Junior အတွက်​..

IrisApril 26, 20141min25325

..အရမ်​းဝမ်​းနည်​းတဲ့ အခါ သူငယ်​ချင်​း​တွေကိုဖွင်​့​ပြောပြပါ။ သူတို့တစ်​​ယောက်​ခြင်​းစီကကြားရတဲ့ အကြံဉာဏ်​​တွေကို နား​ထောင်​ပြီး ပြန်​လည်​​ဆွေး​နွေးပါ။ ဝမ်​းနည်​းတာ​တွေ​မေ့သွားပြီး​တော့ မင်​းဟာ သင်​ချာတစ်​ပုဒ်​အ​ဖြေရှာ​နေရသလို​ပျော်​ရွှင်​လာလိမ်​့်​မယ်​။
(ငါငို​နေမှန်​းသိတုန်​းက မင်​းအနားချက်​ခြင်​း​ရောက်​လာပြီး စကား​တွေအများကြီး​ပြောပြီး ပြုံးရယ်​​စေခဲ့သလို​​​ပေါ့။)
..ပြသနာ တစ်​ခုကို ကိုယ်​တိုင်​မ​ဖြေရှင်​းနိုင်​တဲ့အခါ လက်​​လျှော့ မပစ်​လိုက်​ပါနဲ့။ ​မင်​း​ဘေးနားကအကူအညီ​တွေကို လိုလိုလားလား လက်​ခံလိုက်​ပါ။ အဲ့ဒီ အခါမှာ မင်​းမ​ဖြေရှင်​းနိုင်​တာမဟုတ်​ဘဲ ​ပျောက်​​နေတဲ့ကွင်​းဆက်​​လေးကို သူတို့ဆက်​​ပေးတယ်​ဆိုတာသိလာလိမ်​့မယ်​။ သူတို့ကိုလိုလိုလားလား​ကျေးဇူးတင်​​ကြောင်​းပြလိုက်​ပါ။
..အမှားတစ်​ခုတစ်​ခု လုပ်​မိတဲ့ အခါ ဖုံးကွယ်​မထားမိပါ​စေနဲ့။ အသိ​ပေးပြီး အမှန်​ပြန်​ ဖြစ်​​အောင်​ လုပ်​ပြလိုက်​ပါ။ (ဟီး အဲ့ဒီ အချက်​ က မင်​း ဆီ က ငါ အတုခိုးထားတာ)
..စကားအမှား​ပြောမိမှာ မစိုးရိမ်​ပါနဲ့…သူတို့က မင်​းထင်​သ​လို မင်​းကို အထင်​​သေးမှာ မဟုတ်​ဘူး။ မင်​း နားလည်​လာ​အောင်​ရှင်​းပြမယ်​ဆိုတာ သူတို့ရင်​ထဲက ရည်​မှန်​းချက်​ပဲ။
..ကိုယ်​့ကိုကိုယ်​ ကျန်​းမာ​အောင်​​နေပါ။ မင်​း ​နေမ​ကောင်​းရင်​ မင်​းနဲ့ ထပ်​တူ ခံစား ရတဲ့ သူ​တွေ ကို စိတ်​မပူပန်​​စေရ​အောင်​။
..အန်​ဒရယ်​ ဖြစ်​​စေမဲ့ အပြုအမူ​တွေ၊ မလုံခြုံမှု​တွေကို ဖြစ်​​စေမဲ့ အပြုအမူ​တွေ။ အသုံးအ​ဆောင်​​တွေကို သတိထားပါ။ တကယ်​လို့ ထိခိုက်​မှုတစ်​ခုခုဖြစ်​ပွားခဲ့ရင်​ ​ဘေးနားကသူ​တွေကိုတတ်နိုင်သ​လာက်ကူညီ​ပ။​​ကိုယ်​လွတ်​ရုန်​းထွက်​ခဲ့ရင်​ မင်​းရဲ့နာကျင်မှူထက်စိ​​တ်​ဒါဏ်​ရာကပိုနက်​လိမ်​့မယ်​။
..အဆူခံရတဲ့ အခါ ဆူတဲ့သူကို မမုန်​းပါနဲ့။ မင်​းမမြင်​တဲ့ ရှု​ဒေါင်​့က​နေမြင်​သူအဖြစ်​ သတ်​မှတ်​လိုက်​ပါ။ ပြန်​ရှင်​းပြလိုက်​ပါ။ သူလက်​ခံလိုက်​တဲ့ အခါ မင်​း​ကျေနပ်​နှစ်​သက်​သွားမှာဖြစ်​သလို သူကလည်​းမင်​းကို အသိအမှတ်​ပြုလိမ့်​့မယ်​။
..တစ်​ဖက်​သား​ပြောတဲ့ စကားကို​လေး​လေးစားစားနား​ထောင်​ပါ။ ငြင်​းစရာရှိရင်​​သူ့စကားဆုံးမှငြင်​းပါ။
..အယူအဆ ဆုံးဖြတ်​ချက်​မတူ ​ပေမဲ့ သူကို​လေးစားပါ။ ရန်​သူတစ်​​ယောက်​လိုမဆက်​ဆံပါနဲ့။
..ကတိကိုလွယ်​လွယ်​မ​ပေးမိပါ​စေနဲ့။ ​ပေးခဲ့ရင်​တည်​ပါ​စေ။ (အားနာပြီးကိုယ်​မလုပ်​နိုင်​တာမျိုးကို ကတိမ​ပေးပါနဲ့။ ယဉ်​ယဉ်​​ကျေး​ကျေးငြင်​းပစ်​လိုက်​ပါ။ သူမင်​းကိုအဲ့ဒီအတွက်​မုန်​းသွားမှာ မဟုတ်​ပါဘူး။)
..အထီးကျန်​တယ်​လို့ ခံစား​နေရရင်​ သူငယ်​ချင်​းတစ်​​ယောက်​​ယောက်​နဲ့ စကား​ပြောပါ။ ကိုယ်​့​ရှေ့မှာ တစ်​စိမ်​းတစ်​​ယောက်​​ယောက်ဖြတ်​သွားရင်​ရယ်​ပြလိုက်​ပါ။
..မိသားစုကို သတိရ​ကြောင်​း အသိ​ပေးပါ ကိုယ်​ကိုတိုင်​ မ​ရောက်​နိုင်​​သေးရင်​။
..မိုးရွာတဲ့အခါ  ငါ့ကိုသတိရပါ။ အပြင်​မှာ တကယ်​မိုး​တွေရွာ​နေတယ်​။ 😛

:-D. သူများ​တေ​ွ​ရေးတာအားကျလို့ ။ သမီး​လေး၊သား​လေး​ရေးစရာမရှိလို့ မရှိ ရှိတာ​ခေါင်​းစဉ်​တပ်​ပလိုက်​တယ်​။ လာမဖတ်​မှန်​းသိသိကြီးနဲ့။

25 comments

  • မဟာရာဇာ အံစာတုံး

    April 26, 2014 at 1:43 pm

    မိုးမရွာလည်း
    နေပူကြဲတဲထဲမှာ မင်းကို သတိရပါတယ် …
    လာဖတ်ပါတယ် …
    လာဖက် ဆိုရင်တောင် လာဖက် ပါဦးမယ် … ဟီဟိ

    • TNA

      April 26, 2014 at 2:00 pm

      ဟဲ့ဟဲ့ခြောက်ညက်နှာ ဟိုမယ်လာနေဘီ

  • TNA

    April 26, 2014 at 2:01 pm

    မှတ်သားထိုက်တာတွေမို့ မှတ်သားသွားပါတယ်။ ဒါပေမဲ့ မလိုက်နာချင်ပဲ လိုက်နာဖို့ ပေးလိုက်ရတဲ့ကတိ တွေအတွက်ကျတော့ အတော်ခံစားရတယ်။ 😥

  • Iris

    April 26, 2014 at 2:18 pm

    ဟုတ်​တယ်​ မမသဲ။ ကျမလိည်​းဒီက လုပ်​​ဖော်​ကိုင်​ဖက်​​တွေသင်​​ပေးလို့။ ကျတို့​တွေ အယူအဆ ​တွေအတွက်​ငြင်​းခုန်​ကျတယ်​။ ဒါ​ပေမဲ့ ရန်​သူလို့မသတ်​မှတ်​ဘူး။ ကတိ​ပေးပြီးရင်​​တော့ လုပ်​ကိုလုပ်​ရတယ်​။ မလုပ်​နိုင်​ရင်​ ကတိ​မ​ပေးခင်​ ရှင်​းပြရတယ်​။ ဘာ​ကြောင်​့လည်​းဆို​တော့ အလုပ်​​တွေက ဆက်​စပ်​​နေတယ်​။တစ်​​ယောက်​လွဲ​ချော်​သွားရင်​ အကုန်​လိုက်​ပြီး ထိခိုက်​ကုန်​တယ်​​လေ။
    ၆မျက်​နှာကို​တော့ သူ့မူပိုင်​ရှင်​ ​ဗိုက်​​ခေါက်​ဆွဲလိမ်​လိမ်​့မယ်​။ 😀

  • ROssI

    April 26, 2014 at 2:27 pm

    သည်ပုံနဲ့ ဆို သည်တသက်
    သမီးလေး သားလေး တပ်စရာ အတော် နီးစပ်အုံးမယ်…
    ဟိဟိဟ…

  • ခင် ခ

    April 26, 2014 at 2:46 pm

    (ကိုယ်​့​ရှေ့မှာ တစ်​စိမ်​းတစ်​​ယောက်​​ယောက်ဖြတ်​သွားရင်​ရယ်​ပြလိုက်​ပါ။) တစ်ခါတုန်းက လှည်းတန်းမှာ ဆိုင်ဖွင့်တော့ အဲဒီဆိုင်ရှေ့မှာခုံနဲ့ထိုင်နေရင်း လမ်းပေါ်လှည့်ကြည့်တဲ့ တစ်စိမ်းတစ်ယောက်ကို ရယ်ပြလိုက်တာ အဲဒီလူက ခြေလှမ်း ၃-၄ လှမ်းလောက်လျှောက်ပြီး ပြန်လှည့်လာကာ ငါ့တူနဲ့ စကားခဏပြောကာ မေးကြည့်ချင်တယ်ဆိုပြီး သူမေးတာတွေ လိုက်ဖြေရတာ ကြာတော့စိတ်ညှစ်လာတာနဲ့ ဦးက ဘာလို့ဒါတွေလာမေးနေတာလဲဆိုတော့ စိတ်မရှိပါနဲ့ငါ့တူရယ် ဦးကစိတ္တဇဆေးရုံက ဆရာဝန်ပါတဲ့။ အဲဒီမှသဘောပေါက်လိုက်တယ် သူ့ကိုမသိဘဲ ရယ်ပြလိုက်တာ ကျုပ်ကိုစိတ်မနှ့သူထင်သွားလို့ ဖြစ် မယ်လေ။

  • Iris

    April 26, 2014 at 3:04 pm

    ဦးခ ​နောက်​​နေတာထင်​တယ်​။ ကျမတကယ်​လုပ်​ဖူးတယ်​။ ရင်​ထဲကလာတဲ့ အပြုံးနဲ့ ကိုယ်​တစ်​ခါမှမမြင်​ဘူးတဲ့သူ​တွေကိုပြုံးပြဘူးတယ်​။ တကယ်​စိတ်​ချမ်​းသာစရာ​ကောင်​းတဲ့ အပြုံးကိုပြန်​ရတယ်​။ ​နောက်​ပိုင်​းလမ်​းမှာ​တွေ့ရင်​ သူက အမြဲနှုတ်​ဆက်​​လေ​ရော။ ဘာဘာညာညာ​တွေမစဉ်​းစားပဲရိုးရိုးသားသာအပြစ်​ကင်​းတဲ့ အပြုံးဟာ လက်​ခံသူ​ရော ပြုံးသူရဲ့စိတ်​နှလုံးကို​အေးချမ်​း​စေတယ်​။

    • ခင် ခ

      April 26, 2014 at 3:17 pm

      Iris ၏ ပြုံးပါ အဆိုကို လက်ခံပါတယ်။ မိတ်ဆွေဖွဲ့ခြင်း အကြောင်းတရားထဲမှာလည်း ပါတယ်လေ။

    • TNA

      April 27, 2014 at 10:55 pm

      အဟဲ မနေ့က မင်္ဂလာဆောင်သွားတာ။ ရှေ့နားဘေးခုံတန်းလေးမှာ လူတစ်ယောက်ထိုင်နေတယ်။ သူ့ပုံက ဆံပင်ဆေးဆိုး အကျီ င်္ဘော်ဒီဖစ်အပြင်ထုပ်လို့၊ ဘောင်းဘီကလဲ စကင်လိမ်မော်ရောင်နဲ့။ ပုလဲပုတီးကြီးဆွဲ လို့။ လူပုံကလဲနွဲ့နွဲ့လေး။ အဲ့တော့ထင်လိုက်တာက သတို့သမီးရဲ့ မိတ်ကပ်အခြောက်မှတ်တာပေါ့။ နောက်မှ သူက သတို့သမီးတပည့်အဆိုတော်လေးတဲ့။ အိပ်မက်ဆုံရာမှာပါဖူးတယ်ဆိုလား။ ဧည့်ခံပွဲရောက်မှ သူများပြောမှသိရတာ။ အစောပိုင်းတလျှောက် ဘုရားရှေ့မှာပွဲလုပ်နေတုန်း သူ့ကို မိတ်ကပ်အခြောက် ပဲထင်တာ။ :mrgreen: နောက်ပွဲပြီးသွားလို့ပြန်မယ်လဲလုပ်ကော သူနဲ့လမ်းမှာဆုံကော။ သူကထူးထူးခြားခြား ပြုံးပြတယ်။ ကိုယ်ကလဲနှစ်နှစ်ကာကာပြန်ပြုံးပြလိုက်တယ်။ ကိုယ်ကတော့ အထင်လွဲမိတာအားနာလို့။ သူကတော့ မသိပဲနဲ့ ပြုံးပြတာ။ တော်သေးတယ်။ ကိုခင်ခလို့ စိတ္တဇဆေးရုံက ဆရာဝန်အနားမှာမရှိလို့ 😀

  • Ma Ma

    April 26, 2014 at 3:28 pm

    (.အမှားတစ်​ခုတစ်​ခု လုပ်​မိတဲ့ အခါ ဖုံးကွယ်​မထားမိပါ​စေနဲ့။ အသိ​ပေးပြီး အမှန်​ပြန်​ ဖြစ်​​အောင်​ လုပ်​ပြလိုက်​ပါ။)
    အဲဒီအချက်ကို သဘောကျတယ်။

    ကိုယ်တိုင်လည်း များသောအားဖြင့် ကိုယ်မှားတာကို လူမသိအောင် မသိလိုက်ဖာသာနေချင်တဲ့စိတ်က အများသား။ :boss:

  • Mr. MarGa

    April 26, 2014 at 4:54 pm

    မဟုတ်လဲ ဂျူနီယာ နေရာက ဆိုတော့ကာ
    ဂျူနီယာလို ဖတ်သွားပါတယ် စီနီယာ :mrgreenn:

  • Iris

    April 26, 2014 at 5:08 pm

    ဟုတ်​တယ်​ မမ။ အမှားလုပ်​မိရင်​ များ​သောအားဖြင်​့ကိုယ်​့ကိုအထင်​​သေးမှာစိုးလို့ မ​ပြောပဲကြိတ်​​ဖြေရှင်​းဖူးတယ်​။ စီနီယာ​တွေကိုအသိမ​ပေး​တော့ ပြသနာက တ​ဖြေး​ဖြေးကြီးလာ​ရော။ အချိန်​နဲ့လုပ်​ရတဲ့အလုပ်​​တွေမှာဆိုရင်​ပိုဆိုးကုန်​​ရော။ အဲ့​တော့ပြသနာ​သေ​း​သေးကြီးကြီး အသိ​ပေးပြီးမြန်​မြန်​ရှင်​းလိုက်​တာပို​ကောင်​းတယ်​။ ကိုယ်​ထင်​​နေတဲ့ပြသနာ​သေး​သေး​လေးက တခြားတစ်​ဖက်​မှာကြီးမားတဲ့အခက်​အခဲဖြစ်​ရင်​ဖြစ်​​နေတတ်​တာ။ စီနီယာက​ပြောဘူးတယ်​။ အလုပ်​မှာ ၉၀%မှန်​တာကိုလက်​မခံဘူး။၁၀၀%မှန်​ရမယ်​တဲ့ ။​ကျောင်​းစာလို မဟုတ်​ဘူးတဲ့။ တကယ်​လည်​းမှန်​ပါတယ်​။ ယူဆလို့လည်​းမရဘူး။ ​သေချာရမယ်​။တိကျရမယ်​။

  • Iris

    April 26, 2014 at 5:16 pm

    ဟဟ.သိကြားမင်​းဆို​တော့ ဂျူနီယာမဖြစ်​နိုင်​ဘူး။ ဖြသ်​ချင်​းဖြစ်​ စီနီယာပဲ​နေမှာ။

  • lu lu

    April 26, 2014 at 6:09 pm

    ကိုယ့်ကိုယ်ကို ဂျူနီယာ လို ့သတ်မှတ်ပြီး
    ဖတ်သွားမှတ်သွားပါပြီ

  • ကေဇီ

    April 27, 2014 at 12:59 pm

    ..အရမ်​းဝမ်​းနည်​းတဲ့ အခါ ဝမ်းနှုတ်ဆေးသောက်လိုက်ပါ။ စိတ်က ဝမ်းနည်းတာကို မေ့သွားနိုင်လောက် အလုပ်ရှုပ်သွားပါလိမ့်မည်။
    (ငါငို​နေမှန်​းသိတုန်​းက မင်​းအနားချက်​ခြင်​း​ရောက်​လာပြီး မန်ကျည်းဖျော်ရည်တိုက်သလိုမျိုးပေါ့)
    ..ပြသနာ တစ်​ခုကို ကိုယ်​တိုင်​မ​ဖြေရှင်​းနိုင်​တဲ့အခါ မြန်မာနိုင်ငံ က ကူညီဗျစေ ကို အပ်လိုက်ပါ။ ကိုယ်တိုင်ဖြေရှင်းတာမှ တော်သေးဟု အမြင်မှန်ရလာပါလိမ့်မည်။
    ..အမှားတစ်​ခုတစ်​ခု လုပ်​မိတဲ့ အခါ ဖုံးကွယ်​မထားမိပါ​စေနဲ့။ အသိ​ပေးပြီး အမှားတွေ ဆက်လုပ်ရင်တောင် ဝန်ခံထားတဲ့မျက်နှာနဲ့ အပြစ်တင်ခံရမည်မဟုတ်။
    ..စကားအမှား​ပြောမိမှာ မစိုးရိမ်​ပါနဲ့…ကိုယ့်စကား အမှားကို ယုံပြီး လုပ်မဲ့သူသာ ခံရပါလိမ့်မည်။
    ..ကိုယ်​့ကိုကိုယ်​ ကျန်​းမာ​အောင်​​နေပါ။ ဒါမှ လုပ်ချင်တာတွေ အကုန်လုပ်နိုင်မည်။
    ..အန်​ဒရယ်​ ဖြစ်​​စေမဲ့ အပြုအမူ​တွေ၊ မလုံခြုံမှု​တွေကို ဖြစ်​​စေမဲ့ အပြုအမူ​တွေ။ အသုံးအ​ဆောင်​​တွေကို သတိထားပါ။ တကယ်​လို့ ထိခိုက်​မှုတစ်​ခုခုဖြစ်​ပွားခဲ့ရင်​ အင်ရှူးဝါးရန့် များများကလိန်းနိုင်မဲ့ နည်းကို သိထားရန်ဖြစ်သည်၊
    ..အဆူခံရတဲ့ အခါ ဆူတဲ့သူကို မမုန်​းပါနဲ့။ စိတ်ထဲကနေ ပြစ်ပြစ်နှစ်နှစ် ဘာသာ စကားမျိုးစုံနဲ့ ဆဲဆိုပလိုက်ပါ။ မင်​း​ကျေနပ်​နှစ်​သက်​သွားမှာဖြစ်​သလို သူကလည်​း ဘာမှ သိလိမ့်မည်မဟုတ်။
    ..တစ်​ဖက်​သား​ပြောတဲ့ စကားကို​လေး​လေးစားစားနား​ထောင်​ပါ။ သူ့စကားမှ သူ့ဇာတိကို သိပါလိမ့်မည်။ နောင်တစ်ချိန် ငွေညှစ်နိုင်မည့် အခွင့်အရေးရှိ၏။
    ..အယူအဆ ဆုံးဖြတ်​ချက်​မတူ ​ပေမဲ့ သူကို​လေးစားပါ။ ရန်​သူတစ်​​ယောက်​လိုမဆက်​ဆံပါနဲ့။ တစ်ချိန်မှာ သူ့ အယူအဆနဲ့ သူ့ကို ကြိုးကွင်းပြန်စွပ်နိုင်လိမ့်မည်။
    ..ကတိကိုလွယ်​လွယ်​မ​ပေးမိပါ​စေနဲ့။ ​ပေးခဲ့မိရင်​ အကြောင်းပြချက် လှလှလေးတွေပါ လွယ်လွယ်ပေးနိုင်အောင် ပြင်ဆင်ထားသင့်သည်။
    ..အထီးကျန်​တယ်​လို့ ခံစား​နေရရင်​ အထီးတွေနား များများနေပါ။
    ..မိသားစုကို သတိရ​ကြောင်​း အသိ​ပေးပါ ပိုက်ဆံမပို့နိုင်သေးရင်။
    ..မိုးရွာတဲ့အခါ ငါ့ကိုသတိရပါ။ ငါ နင့်ထီး ပြန်မပေးတော့ဘူးနော်။

    ဟိဟိ။
    ကိုယ့်စိတ်နဲ့ ကိုယ် ဂေါက်သလောက် နောက်သွားတယ်။
    စိတ်ဆိုးနဲ့။
    အာဘွားးးးး
    :s:

      • ကေဇီ

        April 28, 2014 at 11:09 am

        ငင်။
        မဟုတ်တာတွေကျမှ ဆိုးကော ကေဇီရလားဟမ်?
        နာ ကောင်းကောင်းကန်းကန်း အကြံတွေပေးထားတုန်းကတော့ ဆိုးမကောဘူးလားးး
        :mrgreen:

        • Mr. MarGa

          April 28, 2014 at 11:46 am

          နှစ်ခုလုံးအတွက်

          ဆိုးကောလ် ကေဇီ ပါ လို့

          စနိုးဒန် ဇီကို လေးစားပါဒယ် :mrgreenn:

    • Ma Ei

      April 28, 2014 at 10:50 am

      Iris ရဲ့ စာလေးတွေဖတ် ..ဟုတ်သားနော်..
      လိုက်နာ နိုင်ရင် ကောင်းတာပေါ့လေ အတွေးနဲ့ ဆက်ဖတ်
      ဆွိ Comment လဲတွေ့ရော 🙂 🙂 🙂
      တစ်ကယ် လုပ်နေတဲ့ အချက်တွေ ခုမှတွေ့တော့ တာကိုး….

  • Iris

    April 27, 2014 at 4:15 pm

    :'( ဟွန်​့ ခိုင်​ဇာ့နည်​းက ပို​ကောင်​းတယ်​။ ထီးငှါးပြီး ပြန်​မ​ပေးဘဲ ထားအုံးမှ။

  • Chan Linn Aung

    October 20, 2014 at 9:06 am

    I dare to recommended for this post.

  • ဦးကြောင်ကြီး

    October 20, 2014 at 9:25 am

    အိုင်းရစ်လေးကို ဖက်မှာပေါ့.. ဖက်ယုန်မက… ရှလွတ်

Leave a Reply