ဒီရုံးဆို ဝေးဝေးကရှောင်မှ စိတ်ချမ်းသာရမယ်

baydar maungApril 28, 20141min18316

မြန်မာ ကုမ္ပဏီတစ်ခုပါ –
မိသားစုပုံစံနဲ ့နေကြတာလို ့ပြောပြီး စည်းကမ်းသတ်မှတ်ချက် ဘာမှမရှိပဲ အလွတ်နေကြတာ(၂) နှစ်ကြာပြီတဲ့ ။
ရုံးကို လာချင်တဲ့အချိန်လာပြီး ပြန်ချင်တဲ့အချိန်ပြန်ကြတယ်
ခွင့်ကို ယူချင်သလို ယူကြပြီး – ရုံးပိုက်ဆံကို သုံးချင်သလို သုံးကြတယ်။

၂၀၁၄ မှာ – ဂျပန်တွေနဲ ့ဖက်စပ်လုပ်ကိုင်တော့မှာမို ့စည်းကမ်းနဲ ့နေတယ်လို ့ပြလို ့ရအောင်
Admin မန်နေဂျာတစ်ယောက် ခေါ်ခန် ့တယ်။
တကယ်တန်းကျတော့ မန်နေဂျာက သတ်မှတ်ပေးတဲ ့Admin စည်းကမ်းတွေအတိုင်း မလုပ်နိုင်ဘူးတဲ့။
အချုုပ်အချယ်တွေတဲ့ ။ အရင်လိုပဲ လွတ်လွတ်လပ်လပ်နေကြမယ်တဲ့။
အော်ပရေးရှင်း ဒါရိုက်တာ ဆိုတဲ့သူက စပြီး စည်းကို ရိုက်ချိုးတယ်။
မိန်းကလေးတွေကို ပစားပေးပြီး စည်းရုံးတယ်။

ဒါရိုက်တာ (၅) ယောက် ရှိလို ့အတွင်းရေးမှူ းမ (၅)ယောက် ထပ်ခန် ့တယ်။
အသက်က (၁၉) နှစ်ကနေ (၂၃) နှစ် အရွယ်တွေ ရွေးခန် ့တယ်။
ဒါရိုက်တာ တစ်ယောက်ကို အတွင်းရေးမှူ းမ တစ်ယောက် တဲ့ ။
ဒီတော့ အတွင်းရေးမှူ း (၅) ယောက် ရှိတဲ့ ရုံးဖြစ်လာတယ် ။
အတွင်းရေးမှူ း တာဝန် ဘာမှ မသိ- ဘာမှ မယူတဲ့ အတွင်းရေးမှူ းတွေ ဖြစ်လာပြီး
တနေကုန် facebook viber internet တွေသုံးပြီး သမီးရည်းစားဆိုသူတွေနဲ ့ဆက်သွယ်ကြတယ်။

အဆိုပါ အတွင်းရေးမှူ း တွေမှာ အောက်ပါအရည်အချင်းများကိုတော့ လိုအပ်သတဲ့။
၁) တင် – ရင် ကြီး ရ မည်။
၂) အရက်ကောင်းကောင်းသောက်နိုင်ရမည်။ အရက် စပ်ပေးနိုင်ရမည် ။
အရက် အမျိုးအစား အစုံ အကုန် သိထားသော ကျွမ်းကျင်အဆင့် (၁) ဖြစ်ရမည်။
၃) ကာရာအိုကေ အချစ် သီချင်းများ ကောင်းကောင်း ဆို နိုင်ရမည်။
၄) အရက်မူးနေသော ကုမ္ပဏီအုပ်ချုပ်သူ နှင့် ဒါရိုက်တာများ နှင့် တွဲကနိုင်ရမည်။
၅) မကြာခဏ ခရီးဝေးများ ထွက်လျှင် လိုက်ပါရမည် ဖြစ်ပြီး အမှတ်စဉ် (၂)(၃)(၄) တာဝန်ကို ထမ်းဆောင်ရမည်။
၆) နိုင်ငံခြားသားများလာလျှင် စိတ်ကြိုက် ဖျော်ဖြေပေးနိုင်ရမည်။

နောက်ဆုံးတော့ ကုမ္ပဏီအကြီးအကဲဆိုသူ အာဏာပါဝါ အပြည့်ရှိသူက ဒါရိုက်တာတစ်ယောက်ရဲ ့ အတွင်းရေးမှူ းမ ဆိုတာ သိလာရတယ်။
နိုက်ကလပ်မှာတွေ ့လာပြီး စပွန်ဆာရလာတဲ့ (၁၉) နှစ်အရွယ် ကလေးမပေါ့။
တရားဝင်လစာ တစ်သိန်းနှစ်သောင်း ပြပေမယ့် မမြင်ရတဲ့ စပွန်ဆာပိုက်ဆံတွေ မိုးလိုရွာပေါ့။ ဖုန်းကဒ်တွေလည်းတစ်လ တစ်သိန်းဘိုးလောက်ထည့်ပေးပေါ.။
စိတ်ပျက်စရာကောင်းစွာပဲ (၃)လအတွင်းမှာ မမလေး က မန်နေဂျာကို ဘော့စ်လေသံနဲ ့အမိန် ့ပေးလာတယ်။ စစ်ဆေးလာတယ် ။ စပိုင်လုပ်လာတယ် ။ နေရာလုလာတယ် ။
ကျွန်မ ရခိုင်လူမျိုး စစ်စစ် လို ့ကြွေးကြော်လာတယ်။
ဝင်လာတဲ့ လူသစ်မိန်းကလေးတွေကို သူ ့ကိုသာ အမိန် ့နာခံဘို ့စည်းရုံးလာတယ်။
လူသစ်တွေက သူ ့ကို မျက်လုံးတောင် လှန်မကြည့်ရဲကြဘူူး။
President ဆိုသူနဲ ့ဒါရိုက်တာတွေအတွက် လူသစ်မိန်းကလေးတွေကို တွဲစပ်နေရာချတာကိုလည်း သူကပဲ စီမံတာပဲ။

နောက်ဆုံးရလဒ်က ဘာလဲ။
အရည်အချင်းရှိတဲ့ မန်နေဂျာ အဲဒီရုံးက လွင့်လာရတယ်လေ။

သူက အလုပ်ဖြုတ်လိုက်တာကို ဒါရိုက်တာ အဖွဲ ့ဝင်တွေအားလုံးက ငြိမ်ပြီး ဩဘာပေးကြတယ်။
(မင်းလုပ်သမျှ အားလုံးကောင်းတယ် – ပေါ့)
တကယ်တော့ operation ဒါရိုက်တာက ဒီဇတ်လမ်းကို သင်ပေးပြီး သူက အကောင်အထည်ဖေါ်ပေးလိုုက်တာပါ။ ရင်နာစရာပါ။

ဪ – ရုံးလိပ်စာ ပြောပြဘို ့လိုမယ်ထင်တယ်။
အဆောင် (၆) အခန်း (၁)
MICT PARK, လှိုင်တက္ကသိုလ်ဝင်း။

16 comments

  • lu lu

    April 28, 2014 at 6:49 pm

    တစ်နပ်စားအကြံနဲ ့အရှက်မရှိလုပ်စားနေကြတာ
    ဘယ်လောက်ထိ စားနိုင် မှာမို ့လဲ

  • TNA

    April 28, 2014 at 10:52 pm

    ဟမ် ဘာအလုပ်လုပ်တဲ့ရုံးလဲ။ သူ့ဟာက အလုပ်လုပ်တဲ့ စီးပွားရှာတဲ့ရုံးမှမဟုတ်တာပဲ။ လုပ်ချင်ရလုပ်လို့ ရ အောင်ဖွင့်ထားတဲ့ရုံးပဲဖြစ်မှာပေါ့။ အိမ်ကအထွက်ကောင်းအောင်၊ ပိုက်ဆံတွေ သုံးလို့မကုန်လို့ ဖွင့်ထားတဲ့ ရုံးဖြစ်မှာပေါ့။

  • Foreign Resident

    April 29, 2014 at 7:09 am

    အင်း ၊ ကုမ္ပဏီ ပိုင်ရှင် သူဋ္ဌေး / ဒါရိုက်တာ က ၊
    ဒီလို ပုံစံ ကို ကြိုက်တယ် / ကျေနပ်တယ် ဆိုတော့လဲ ၊ ပြီးတာဘဲပေါ့ဗျာ ။

    သူဋ္ဌေး / ဒါရိုက်တာ ရဲ့ ဝန်ကိုထမ်းရတဲ့ ဝန်ထမ်း ဘဝ ဆိုတော့လဲ ၊
    သူဋ္ဌေး / ဒါရိုက်တာ ခိုင်းတဲ့ အတိုင်း / ကြိုက်တဲ့ပုံစံ နေပေးရမှာဘဲလေ ။
    အဲလို မနေပေးနိုင်ရင် ၊ အဲဒီ အလုပ်ကနေ ထွက်ကြပေါ့လေ ။

    ကိုယ်ကမှ အဲဒီ ကလေးမ လို အောက်ပါ အရည်အချင်း နှင့် မပြည့်စုံဘဲကိုး ။
    ပြောလို့ ပြောတာ မဟုတ်ဘူး ၊ အဲဒီ သူဋ္ဌေး / ဒါရိုက်တာ ဘဝ ကို သိပ်အားကျမိတယ် ။

  • Wow

    April 29, 2014 at 9:04 am

    ပျော်စရာဂျီးနော်…. :mrgreen:
    တဂယ်က မန်နေဂျာက အလုပ်ထွက်ရပေမဲ့ပျော်သင့်ပါတယ်… မနေအပ်တဲ့အရပ်ပဲလေ :kwi:

  • Myo Thant

    April 29, 2014 at 10:07 am

    အဆောင်၆ ဆိုတော့ ငါတို့ အဆောင်၄ နောက်ကပဲ ၊

    အခန်း ၁ ဆိုတော့ အောက်ထပ် ၊

    ဪ အဲဒီကုမ္ပဏီလား ၊

    • Wow

      April 29, 2014 at 10:23 am

      ဘယ်ကန်ပနီလဲ အူးညိုး

  • myat pearl phyu

    April 29, 2014 at 11:07 am

    GMI တဲ့နော် … Creative Web studio ဘေးကလေ.. ဟုတ်လား ..
    အစ်မလေး ကျုပ်မှာသိချင်လို့ ဘယ်ရုံးလဲလို့ ထွက်ချင်တာ အပြင်မှာပူတာအေ ..ဟိဟိ

  • Myo Thant

    April 29, 2014 at 12:19 pm

    ဟုတ်ပါ့ ၊

    နာမည်အရှည် နဲ့ ဘာလုပ်တဲ့ကုမ္ပဏီရယ်လို့တော့ မသိ ၊

    • baydar maung

      April 29, 2014 at 4:42 pm

      Miyanotech နာမည်နဲ ့ဂျပန်သံငြမ်းတွေကို ငှား – ရောင်း လုပ်တာလို ့ပြောတယ်။
      GMI က လွန်ခဲ့တဲ ့ (၂) နှစ်က MICT PARK မှာ အငှားစာချုပ်လုပ်ခဲ့တဲ့ နာမည်တဲ ့။
      “မင်းလုပ်သမျှ အားလုံးကောင်းတယ်” ဆိုတဲ့ အတွင်းရေးမှုူ းမ နာမည်က –
      ” အေးမြတ်မောင်မောင်” တဲ့။
      အတွင်းရေးမှူ းဖြုတ်လို ့ မန်နေဂျာပြုတ်သွားတဲ့ ရာဇဝင်ကို ကြားရတာ နားခါးလု ့ိ စုံစမ်းလိုက်တာပါ။
      သိရသလောက်တော့ ပြုတ်သွားတာ ဒု-တိယမြောက် မန်နေဂျာ တဲ့ ။

  • ရွှေတိုက်စိုး

    April 29, 2014 at 4:48 pm

    အမလေးနော်.. ကောင်းလိုက်တဲ့ အလုပ် ဒါမျိုး တွေ.စမ်းချင်ဒယ်…..ခိခိ
    ယောင်္ကျားလေး ရောခေါ်ဘူးလားဟင်..
    ဆက်ဆီဆွဲတတ်တယ်…
    အရက်စပ်တာကတော့ ကျွမ်းကျင်အဆင့်ပဲ..
    ကေတီဗွီ မာဆတ် နေရာအစုံသိတယ်…
    မူးပြီး ကားမောင်းတတ်တယ်..
    နိုက်ကလပ် သွားရင် အကုန်ရှာပေးတတ်တယ်..

    • TNA

      April 29, 2014 at 7:23 pm

      ဟိုမယ် အုပ်အုပ်ခေါ်နေဒယ် ပြေးချီအုံး

  • alinsett (gazette)

    April 29, 2014 at 7:50 pm

    တရုတ်သိုင်းကားထဲက ဘုရင်မင်းမြတ်လိုပဲ..ပြောရမှာပဲ..
    အဲ့သလိုအဖြစ်မျိုးလည်း..ရှိသလား….လို ့..

    😆

  • etone

    April 30, 2014 at 12:32 pm

    ကတောက်စ် … အသက်ကြီး ဘတ်သွားလို့ပေါ့ကွီ …
    မဟုတ်လျှင် အဲ့ဒီအလုပ်မှာ သွားလျှောက်တယ် …. 😀

  • awra-cho

    May 15, 2014 at 1:25 pm

    ကမ်ပဏီ ထောင်ချင်လိုက်တာနော်

Leave a Reply