သိသင့်တယ်ထင်ပါတယ်

baydar maungApril 28, 20141min890

မြန်မာ ကုမ္ပဏီတစ်ခုပါ –
မိသားစုပုံစံနဲ ့နေကြတာလို ့ပြောပြီး စည်းကမ်းသတ်မှတ်ချက် ဘာမှမရှိပဲ အလွတ်နေကြတာ (၂) နှစ် ကြာပြီ တဲ့ ။
ရုံးကို လာချင်တဲ့အချိန်လာပြီး ပြန်ချင်တဲ့အချိန်ပြန်ကြတယ်
ခွင့်ကို ယူချင်သလို ယူကြပြီး – ရုံးပိုက်ဆံကို သုံးချင်သလို သုံးကြတယ်။

၂၀၁၄ မှာ – ဂျပန်တွေနဲ ့ဖက်စပ်လုပ်ကိုင်တော့မှာမို ့စည်းကမ်းနဲ ့နေတယ်လို ့ပြလို ့ရအောင်
Admin မန်နေဂျာတစ်ယောက် ခေါ်ခန် ့တယ်။

တကယ်တန်းကျတော့ မန်နေဂျာက သတ်မှတ်ပေးတဲ ့Admin စည်းကမ်းတွေအတိုင်း မလုပ်နိုင်ဘူးတဲ့။
အချုုပ်အချယ်တွေတဲ့ ။ အရင်လိုပဲ လွတ်လွတ်လပ်လပ်နေကြမယ်တဲ့။
အော်ပရေးရှင်း ဒါရိုက်တာ ဆိုတဲ့သူက စပြီး စည်းကို ရိုက်ချိုးတယ်။
မိန်းကလေးတွေကို ပစားပေးပြီး စည်းရုံးတယ်။

ဒါရိုက်တာ (၅) ယောက် ရှိလို ့အတွင်းရေးမှူ းမ (၅)ယောက် ထပ်ခန် ့တယ်။
အသက်က (၁၉) နှစ်ကနေ (၂၃) နှစ် အရွယ်တွေ ရွေးခန် ့တယ်။
ဒါရိုက်တာ တစ်ယောက်ကို အတွင်းရေးမှူ းမ တစ်ယောက် တဲ့ ။
ဒီတော့ အတွင်းရေးမှူ း (၅) ယောက် ရှိတဲ့ ရုံးဖြစ်လာတယ် ။
အတွင်းရေးမှူ း တာဝန် ဘာမှ မသိ- ဘာမှ မယူတဲ့ အတွင်းရေးမှူ းတွေ ဖြစ်လာပြီး
တနေကုန် facebook viber internet တွေသုံးပြီး သမီးရည်းစားဆိုသူတွေနဲ ့ဆက်သွယ်ကြတယ်။
အဆိုပါ အတွင်းရေးမှူ း တွေမှာ အောက်ပါအရည်အချင်းများကိုတော့ လိုအပ်သတဲ့။

၁) တင် – ရင် ကြီး ရ မည်။
၂) အရက်ကောင်းကောင်းသောက်နိုင်ရမည်။ အရက် စပ်ပေးနိုင်ရမည် ။
အရက် အမျိုးအစား အစုံ အကုန် သိထားသော ကျွမ်းကျင်အဆင့် (၁) ဖြစ်ရမည်။
၃) ကာရာအိုကေ အချစ် သီချင်းများ ကောင်းကောင်း ဆို နိုင်ရမည်။
၄) အရက်မူးနေသော ကုမ္ပဏီအုပ်ချုပ်သူ နှင့် ဒါရိုက်တာများ နှင့် တွဲကနိုင်ရမည်။
၅) မကြာခဏ ခရီးဝေးများ ထွက်လျှင် လိုက်ပါရမည် ဖြစ်ပြီး အမှတ်စဉ် (၂)(၃)(၄) တာဝန်ကို ထမ်းဆောင်ရမည်။
၆) နိုင်ငံခြားသားများလာလျှင် စိတ်ကြိုက် ဖျော်ဖြေပေးနိုင်ရမည်။

နောက်ဆုံးတော့ ကုမ္ပဏီအကြီးအကဲဆိုသူ အာဏာပါဝါ အပြည့်ရှိသူက ဒါရိုက်တာတစ်ယောက်ရဲ ့အတွင်းရေးမှူ းမ ဆိုတာ သိလာရတယ်။
နိုက်ကလပ်မှာတွေ ့လာပြီး စပွန်ဆာရလာတဲ့ (၁၉) နှစ်အရွယ် ကလေးမပေါ့။
တရားဝင်လစာ တစ်သိန်းနှစ်သောင်း ပြပေမယ့် မမြင်ရတဲ့ စပွန်ဆာပိုက်ဆံတွေ မိုးလိုရွာပေါ့။ ဖုန်းကဒ်တွေလည်းတစ်လ တစ်သိန်းဘိုးလောက်ထည့်ပေးပေါ.။

စိတ်ပျက်စရာကောင်းစွာပဲ (၃)လအတွင်းမှာ မမလေး က မန်နေဂျာကို ဘော့စ်လေသံ နဲ ့အမိန် ့ပေးလာ တယ်။ စစ်ဆေးလာတယ် ။ စပိုင်လုပ်လာတယ် ။ နေရာလုလာတယ် ။
ကျွန်မ ရခိုင်လူမျိုး စစ်စစ် လို ့ကြွေးကြော်လာတယ်။

ဝင်လာတဲ့ လူသစ်မိန်းကလေးတွေကို သူ ့ကိုသာ အမိန် ့နာခံဘို ့စည်းရုံးလာတယ်။
လူသစ်တွေက သူ ့ကို မျက်လုံးတောင် လှန်မကြည့်ရဲကြဘူူး။
President ဆိုသူနဲ ့ဒါရိုက်တာတွေအတွက် လူသစ်မိန်းကလေးတွေကို တွဲစပ်နေရာချတာကိုလည်း သူကပဲ စီမံတာပဲ။

နောက်ဆုံးရလဒ်က ဘာလဲ။
အရည်အချင်းရှိတဲ့ မန်နေဂျာ အဲဒီရုံးက လွင့်လာရတယ်လေ။
သူက အလုပ်ဖြုတ်လိုက်တာကို ဒါရိုက်တာ အဖွဲ ့ဝင်တွေအားလုံးက ငြိမ်ပြီး ဩဘာပေးကြတယ်။ (မင်းလုပ်သမျှ အားလုံးကောင်းတယ် – ပေါ့)

တကယ်တော့ operation ဒါရိုက်တာက ဒီဇတ်လမ်းကို သင်ပေးပြီး သူက အကောင်အထည်ဖေါ်ပေးလိုုက်တာပါ။ ရင်နာစရာပါ။

ဪ – ရုံးလိပ်စာ ပြောပြဘို ့လိုမယ်ထင်တယ်။

အဆောင် (၆) အခန်း (၁)
MICT PARK, လှိုင်တက္ကသိုလ်ဝင်း။