ချောကလက် ချစ်သူများအတွက်

Ma EiApril 29, 20143min29431

Nutella Croissants

ချောကလက် ချစ်သူများအတွက် စားလို့ အရမ်းကိုကောင်းတဲ့ ချစ်စရာ မုန့်ကလေးတစ်မျိုးကို မိတ်ဆက်ပေးချင်ပါတယ်…

သူ့ကို အလွယ်တကူ ပြုလုပ်နိုင်ပါလိမ့်မယ်… လွယ်ဆို အားလုံးရယ်ဒီမိတ်ကိုဘဲ သုံးတာကိုး…

လိုအပ်တာလေးတွေကို…

1.Malaysian Puff Paratha

2.Nutella Chocolate

3.egg  … ကို FMI Centre , City Mart    Market Place က ဝယ်လိုက်ပါတယ်…

မုန့်လုပ်တာ လွယ်လွယ်လေးပါ…ကြည့်လိုက်နော်..

ပါဝင်ပစ္စည်းတွေပါ
ပါဝင်ပစ္စည်းတွေပါ

 

ဒီလိုလုပ်ပါလား..
ဒီလိုလုပ်ပါလား..

 

Puff အချပ်လေးတွေကို လေးစိတ်စိပ်ပါ… Nutella ချောကလက် ခရင်မ် လေး တစ်ဇွန်းထည့်  အနားလေးတွေကို ကြက်ဥခေါက်ရည်သုတ်ပြီး လိပ်လိုက်ပါ…အလိပ်လေးပေါ်ကိုလဲ ကြက်ဥ ခေါက်ရည် ထပ်သုတ်လိုက်ပါနော်…

ဒါမျိုးလေးတွေ ရရင်
ဒါမျိုးလေးတွေ ရရင်

ဒါမျိုးလေးတွေ ရရင်တော့  Electronic Oven ထဲ 10 မိနစ်လောက်အပူပေးလိုက်ရင် လှပ ဖောင်းကြွ နေတဲ့ Puff မွှေးမွှေး လေးတွေရပါပြီ…

လှလား
လှလား

 

ချောကလက် အရသာ၊ ထောပတ်နံ့လေးသင်းနေတဲ့ Nutella Croissants လှလှလေးတွေ ကို ကိုယ်တိုင်ပြူလုပ်ကြည့်ပါဦးနော်…

စားကြည့်ပါဦး
စားကြည့်ပါဦး

ဒါလေးက ကြက်သား Puff

ကြက်သား Puff
ကြက်သား Puff

05 06

ဒါလေးက ချောကလက်နဲ့ ကြော်လိုက်ရတာ..

ပန်းပွင့် လေးတွေ
ပန်းပွင့် လေးတွေ

01

ကြော်ထားတာပါ
ကြော်ထားတာပါ

🙂

ခင်တဲ့

အန်တီ မအိ

31 comments

  • Mr. MarGa

    April 29, 2014 at 11:28 am

    လုပ်တုန်းကတော့ လက်မတို့ဘူး စားကူပေးမလို့
    အခုလဲ မောင်မာဃ အငွေ့နဲ့တင် အားပါးတရ စားသွားပါကြောင်း :mrgreenn:

    • Ma Ei

      April 29, 2014 at 12:06 pm

      အားပါးတရ ကျေးဇူးတင်ပါတယ်…

  • ကေဇီ

    April 29, 2014 at 11:34 am

    မွမွအိရယ်။ ရက်စက်လိုက်တာ။
    သများက ချောကလက်သရဲပါကွယ်။
    စိတ်ဓာတ်ကျတာ ကာကွယ်ဖို့ဆိုပြီး အကြောင်းပြရင်း စားလာလိုက်တာ
    ဒီစိတ်ဓာတ်က ပြန်မတက်ပဲ ဝိတ်ပဲ တက်တက်လာလို့ ရပ်ထားရတာ။
    စားချင်တာ။

    :sar:

    • Ma Ei

      April 29, 2014 at 12:58 pm

      ဆွိဆွိ …
      အစားတွက်ဆို..
      အကြောင်းပြချက် အမျိုးမျိုးထွက်တယ်လေ…
      တူတူဘဲ…
      🙂

  • Wow

    April 29, 2014 at 11:56 am

    အထဲမာ အသားစင်းထဲ့လို့ကောရလားဟင် :kwi:

    • Ma Ei

      April 29, 2014 at 12:04 pm

      ကြက်သား နုတ်နုတ်စင်း အာလူးပြုတ်ချေ လေးနဲ့ရော
      ငရုတ်မှုန့်၊ မဆလာ၊ ဆား နဲနဲထည့် ဆီသတ်ပြီး အဆာလုပ်
      Puff ကို အဝိုင်းပုံလေး လုပ် အဆာထည့် ဖုတ် လိုက်ရင်
      ကြက်သား Puff ဖြစ်ရော… ပုံလေးတွေ ထပ်ထည့် ပေးမယ်နော်…

      • Wow

        April 29, 2014 at 12:46 pm

        ချောကလက်အစာသွတ် အချိုလေးစားလိုက် အသားအစာသွတ် အငံလေးစားလိုက် ဂွတ်… :mrgreen:

  • lu lu

    April 29, 2014 at 12:14 pm

    အဲဒီလိတ်ထားတဲ့ Puff ကိုဆီနဲ ့ကြော်လို ့ရလား
    စားကောင်းမယ့်ပုံပဲနော်

    • Ma Ei

      April 29, 2014 at 1:07 pm

      ဆီနဲနဲ နဲ့ ကြော်လို့ ရပါတယ်…
      ချောကလက်နဲ့ ပန်းပွင့်ပုံလေး လုပ်ပြီးကာမှ
      မီးပြတ်သွားလို့ ကြော်လိုက်ရတယ်…
      ဒါလဲ တစ်မျိုးစားကောင်းတာဘဲ..
      🙂

  • weiwei

    April 29, 2014 at 1:04 pm

    လွယ်လိုက်တာ …
    ကြက်သားထည့်ပြီး လုပ်စားအုန်းမယ် ..
    ကျေးကျေးပါ ..

    • Ma Ei

      April 29, 2014 at 1:11 pm

      ဟုတ်တယ်ဝေရေ…
      အလွယ်ဖြစ်နေတာနဲ့
      ခဏခဏ မျိုးစုံ လုပ်စားဖြစ်နေတယ်…
      ပိန်ဦးတော့မှာဘဲ…

  • ROssI

    April 29, 2014 at 2:13 pm

    ရုံးလာလည်ပါအုံးမယ်..
    လုပ်စားမယ့်နေ့ပြောပါ…
    ဒချိ ဒချိ…

    😛

    • Ma Ei

      April 30, 2014 at 11:40 am

      မရိုစီ ရေ.. 🙂
      ရုံးလာဖြစ်တဲ့နေ့က ကော်ဖီသောက်ပါဦး ဆိုတာ…
      မသောက် ပဲနဲ့များ..

  • TNA

    April 29, 2014 at 4:05 pm

    လွယ်ကူသက်သာနည်းလမ်းရှာနေတာ မွအိရေ။ ကျေးကျေး။ ချောကလက်တော့မစားလို့ တခြားဟာထည့် စားဖို့ စိုုင်းပြင်းနေဘီဖြစ်ပါကြောင်း :sar:

    • Ma Ei

      April 30, 2014 at 11:32 am

      သဲရေ…
      လွယ်လဲလွယ်…
      မြန်မြန်လဲစားရ…
      အရသာလဲရှိ…
      🙂

      မမ ရေ..
      ဂျုံ နဲ့ က ကိတ်လေးဘဲ အဆင်ပြေသေးတာ…
      Puff လုပ်လို့ မရသေးဘူး..မာတာတာဖြစ်သွားတယ်လေ..
      ခုတော့ ရယ်ဒီမိတ်နဲ့ အဆင်ပြေ နေတယ်..
      🙂

  • Ma Ma

    April 29, 2014 at 6:01 pm

    မုန့်လုပ်စားရတာ ဝါသနာပါပေမယ့် ဂျုံနဲ့လုပ်တဲ့မုန့်တော့ မလုပ်တတ်လို့ စိတ်မဝင်စားဘူး။
    အခု မအိပေးတဲ့နည်းကိုဖတ်ပြီး ချက်ခြင်းကို ပြေးဝယ်ချင်မိတယ်။
    လုပ်စားဖြစ်အောင်ကို လုပ်စားလိုက်အုံးမယ်။
    🙂

  • alinsett (gazette)

    April 29, 2014 at 7:52 pm

    စားချင်လိုက်တာ….
    ဒါပဲ..ပြောတတ်တယ်..
    လောလောဆယ်..

    😆

    • Ma Ei

      April 30, 2014 at 11:21 am

      alinsett (gazette) says:
      လောလောဆယ် ပုံလေးတွေ အရင်ကြည့်ထားဦး…
      နောက်မှ တစ်ကယ်ကျွေးမယ်နော်…

      naywoon ni says:
      ချောကလက်= စားစရာ…
      အစားအသောက် ဆို လူနဲ့တဲ့ တာဘဲလေ…
      🙂

  • naywoon ni

    April 29, 2014 at 11:08 pm

    ​ချောကလပ်​က ဘာဖြစ်​ဆိုလား ဆရာ ဟိန်​းလတ်​က စာ​ပေ​ဟော​ပြောပွဲမှာထည်​့​ဟောသွားပီးကတည်​းက မစားရဲ​တော့ဘူး တားတား ​တြောက်​​တြောက်​

  • kai

    April 30, 2014 at 1:42 pm

    အောင်မြလေး..
    ကမ္ဘာ့ထူးဆန်းဘီယာတွေသောက်ကြည့်မယ်.. တွေးပြီး… သကာလ.. စိတ်ကူးပေါက်ဝယ်လာတဲ့..မက်ဟီကိုဘီယာ၂ဗူးဆင့်သောက်ပြီး.. ဗိုက်ဆာနေတာ… ပိုဆိုးသွားပြီ..
    ကြက်သား Puff ကိုကြိုက်ထှာ…။
    ကိုလက်စရောရေ.. ကယ်ပါဦး..။ :mrgreen:

    • Ma Ei

      May 7, 2014 at 11:50 am

      သွေးထဲမှာ ကိုလက်စရော များလို့ ဆေးသောက်နေရတယ်…:)
      ဒါပေသိ…နဲနဲ ပါးပါး လေးပါ ဆိုပြီး စားဖြစ်နေပါတယ်…:)

  • kyeemite

    April 30, 2014 at 1:46 pm

    ကိုနတ်ရှင်မကောင်းလို့ ပုံတွေအကုန်မပေါ်သေးဘူး..ခုတော့ မြင်ရသလောက်လေးအရင်စားသွားတယ်ဗျို့
    :sar: :sar: :sar:

  • zarzarhtwe

    April 30, 2014 at 9:33 pm

    ကျေးဇူးပါပဲ မအိ ကြက်သားpuffတော့ အရမ်းကြိုက်တယ်။

    • Ma Ei

      May 7, 2014 at 12:38 pm

      zarzarhtwe says:
      ကြက်သားpuff ကို အကြိုက်များကြတယ်နော်…

      ဝေဝေရေ…
      ကြက်သား Puff အတွက် Onion Puff Paratha အစိမ်းရောင်တံဆိပ်က ပိုကောင်းတယ်..

      ဝင့်ရေ…
      လုပ်ကြည့်ပါ…အလွယ်လေးရယ်..လွယ်ဆို ရယ်ဒီမိတ်ဂျုံသားကိုး…
      🙂

  • weiwei

    April 30, 2014 at 10:30 pm

    ကြက်သား puff လုပ်ပြီးသွားပါပြီ။ အောင်မြင်တယ်။
    ကျေးဇူးအများကြီးတင်ပါတယ် …

  • ဝင့်ပြုံးမြင့်

    April 30, 2014 at 11:44 pm

    မြင်ရုံနဲ့တောင် စားချင်စိတ်ပေါက်တယ်။ ကိုယ်တိုင်လုပ်ဖို့ကတော့ အရည်အချင်းမရှိသေးပါ။ နောင်လည်း ရှိဖို့မမြင် ..ဟီး ။

  • မဟာရာဇာ အံစာတုံး

    May 1, 2014 at 5:57 pm

    ပုံတွေနဲ့တကွ ချင်းပြထားတာ ရမ်းကောင်းပါတယ်
    သို့ပေသိ …
    ကျနော် အနေနဲ့ သိပ်ပီး နားမလည်သေးဘူးဗျ …
    လက်တွေ့ ပြပေးမှ ချင်းတွားမယ် ထင်တယ် ….
    တစ်ရက်လောက် ..
    အိမ်ခေါ်ပီး ထမင်းလေး ဘာလေးကျွေးပြုပြီး ဂလိုလေး လုပ်ပြပေးဘာလားလို့ … :mrgreenn:

    • Ma Ei

      May 7, 2014 at 12:43 pm

      လက်တွေ့ ပြပေးလို့ ချင်းတွားရင်တော့
      လက်စွမ်းပြ ကျွေးရမှာနော့..
      🙂

  • kai

    May 7, 2014 at 4:29 pm


    အဲဒီပုံထဲကအတိုင်းမှာ ၈လက်မလောက်အရှည်အသီးထဲ အစေ့ ၃ဝကနေ ၅ဝအထိပါတတ်တယ်တဲ့..
    အဲလိုအစေ့ ၁၀ဝကနေ ၄အောင်စရှိတဲ့ ချောကလက်ဘားတတောင့်… ဒါမှမဟုတ်..
    အစေ့ ၄၀ဝကနေ ၁ပေါင်ရှိတဲ့ချောကလက်ရတယ်လို့.. စာထဲဆိုပါတယ်..။

    ချောကလက်ချစ်သူတွေဗဟုသုတအတွက်ပါ..။
    တလက်စထဲ.. စမ်းစိုက်နိုင်သူတွေ… စိုက်နိုင်ကြပါစေလို့..။

Leave a Reply