
ပိုက်ဆံရှာနိုင်တဲ့ မိန်းမတစ်ယောက်အနေနဲ့ဆိုရင်တော့ ရိုင်းရိုင်းပြောရရင်

အချိန် တို အတွင်း အောက် ဆော့တတ်တဲ့ ယောက်ကျားကို ဆက်ပေါင်းဖို့တော့ အားမပေးချင်။
သူများ အသိုက်အမြုံခွဲသူဟာ သူ့အကျိုးပေးနဲ့ သူသွားမှာမို့ မခံချင်စိတ်နဲ့ တွယ်ကတ်နေမဲ့အစား လက်လွှတ်လိုက်တာကောင်းမလားလို့ပါ။ (ကိုယ့် အရွယ်လည်းရှိတုန်းဆိုရင်ပေါ့။)
တစ်ခါတစ်လေမှာ ကိုယ့်သိက္ခာဟာ လက်လွှတ်လိုက်မှ တက်သွားတာတာ။
ဆွဲထားဖို့ ကြိုးစားရင် သိက္ခာမတက်တဲ့အပြင် အရှုံးသံသရာလည်တတ်တယ်လို့ထင်ပါတယ်။

မြန်မာမှာ ဘာ တောက်တလွဲ အတွေးမှန်းမသိဘူးဗျ။
တစ်ခုရှိတယ်။
ယောင်္ကျားက ပစ်သွားခံရရင်ကို အဲဒီ မိန်းမအပြစ်လို့ အသုံးမကျဘူးလို့ပြောတတ်ကြတာ။
ဒီ ယောင်္ကျားကို မြဲအောင် မဆွဲထားနိုင်ဘူး ဆိုတဲ့ သဘောပေါ့လေ။  အမှန်တော့ ရှက်တတ်ရင် အဲလို ဖောက်ပြန်တဲ့ သစ္စာဆိုတဲ့ အမှန်တရားကို ဖောက်ဖျက်တဲ့သူမျိုးကသာရှက်ရမှာဖြစ်ပြီး
သစ္စာအဖောက်ခံရတဲ့ သူက လုံးးးးဝ လုံးးးးဝ ရှက်စရာမလိုပါဘူးးးလို့ မြင်ပါတယ်။
:-D

———————————————————————————————————————————————

 

 

Facebook ကို ဖုန်းနဲ ့သုံးတဲ့ကိစ္စ

 

Q – ဦးကြီးမိုက်

ကွန်ပြူတာနဲ့ ဖွဘုတ်ဖွင့်သုံးရင် သူများကိုပေးတဲ့ကွန်မန့်မှာ ရုပ်ပုံ တင်လို့ရတယ်နော်..
ဖုန်းနဲ့ ဖွဘုတ်သုံးရင်ကော..ကွန်မန့်မှာ ဓါတ်ပုံ ဘိုတင်ရသလဲဗျ…သိသူတွေလမ်းညွှန်ပါအုံး
တကယ်သိချင်လို့ပါ…ကျုပ်သုံးနေတာ HUAWEI C 8825 D ပါ :roll:

——————

A – alinsett(gazette)

ကျနော့်အထင်  ဖုန်းထဲ မှာ လက်ရှိသုံးနေတဲ့ FB app ကို update လုပ်ရမယ် ထင်ပါကြောင်း
FB app က 8.0. လောက်မှာမှ စပြီး  commentထဲ ပုံထည့်လို့ရတယ် ထင်ပါကြောင်း

ကျနော့် အရင် FB app က ပုံထည့်လို့မရပဲ  အခု update လုပ်ပြီးမှ commentတွေထဲ ပုံ ထည့်လို့ရတာ ဖြစ်ပါကြောင်းးး တခြားပို ပြောနိုင်သူတွေ ပြောစေလိုပါကြောင်းး

 

A . 2 – •*¨နန်းတော်ရာသူ •*¨

 

ကွန်ပြူတာနဲ့ ဖွဘုတ်ဖွင့်သုံးရင် သူများကိုပေးတဲ့ကွန်မန့်မှာ ရုပ်ပုံ တင်လို့ရတယ်နော်..
ဖုန်းနဲ့ ဖွဘုတ်သုံးရင်ကော..ကွန်မန့်မှာ ဓါတ်ပုံ ဘိုတင်ရသလဲဗျ…သိသူတွေလမ်းညွှန်ပါအုံး
တကယ်သိချင်လို့ပါ…ကျုပ်သုံးနေတာ HUAWEI C 8825 D ပါ :roll:  ဆိုတာလေးကိုဝင်လျှာရှည်ပါရစေ။

Fb ရဲ့ဗားရှင်းမြင့် ကွန့်မန့်မှာဓာတ်ပုံတင်လို့ရတဲ့ပရိုဗားရှင်းက အင်တာနက်လိုင်းမကောင်းတဲ့လူတွေနဲ့ဖုန်းအနိမ့်တွေအတွက်သိပ်မအိုကေပါ။

ဖိုတိုကွန့်မန့်မှာအိုကေရင်တောင် မတ်စိတွေပြောရတာ ၂ခါ ၂ခါပြန်ရိုက်နေရပါတယ်။
ဒါ့ကြောင့်မို့ Google Play Store မှာ Facebook လို့ရိုက်ပြီး FB ဖိုင်ဆိုဒ် သေးသေးလေးတွေကိုရှာတင်ပါ။
အဲ FB လေးတွေထဲမှာမှ ကျန်တဲ့ FB လေးတွေက စတေးတပ်မှာပုံတွေတင်ဖို့အဆင်မပြေတာမို့

FFF ဆိုတာလေးနဲ့ social color FB ဆိုပြီး ကာလာစုံနောက်ခံလေးနဲ့ F ပုံ လိုဂိုလေး ပါတဲ့ app လေး-ပေါင်း(၂)ခုထဲက ကြိုက်တာကိုရွေးတင်နိုင်ပါတယ်။
စပြီး Login လုပ်ချိန်မှာ နည်းနည်းစောင့်ရပေမယ့်။သုံးနေကျဖြစ်သွားရင်တော့ မြန်လာပါတယ်။
အရမ်းအဆင်ပြေပါတယ်။အီမိုးရှင်းအရုပ်လေးတွေကိုလည်းကုဒ်တွေပဲမပြပဲ ကွန်ပြူတာမှာလိုပဲ အရုပ်တိုင်းပြပါတယ်။

01

 

02

——————————————————————————————————————————————

Q . TNA

ကွန်ပြူတာမှာတတ်ထားတဲ့ ADSL အင်တာနက်လိုင်းကိုဖြုတ်ပြီး ဖုန်းနဲ့ပဲ အင်တာနက်သုံးမယ်ဆိုရင်

ရလာနိုင်တဲ့ ဆိုးကျိုးလေးတွေသိချင်ပါတယ်။

ကွန်ပြူတာကအင်တာနက်ဖြုတ်သင့်မဖြုတ်သင့်၊ ဖုန်းနဲ့ပဲ အင်တာနက်သုံးသင့်မသုံးသင့်အဲ့ဒါလေးသိချင်ပါတယ်။ ဒေါင်းလုပ်ကိုဖုန်းနဲ့ဆွဲတာအဆင်ပြေနိုင်မပြေနိုင်လဲသိချင်ပါတယ်။

ဟွာဝေး ၆၁ဝ ဝယ်သုံးချင်လို့ အဲ့ဒါနဲ့အင်တာနက်အဆင်ပြေနိုင်မပြေနိုင်လဲသိချင်ပါတယ်။

——————

 

A .ROssI

ဖုန်းနဲ့အင်တာနက်သုံးမယ်.. ဖုန်းကို နှိုးစက် နာရီ ..စကတ်ဂျူလာ စသည်ဖြင့် သုံးမယ် သုံးတယ်

(ကျော်တို့လည်းသုံးဖြစ်ပါတယ်)
ဆိုရင်တော့ …ကျန်းမာရေးအရ သိပ်မမိုက်ဘူးရယ်..(ဆြာ့ ဆြာများ လာလင်းပါ…)

အေဒီအက်စ်အယ်လ် လား …အမ်ပီတီကို များများဆဲပါလေ…
ဟိဟ
ကျော် ဖိုက်ဘာသုံးနေတာမေ့တွားဒယ်….

 

 

—————————————————————————————————————————————————-

 

 

ပညာရေးကိစ္စ

 

 

Q – ဝင့်ပြုံးမြင့်

ကျမမှာလည်း သားသမီးပညာရေး မေးစရာရှိတယ်။

ရ နှစ်အရွယ် ကျမသမီးကို တရုတ်စာသင်ပေးသင့်ပါသလား။

ရွာထဲက နိုင်ငံတကာ ဗဟုသုတရှိသူများကို အားကိုးပါတယ်နော်။

ဘာဖြစ်လို့ ကျမ မေးသလဲဆိုတော့ – ဒီခေတ်ကလေးတွေ ၁ဝတန်းအောင်ပြီးရင် တခြားဘာသာစကားသင်တယ်။

ဂျပန်၊ ကိုရီးယား၊ ပြင်သစ်၊ ဂျာမန် စတာတွေ သင်ကြတယ်။ တရုတ်စာကိုကျတော့ သိပ်မသင်ကြဘူး။

တရုတ်သွေးပါတဲ့သူတွေသာ သင်ကြတယ်။ ကျမစိတ်ထဲမှာ တရုတ်က သိပ်အင်အားကြီးတယ်လို့ ထင်နေတယ်။

ကမာ္ဘ့ နေရာအနှံ့အပြားမှာ သူတို့ ခြေကုပ်ယူထားပြီးပြီလို့ ကျမ ထင်နေတယ်။

ကျမသမီးကို တရုတ်စာသင်ပေးဖို့ စီစဉ်တော့ မောင်နှမဆွေမျိုးတွေက သဘောမတူကြဘူးလေ။

အဆင့်သိပ်မရှိတဲ့ ဘာသာစကား၊ သင်ယူဖို့ ခက်ခဲတဲ့ ဘာသာစကားအတွက် အချိန်ကုန်မခံသင့်ဘူးလို့ သူတို့ကမြင်ကြတယ်။

ပြီးတော့ တရုတ်ကလည်း လူမှုတော်လှန်ရေးဆိုပြီး ခပ်လှုပ်လှုပ်ဖြစ်နေတော့

ရုရှားလမ်းစဉ်နောက်လိုက်ပြီး အစိတ်စိတ်အမွှာမွှာဖြစ်ဦးမှာပါ လို့ ပြောတဲ့လူကလည်း ရှိနေပြန်တယ်။

ဒီတော့ ကျမ ဇဝေဇဝါဖြစ်ရပြီပေါ့။
ဒုတိယတစ်ချက်က ကလေးကို ဘာသာစကားသင်တာ အသက်ငယ်လေ ကောင်းလေပဲလို့ ကျမယုံတယ်။

ကလေးရဲ့ သင်ကြားမှုစွမ်းရည် အမြင့်ဆုံးရှိနေတဲ့အချိန်၊ ဦးနှောက်တန်ကြေး ကြီးနေတဲ့အချိန်မှာ

မိဘက ရွေးချယ်မှုမှားသွားတဲ့အခါ နစ်နာတယ်လို့ ထင်ပါတယ်။

ငယ်စဉ်မှာ သင်ထားတဲ့ ပညာတစ်ခုက နောင်တစ်ချိန်မှာ အားသာချက်တစ်ခု ဖြစ်မလာဘူးဆိုရင် နစ်နာတာပေါ့နော်။

ဒါကြောင့် ကျမ ရွေးချယ်ချက် မမှားချင်လို့ ရွာထဲက နိုင်ငံတကာ ဗဟုသုတရှိသူတွေကို တိုင်ပင်ကြည့်တာပါ။

တရုတ်စာ သင်ထားတာဟာ တချိန်မှာ အားသာချက်တစ်ခု သေချာပေါက်ဖြစ်လာနိုင်ပါသလား။
တတိယအချက်ကတော့ ကလေးကို တရုတ်စာသင်ပေးရင် အင်္ဂလိပ်စာမှာ ညံ့သွားမလား။
စတုတ္ထအချက်ကတော့ သိတော်မူကြတဲ့အတိုင်း မြန်မာပြည်မှာ တိုင်းရင်းစာသင်ကြရတော့မယ်လေ။

ဧရာဝတီတိုင်းဒေသကြီးကတော့ လွတ်မယ်ထင်တယ်။

အဲဒါ လွတ်မလွတ် မသိဘူး။ သင်သာသင်ရမယ်ဆိုရင်တော့ ကလေးငယ်ငယ်လေးက

မြန်မာစာရယ်၊ အင်္ဂလိပ်စာရယ်၊ တရုတ်စာရယ်၊ တိုင်းရင်းစာရယ် ဆိုရင် ဘာတစ်ခုမှ ချွန်လာတော့မှာ မဟုတ်ဘူး။
ကျမသမီးရဲ့ အနေအထားကတော့ မှတ်ဉာဏ်ကောင်းပါတယ်။

တီထွင်ဉာဏ် သိပ်မရှိဘူး။ ဝေါဟာရ မှတ်မိနိုင်စွမ်းမြင့်ပြီး သချင်္ာ ညံ့ ပါတယ်။

အင်္ဂလိပ်စာ တော်တော်ကောင်းနေပါပြီ။

ဒါကြောင့် တရုတ်စာကို သဘောထားပျော့ပျော့ပျောင်းပျောင်းနဲ့ သင်ပေးမယ့် ဆရာမ နဲ့ သင်ဖို့ စဉ်းစားကြည့်တာပါ။

တရုတ်စာ သင်သင့်ပါသလား။

————

 

A – 1 . Kai

သင်သင့်ပါတယ်လို့အကြံပေးပါတယ်..။
ယူအက်စ်က.. ဗမာစစ်စစ်အမေရိကန်တွေလည်းသင်နေသလို..         အဖြူ-အမေရိကန်စစ်စစ်တွေလည်းသင်နေကြတာ.. တော်တော်များလာတယ်လေ..။
စိနပြည်ကအစိတ်စိတ်ကွဲသွားဦး.. တရုတ်စာကလိုကို..လိုဦးမယ်လို့ယူဆပါတယ်..။
ကျုပ်သမီးလည်း တရုတ်စာတွေ.. သင်ခိုင်းမယ်တွေးတယ်.။                                                                              ခုလောလောဆယ်တော့.. မြန်မာစာသင်နေတယ်..။ :mrgreen:

ကလေးကို ဘာသာစကားသင်တာ အသက်ငယ်လေ ကောင်းလေပဲလို့ သေချာပါတယ်..။                      အသက်ကြီးရင်.. နေးတစ်အသံလည်းမရတေ့ာပါဘူး..
အသိမမှားရင်.. အသက် ၉-၁ဝနှစ်အထက်မှ..ယူအက်စ်ရောက်လာတဲ့ကလေးတွေ..အမေရိကန်အသံထွက်မပီကြဘူး..။ အဲဒီအောက်ပိုင်းက.. နေးတစ်လိုပီကြတယ်..။   ကလေးကို တရုတ်စာသင်ပေးရင် အင်္ဂလိပ်စာမှာ ညံ့သွားမယ်လို့မထင်ပါ..။
ဒီလသတင်းစာရဲ့ ထူးချွန်ကလေးကဏ္ဍမှာ. ဗမာအမေရိကန်ကလေးတယောက်အကြောင်းပါတယ်..။ အဲဒီကလေးက.. ယူအက်စ်မှာမွေးတာ…။ တရုတ်..စပင်းန်စ် ကိုပါသင်နေပြီး ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ရေးတတ်တယ်..။  တိုင်းရင်းစာကိုတော့ထူးခြားမှတ်ချက်မပေးလိုပါ..။ လူသိပ်မသုံးတာမို့.. သင်ကိုသင်ရမယ်ဆိုရင်တောင်.. နောက်ဆုံးစာရင်းအဖြစ်.. တို့သင့်ကြောင်း..။ :mrgreen:

with an updated Top 20 list of the most widely spoken languages by “First language” speakers.

Mega languages around the World –List of Chinese, English, Spanish, Arabic, Portuguese, and French speaking countries.
Most spoken Languages of the World – Nations Online Project
http://www.nationsonline.org/oneworld/most_spoken_languages.htm
=
http://en.wikipedia.org/wiki/List_of_languages_by_total_number_of_speakers
=
Bilingual Babes: Teach Your Child A Second Language
http://www.parents.com › … › Development › Language Development‎
Parents
“Kids this age are developing language skills rapidly, and they quickly absorb …

“They can learn to understand new words in two different languages at an …
=
https://linguistlist.org/ask-ling/biling2.cfm
Question: Will my child be bilingual? Will bilingualism affect my child’s intelligence?
Bilingualism does not increase (or decrease) intelligence.

There are bilinguals of all degrees of intelligence, just as there are monolinguals of all degrees of intelligence.

——————————

A – 2 – Zaw Thant

.. ကျွန်တော်ကိုယ်တိုင်လည်း ဒီမေးခွန်းစဉ်စားရတော့မှာမို့လို့ ဝင်ပါလိုက်ဦးမယ် (ကလေးကတော့ ခုမှ မှောက်တုန်းရှိပါသေးတယ်).. .. နောက်တချိန်လို မလိုဆိုတာကတော့ မသေချာဘူး..

ကိုယ့်ကလေးကကြီးလာရင် ပြည်တွင်းမှာပဲ Profession/Own Business တစ်ခုပုံမှန်လုပ်သွားတာဖြစ်နိုင်သလို

စင်ကာပူသွားကျောင်းတက်မယ်၊ အလုပ်လုပ်မယ် နိုင်ငံတကာကလူတွေနဲ့ ဆက်ဆံမယ် ဆိုတာလည်း ဖြစ်လာနိုင်တယ်..

အဲ့တော့ ငယ်တုန်းသင်နိုင်မယ်ဆိုရင်တော့ အရှုံးမရှိပါဘူး..

ခက်တာက အပြိုင်အဆိုင်များလှတဲ့ အခုခတ်ပညာရေးထဲမှာ နောက်ထပ်ဝန်ပိမှာ ဆိုးရတာပဲဗျ..

.. ကျွန်တော့်ကလေးဆိုရင်တော့ သူ့ရဲ့ ကစားချိန်၊ နားချိန် မထိခိုက်ဘူးဆိုရင်တော့ သင်ဖြစ်ဖို့ကြိုးစားမယ်ဗျ..

——————————————–

A – 3 – ကထူးဆန်း

လုံးဝ လုံးဝ သင်ပေးသင့်ကြောင်း အဆိုပြုပါတယ် ။

ဘယ်လိုဘဲဖြစ်ဖြစ် ဘယ်လောက်ဘဲ အစိတ်စိတ်အမွှာအမွှာကွဲကွဲ

လူဦးရေ သန်းတစ်ထောင်ကျော်ဆိုတာက ဘယ်နားသွားသွား တွေ့ဦးမှာမို့ လုံဝ မမှားနိုင်ပါ ။

နောက်ပြီး ဘာသာစကားဆိုတာ တစ်ခုနှစ်ခုဘဲ သင်လု့ိရတာ မဟုတ်ပါ

ဆိုတော့ ငယ်ငယ်ထဲက သင်ပေးမဲ့သူရှိရင် အဆင်ပြေရင် ဘယ်ဘာသာမဆိုသင်သင့်ကြောင်းပါ ။
နောက် ကျွန်တော့်ကို သင်တန်းတက်အောင် လျှောက်ပြောခဲ့ရင်တော့မသိဘူး ။

နိုင်ငံခြားက ဘာသာစကားသင်တဲ့ သင်တန်း တစ်ခုက ပြောခဲ့ဘူးပါတယ် ။

ဘာသာစကား နှစ်ခု တတ်သူဟာ သုံးခု လေးခု တတ်ဖို့ ပိုလွယ်ပါတယ် ဆိုပြီးး။

 

တရုတ်ဘေးက နိုင်ငံဆိုတော့ တစ်ရုတ်လိုတတ်ထားတာ လုံးဝ လုံးဝ မှားမည်မဟုတ်ပါ ။

လုံးဝ သင်သင့်ကြောင်းပါ ။ ဥပမာ .. တိုင်းရင်းစကားတတ်တဲ့ ကလေးတွေမှာ တိုင်းရင်းသားစကား မြန်မာစကား အင်္ဂလိပ်စကား ထူးချွှန်စွာ ပြောနိုင်သူတွေ အများကြီးပါ ။

——————————————————————–

A . 4 – padonmar

ကလေးကို တရုတ်စာသင်တာ ထောက်ခံပါတယ်။
ငယ်တုံးကို ပြောတတ်အောင် သင်ရင် မမေ့ပါဘူး။
အန်တီတို့လို အသက်ကြီးမှ သင်ရင် အကုန်မေ့ပါတယ်။ ဝေါ်အိုက်နီလောက်ပဲ မှတ်မိပါတော့တယ်။
သိထားသလောက် အမေရိကားကို ဝင်ရင် ဖြည့်ရတဲ့ Immigration form မှာ တရုတ်လို ဖြည့်ချင်ဖြည့်လို့ရတယ်လို့ ထင်ပါတယ်။သူကြီးမှ သေချာသိပါမယ်။

———————————————————————

A.  5 – twitty

ကလေးအတွက် heavy မဖြစ်ဘူးဆိုရင်တော့ တရုတ်စာ ထပ်မံ သင်ကြားတာကောင်းပါတယ်။

ဘာသာစကားတွေ တတ်ကျွမ်းထားတာဟာ အားသာချက်တရပ်ဖြစ်လာနိုင်တယ် ဆိုပေမယ့် တကယ်တမ်း အဆင့်မြင့် နည်းပညာတွေ လေ့လာဖို့အတွက်က အင်္ဂလိပ်စာသည်သာ အရေးအပါဆုံးပါ။

—————————————————————————————————————————————–

 

ဖုန်းနဲ ့ပိုစ့်တင်တဲ ့ကိစ္စ

 

 

Q – ko six

ဖုန်​းနဲ့ ပို့စ်​တင်​​နေတာ ခု အဆင်​မ​ပြေ​တော့ဘူး
ဘယ်​လို့ တင်​ရတာလဲ
​ပြောပြကြပါဦး အဟီး

——————————–

 

A – alinsett(gazette)

https://myanmargazette.net/195830

 

အဲဒီ လင့်ခ်ထဲ တစ်ချက် သွားကြည့်ပေးပါ ကိုဆစ်ရေ

 

အဆင်ပြေမယ် ထင်ပါတယ် /

 

—————————————————————————————————————————————-

 

ဦးရေပြားနှင့် ကျန်းမာရေးကိစ္စ

 

Q – နန်းတော်ရာသူ

 

အတော်ပဲ မေးချင်နေတာတစ်ခုရှိတယ်
အခုခေတ်မှာ ရှန်ပူတွေရဲ့အပူကြောင့် ခေါင်းတွေမှာသန်းတွေမတွယ်နိုင်ကြတော့ဘူးထင်ထားတာ
အခုရောက်နေတဲ့အရပ်က မိန်းကလေးတော်တော်များများသန်းတွေရှိနေကြပါတယ်
တချို့ဆို ခေါင်းစည်းကြိုးပေါ်တောင်တက်သတဲ့
ကိုယ်ကလဲ ခေါင်းမှန်မှန်လျှော်ဆိုတာကလွဲပြီးအကြံမပေးတတ်ဘူး
အာ့လေးနဲ့ဖွင့်ပါတယ် မေးချင်တာတွေကတော့အများသားပါ

——————————————

A . 1 – တိမ်မည်း

 

ဒီက မိန်းမ မဟုတ်တော့…. ကြားဖူး သမျှလေးနဲ ့ ဖြေသွားမယ်နော်…. သန်းဆိုတာ လျှော်မှရယ်လို ့မဟုတ်ဖူး….
၁. ခေါင်းလျှော်ရည်တခုကို ပုံမှန်စွဲစွဲ မြဲမြဲသုံးသင့်ပါတယ်…..
၂. ခနခန ခေါင်းလျှော်ခြင်းကို လည်း ရှောင်ကျင်သင့်ပါတယ်….
၃. ခေါင်းလျှော်ပြီးရင်လည်း အသေအချာ ခြောက်အောင် လုပ်ပါ…. မဟုတ်ရင် မပူမအေး ဆံပင်သာ သန်းတွေကို ပိုမို ပွားစေတက်ပါတယ်……
၄. တချို ့သန်းတွေဟာ ခေါင်းလျှော်ရည် ခနခန ပြောင်းလျှော်လို ့ ခံနိုင်ရည် ရှိနေတက်ပါတယ်…. အကောင်းဆုံးကတော့ကတုံးတုံးလိုက်ပါ… ဒါဟာ မျိုးရိုး ဗီဇ ပြောင်းနေတဲ့ ကောင်တွေ ကို အလွယ်တကူ နှိမ်နင်းရာ ရောက်ပါတယ်…..

——————————–

A . 2 –zarzarhtwe

 

ဆေးတော့ရှိပါတယ် မနန်းတော်ရာသူ LiceMD တံဆိပ် Gel ပါ၊ (www.LiceMD.com) ကတုံးတုံးလို့ရတဲ့သူ ဆိုရင်တောင်မှ မွေ့ယာ၊ခေါင်းအုံးတွေ၊အခြားဦးထုပ်တွေ ကိုသေချာလျှော်ပြီး နေပူူပူူမှာကြာကြာလှမ်းဖို့လိုအပ်ပါတယ်။

——————————————

A .  3 –kai

ယူအက်စ်မတော့.. ဒီဆေးသုံးတာတော်တော်များတယ်..။
၁၁ဒေါ်လာပေးရပါတယ်..။
Licefreee! Spray Instant Head Lice Treatment
$11.99

 

00

——————————————-

A .  4 – padonmar

 

အဲ့ဒီမေးခွန်းကြီး တွေ့တော့ သန်းသတ်နည်းပြောပြရင်

ပါဏာတိပါတာ တွေ အမှုပတ်နေမစိုးလို့ ရှောင်နေတာ၊ဈေးကြီးပြီး

ဒီမှာမရတာကြီး သဂျီးက ညွှန်းနေတော့ တတ်သည့်ပညာ မနေသာတော့ဘူး။
ဒို့ ဗမာပီပီ ပေါချောင်ကောင်းလေး ညွှန်းပါမယ်။
ဝဲဖြစ်ရင် လိမ်းရတဲ့ Scabicide အဆီရှိပါတယ်။
Scabicide အဆီကို ရေ ကြည်ကြည်နဲ့ ၅ဆရောရင် ဝဲလိမ်းလို့ရပါတယ်။

၁ဝဆ ရောရင် ကြမ်းပိုး၊သန်း သတ်လို့ရပါတယ်။(အဆတွေတော့ မေ့တေ့တေ့ဖြစ်နေပြီ၊ခန့်မှန်းခြေပဲမှတ်ပါ။)
ဟိုးအရင် ဘီပီအိုင်က ဘာစကေဘီ ဆိုပြီး ထုတ်ဖူးပါတယ်။
ဘာစကေဘီက ရေရောပြီး သုံးဖို့ အသင့်ပါ။
အခုခေတ်မှာ Scabicide နာမည်နဲ့ပဲ ပလပ်စတစ်ပုလင်းလေးတွေနဲ့ အသင့်သုံးရောင်းတာရှိပါတယ်။
တပုလင်းမှ ၂၀ဝ လောက်ပဲ ပေးရပါတယ်။(ရေဘယ်လောက်ရောထားမှန်းမသိတော့ ထပ်ရောမနေပါနဲ့တော့)
အဲဒီဆေးကို နာနာလှုပ်ပြီး ဆံပင်တွေကို အုန်းဆီလူးသလို လူးပါ။
နောက် ၃ ရက် ဆက်ပြီး ခေါင်းမလျှော်ပါနဲ့။ ၃ရက်ပြည့်မှ ခေါင်း လျှော်ပါ။
ဝဲဆိုလည်း အဲဒီလိုပဲ ၃ရက်ဆက်လိမ်း၊ရေမထိရ။ပျောက်ကရော။
(ကျမကို ငရဲမင်းကြီးက သန်းသတ်မှုနဲ့ စစ်ရင် သော်သော်လေးက မေးလို့ ဆေးနည်းပေးတာပါ။အလက်ဆင်းခေါင်းပေါ်က သန်းနဲ့ ရန်ငြိုးမရှိရပါဘူးလို့ ဖြေရမယ်၊ရွာသူားတွေ သက်သေလိုက်ပေးကြပါနော်)

———————————————-

Q – 2  snow smile

 

ကို ရင် လေး တွေ ခေါင်း မှာ ပေါက် တဲ့ ဒက် ကို ရော
အဲ့ ဒီ ဆေး သုံး လို ့ ရ ပါ သ လား မ မာ ရေ
နောက် သူ တို ့ ဂုတ် ပ်ိုး မှာ
ပွေး လာ မ သိ အ နီ ဝိုင်း တွေ
အဲ့ ဒါ ရော သုံး လို ့ ရ ပါ သ လား

—————————-

A .  5  – padonmar

 

ခေါင်းမှာပေါက်တော့ ဒက်၊ကိုယ်ပေါ်ပေါက်တော့ ပွေး၊တင်ပါးမှာပေါက်တော့ ဂျွတ်လို့ ခေါ်တယ်။

အတူတူချည်းပါပဲ၊ ဘိုလိုတော့ Ring Worm ခေါ်ပြီး မှို ကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါပါ။
Ketoconazole/Fluconazole/Clotrimazole /Griseofulvin စတဲ့ ဆေးတွေ လိမ်းရပါတယ်။

ဈေးကွက်ထဲတော့ Fungiderm/Koniderm/Gentalene-C/Gentrisone စတဲ့ နာမည်မျိုးစုံနဲ့ ရှိပါတယ်။
အရေးကြီးတာက ဆေးကို တနေ့ ၃ကြိမ်လောက်မှန်မှန်လိမ်းရမယ့်အပြင် ပျောက်ပြီး၂ပတ်လောက်ထိဆက်လိမ်းဖို့လိုပါတယ်။
ပျောက်ပြီထင်ပြီး မလိမ်းပဲ ရပ်လိုက်ရင် အရေပြားအောက်မှာ ကျန်တဲ့ မှိုတွေ ပြန်ထလာတတ်ပါတယ်။
ကာကွယ်ရေးက ခေါင်းရိတ်တဲ့ ဘလိတ်ဒါးကို ကိုယ်ပိုင်သီးသန့် သုံးခိုင်းပါ။မနှမျောကြပါနဲ့။
အိပ်ရာခေါင်းအုံး(လူများမှာတော့ ဘီး)သီးသန့်သုံးကြပါ။
လူအများသုံးတဲ့ ပစ္စည်းတွေ ကိုင်မိတိုင်း လက်ဆေးပြီးမှ ကိုယ့်အရေပြား၊ကိုယ့်ခေါင်းကို ထိကိုင်ရင် အကောင်းဆုံး။

———————————————

Q – 3 လုံမလေးမွန်မွန်

 

ဆံပင်အကြောင်း ဝင်မေးဦးမယ်.. အနော်က ခုမှ ဆံပင်ပေါက်ကာစဆိုတော့ တတ်နိုင်သလောက်လေး ထိန်းသိမ်းမယ် စိတ်ကူးပါတယ်..
Chemical ပါတဲ့ ခေါင်းလျှော်ရည်တွေအစား တရော်ကင်ပွန်းပဲ လျှော်မလားလို့…
သိချင်တာက တရော်ကင်ပွန်းက သန်းတွယ်တာတွေ ၊ ဗောက်ထတာတွေများ ဖြစ်လားဟင်င်..

cosmetics တွေထဲတော့ Boots ကို အရမ်းကြိုက်ပါကြောင်း..

——————————–

A – padonmar

 

တရော်ကင်ပွန်းက ဗောက်မတွယ်သန်းမထပါဘူး။

 

————————————————————————————————————————-

 

ကားကိစ္စ  

 

Q – nozomi

သိချင်တာလေး တစ်ခု လဲ မေးကြည့်ချင်ပါတယ်
မြန်မာပြည်မှာ ကားက ညာမောင်းများပါတယ်
ဘယ်မောင်းဆို KIA HYUNDAI တို့လို ကားသစ်တွေပဲ ရှိတာမို့ ဈေးကလဲ မြောက်ပါတယ်
အဲဒါ ဖစ် ဘယ်လ်တာ လို ၁၀ဝ ပတ်လည် ဘယ်မောင်းကားဈေးကွက် ရှိလား သိချင်ပါတယ်

————————–

A – ROssI

 

ဒီထဲ ရှာကြည့် ဦးနိုရေ
http://www.motors.com.mm/

 

————————————————————————————

 

 

 

 

မေးကြ ဖြေကြသူအားလုံးကို….

အထူး…အထူး..ကျေးဇူးတင်ပါတယ်…လို ့….

 

လေးစားစွာဖြင့်….

 

အလင်းဆက် ( Gazette )

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

173 comments

  • ဦးဦးပါလေရာ

    May 4, 2014 at 4:50 am

    ဒီဟာက ပိုစ့်ထဲမှာ ဝင်မေးဝင်ဖြေရတာမျိုးထက်
    အရင်လုပ်ဖူးတဲ့ ဖိုရမ်ဆိုလား အဲဒါမျိုး ကဏ္ဍတစ်ခုလုပ်ရင် ပိုရှင်းလင်း ပိုကောင်းမယ်ထင်မိကြောင်း….

  • ဦးဦးပါလေရာ

    May 4, 2014 at 4:53 am

    ဒါမှမဟုတ်-
    အကြောင်းအရာတစ်ခုကို ပိုစ့်တစ်ခုစီအဖြစ် ခွဲထွက်သွားရင်လဲ ပိုကောင်းနိုင်ပါတယ်
    အဲဒါတွေကို စုစည်း / ပြန်ရှာ / လွယ်လွယ်တွေ့မြင် နိုင်မယ့်စံနစ်တခု လုပ်ကြည့်ရင်….

    • alinsett (gazette)

      May 4, 2014 at 6:10 am

      ဟုတ်
      ကျနော် ဒီပိုစ့်ကို ရှင်းရှင်းလင်းလင်း လွယ်လွယ်ကူကူဖြစ်အောင် Edit လုပ်ဖို့ ပါ။
      အခုတလော
      အင်တာနက်လိုင်းက ဘာမှ သုံးမရလောက်အောင် ကျနေတော့အလုပ်မဖြစ်သေးဘူးဗျာ။

      ရွာထဲက နည်းပညာဆရာများလည်း ကူညီနိုင်မယ့် နည်းလေးတွေရှိရင် ပြောပြကြပါဦး
      ကူကြပါဦး။

      ပိုစ့်ကို ဘယ်လိုပုံစံနဲ့တင်ထားရင် ကောင်းမလဲ
      အမေးအဖြေတွေကို ဘယ်လို စီကာစဉ်ကာပြမလဲပေါ့
      ကျနော် လက်ရှိ တွေးထားတဲ့ အစီအစဉ်ထက် ပိုကောင်းမွန်သင့်တော်တာ တစ်ခုခုပေါ့ ။

      အမေးတွေ အဖြေတွေနဲ့ ပူးပေါင်းပါဝင်လာသူအားလုံးကိုလည်း ကျေးဇူးပါ လို့ ။

  • alinsett (gazette)

    May 4, 2014 at 7:30 am

    လောလောဆယ်
    ဒီညနေတော့ အင်တာနက်ဆိုင်ပြေးပြီး
    comment ထဲက အမေးအဖြေတွေကို ပိုစ့်ထဲ စီ ထည့်ပါ့မယ်

    ပိုစ့်ထဲက ကျနော်ရေးထားတဲ့ စာသားတွေကို နောက်တစ်မျက်နှာနဲ့ လင့်ခ် ချိတ်ထားလိုက်မယ် စိတ်ကူးပါတယ်။

    အဲဒါလေး အင်တာနက် လိုင်းကောင်းရင် လုပ်ဖို့ပါ။

    အမြင်မတော်တဲ့ မော့မော့များလည်း ဝင်ကူပေးစေလိုပါကြောင်းးး

    တခြား ပိုစ့်တင်ပြပုံနည်းတစ်ခုခုကိုလည်း မျှော်လင့်နေပါကြောင်း

    :mrgreen:

    • kai

      May 4, 2014 at 4:36 pm

      Category တခုအဖြစ်.. Myanmar Gazette အောက်မှာ Q&A ဆိုတာ အသစ်ထည့်လိုက်တယ်..။
      အဲဒီ Category ရွေးပြီးPost တင် မေးကြဖြေကြရင် ရှာရလည်းလွယ်မယ်…
      မေး/ဖြေသူတွေလည်းအစဉ်ပြေမယ်ထင်တာပဲ..။

      စကားအတင်းစပ်..
      ကိုရင်ဘလက်ချောကို.. အီးမေးလ်လေးစစ်ပါဦးလို့.. ပြောပေးနိုင်တဲ့သူရှိရင်.. ပြောပေးပါခင်ဗျ…

      • alinsett (gazette)

        May 4, 2014 at 5:39 pm

        ကောင်းပါလေ့
        ကောင်းပါလေ့

        Q&A ထဲ..ထည့်ပြီးပါဂျောင်း….
        Category တစ်ခု…သီးသန့် ထပ် လုပ်ပေးလိုက်တဲ ့..ချစ်သော သဂျိီးကို ကျေးဇူးတင်ပါဂျောင်း…

        လောလောဆယ်..ဒီပိုစ့်ထဲက.. တိုင်ပင်ဆွေးနွေးသော စာသားတွေကို. လင့်ခ်အဖြစ်နဲ ့.. ကွယ်ထားလိုက်ပြီး
        အမေးအဖြေတွေကိုပဲ.. စီကာစဉ်ကာ..ထည့်ပြထားလိုက်ပါဂျောင်း….
        ဖတ်ရှုသူတွေ အကျိုးရှိလိမ့်မယ်လို ့…မျှော်လင့်ပါဂျောင်းးးးး

        ဂျောင်းးးးးး

        :kwi:

  • Q – ဦးကြီးမိုက်

    ကွန်ပြူတာနဲ့ ဖွဘုတ်ဖွင့်သုံးရင် သူများကိုပေးတဲ့ကွန်မန့်မှာ ရုပ်ပုံ တင်လို့ရတယ်နော်..
    ဖုန်းနဲ့ ဖွဘုတ်သုံးရင်ကော..ကွန်မန့်မှာ ဓါတ်ပုံ ဘိုတင်ရသလဲဗျ…သိသူတွေလမ်းညွှန်ပါအုံး
    တကယ်သိချင်လို့ပါ…ကျုပ်သုံးနေတာ HUAWEI C 8825 D ပါ 🙄

    ဆိုတာလေးကိုဝင်လျှာရှည်ပါရစေ။

    Fb ရဲ့ဗားရှင်းမြင့် ကွန့်မန့်မှာဓာတ်ပုံတင်လို့ရတဲ့ပရိုဗားရှင်းက အင်တာနက်လိုင်းမကောင်းတဲ့လူတွေနဲ့ဖုန်းအနိမ့်တွေအတွက်သိပ်မအိုကေပါ။ဖိုတိုကွန့်မန့်မှာအိုကေရင်တောင် မတ်စိတွေပြောရတာ ၂ခါ ၂ခါပြန်ရိုက်နေရပါတယ်။
    ဒါ့ကြောင့်မို့ Google Play Store မှာ Facebook လို့ရိုက်ပြီး FB ဖိုင်ဆိုဒ် သေးသေးလေးတွေကိုရှာတင်ပါ။
    အဲ FB လေးတွေထဲမှာမှ ကျန်တဲ့ FB လေးတွေက စတေးတပ်မှာပုံတွေတင်ဖို့အဆင်မပြေတာမို့ FFF ဆိုတာလေးနဲ့ social color FB ဆိုပြီး ကာလာစုံနောက်ခံလေးနဲ့ F ပုံ လိုဂိုလေး ပါတဲ့ app လေး-ပေါင်း(၂)ခုထဲက ကြိုက်တာကိုရွေးတင်နိုင်ပါတယ်။
    စပြီး Login လုပ်ချိန်မှာ နည်းနည်းစောင့်ရပေမယ့်။သုံးနေကျဖြစ်သွားရင်တော့ မြန်လာပါတယ်။
    အရမ်းအဆင်ပြေပါတယ်။အီမိုးရှင်းအရုပ်လေးတွေကိုလည်းကုဒ်တွေပဲမပြပဲ ကွန်ပြူတာမှာလိုပဲ အရုပ်တိုင်းပြပါတယ်။

    • alinsett (gazette)

      May 4, 2014 at 8:20 pm

      မမနန်းတော်ရာသူရေ..ကျေးဇူးပါနော်…

      ဒီအဖြေလေးကို… အခုပဲ.. ပိုစ့်ထဲ.. ဆွဲတင်လိုက်ပါပြီ…

      🙂

    • ROssI

      May 4, 2014 at 8:25 pm

      A- မရိုစီ ဖြေပါ့မယ်ရှန့်…
      ဖိုတိုကော့မန့်က သများတို့တော့ …ပီစီနဲ့ပေးတာပါ ရှန့် …
      စက်ရုပ်အကြောင်းတော့ မသိတာမို့ .. မဖြေတတ်ပါဝူးရှန့်…
      အိုင်အိုအက်စ်မှာတော့ ..အဲ့သည့် ဒုက္ခ မခံရလို့ ..မသိဘာဘူးရှန့်…
      ဟိဟ…

      • alinsett (gazette)

        May 5, 2014 at 10:17 am

        အံမယ်

        မယိုဆီ ဆိုပါလား

        ကနားစီး ယိုဆီ ပေါ့

        အဟီဟိ

        :mrgreen:

  • ကူမားရ်

    May 5, 2014 at 11:20 am

    ဟိုလေ…သူများတွေမေးတော့..ဗေတားလည်း..ကိုယ့်ကိစ္စလေးနဲနဲ မေးချင်တာပေါ့နော်..
    အချစ်ကိစ္စပါ…မမချွိက ဖြေပေးပါဦးနော်…
    ဗေတားက လူပြိုပါ..ဟီး လိမ်ရတာ အရသာ ရှိလိုက်တာ..ကလု..
    အဲ..အိုက်လို ပေါ့ နော် ဘယ်လိုပြောရမလဲ အိမ်ထောင်မရှိဘူး ဆိုပါတော့..တစ်ကယ်ကအိမ်ထောင်မရှိတာ ကိုးခါလောက်ရှိပါပြီ..နဲများသွားလားမသိ..ခိခိ
    အခုပေါ့နော် ..မြန်မာပြည်ပြန်ရောက်တော့..
    မီတာခ ဖုန်းကဒ် အဝတ်လျော်ကုလားမဖိုး ကားဓါတ်ဆီ လူဓါတ်ဆီ..အစရှိတဲ့ စားရိတ်တွေကထောင်းတော့..ဗေတားလည်း ပါလာတဲ့ ဟန်းဖုန်းလေးတွေထုတ်ရောင်း..ဂေါ့ဖ်ဆက်တွေရောင်းပြီး သောက်..အဲ စားနေရပါတယ်..
    လျာချောင်ပြီး လ စာလေး ၁၀၀ဝ လောက်တောင်းမိလို့ …ဘယ်အလုပ်ကမှလည်းမခေါ်နဲ့
    လုပ်မစားကိုင်မစားတတ်ဖြစ်နေပြီး…ပိုက်ပိုက်ပြတ်နေပါတယ်..မမရယ်
    အဲဒါလေ..လတ်တလော ဖြေရှင်းတဲ့ အနေနဲ့..အိမ်ထောင်မရှိတာ မဖြစ်သေးတဲ့ ရှေ့ အချိန်က ကိုးယောက်ကို..သဒ္ဒါကြေး..လင်သား..စားရိတ်လေးများတောင်းလို့ ရနိုင် မရနိုင် ဖြေပေးစေချင်ပါတယ်..
    တစ်ကယ်လိုပများပေါ့နော် သူတို့က ပေါင်းသင်းမှ ပေးမယ်ဆိုရင်လည်း..ဗေတားအနေ နဲ့..တစ်ယောက်ချင်းစီကို..အချိန်ကာလ တစ်ခုစီခွဲပြီးပေါင်းရမလား…ဒါမှမဟုတ်..အကုန်လုံးကို တစ်ပြိုင်နက် ပေါင်းသင့်လား ဘယ်နည်းက ပိုပြီး စားသာမယ် ဆိုတာလေးကို အကြံပေးစေချင်ပါတယ်..
    မမ အနေနဲ့ ဖြစ်ပြီးတာတွေ ထားလိုက်တော့…အသစ်တွေကို ထပ်ကြံ ဆိုလည်း.. ဗေတားအနေနဲ့ လုံးဝငြင်းပယ်စရာမရှိ ပဲ အင်တိုက်အားတိုက် လိုက်လံ ကြံစည် မည်ဖြစ်ပါတယ် ..တစ်ကယ်လို့များ အိုက် အဟောင်းတွေထဲက လင်ရသွားသူများရှိနေ ရင်လည်း ..ဗေတားသာ လျှင် လင်ငယ်စစ်စစ် ဖြစ်ကြောင်း(ငယ်ကပေါင်းထားတာ လင်ငယ်ပေါ့နော့လေ) သောက်ရှက်မရှိ တွေ့သမျှ ဂျာနယ် တိုင်းမှာ မျက်နှာပြောင်တိုက်ပြီး ထည်ှုသွင်းကြေငြာရဲပါတယ်.အိမ်ပေါ်တက်တောင်းဆိုလည်း ဖြစ်ကြောင်း..
    ဒါကြောင့် မမ အနေနဲ့ နစ်နာခဲ့ရတဲ့..ယောက်ျားသားတစ်ယောက်ရဲ့ ဘဝ လုံခြုံရေးအတွက် …ဘယ်လို.ငွေညှစ်ရမယ် အဲအဲ ဘယ်လိုနစ်နာကြေး ခံစားခွင့်တွေ ရအောင်
    ..လုပ်ရမလဲဆိုတာတူသား မောင်ရင်းတစ်ယောက်လို သဘောထားပြိး အကြံ ခက်နက်နက် လေးပေးစေချင်ပါတယ် မမခင်ဗျား..
    လေးစားစွာဖြင့်
    ကူမားရ်ဆွေ
    စာကြွင်း..ဒင်းတိုံထဲမှ တစ်ယောက် ရာသက်ပန်သီလရှင် ဝတ်သွားကြောင်းလည်း သိထားရပါတယ်..

    • Wow

      May 5, 2014 at 2:03 pm

      သီလရှင်တွေက အဖိတ်နေ့နဲ့ ဘယ်နေ့လဲမသိ အလှူခံကြွဒယ်လေ.. ဗေတား သူ့နောက်က ဆံဗန်းလေး ကိုင်လိုက်ရင် စားရေးသောက်ရေး အဆင်ပြေနိုင်ဂျောင်း… ဒီအုပဒိနဲ့ဆိုရင် သဒ္ဒါပေါက်ရင် အဲကွန်းတို့ ကားတို့တောင် ရအူးမာ :mrgreen:

    • ကေဇီ

      May 5, 2014 at 2:16 pm

      မမချွိ က အချစ်ရေးပဲ ဖြေမယ်လို့ ပြောထားတာပါကွယ်။
      ဘယ်နဲ့ မယားစရိတ် လင်စရိတ် ကိစ္စတွေ လာမေးနေတယ်လို့။
      မေးတော့လည်းဖြေရမှာပေါ့။
      😀
      အငယ် အနေနဲ့ တောင်းမယ် ဆိုရင် ရှေ့နေဆီသွားပြီး ဘယ်လောက် ငယ်ကြောင်း ပြသင့်ပါတယ်။ (မှတ်ပုံတင် က အသက်)
      အာ့မှ ငယ်ငယ်ရွယ်ရွယ်နဲ့ ဂလို နစ်နာရပါလား ဆိုပြီး အမှုမနိုင်တောင် ဟိုးဟိုးကြော် သနားကြမှာ။
      အဲဒီ ကျမှ ၁ဝ ယောက်မျောက် အဲ ၁ဝ ယောက်မြောက်ကို ထပ်ဖန်ပေါ့ကွယ်။
      လုပ်နေကျပဲဟာ၊ :mrgreenn:

      နောက်ခါထပ်မေးရင် ယောက်ကျားပေးစားပစ်မယ်။
      နာ့ ကို ဘာမှတ်လဲ။
      :boss:

      • alinsett (gazette)

        May 5, 2014 at 3:33 pm

        နောက်တစ်ခါထပ်မေးရင်
        အူးကြောင်နဲ့ ပေးဇားလိုက် မမဂျီး

        :mrgreen:

    • TNA

      May 6, 2014 at 4:07 pm

      ဗေတားတယောက် တောင်ပြင်လွှတ်တဲ့ လဒ အဲ့လေ ဟင်းသာလေးဖစ်နေဗုံရဒယ်။ ဗုံတီးပြီးသီချင်းဆို အဲ့အဲ့ ငိုချင်ငိုပါလေ :mrgreen:

  • ဦးကြောင်ကြီး

    May 5, 2014 at 12:22 pm

    သဂျီးသာမီးဒေါ်ဂလေး အသက်ဘယ်လောက်ရှိဘီရဲ သိဂျင်ပါဒယ်..

    • alinsett (gazette)

      May 5, 2014 at 1:44 pm

      အုကြောင်ရဲ့ အသက်ကို အရင်ပြောပြရမယ်တဲ့
      စိတ်သက်က ဘယ်လောက်
      ရုပ်သက်က ဘယ်လောက်
      လူသက်က ဘယ်လောက်
      ကြောင်သက်က ဘယ်လောက် အဲ. . .
      🙂

      ဒေါ်ဖွားမေရဲ့ အသက်ကတော့ ၇ဝ ကျော်ဗျ
      အုကြောင်နဲ့ ပေး စား မယ်

      :mrgreen:

    • kai

      May 5, 2014 at 1:46 pm

      ဒီနေ့ပဲ ၆နှစ်ပြည့်ပါတယ်ကွယ်..
      အဲဒါနဲ့.. ဒစ်စနေလန်းဒ်လိုက်ပို့လိုက်ရတယ်..။ :mrgreen:

      • ဦးကြောင်ကြီး

        May 5, 2014 at 1:55 pm

        အလိမ်နဲ့သဂျီး.. ရှေ့မှာ၁ ပြုတ်ကျန်နေခဲ့သလား…. ယဗူး ခြစ်မှာဘဲစ်

        • alinsett (gazette)

          May 5, 2014 at 3:30 pm

          အုကြောင်
          ဒေါ်ဖွားမေက ၁ရ နှစ်
          (ပြောင်းပြန်လှန်ရင်လည်း မှန်ဒယ်)

          အုကြောင်နဲ့ ပေး စား မယ် နော့

          :kwi:

      • sorrow

        May 6, 2014 at 12:57 pm

        ကြီးပစေအုံး …ဒင်းကလေး…အဟိဟိ

  • alinsett (gazette)

    May 5, 2014 at 7:19 pm

    တစ်ခုလောက်မေးလိုက်ဦးမယ်.. ။

    ဖြေရမယ့်သူက..မက် ယိုဆီ ROssI ဆိုတဲ ့ တစ်ယောက် ။

    ဆက်ဆက်ပြောတဲ့ သူ့ချစ်သူအကြောင်း – ၁
    http://myanmargazette.net/197157
    အဲဒီပိုစ့်ထဲမှာ…
    မြှောက်ပေးသူ ရှိလို ့ရေးတဲ ့စာဆိုပြီး.. ပြောထားတာတွေ ့တယ် ။
    Tag မှာ….ရေးထားတာ.. ။

    အဲဒီလို…. ရေးသားတင်ပြရမယ်လို ့.. ဘယ်သူ မြှောက်ပေးလိုက်တာလဲ…
    သိချင်ပါတယ်.. ။

    :kwi:

  • sorrow

    May 6, 2014 at 12:56 pm

    စကားအတင်းစပ် ..လေယဉ်လက်မှတ်ဈေးတွေ ဘူမှမမေးကြဘူးလား ဟင် ….ရောင်းချင်လို့….အဟိဟိ ….

    • Iris

      May 6, 2014 at 3:10 pm

      ကိုကို​စောရိုးရှင့် Pyongyang သွားမဲ့. ​လေယဉ်​လက်​မှတ်​​ဈေးနှုန်​းရယ်​။ visa ရယ်​။ သိချင်​ပါတယ်​ချင်​့။ မြန်​မာနိုင်​ငံ အသွားအပြန်​ zero plan ရှိရင်​လည်​းလက်​တို့ပါချင်​့။

      • sorrow

        May 7, 2014 at 11:55 am

        မသွားနဲ့ …အဲ့ကကောင်တွေ ဆံပင်ကေ အရမ်းရွဲတယ်…အဟိဟိ

    • Ma Ma

      May 6, 2014 at 9:31 pm

      လေယာဉ်လက်မှတ်ဈေး သိချင်နေတာနဲ့ အတော်ပဲ။
      စ လုံး သွားဖို့ လေယာဉ်လက်မှတ်ဝယ်ချင်တယ်။
      အသက်သာဆုံးနည်းနဲ့ ဘယ်လိုဝယ်ရမလဲ။ :boss:

      • sorrow

        May 7, 2014 at 10:30 am

        တီတီမမရေ …လက်ရှိ စလုံးကို သွားနေတာ အောက်ပါအတိုင်းရှိပါတယ်ဗျ ။

        1) စင်ကာပူလေကြောင်း ( SQ )
        2) ပိုးသားလေကြောင်း ( MI )
        3) ရွှေမြန်မာလေကြောင်း ( GMA )
        4) မြန်မာ့လေကြောင်း ( 8M)
        5) ကျားလေကြောင်း ( TR )
        6)ဂျက်လေကြောင်း ( 3K)

        ဈေးသက်သာတာရွှေးချယ်လိုရင်ဖြင့် ( ရွှေမြန်မာ ။ ကျား ။ ဂျက် စသော စရိတ်နည်း လေကြောင်းလိုင်းများကို ရွှေးချယ်စေလိုကြောင်း )

        သို့သော် စရိတ်နည်းလေကြောင်းလိုင်းများ၏ ထုံးစံအတိုင်း
        1) သွားပြန် ရက်အတိအကျ သတ်မှတ်ရခြင်း
        2) ဝန်စည်စလှယ်ဖိုး ထပ်မံပေးဆောင်ရခြင်း
        3) ရက်ပြောင်းလိုလျှင် ရက်ပြောင်းကြေးနှင့် ဒဏ်ကြေးထပ်မံပေးဆောင်ရခြင်း

        အဲ့တာလေးတွေကတော့ရှိကြောင်း ဈေးနှုန်း အားဖြင့် အစိမ်း 150 -200 ခန့်သွားမည့်ရက်ပေါ်မူတည်ပြီး အပြောင်းအလဲရှိပါကြောင်း ။

        မှတ်ချက် ။ မြန်မာလေကြောင်း အထူးဈေးချထားပေးပါသည် ။ 205 ကျပ် ( 14 ရက်အတွင်း ရက်ချိန်းနိုင်သည် ) ။ GMA လေယဉ်မယ်လေးများ တော်တော်ချောသည် ။ ဟိုလေကြောင်းလိုင်းမှ aisle နှင့်ပင် မဆန့်သော လေယဉ်မယ် ဝဝကြီးများလိုမဟုတ် ….အဟိဟိ

        • ကေဇီ

          May 7, 2014 at 11:13 am

          ညီညီတာလေး လိုက်တာ ဘယ် လေကြောင်းတုန်းးး

          😀

          ချစ်မ ဘယ်တော့ လာမှာတုန်းးး
          သများကို ပြောဦးးး

          :s:

        • sorrow

          May 7, 2014 at 11:57 am

          ကောင်ရှည်လား .အပြည်ပြည်ဆိုင်ရာ မြန်းကျန့်လေကြောင်း မှာလုပ်သွားတာ…အဟိဟိ

        • alinsett (gazette)

          May 8, 2014 at 6:46 am

          ဒီ အမေး အဖြေလေး
          ပိုစ့်ထဲ ထည့်ရမယ်

        • Ma Ma

          May 10, 2014 at 10:15 pm

          ကေဇီနဲ့ ဆောရိုးရေ-
          ကွန်ပြူတာပြင်နေလို့ ရွာထဲမရောက်နိုင်တာနဲ့ အဖြေကိုခုမှပဲဖတ်မိတော့တယ်။
          သူများသွားမှာကို ပွဲစားထုံးစံအတိုင်း ကြားကမေးပေးတာ။

          လေယာဉ်မယ်လေး ချောတာတော့ မျက်မြင်မို့ မငြင်းလို။
          သို့သော် ကချင်နုထွားကြီးဆိုတာကတော့………. :mrgreen:

  • ပန်း စံပါယ်

    May 6, 2014 at 6:09 pm

    အခွန်ဆောင်ပြီးငွေ၊ အခွန်ကင်းလွတ်ခွင့်ရတဲ့ငွေနဲ့ ကားဝယ်ရင် အခွန်ကိစ္စက ဘယ်လိုပါလဲ သိပါရစေ။ ဘာကြောင့်လဲဆိုတော့ ကားဝယ်ရင် အခွန်အမည် အမျိုးမျိုးနဲ့ ဆောင်ကြရတယ်ကြားလို့ ရှင်းရှင်းလင်းလင်း သိပါရစေ။ အခြားနိုင်ငံတွေမှာရော ကားဝယ်ရာမှာ ဘယ်လိုစည်းကြပ်မှုတွေရှိလဲဆိုတာလည်း သိပါရစေ။

    နောက်တစ်ခုသိချင်တာက တစ်နှစ်ဝင်ငွေ သိန်း ၂ဝ ဆိုရင် အခွန်ကင်းလွတ်တယ်ဆိုတော့ အဲဒီမှာ အစိုးရဆီ တရားဝင် ဝင်ငွေခွန်ကြေငြာထားခြင်းမရှိတော့ တရားဝင်ငွေဖြူ ဟုတ်မဟုတ်ဆိုတာ သိချင်ပါတယ်။ နောက်ပြီး သိန်း ၅ဝ ရတဲ့သူကလည်း ကြေငြာထားခြင်းမရှိတော့ ငွေဖြူ မဟုတ်တာတော့ သေချာတယ်။ အချို့ဝန်ထမ်းတွေက တရားဝင်ဖြစ်ချင်တယ်။ ဝင်ငွေခွန် ဆောင်ချင်ကြတယ်။ သို့သော်လည်း လုပ်ငန်းရှင်တွေဘက်က တရားဝင်မလုပ်ကြဘူး။ ကုမ္ပဏီဘက်က မလုပ်တော့ ဝန်ထမ်းတွေအနေနဲ့ ဝင်ငွေကို တရားဝင်ဖြစ်အောင် ဘယ်လိုမှလုပ်လို့မရဘူး။ အဲဒီလိုတရားဝင်လုပ်ရင် သူတို့လဲအခွန်နဲ့ အတော်ထိတော့မှာလေ။ နောက် အခြား အကြောင်းအချက်တွေလည်း ရှိမှာပေါ့။ မိမိလုပ်အားခကို အခွန်ဆောင်ပြီး တရားဝင် ဝင်ငွေဖြစ်အောင် ဘယ်လိုလုပ်ရပါ့မလဲမသိ။ အစိုးရအနေနဲ့ လုပ်ငန်းရှင်တွေက ဝန်ထမ်းလစာကို တရားဝင် အမှန်အတိုင်းဖော်ပြ ကြေငြာနိုင်ဖို့ကို အဘယ်ကဲ့သို့ လုပ်ဆောင်မည်နည်းသိချင်စမ်းပါဘိ။

    • kai

      May 9, 2014 at 2:09 pm

      ယူအက်စ်မှာတော့.. အခွန်ဆောင်ထားငွေ (ငွေဖြူ)နဲ့ကားဝယ်ရင်လည်း.. အခွန်ထပ်ဆောင်ရမှာပဲ..
      ကုန်ဝယ်တဲ့အခွန်လေ..။
      ကားမှမဟုတ်.. ငွေဖြူနဲ့.. ဘာဝယ်ဝယ်.. ဝယ်ခွန်ထပ်ပေးရပါတယ်..။
      သာမန်အားဖြင့် ကုန်ဝယ်ခွန်က၁ဝရာခိုင်နှုန်းပါ..။
      သာမန်အားဖြင့်… ယူအက်စ်မှာ..လူတယောက် ငွေ၁၀ဝ ဝင်ငွေရှိရင်.. ၅ဝကျော်..၅၁-၂လောက်ကအစိုးရကို အခွန်အဖြစ်သေချာပေါက်(သေချာပေါက်) ပေးရပါတယ်..။
      အဲဒီငွေနဲ့.. အမေရိကားအစိုးရ ကမ္ဘာမှာလူတွင်ကျယ်လုပ်နေတာဖြစ်ပါကြောင်း..။

      ကားဝယ်ရင်.. တလုံးထဲတခဲထဲ.. ရော့ ၃သောင်းဆို.. မပေးကြပဲ.. အကြွေးယူပေးပါတယ်..။
      ဥပမာ။ ၃သောင်းတန်ကားဝယ်မယ်ဆို.. ၁သောင်းကို လက်ငင်းပေးမယ်..။ ကျန်၂သောင်းကို ..အတိုးနဲ့ငွေချေးပြီး.. တလ ၄၀ဝ နဲ့.. ၅နှစ်ဆပ်မယ်.. စသဖြင့်ပေါ့…။
      ငွေလှုပ်တိုင်း..လှုပ်တိုင်း.. အခွန်က ကပ်ကပ်ပါပါတယ်..။
      =
      လုပ်ငန်းရှင်က.. စုစုပေါင်းဝင်ငွေထဲက..အမြတ်ပြပြီးအမြတ်ထဲက အခွန်ဆောင်ရတဲ့..ရာခိုင်နှုန်းနဲ့.. စုစုပေါင်းဝင်ငွေထဲက.. ဝန်ထမ်းလစာတွေနှုတ်.. ပြီးမှအခွန်ဆောင်ရတဲ့.. အချိုးရာခိုင်နှုန်းမတူပါ..။
      ဒါကြောင့် ..ယူအက်စ်မှာ.. အမြတ်ငွေတက်တာနဲ့အမျှ.. ဝန်ထမ်းတွေကိုတိုးခန့်တယ်..။ အခွန်ကို တဝက်..လုပ်ငန်းရှင်က ဝင်ဆောင်ပေးတယ်..။ စသဖြင့်လုပ်ကြပါကြောင်း…။
      အခွန်စနစ်မှန်သွားတာနဲ့အမျှ.. တိုင်းပြည်တိုးတက်လာမှာဖြစ်ပါကြောင်း..။ :mrgreen:

      • ပန်း စံပါယ်

        May 14, 2014 at 6:22 pm

        ဒီမှာတော့ အခွန်ကို လုပ်ငန်းရှင်က တစ်ဝက်ဆောင်ပေးဖို့မဆိုထားနဲ့ ဖြစ်နိုင်ရင် သူ့အခွန်တောင်ဆောင်ခိုင်းချင်သေးတဲ့သဘောမှာရှိပါတယ်။

        တရားဝင် မဟုတ်တော့ အလုပ်သမားဥပဒေဆိုတာကို လုပ်ငန်းရှင်ဘက်က ရပိုင်ခွင့် အသာစီးအပိုင်းတွေပဲ အသိပေးပြောကြားပြီး၊ အလုပ်သမားဘက်က ရပိုင်ခွင့်ကိုတော့ ချိုးနှိမ် ဖျောက်ဖျက်ထားတယ်။ အချို့က လူမှုဖူလုံရေး နဲ့ ဝင်ငွေခွန်ကိုတော့ အလုပ်သမားတွေကပဲ ကိုယ့်ဘာသာ အပြည့်အဝပေးဆောင်ရမှာလို့ပဲ အသိပေးပြောကြားကြတယ်။ ဒါတွေကို မသိနားမလည်တဲ့သူတွေ များကြတော့ နားလည်သူများ၊ အလုပ်ဝင်စလူငယ်တွေအတွက်ရော အလုပ်ဝင်မည့်လူငယ်တွေအတွက်ရော သိသင့်တာ သိထားရအောင် ပညာပေးပိုဒ့်လေး ရေးတင်ပေးရင် ကောင်းမယ်ထင်ပါတယ်။

    • ဦးကြောင်ကြီး

      May 11, 2014 at 2:58 am

      ဝန်ထမ်းလစာပေးတိုင်း တစုတစည်းထဲ ရီပို့တင်ရတဲ့စနစ်ရှိလျင် ဘယ်သူဘယ်လောက်ရလို့ ဘယ်လောက်ဆောင်ရမည်ဆိုတာ ရှင်းသွားပါမည်။ ယနေ့အိုင်တီခေတ်မှာ ဒီလိုပဲလုပ်ကြသလေ..။ အစိုးရဝန်ထမ်းများ ဖက်စပ်ဝန်ထမ်းလစာများ အဲလိုပဲ လုပ်ကြပါသည်။ လစာပေးထဲက အခွန်၊ ဖူလုံကြေး ဘာညာကွိကွ တခါထဲဖြတ်ထားပြီး ဘဏ်မှာသွားဆောင်၊ ကျန်ငွေကို ဝန်ထမ်းကို ချက်ထုတ်ပေး.. ဘဏ်စနစ်ဖွင့်ဖြိုးဖို့ မြန်နှုန်းမြင့်အင်တာနက် ထွန်းကားဖို့လိုသည်။ တခုရှိတာ တရားမဝင်ခန့်ထားရင် ချက်လက်မှတ်နဲ့မပေးပဲ ငွေသားချည်းပေးလျင်တော့ လိုက်ရခက်မြီ။ အချို့လုပ်ငန်းရှင်များက အလုပ်သမား ဥပဒေကိုကြောက်လို့ တမင်စာရင်းမသွင်းဘဲနေတာလည်း များစွာရှိသည်။

      • ပန်း စံပါယ်

        May 14, 2014 at 6:04 pm

        ” တခုရှိတာ တရားမဝင်ခန့်ထားရင် ချက်လက်မှတ်နဲ့မပေးပဲ ငွေသားချည်းပေးလျင်တော့ လိုက်ရခက်မြီ။

        အချို့လုပ်ငန်းရှင်များက အလုပ်သမား ဥပဒေကိုကြောက်လို့ တမင်စာရင်းမသွင်းဘဲနေတာလည်း များစွာရှိသည်။ ”

        မြန်မာပြည်မှာ အများစုကတော့ တရားမဝင်ခန့်ပြီး ငွေသားပဲပေးကြတာများတယ်လေ။ တရားဝင်ဆိုလည်း လစာအမှန်မပြပဲ နည်းနည်းလေးပဲပြကြတာ။ အဲဒီလို တရားမဝင်ခန့်ထားလို့၊ စာရင်းမသွင်းဘဲ ငွေသားပေးတာကို အလုပ်သမားအနေနဲ့ ဝင်ငွေကို တရားဝင် ဝင်ငွေဖြစ်အောင် ဘယ်လိုလုပ်လို့ရမလဲ။ အစိုးရထံ ကုမ္ပဏီက ဝန်ထမ်း လစာအမှန်ပြအောင် ဘယ်လိုလုပ်လို့ရမလဲ။ အများစုကတော့ တရားမဝင် (သို့မဟုတ်) လစာနည်းနည်းပြ၊ အရင်းအနှီးနည်းနည်းပြ၊ အမြတ်နည်းနည်းပြ၊ မြတ်တခါ ရှုံးတလှည့်ပြ၊ ……………………၊ လက်ရှိလုပ်နေကြတဲ့အတိုင်းပဲ ဆက်သွားနေလိမ့်မယ်ထင်တာပဲ။

  • ဆာဂျရီလုပ်ထားရင်သေရင်ချက်ချင်းပုပ်တယ်ဆိုတာဟုတ်ပါသလား။ သာမန်ဗိုက်ခွဲထားရင်ကော သေရင်ချက်ချင်းပုပ်ပါသလား။
    သေပြီးနောက်ကိုယ်ခန္ဓာကိုလှူနိုင်ဖို့ ဘယ်လိုပြင်ဆင်သင့်ပါသလဲ သိချင်နေတာကြာပါပြီ။
    🙂

    • padonmar

      May 8, 2014 at 8:57 pm

      မဆီမဆိုင် မမနန်းရယ်၊
      ဆာဂျရီလုပ်ထားတာနဲ့ ဘာလို့ မြန်မြန်ပုပ်ရမှာလဲ၊ပုပ်စရာတခုလျော့သွားလို့ ပုပ်ချိန်တောင် နှေးရအုံးမယ်။
      ရန်ကုန်မှာတော့ ရေခဲတိုက်ထဲ ထည့်တော့ ပုပ်တာမသိသာဘူး။
      နယ်တွေမှာတော့ သိသာတယ်။
      ဒါကြောင့် ဘုန်းကြီးပျံတွေဆို ဗိုက်ခွဲ ကလီစာတွေထုတ်ထားရင် ရရက်စသည် ထားလို့ရသွားတယ်။
      ဖော်မလင် ထိုးထားရင်လည်း အပုပ်နှေးတယ်။
      သေပြီး ရိုးရိုးထားတာချင်းမှာလည်း မသေခင် လေဖြတ်တာတို့ ဖောယောင်နေတာတို့ဆို မြန်မြန်ပုပ်နံ့ထွက်တယ်။
      ပုံမှန်ဆို သေပြီး ၃နာရီလောက်မှာ တောင့်တင်းလာပါတယ်။
      (Rigor Mortis)လို့ခေါ်တယ်။ပြီးရင်တော့ တဖြည်းဖြည်း ပုပ်ဖို့ စလာတာပါပဲ။
      (အင်း…ဒီကွန်မန့်ကတော့ မွှေးနေမှာပဲ)

      • အာတီဒုံပဲဖြေပေးမယ်ဆိုတာသိနေတယ်။ကျေးဇူးလည်းတင်ပါတယ်။
        သေပြီးနောက်ကိုယ်ခန္ဓာကိုလှူနိုင်အောင်ကြိုမေးထားတာပါ ဘာတွေရှောင်ထားသင့်လည်းသိရအောင်
        🙂

  • TNA

    May 7, 2014 at 11:17 am

    ကွန်ပြူတာမှာတတ်ထားတဲ့ ADSL အင်တာနက်လိုင်းကိုဖြုတ်ပြီး ဖုန်းနဲ့ပဲ အင်တာနက်သုံးမယ်ဆိုရင် ရလာနိုင်တဲ့ ဆိုးကျိုးလေးတွေသိချင်ပါတယ်။ ကွန်ပြူတာကအင်တာနက်ဖြုတ်သင့်မဖြုတ်သင့်၊ ဖုန်းနဲ့ပဲ အင်တာနက်သုံးသင့်မသုံးသင့်အဲ့ဒါလေးသိချင်ပါတယ်။ ဒေါင်းလုပ်ကိုဖုန်းနဲ့ဆွဲတာအဆင်ပြေနိုင်မပြေနိုင်လဲသိချင်ပါတယ်။ ဟွာဝေး ၆၁ဝ ဝယ်သုံးချင်လို့ အဲ့ဒါနဲ့အင်တာနက်အဆင်ပြေနိုင်မပြေနိုင်လဲသိချင်ပါတယ်။

    • ROssI

      May 7, 2014 at 11:42 am

      ဖုန်းနဲ့အင်တာနက်သုံးမယ်.. ဖုန်းကို နှိုးစက် နာရီ ..စကတ်ဂျူလာ စသည်ဖြင့် သုံးမယ် သုံးတယ်(ကျော်တို့လည်းသုံးဖြစ်ပါတယ်)
      ဆိုရင်တော့ …ကျန်းမာရေးအရ သိပ်မမိုက်ဘူးရယ်..(ဆြာ့ ဆြာများ လာလင်းပါ…)

      အေဒီအက်စ်အယ်လ် လား …အမ်ပီတီကို များများဆဲပါလေ…
      ဟိဟ
      ကျော် ဖိုက်ဘာသုံးနေတာမေ့တွားဒယ်….

      P.S သင်ချာဝင့်ကျော် အဖေယီးကို ကနောင်မင်းသား ဂွေးဇိဘဲကွာ ..။

      • TNA

        May 7, 2014 at 3:25 pm

        ရိုစီဘဲငန်းမ နင်ဖိုင်ဘာသုံးတာ ခဏခဏမကြွားပါနဲ့အေ။ ခုဟာက ဖုန်းနဲ့ကလဲ သုံးဖြစ်နေတော့ အင်တာနက်လိုင်းကလဲ လစဉ်ကြေးပေးနေရတော့ မထူးဘူးလားလို့။ ကိုက်တယ်ဆိုရင် လိုင်းအင်တာနက်ဖြုတ်ပြီး လစဉ်ကြေးကိုဖုန်းထဲထည့်သုံးရင် ပိုတန်မလားလို့မေးတာအေ့။

  • alinsett (gazette)

    May 7, 2014 at 12:42 pm

    ဖြေကြပါ ဖြေကြပါခင်ည

    အင်းးး ဒီပိုစ့်တစ်ပုဒ်နဲ့တင်
    ကျနော့် ပွိုင့် တစ်သိန်းက
    အတော် ကပ်လာပါလား

    အားလုံးကို သိုင်းကျူးဘာ

    :mrgreen:

  • Crystalline

    May 7, 2014 at 2:30 pm

    ကိုအလင်းဆက်ရှင့်…
    ကျမသိလိုတာက ရန်ကုန်မှာ ကုသိုလ်ဖြစ်.. မျက်စိခွဲစိတ်တဲ့ ဆေးခန်းတွေဘာတွေရှိလား သိချင်ပါတယ်… နယ်ဖက်က ကလေးမလေး တစ်ယောက်ခွဲစိတ်ချင်လို့ပါ… ဆေးခန်းတွေမှာခွဲစိတ်ဖို့.. ပိုက်ဆံလည်းမတတ်နိုင်တဲ့အတွက်.. စရိတ်စက နည်းနည်းနဲ့ ကုသလို့ရမယ့်နေရာရှိမရှိသိလိုပါတယ်..

    • alinsett (gazette)

      May 7, 2014 at 3:45 pm

      စရိတ်နည်းနည်း သက်သက်သာသာနဲ့
      ကုသပေးတဲ့နေရာတွေရှိပါတယ်ခင်ဗျ

      သိသလောက်တော့
      မြောက်ဥက္ကာ မေဓါဝီဆေးရုံမှာလည်း ကုသပေးပါတယ်
      ဦးကျော်သူတို့ဆီမှာလည်း ကုသပေးပါတယ်။
      ရန်ကုန်မျက်စိအထူးကုဆေးရုံကြီး(မင်္ဂလာတောင်ညွန့်)မှာလည်း စရိတ်သက်သာစွာ ကုသနိုင်ပါတယ်။
      မျက်စိဆေးရုံကြီးမှာတော့ ကျနော်ကိုယ်တိုင် မျက်စိကုဖူးပါတယ်။
      ခွဲစိတ်ရတာတော့မဟုတ်
      သာမန်အသေးစားကုသမှုပါ
      အဲဒီတုန်းကတော့ စေတနာကြေးပဲ ပေးရပါတယ်။
      လိုအပ်တဲ့ဆေးကိုတော့ ဆေးရုံရဲ့ သက်သာဆိုင်က ဝယ်ယူရပါတယ်
      သမိုင်းလမ်းဆုံက ကြံ့တွေဖွတ်တွေ တည်ထောင်ထားတဲ့ ဖြိုးဆိုလား
      ဆေးခန်းမှာလည်း တနင်္လာ သောကြာ နှစ်ရက်ကို အခမဲ့ကုသပေးတယ်လို့ သိရပါတယ်။

      • nozomi

        May 8, 2014 at 12:40 pm

        ဇီဝိတဒါနသံဃဆေးရုံမှာလဲ အခမဲ့ ( သို့) သက်သာသောနှုံးနဲ့ ခွဲပေးနေတာရှိတယ်

  • အာဂ

    May 7, 2014 at 5:37 pm

    ဇကား..စပ်စပ်စုစု လုပ်ကြည့်ရရင်… သူကြီး ကြယ်သုံးပွင့်နဲ့ ကေဇီ ကြယ်သုံးပွင့် ဘာများကွားပါသလဲခင်ဂျာ

    • alinsett (gazette)

      May 8, 2014 at 5:18 pm

      အမျိုးသမီးကြယ်နဲ့
      အမျိုးသားကြယ် ကွာတာလား မသိ

      အဟိ

      :mrgreen:

  • ဦးကျောက်ခဲ

    May 8, 2014 at 10:14 am

    အဟမ်း… ရွာကာလသားများ ချစ်မှုရေးရာ အကူအညီလိုရင်ပြောကြပါ…
    အလှော်အပင့် အတို့အထောင် မြှောက်ထိုးပင့်ကော် ကျွမ်းကျင်ပါ၏…
    အဲ… ရုံးရောက် ဂါတ်ရောက်ကတော့… ကျောက်စ်နဲ့မဆိုင်…
    😀

    • ကူမားရ်

      May 8, 2014 at 12:04 pm

      မားကျောက်ရှင့်..သမီးလင်ရအောင်..ကူညီပေးနိုင်မပေးနိုင်သိပါရစေ.ချင့်..

      • ဦးကျောက်ခဲ

        May 8, 2014 at 12:54 pm

        မားရ် လင်လိုချင်ရင် ကွဲစီမလို ဘီကီနီနဲ့ စက်စီပုံတင်ပါ…
        အဲ… မဟာနဖူးလေးကိုတော့ ဦးထုပ်လေးနဲ့ ကွယ်ထား… ဟိ
        😀

  • lu lu

    May 8, 2014 at 7:53 pm

    တစ်ခုလောက်မေးစမ်းချင် ရဲ ့
    နှင်းဆီပန်းပင် အတွက် ဘယ်လို အာဟာရ တွေကြွေးရပါသလဲ
    လုလု နှင်းဆီ ပင် တွေစိုက်ထားတာ ကြီးထွာမှုအားနဲနေလို ့
    ဘာလုပ်ပေးရမလဲ

    • ကေဇီ

      May 8, 2014 at 8:24 pm

      @ Lu Lu

      အဝတ်သန့်သန့်လျှော်ပြီးထားတဲ့ ဆပ်ပြာမှုန့်ရေ လောင်းလိုက်။
      အကုန် အကျသက်သာအောင်။
      .
      .

      အဖူးတွေကို ပိုးမကိုက်စေချင်ရင် ကြက်ဥခွံ့စွပ်ထားးး
      .
      .
      .
      ကုန်နိုင်ရင် ဘားပလက် ကျွေးးး

      I am serious.
      🙂

    • ကေဇီ

      May 8, 2014 at 8:28 pm

      နောက် နှင်းဆီ က အပွင့် မပွင့်တဲ့ ကိုင်းတို့ ကျိုးသွားတဲ့ ကိုင်းတို့ ကို အားမနာနဲ့ ဖြတ်ပစ်။
      နို့မို့ အမြစ်က သယ်ပေးတဲ့ အာဟာရကို သူတို့ပါ ပေးနေရတာ။။

      နှင်းဆီ ပင် တစ်မျိုးပဲ စိုက်ဖူးလို့ သိတာ။
      ကျန်တာမမေးနဲ့နော်။

      😀

    • Ma Ma

      May 10, 2014 at 9:59 pm

      နှင်းဆီပင်အတွက် အလွယ်ကူဆုံး အကောင်းဆုံးအားဆေးက ဆန်ဆေးရည် </b: ပါပဲ။
      နေ့စဉ် ထမင်းချက်တဲ့အခါ ရတဲ့ ဆန်ဆေးရည်နဲ့ ပန်းပင်ကို လောင်းပေးရင် အခြား ဘာအားဆေးမှ ထည့်ဖို့မလိုပါဘူး။
      ဆပ်ပြာရည်ကတော့ ပိုးသတ်ဆေးအစားသုံးတဲ့သဘောပါ။ 🙂

  • ဝင့်ပြုံးမြင့်

    May 9, 2014 at 1:04 am

    ဗိုက် ၂ကြိမ်ခွဲထားတော့ အခု ဗိုက်သားအဆီစုလာတဲ့အခါ အရင်ကလို အိပ်ထမတင်ကို တဖျပ်ဖျပ် မလုပ်နိုင်တော့ဘူး။ မနည်းကြီးကို လုပ်နေတာ သုံးကြိမ်ထက်ပိုမရဘူး။ အဲဒါ ဒီရွာထဲမှာ အားကစားသမားများရှိရင် အိပ်ထမတင် လုပ်စရာမလိုတဲ့ ဗိုက်ချပ်နည်းလေး မ စ ပါရှင့်။

  • ကေဇီ

    May 9, 2014 at 6:47 am

    @ Wint

    ဗိုက်ချပ် အဆီကျလိုလျှင် (အရမ်းကောင်းသောအူဆေးနည်း)
    ===============================

    ဆေးသောက်စရာမလိုပဲ အရမ်းကို ထိရောက်တဲ့ နည်းလမ်းလေး တစ်ခုရှိပါတယ်။ တစ်ရက်တော့ပင်ပန်း ခံရပါမယ်။ ခက်ခဲတဲ့အတွက် အစာအိမ်ရောဂါရှိသူ၊ သွေးအားနည်း ရောဂါရှိသူတွေအတွက်တော့ မစမ်းသပ်ကြဖို့ မှာကြားလိုပါတယ်။
    ၁။ ၂၄ နာရီလုံး ရေ တစ်မျိုးထဲသာ သောက်ရပါမယ်။
    (ဥပမာ – ယနေ့ မနက် ရနာရီမှ စမည်ဆိုလျှင် နောက်နေ့ မနက် ရနာရီထိ)။

    ၂။ ၂၄ နာရီအတွင်း အနည်းဆုံး ရေ ငါးလီတာခန့်ထိ ဝင်အောင် သောက်ပေးရပါမယ်။
    ၃။ မည်သည့် အစားအစာ၊ကော်ဖီ၊လက်ဖက်ရည်၊ အချိုရည်မှ မသောက်ရပါ။

    ၅။ ၂၄ နာရိ ပြည့်သည်နှင့် ရေနွေး တစ်လီတာကို ဆား လက်ဖက်စားဇွန်း တစ်ဇွန်း ထည့်မွှေပြီး တစ်ထိုင်တည်း ကုန်အောင် သောက်ပေးရပါမည်။

    ၆။ ထို့နောက် အိပ်ယာထက်တွင် ညာဘက်သို့ စောင်းကာ နာရီ ဝက်ခန့် လဲလျောင်း နား နေရပါမယ်။

    ၇၊ ဝမ်းသွားလိုလာလျှင် ထ သွားလိုက်ပါ။
    ၈။ ထိုသွားသော ဝမ်းသည် အလွန် နံဟောင်သော ဝမ်း၊ ရံခါ အမည်း အညစ် အကြေးများပါ တွေ့ရပါလိမ့်မယ်။

    ၉။ ၄ခါ ၅ခါ ခန့်သွားပီး အရည်ကျဲလာလျင် ဆန်ပြုတ် (သို့) သစ်သီးဖျော်ရည် တစ်ခွက် သောက်ကာ ခန ပြန် နားနေလိုက်ပါ။

    ၁၀။ ထို့ နောက် ထိုနေ့ တစ်နေကုန် အပူအစပ်၊ နို့နှင့် နို့ထွက် အစားအစာများ နှင့် ready made food များကို ရှောင်ကြဉ်ပေးရပါမည်။
    နောက်ရက်များတွင် နှစ်သက်ရာ ပြန်လည် စားသောက်နိုင်မည် ဖြစ်ပါသည်။ သို့သော် ready made food များကို တော့ တတ်နိုင်သလောက် ရှောင်ကျဉ်ရပါမည်။ နို့နှင့် နို့ထွက် အစားစာများကို တတ်နိုင်သလောက် ရှောင်ကျဉ်ရပါမည်။ သစ်သီးဝလံများကို ပိုမိုစားသုံးရပါမည်။ ညဘက်တွင် အသီးနှံ တမျိုးမျိုး ကို ညစာ အစားထိုး ဖြည့်စွက် စားသုံးနိုင်ပါသည်။

    ယင်းနည်းသည် မင်းသမီး ဒိုင်ယာနာ မကွယ်လွန်မီ တလ တခါ ပြုလုပ်နေကြ နည်းလမ်းဖြစ်သည်ဟု သိရပါသည်။
    မိမိတို့ နေ့စဉ် စားသုံးခဲ့သော အစားအစာများ အကြော်ဆီများ ဆီဦးထောပတ်များအတွက် အူသည် မည်သည့်အခါမှ မဆေးကြောခဲ့ရပါ။ထို့ကြောင့် ဗီလိုင်ဟု ခေါ်သော အမြှေးလေးများမှာ ငါးကန်များ ရေညှိ တက်သကဲ့သို့ အညှိလေးများ တက်နေပါသည်။ ထိုသည်ကို ဆားရေနွေးလေးများဖြင့် ဆေးကြောသန့်စင်လိုက်ခြင်းဖြစ်ပါသည်။ ထိုသို့ ဆေးကြောလိုက်ခြင်းဖြင့် နောင် အခါ စားသောက်သော အသီးအနှံ အစားအစာများမှ အာဟာရများ ပိုမို စုပ်ယူနိုင်မည်ဖြစ်ပီး ကျန်းမာသန်စွမ်းသော ကိုယ်ခန္ဒာကို ပိုင်ဆိုင်လာမည်ဖြစ်သည်
    ထိုသို့ အူမဆေးမီ မိမိ ဗိုက်နှင့် ကိုယ်အလေးချိန် တိုင်းထားပါ။ အူဆေးပီးနောက်ရက် ထပ်တိုင်းကြည့်ပါ။ သိသိသာသာ ဗိုက်လေး ချပ်ရပ်လှပသွားမည်ကို တွေ့ရပါမည်။

    သတိပြုရန်မှာ။ ။ အူဆေးထားပီးနောက် ညစာအဖြစ် နို့နှင့်နို့ထွက်အစားစာများ စားသုံးခြင်း၊ ညစာ အလွန်အမင်း စားသုံးခြင်းများ သတိပြု ရှောင်ကြဉ်စေလိုပါသည်။ အသီးအနှံ ဖြည့်စွက် စားသုံးခြင်း အလေ့အထကို ပြု လုပ်စေလိုပါသည်။
    Credit to original uploader

    • TNA

      May 13, 2014 at 3:51 pm

      ချွိချွိ တေအောင်တတ်နေဒါလားဟင် :byee:

  • ကေဇီ

    May 9, 2014 at 6:50 am

    တကယ်ပိန်ချင်သူများအတွက်သာ
    **********************
    ဟောဒီမှာ တကယ်ပိန်ချင်သူများအတွက် ဆေးဝါးအကူမလိုဘဲ၊ မိမိဖာသာ အစားအသောက်ဖြင့် ဝိတ်ချလို ့ရတဲ့ နည်းလမ်း ကောင်းရှိပါတယ်။ ဒီနည်းက ရက်သတတ္တ (၁)ပတ်အတွင်း ကိုယ်အလေးချိန် ၆ မှ ၈ ကီလိုထိ ကျစေတဲ့ နည်းလမ်းဖြစ်တယ်လို ့ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ (၄)ရက် နေ ့စွဲပါ American Health Digest မှာ ဖော်ပြထားခဲ့ပါတယ်။ ။ သို ့သော် (၇)ရက်တိတိ သူ ့အညွှန်းအတိုင်း လိုက်နာနိုင်မှသာ ကိုယ်အလေးချိန် သိသိသာသာလျော့ကျစေမှာဖြစ်လို ့၊ တကယ်ပိန်ချင်လိုစိတ်ပြင်းပြ သူများ ကြိုးစားအားထုတ်ကြည့်စေလိုပါတယ်။
    ပထမနေ ့
    ———–
    တသက်တာလုံးစားသောက်လာခဲ့သမျှှ ခန္ဒာကိုယ်ထဲမှာ ပုန်းအောင်းနေတဲ့ အဆိပ်အတောက်တွေကို ဖယ်ထုတ်ပေးရမှာဖြစ်လို ့ ပထမနေ ့က အရေးကြီးဆုံးပါဘဲ။ ။ ဒါကြောင့် ရေဓာတ်ပါဝင်မှုများတဲ့ သစ်သီးဝလံများဖြစ်ကြတဲ့ ဖရဲသီး၊ စတော်ဘယ်ရီ၊ သခွား မွှေး၊ ဂရိတ်ဖရု၊ နာနတ်၊ လိမ္မော်၊ စပျစ်သီး၊ သင်္ဘောသီး၊ ပန်းသီး၊ တရုပ်ဇီးသီးကြီး စသည့် အဆင်ပြေရာ သစ်သီးတို ့ကို ဗိ်ုက် ဆာတဲ့အခါတိုင်း ထမင်းလွတ်စားပေးရမှာဖြစ်ပါတယ်။ သောက်ရေကိုတော့ အနည်းဆုံး ဖန်ခွက် ၆-ခွက်မှ ၈-ခွက်အထိ သောက် ပေးပါ။ (ပထမနေ ့မှာ ဌက်ပျောသီး စားခွင့်မရှိပါဘူးရှင်)
    ဒုတိယနေ ့
    ————
    ဒီနေ ့မှာတော့ ပန်းဂေါ်ဖီစိမ်း(ခေါ်)ဘရိုကိုလီ၊ မုန်လာဥနီ၊ ပဲသီးအမျိုးမျိုး၊ သခွားသီး၊ ဂေါ်ဖီထုပ် စတဲ့ ဟင်းသီးဟင်းရွက်တွေကို အစိမ်းလိုက်(သို ့မဟုတ်)ပြုတ်၍(သို ့မဟုတ်)အပူပေးကာ ဟင်းချို/စွပ်ပြုတ်ဖြစ်ဖြစ် နှစ်သက်သလို စားနိုင်ပါတယ်။ ။ သို ့သော် ဆီ (လုံးဝ) မထဲ့ပါနဲ ့။ ဒုတိယရက်မှာ အာလူးကို ရှောင်နိုင်လေကောင်းလေးပါ။ အကယ်၍ အားလူးစားချင်စိတ်ရှိပါက ပြုတ်၍ နံက် စာအဖြစ်သာစားပါ။ (ပထမနေ ့အတိုင်း ရေသောက်ဖို ့မမေ့ပါနဲ ့)
    တတိယနေ ့
    ————-
    ဒီနေ ့အတွက် သစ်သီးဝလံ နဲ ့ဟင်းသီးဟင်းရွက်တွေကို တလှည့်စီစားလို ့ရပါပြီ။ ဒါပေမယ့် အာလူးတော့ မစားပါနဲ ့ဦး။ နံက်စာ ကို သစ်သီးဝလံစားပါ။ နေ ့လည်စာကို ဟင်းသီးဟင်းရွက်စားပါ။ ညနေပိုင်း အဆာပြေ သစ်သီးထပ်စားပြီးနောက်၊ ညစာကိုတော့ ဟင်းသီးဟင်းရွက်တွေရော သစ်သီးဝလံများပါ ၂-မျိုးရောစားနိုင်ပါတယ်။ (ပထမနေ ့အတိုင်း ရေသောက်ဖို ့မမေ့ပါနဲ ့)
    စတုတ္ထနေ ့
    ———–
    ဒီနေ ့ကတော့ ပျော်စရာနေ ့လေးပါဘဲ။ တနေ ့တာလုံးအတွက် ဌက်ပျောဌက်ပျောသီး ၈-လုံးအထိစားလို ့ရပြီး၊ နွားနို ့၃-ခွက် အထိ သောက်ခွင့်ရှိပါတယ်။ နံက်စာ၊ နေ ့လည်စာနဲ ့ ညစာတွေကို ဌက်ပျောသီး ၂-လုံးနဲ ့၊ နွားနို ့ ၁-ခွက် စီသောက်ပေးပါ။ ညနေစာကိုတော့ အဆာပြေ ဌက်ပျော်သီး ၂လုံးလောက်စားပေးနိုင်ပါတယ်။ (ပထမနေ ့အတိုင်း ရေသောက်ဖို ့မမေ့ပါနဲ ့)
    ပဉ္စမနေ ့
    ———
    ဒီနေ ့မှာတော့ ခရမ်းချဉ်သီးမှည့်(အလုံးကြီးကြီး) ၁၀-လုံးနဲ ့ ထမင်း ပန်းကန်လုံးသေး ၁-ခွက် စားလို ့ရပါတယ်။ ထမင်း ပန်းကန် လုံးသေး ၁-ခွက်ကို နေ ့လည်စာအဖြစ် စားပြီး၊ နံက်/နေ ့လည်/ညစာတွေအတွက် ခရမ်းချဉ်သီး ၁၀-လုံးကို အဆင်ပြေသလို စား နိုင်ပါတယ်။ ပဉ္စမနေ ့က ရေတိုးသောက်ပေးရမယ့် နေ ့ဖြစ်လို ့ ယခင်သောက်ရေ ဖန်ခွက် ၈-ခွက်မှ ယခု ၁၂-ခွက်အထိ သောက် ပေးရပါမယ်။
    ဆဌမနေ ့
    ———-
    ဒီနေ ့မှာလည်း နေ ့လည်စာကို ထမင်းပန်းကန်လုံးသေး ၁-ခွက် စားလို ့ရပါတယ်။ သို ့သော် သစ်သီးဝလံတို ့စားခွင့်မရှိပါဘူး။ ဒုတိယနေ ့ကအတိုင်း ဟင်းသီးဟင်းရွက်တွေကိုတော့ အလုံအလောက်စားပေးနိုင်ပါတယ်။ (ပဉ္စမနေ ့ပမာဏအတိုင်း ရေများများ တိုးသောက်ဖို ့မမေ့ပါနဲ ့)
    သတ္တမနေ ့
    ————-
    (အားတင်းထားနော် နောက်နေ ့ကစလို ့ကိုယ်ကြိုက်တာ အစားစုံ စားလို ့ရပြီလေ) ပျော်စရာနေ ့ကြီးပါ။ ဒီနေ ့မှာတော့ ထမင်း ပန်းကန်လုံးသေး ၁-ခွက်စာ အပြင်၊ ဟင်းသီးဟင်းရွက်တွေနဲ ့ သစ်သီးဝလံတွေပါ စားခွင့်ရှိပါတယ်။ မှန်ကြည့်လိုက်ပါဦး သင့် မျက်နှာအသားအရေပိုကောင်းလာပြီး ယခင်ကထက် ပိုမိုဝင်းပနေတာကိုတွေ ့ရပါလိမ့်မယ်။ ကိုယ်အလေးချိန် ချိန်ကြည့်တဲ့အခါ မှာလည်း အနည်းဆုံး ၆-ကီလိုလောက် ကျသွားတာမို ့ ဒါဟာ သင့်ရဲ ့ မဆုတ်မနစ် ဇွဲရှိရှိဖြင့် ကြိုးစားအားထုတ်မှု ရလာဘ်တွေ ဖြစ်ပါတယ်။

    ပေါက်ပေါက် (Ref : American Health Digest )
    —————————————————-
    http://www.facebook.com/health.beauty.mm
    ကျန်းမာရေးနှင့် အလှအပရေးရာမှ
    တဆင့်ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်။

    • sorrow

      May 9, 2014 at 3:36 pm

      မမ..တကယ်အဆီကျ သွယ်လျ လှပ သလား …ဖက်တီးမကြီးကို ဝိတ်ချပေးချင်လို့ …

      • ကေဇီ

        May 9, 2014 at 4:05 pm

        နာ တောင် စမ်းသပ်မလို့ဟာ အစာအငတ်မခံနိုင်လို့။
        မတော် မူးလဲနေမှဖြင့်..!

        😀

        • sorrow

          May 11, 2014 at 2:57 pm

          မမရေ ..အတော်တော့မလွယ်…ယနေ့စလုပ်မို့ …အသုံးစရိတ်.ခန့်မှန်း .အောက်ပါအတိုင်း…

          1) ဆန်းကစ်လိမော်သီး နှစ်လုံး .. နှစ်ထောင့်ငါးရာ
          2) ဖူဂျီပန်းသီး နှစ်လုံး….. နှစ်ထောင့်ငါးရာ
          3) သရက်သီးနှစ်လုံး … ထောင့်ငါးရာ
          4) ယိုးဒယားစပျစ်သီးနည်းနည်း ( ဘုရားစူးနည်းနည်းလေး ) …. နှစ်ထောင်
          5) ကီဝီသီး လေးလုံး …နှစ်ထောင့်ငါးရာ ..
          6) သင်္ဘောသီး တစ်လုံး ..နှစ်ထောင် …
          7) စတော်ဘယ်ရီတဘူး .. နှစ်ထောင် …
          8) သခွားမွှေး ……..နှစ်ထောင်

          ပိန်ချင်ကြသေးသလား ..အရပ်ကတို့ရဲ့ ….
          ဘယ်ရီ ရယ် ..ချယ်ရီရယ် …ဗူးသေးသေးလေးတဗူးကို ခြောက်ထောင်တဲ့ဂျ….ကြားလို့မှကောင်းသေးရဲ့လား….

      • Crystalline

        May 12, 2014 at 12:09 pm

        ဆောရိုးတို့က ဘယ်ကသွားဝယ်တာတုန်း… တို့နားမှာ… စိန်တစ်လုံးရှယ်သီးတွေမှ ၅၀ဝပဲရှိတာ.. ပန်းသီးတွေ..ပန်းသစ်တော်တွေလည်း အလွန်ဆုံး ၈၀ဝပဲ… ဟုတ်တယ်.. အကြံရပြီ နာလည်း အသီးစားပြီး ဝိတ်ချအုန်းမယ်… :loll: ကေဇီနည်:ထဲ ဝမ်းဆေးနည်းတော့ မလုပ်ရဲဘူး.. ၂၄နာရီလည်း မနေနိုင်လောက်ဘူး… နောက်တစ်နည်းကတော့လုပ်ဖူးတယ်.. ဒါပေမယ့် တိတိကျကျမဟုတ်ပါဘူး.. အဲဒီအရွက်တွေပြုတ်တာ ဒီတိုင်းဆိုအနံ့မခံနိုင်လို့.. တုံ့ယမ်းချဉ်စပ်တုံးထည့်ပြုတ်သောက်တာ.. :))

      • TNA

        May 13, 2014 at 3:54 pm

        ပိန်တယ် ပိန်တယ်တကယ်။ တပါတ်လဲပြည့်ရော ငတ်ငတ်နဲ့ အတိုးချစားလိုက်တာ အောင်မယ်မင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး 😥

  • tun swe

    May 9, 2014 at 1:09 pm

    ပန်းစပယ် မေထားတည့် မေခွန်းကို ဘူမရဲ ဖြေဘူး

    • alinsett (gazette)

      May 9, 2014 at 4:37 pm

      ဟိုမယ် ဖြေထားပြီးပါပြီခည

      ကိုထွန်းဆွေ လို့ခေါ်ရမလား
      မန်ဘာအသစ် ထင်တယ်
      မန်ဘာအသစ်ထဲမှာတော့ ထူးထူးခြားခြားပဲ

      :mrgreen:

  • tun swe

    May 10, 2014 at 2:39 am

    မှန်​ပါတယ်​ ကိုအလက်​ဆင်​းခဗျား မန်​ဘာအသစ်​ပါ
    အခုမှ သူကြီးရဲ့ အ​ဖြေကို ​တွေ့ရပါ၏ ​ကျေးဇူးတင်​ပါ၏

    • San Hla Gyi

      May 13, 2014 at 6:29 pm

      မန်ဘာအသစ်ဆို ကျုပ်ပြောတာလေးကို ဖတ်ပြီး သဘောထား ဆွေးနွေးပေးပါ ကို tun swe ခင်ဗျား

  • San Hla Gyi

    May 13, 2014 at 6:26 pm

    ဒါလေး ဆွေးနွေးချင်လို့ပါ။ သဂျီးခိုင် မှားပါသလော ရှေ့နောက်တလွဲ ဖြစ်နေပါသလော?
    သဂျီးခိုင် မှားသလား။ မှားတာပေါ့ အကြီးအကျယ်ကို ခဏ ခဏ မှားတယ်။ အားလုံး ညာဘက် ကော်လံဒေါင့်က စည်းကမ်းချက် နံပါတ် ၆ ကို ဖတ်ကြည့်ပါ။ “လူမျိုးရေး ဘာသာရေး အသားအရောင် ခွဲခြားမုန်းတီးမှု ဖြစ်စေသော စာများ မတင်ရ” တဲ့။ ကဲ ဆက်ကြည့်ရအောင်။
    နာနာ(သံတွဲ) ဆိုသူ ရေးတဲ့ မြန်မာ မွတ်စလင် ပြည်သူများအား မုန်းတီးသူများသို့ ဆိုတဲ့ ပို့စ်ထဲမှာ သဂျီးက ဒီလို ပြောတယ်။ “အလှူလုပ်တာတောင် မွတ်စလင်တွေပါ စားလို့ရအောင် ဟာလာဆိုင်က ကြက်သားရှာဝယ်ပြီး အဲဒါနဲ့ ဟင်းချက်ပြီး အလှူလုပ်တယ်။ စေတနာလည်း ရှိတယ်။ ကိုရမ်ကျမ်းမြတ်လည်း လွန်ခဲ့တဲ့ အနှစ် အစိတ်လောက်ကတည်းက မိတ်ဆွေဗလီဆရာဆီက ဌားပြီးဖတ်ဖူးတယ်။ ကိုရမ်က တချို့စာတွေလည်း အလွတ်ကျက်ခဲ့ဖူးတယ်။” ကဲ ဘယ်လောက်အထိ သိမ်မွေ့တဲ့ လေသံလည်းဆိုတာကြည့်။ အသေးစိတ် ဖတ်ချင်ရင် http://myanmargazette.net/117786 ကိုသွား သဂျီးကွန်မန့်က ဒုတိယကွန်မန့်ပဲ။ ရှာရတာ မခက်ဘူး။ ရေးတဲ့ရက်စွဲက April 26 2012 ပါ။
    နောက်တခါ ထပ်ပြောတာက ကိုရင်မောင်ရေးတဲ့ ပို့စ်ဖြစ်တဲ့ မြန်မာတွေ ကုလားလို့ ဘာလို့ ခေါ်ကြတာလည်း ဆိုတဲ့ ပို့စ်ထဲမှာ ပြန်ဖတ်ကြည့်။ ဆောင်းပါးရှင်က ကုလားလို့ ခေါ်ရခြင်း အကြောင်းကို တိုတိုလေးရေးတယ်။ ကိုရင်စည်သူက ကွန်မန့်ရေးတယ် “သူတို့ချင်းတောင် ကုလားလို့ ပြန်ခေါ်နေတာပဲ ကုလားကို ကုလားခေါ်တာ မကြိုက်ရင်တော့ ကုလားဆို မဆလာလို့ ခေါ်မယ်”
    သဂျီးက အောက်မှာ ကွန်မန့်ပြန်ရေးတယ်။ “ကာယကံရှင်တွေက မကြိုက်ရင် မခေါ်ဖို့ပါပဲ။ မကြိုက်ပါဘူး ဆိုတာကို ခေါ်တာ (ဒါမှမဟုတ်) ခေါ်ဖို့ ကြိုးစား အကြောင်းပြတာဟာ မျှတတဲ့ ဖြစ်တည်မှု မဟုတ်ပါဘူး။ တရားမျှတတာကို ချစ်ရင် ကိုယ်ကလည်း တရားမျှတရပါမယ်။” ကဲ ဘယ်လောက် စကား ချိုသလည်း။ အသေးစိတ် ဖတ်ကြည့်ရင်တော ့http://myanmargazette.net/127811 ကိုသွား သဂျီးကွန်မန့်က ၂၈ ခုမြောက်ကွန်မန့်ပဲ။ ရက်စွဲက Jun 5 2012 ပါ။
    ဒါဆို သဂျီးကိုယ်တိုင်ရော ဘယ်လိုနေသလည်း ပြန်ကြည့်ရအောင်။ အရောင်ရင့်မှတ်တမ်း ဖေဖော်ဝါရီ ၂၀၁၄ ပါ။ သဂျီးကိုယ်တိုင်တင်တဲ့ ပို့စ်နော်။ သူရေးတဲ့ ကွန်မန့်က “ကုလား ဟိန္ဒူတွေဟာ နွားသားမစားပေမယ့် နို့နဲ့ နို့ထွက်ပစ္စည်းတွေ စားသုံးကြတာမို့ သူတို့ဘဝ လူနေမှု အတွေးအခေါ် ဉာဏ်ရည်မကျဆင်းပါ။ ကော်ပီကတ် အဲ ကော်ပီနွားမြန်မာတွေကတော့” အဲ အဲဒီကွန်မန့်ကို ပြောချင်တာပါပဲ။ သူကိုယ်တိုင် ရေးတဲ့ ပို့စ်ထဲမှာ နွားမြန်မာတွေလို့ သိမ်းကျုံးခေါ်ပြီး တမျိုးသားလုံးကို နွားနဲ့နှိုင်းပြီး စော်ကားလိုက်ပါတယ်။ အသေးစိတ် ဖတ်ချင်ရင်တော့ http://myanmargazette.net/193357 ကိုသွား အဲဒီမှာ ရှိပါတယ်။ သိပ်မကြာသေးပါဘူး။ ကဲ သူက တောင်းပန်ရမှာပါ။ အားလုံးရှေ့မှာ မေးပါတယ်။ ကိုယ်တိုင်ကျတော့ သူများ ကုလားလို့ ခေါ်တာကိုတောင် မကြိုက်လို့ မခေါ်ပါနဲ့ ပြောပြီး ကိုယ်ကျတော့ သူများလူမျိုးကို ဘာလို့ နွားလို့ သိမ်းကျုံးပြီး ခေါ်ရတာလည်း။ အလွန်ရိုင်းစိုင်းတဲ့ စော်ကားမှု ဖြစ်ပါတယ်။ ကျုပ်တော့ မြန်မာလူမျိုးဆိုတော့ အဲဒီစကားကို နာပါတယ်။ ကိုယ်တိုင် အဲဒီလို အခေါ်ခံရတာကို နာရကောင်းမှန်း မသိရင်တော့ တကယ့် သူပြောတဲ့ အကောင်လုံးလုံး ဖြစ်မှာပါ။ လုပ်ရမှာက အဲဒီလို လုပ်တဲ့အတွက် မြန်မာတွေကို သီးသန့် ဆောင်းပါးရေးပြီး တောင်းပန်ခိုင်းဖို့ပါ။ အကြံပြုရင်လည်း ကုလားတွေတုန်းက လေချိုလေးနဲ့ ပြောသလို မြန်မာတွေကိုလည်း စော်ကားတဲ့ အသုံးအနှုန်း သုံးဖို့မသင့်ပါ။
    ကျုပ်က စေတနာနဲ့ လုပ်တာလို့ ပြောဖို့ မစဉ်းစားပါနဲ့။ သူ့ ရင်ထဲက စိတ်ကတော့ သူပဲ သိမှာဆိုတော့ ဘယ်သူမှ မမြင်ရပါဘူး။ တချို့တွေ သူ့ကို respect မပေးဘူးဆိုတာ သူကိုယ်တိုင် စပြီး စော်ကားခဲ့လို့ပါ။ လူကို တယောက်ချင်း နာမည်တပ် ဆဲတာထက် လူမျိုး သို့မဟုတ် ဘာသာနဲ့ နှိုင်းဆဲတာက ပိုနာတတ်ပါတယ်။ ဒါ စော်ကားမှုထဲက တခုပဲ ရှိပါသေးတယ်။ နောက်ထပ် ဒါမျိုးတွေ အကြိမ်ပေါင်းများစွာ သူ ကျူးလွန်ခဲ့တယ်။ တခါတလေ လုပ်မိတာ မဟုတ်ပါဘူး။ ဒေါသအလျောက် လူတယောက်ချင်း ရန်ဖြစ်လို့ တိုင်းတာမျိုး မဟုတ်ပါဘူး။ အကြိမ်ကြိမ်ပါ။ အဲဒါ ဘာကြောင့်များလည်း။ မြန်မာတွေ သူ့ကို ဝင်မေးနိုင်ပါတယ်။ အဲဒီ ကွန်မန့်တွေ အားလုံးကို ဖျက်ပစ်တောင် ကျနော့်မှာ အပိုသိမ်းထားတာ ရှိပါတယ်။ လိုချင်ရင် ကျနော်ပေးနိုင်ပါတယ်။

  • San Hla Gyi

    May 14, 2014 at 10:12 pm

    သဂျီးခိုင် ကိုရမ်ကျမ်းမြတ် အလွတ်ကျက်တယ်လို့ သူကိုယ်တိုင် ပြောတဲ့ ကွန်မန့်ကို မဖတ်လိုက်ရတဲ့လူတွေ ဖတ်ချင်ရင် သူဖျက်လိုက်တဲ့ ကွန်မန့်တွေ ဖတ်ချင်ရင် sanhlagyi@gmail.com ကိုသာ စာပို့လိုက်ကြပါ။ ဘာဖတ်ချင်သလည်း ဆိုတာသာပြော။ အရင်ပို့တဲ့လူ အရင်ဖတ်ရမယ်။ နောက်မှ ပို့ရင် နောက်မှ ဖတ်ရမယ်။ လုံးဝ သက်သေ မရှိပဲ သူ့လို လျှောက်မပြောဘူး။ သူနဲ့လည်း မိတ်ပျက်စရာ မလိုပါဘူး။ ဘာမှ မပြောပဲ အီးမေးသာ ပို့လိုက်ပါ။ ကျုပ်ကို ဘယ်သူက စာပို့တယ်ဆိုတာ လုံးဝ မပြောဘူးလို့ ကတိပေးတယ်။
    မီမီရေ နင့်နောင်ကြီးကို စာသာပို့နော်။ ကျုပ်ကို တပတ်လောက် မတွေ့ဘူးဆိုရင် သဂျီးခိုင် မရိုးမသားလုပ်တယ် ဆိုပြီး မြန်မာဟတ်ကာတွေ ဆိုင်ဘာတပ်မတော်လို့လည်း ခေါ်တဲ့ လူတွေကို သွားသာတိုင်။ ရိုးရိုးသားသား အထောက်အထားနဲ့ ရေးနေတဲ့ မြန်မာ စာရေးဆရာ တယောက်ကို မူဆလင် သဂျီးက အနိုင်ကျင့်ပါတယ် ဆိုပြီး သတင်းသာဖြန့်ပစ် ကြားလား ငါ့နှမ။

  • Kyoo Ka

    May 15, 2014 at 9:23 am

    ကျတော်လည်း တစ်ခုလောက် မေးချင်ပါတယ်။

    “သေနင်္ဂဗျူဟာကျမ်း” ၁၉၇၃-ခုနှစ်မှာ ထုတ်တဲ့စာအုပ်က
    ဘယ်လောက်တန်ဖိုးသင့်လည်းဆိုတာ သိချင်တာပါ။

    ဒီဆိုက်ထဲမှာ စာအုပ်စာပေကို ချစ်မြတ်နိုးကြတဲ့သူတွေဆိုတော့
    စာတစ်အုပ်ရဲ့တန်ဖိုးမေးတာကို ကြိုက်ချင်မှလည်း ကြိုက်မှာဖြစ်ပေမယ့်
    ကျတော် အခု ဈေးနှုန်းလေး သိချင်နေလို့ပါ။

    ကျေးဇူးတင်ပါတယ် ….

  • ကေဇီ

    May 15, 2014 at 10:54 am

    @ Sorrow

    Pe Than Htike
    ဂျပန်နိုင်ငံက ဖြစ်ရပ်မှန်

    ” ငှက်ပျောသီးနဲ့ရေ” ပဲလိုတဲ့ ဝိတ်လျှော့ချနည်း။

    ခုဆို ဂျပန်မှာ ငှက်ပျောသီးဝယ်ယူ ရရှိနိုင်ဘို့ မနက်စောစောဈေးပြေးနေရပြီ ဆိုပဲ…

    အရင်က လုံးဝ မထင်ရှားသာမာန် ငှက်ပြောသီးဟာ ခုချိန်မှာ ပိန်ရေးအတွက် အရမ်းကို အသုံးဝင်နေတယ်ဆိုတာ သိလာကြပြီးနောက်ပိုင်း…
    ငှက်ပြောသီးတင်သွင်းတဲ့ကုန်သည်တွေကလဲ…
    တင်သွင်းလို့ မလောက်နိုင်လောက်အောင် ဈေးကွက်က အရမ်းတောင်းဆိုလာကြတယ်တဲ့…

    Hitoshi Watanabe ဆိုသူ အသက် ၃၁ နှစ်ရှိပြီ ဖြစ်တဲ့ ဘွဲ့ရအလုပ်လက်မဲ့လူငယ် တယောက်ဟာ ဒီနည်းဟာ အကောင်းဆုံးဆိုတာ ကို ၂၀၀၆ ခုနှစ်မှာ တွေ့ရှိခဲ့ တယ်တဲ့…

    သူ့ကောင်မလေး Sumiko ဆိုတဲ့မိန်းကလေးက ဆေးဆိုင်မှာ ဆေးရောင်းတဲ့ အလုပ်လုပ်ရင်း… တရုတ် တိုင်းရင်ဆေး ပညာ သင်ကြားခဲ့ရတာကတော့…

    ဘာဖိအားမှ ပေးစရာမလိုတဲ့ အရိုးရှင်းဆုံးပိန်နည်းကတော့ မနက်စောစောမှာ ငှက်ပြောသီးစားပြီး ရိုးရိုးရေတခွက်သောက်လို့ရှိရင် ဇီဝချေဖျက်နုန်း အလွန်မြင့်မားပြီး…

    နေ့လည်စာနဲ့ ညစာ ဘယ်လောက်စားစား….. ပိန်နိုင်ပါတယ်လို့ဆိုပါတယ်…

    .သူ့ကောင်မလေးပြောတဲ့အတိုင်း စားလိုက်တာ ၆လအတွင်းမှာ ၁၃ ကီလိုဂရမ်တောင်ကျတယ် လို့ဆိုပါတယ်…

    အဲတာ နဲ့ သူကောင်မလေးSumiko ကိုလက်ထပ်ပြီး ဒီဖြစ်ရပ်ကို MY SPACE ဂျပန်ဗားရှင်း MIXI မှာ ပို့စ်တင်ထားတယ် လို့ဆိုပါတယ်…

    ဒီဇာတ်လမ်းလေးဟာ ပထမဆုံး Banana Diet Story အဖြစ်နဲ့ ထင်ရှားကျော်ကြား ခဲ့ပြီး စာအုပ်တောင် ထုပ်ခဲ့ရတယ်…

    အုပ်ရေ ၆ သိန်းတောင်ရောင်းခဲ့ရပါတယ်..ဒီအကြောင်းပိုမို လူသိများလာရခြင်းအကြောင်းကတော့…တိုကျို

    အသံလွှင့်ဌာနက ထုပ်လွှင့်တဲ့ အော်ပရာ အဆိုတော်ဟောင်းကြီးKumiko Mori ကလည်း ငှက်ပြောသီး တန်ခိုးနဲ့ ရ ကီလိုတောင်ကျတယ်ဆိုတဲ့အကြောင်း ထုတ်လွှင့်ပြသခဲ့တာလဲပါပါတယ်….

    တခြားနည်းတွေနဲ့ ပိန်အောင် ပြုလုပ်ပေးသူတွေမျက်ခုံးတောင်ပင့်သွားစေလောက်အောင် လွယ်ကူ မြန်ဆန် ပါတယ်တဲ့…..

    အစားလဲရှောင်စရာမလိုဘူး…
    အချိန်မှန်လဲ စားစရာမလိုဘူး….
    ညဆို မစားပဲလဲနေစရာမလိုဘူး…. ဘာလေ့ကျင့်ခန်းမှလဲ လုပ်စရာမလိုပဲ မပင်ပန်းပဲ လွယ်လွန်းလို့ပါတဲ့….

    ကဲကဲ… တို့ဆီမှာ အပေါများဆုံးကလဲ ငှက်ပြောသီး… ဘယ်နားသွားသွားရှိတယ်…
    ငှက်ပြောသီးစားပြီးရင် ရေရိုးရိုးလေးလဲသောက်ဘို့မမေ့နဲ့နော်….MWD

    credit ——>Sophia Thant Zin.

  • tun swe

    May 15, 2014 at 12:40 pm

    စာ​ရေးပြင်​းပါတယ်​ဆိုမှ ဦးစံကို ​ဆွေ​နွေးတဲ့ စာက တင်​ရင်​းနဲ့​ပြောက်​
    အားနာပါတယ်​ ဦးစံရယ်​ ကျွန်​​တော့်​ အပြစ်​က အရင်​​ရေးပြီးသားကို
    ​နောက်​ထပ်​ပြန်​ ြပြီးမ​ရေးချင်​​ ​တော့တာပါပဲ

    ဘာသာ​ရေး နဲ့ပက်​သက်​ပြီး ဦးစံလှကြီး နဲ့သူဂျီးက ဆန်​့ကျင်​ဘက်​လို့ ထင်​ပါတယ်​ သူ့ကိုလဲ မာမွတ်​ခိုင်​ ဆိုပြီး ​ခေါ ကြတာ ​တွေ့ရပါတယ်​
    ၂​ယောက်​စလုံး ကလဲ အကြားအမြင်​ ဗဟုသုတ က​လေးစား ​လောက်​ပါရဲ့ 9 ​လောက်​ရှိတယ်​

    လူမျိုးရေး ဘာသာရေး ကို တော့ မဆွေးနွေး ချင်ပါ

    ကျွန်တော်အနေနဲ့ ဝန်ခံရရင် တဂျီးကို ဘာသာရေး
    ကွန်မန့်များ၌ အနီ ပေးဘူးပါ ကြောင်း

    ဦးစံရဲ့ ကွန်မန့်များကို လေးစားစွာဖြင့် ရှာဖွေဖတ်မှတ်ခဲ့ဘူးကြောင်း

    ဆရာမ မီမီကိုလည်း အားပေးပါတယ် ဆက်လက်ပြီး စာရေးစေချင်
    အားမလျော့စေချင် ကျွန်တော်ကတော့ စာဖတ်သမားပါ.စာရေးပြင်းပါတယ်
    ဆရာမလို စာရေးကောင်းတဲ့ သူမျိုးကိုလည်း ဒီရွာ no ဒီမြို့ က
    ကြိုဆိုမှာ ဧကန် မုချပါ

    ဘာပြောပြော online မှာ တော့ ဒီမိုစကီ ရပြီဟု…..

    ထင်ပါ

  • myat pearl phyu

    May 15, 2014 at 5:12 pm

    အခုလောဆယ်တော့ မေးချရာ ရှိတေးပု ..တူညားဒွေ မေးထားတာဒွေလာဖတ်တွားရယ်..
    မေးချာရှိရင် လာမေးမယ်နော်…

  • naywoon ni

    May 15, 2014 at 6:53 pm

    ဖုန်​းနဲ့ ဖွဘုတ်​သုံးရင်​ ဖွဘုတ်​အပလီ​ကေးရှင်​းက​နေချည်​့ မဝင်​ပါနဲ့ ခရုမ်​းဆိုတဲ့ ဘ​ရောက်​ဇာက​နေဝင်​ကြည်​့ပါ ။ ပုံများ လိုသလိုတင်​နိုင်​မည်​ဖြစ်​ပါ​ကြောင်​း ။ ဖိုင်​းယား​ဖောက်​က မြန်​မာဖွန်​့အလွဲ​တွေ​ပေါ်တတ်​တယ်​ ။ ဝမ်​းဘ​ရောက်​ဇာက​တော့ ​လေးတယ်​ကြာတယ်​ ။ 610 မှာ​တော့ ခရုမ်​းနဲ့အဆင်​​ပြေ​နေပါတယ်​ ။ ထူးခြားတာတစ်​ခုက ဘ​ရောက်​ဇာ တစ်​ခုကို ဖွဘုတ်​ အ​ကောင်​့တစ်​ခုစီ ဖွင်​့ထားလို့ရပါ​ကြောင်​း ။

Leave a Reply