ခေါင်းဆောင်ကောင်းတစ်ဦး

etoneAugust 10, 20101min640

ကျောင်းဖွင့်စနေ့၌ စာသင်ခန်းထဲတွင် “ဦးဆောင်မှု ဘာသာရပ်” ကို လာသင်ယူသည့်
ကျောင်းသားများဖြင့် ပြည့်ကျပ်နေခဲ့သည်။ ဤကျောင်းသားများသည်
နောင်၂နှစ်နေပြီးလျှင် စီးပွားရေးနယ်ထဲသို့ ဝင်ရောက်ကြမည့် MBA
ကျောင်းသားများဖြစ်သည်။ ပထမဆုံးအချိန်မို့ ဆရာ၏ အလာကို တက်ကြွစွာ
သူတို့စောင့်နေကြသည်။ ခဏအကြာတွင် ဧည့်သည်တော် နှစ်ဦးနှင့်အတူ ဆရာကဦးဆောင်ပြီး
စာသင်ခန်းထဲသို့ ဝင်ရောက်လာသည်။ ဧည့်သည်တော် နှစ်ဦးအနက် တစ်ဦးမှာ
မျက်နှာစိမ်းလူငယ် တစ်ဦးဖြစ်ပြီး ကျန်တစ်ဦးမှာ စီးပွားရေး နယ်ပယ်တွင်
လူသိများသော နာမည်ကြီး ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ အသက်အရွယ် ဆရာနှင့် မတိမ်းမယိမ်း
၆ဝ ခန့်ရှိမည်။ ရှေးဦးစွာ ဆရာက လူငယ်နှင့် မိတ်ဆက်ပေးသည်။ သူသည် ယခင်နှစ်က
ဤကျောင်းမှ ကျောင်းပြီး သွားသော အဆင့်တစ်ရ MBA ကျောင်းသား တစ်ဦးဖြစ်ပြီး
ကျန်တစ်ဦးမှာ ဆရာ၏အထက်တန်း ကျောင်းနေဖက် သူငယ်ချင်းဖြစ်သည်။
သူ၏ပညာအရည်အချင်းမှာ အထက်တန်း အောင်ရုံမျှသာဖြစ်သည်။

ဆရာက ဤဧည့်သည်တော် နှစ်ဦးသည် *”ခေါင်းဆောင်ကောင်းတစ်ဦး”* ဟုသော ခေါင်းစဉ်ကို
မိနစ်၂ဝကြာမျှ ဟောပြောကြမည်ဖြစ်ပြီး သူတို့ဟောပြောသော ခြားနားချက်ကို
ကျောင်းသားများက ရေးမှတ် ရမည်ဖြစ်သည်။ ပထမဦးစွာ အဆင့်တစ်ရ ကျောင်းသားက
မိနစ်(၂၀) အချိန်တိုတို အတွင်းတွင် နာမည်ကြီး ခေါင်းဆောင် ငါးဦးတို့၏
အတွေ့အကြုံနှင့် ဦးဆောင်ပုံများကို ပြောခဲ့သည်။ ထိုသူငါးဦးမှာ GE(*General
Electric) *မှ Jack Welch၊ Intel မှ Andrew S. Grove၊ စီမံခန့်ခွဲမှုး Peter F.
Drucker နှင့် ထိုင်ဝမ်မှ နာမည်ကြီး နှစ်ဦးလည်းပါဝင်သည်။ ထိုသူငါးဦး၏
ဦးဆောင်နည်းမှာ ခေါင်းဆောင်ကောင်းတစ် ဦးတွင် ရှိသင့်သည်ဟု ပြောကြားခဲ့သည်။

လူငယ်မှာ ယုံကြည်မှုအပြည့်နှင့် ပြောဟောအပြီး မိုက်ခရိုဖုန်းကို နောက်လူအား
ကမ်းလိုက်သည်။ ထိုသူမှာ တစ်ချက်ပြုံးပြီး စကားစလိုက်သည်။ ” ဒီ
ခေါင်းဆောင်းကောင်း တစ်ဦး ဆိုတဲ့ခေါင်းစဉ်ကို ကျွန်တော် စကား တစ်ခွန်းထဲနဲ့ပဲ
အပြီးသတ်လိုက်လို့ရတယ်။ ဒါပေမယ့် ကျွန်တော့်ကို အချောင်ခိုတယ် ထင်မှာဆိုလို့
ဒီစကား တစ်ခွန်းကို မိနစ်(၂၀)အသုံးပြုပြီး ကျွန်တော်ပြောရတော့မယ်။
ဒီဦးဆောင်မှုကို ရှုပ်ထွေးအောင် လုပ်ခဲ့မိတဲ့
ကျွန်တော့်အဖြစ်လို့နောင်တစ်ချိ

န်မှာမကြုံကြစေဖို့မျှော်လင့်ပါတယ်”

“ကျွန်တော့်လုပ်သက် အနှစ်(၄၀)လုံးလုံးမှာ ကျွန်တော်သိချင်တဲ့ ကိစ္စတစ်ခုကို
မပြတ်လေ့လာခဲ့မိတယ်။ အဲတာကတော့ ကျွန်တော့် ကုမ္ပဏီမှာ အလုပ်လာလုပ်တဲ့ လူတွေဟာ
“ငွေ” ကြောင့်မဟုတ်ဘဲ “စိတ်”ကြောင့်လားဆိုတာပါပဲ။ အဲတာကို သိဖို့ အနှစ်(၄၀)လုံး
ကျွန်တော် လေ့ကျင့်ခဲ့ရတယ်”
(ဤနေရာတွင် “စိတ်”ကြောင့်ဆိုသည်မှာ စိတ်ပါလက်ပါ ကိုဆိုလိုခြင်းဖြစ်ပြီး
“ငွေ”ကြောင့် ဆိုသည်မှာ လခဖြစ်သည်)

“ငွေ”ကြောင့်ဆိုတာက လုပ်ရတာ လွယ်ပါတယ်။ စီမံခန့်ခွဲတဲ့ ပညာရှိရင်
လုံလောက်ပါပြီ။ ဒါပေမယ့် “စိတ်”ကြောင့်ဆိုတာက ခက်တယ်။ ဝန်ထမ်းတွေ ကိုယ့်ကို
စိတ်ထဲကနေ လက်ခံလာဖို့လိုတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ခေါင်းဆောင်ကောင်း
တစ်ဦးဆိုတာ အကျယ်တဝင့် ပြောနေစရာ မလိုဘူး.. “ခေါင်းဆောင် ကောင်းတစ်ဦးဖြစ်ဖို့
သင်ယူနေတာဟာ လူလုပ်တတ်ဖို့ သင်ယူနေတာနဲ့ အတူတူပဲ” ဆိုတဲ့ စကားတစ်ခွန်းနဲ့ပဲ
ခုနားခေါင်းစဉ်ကိုပြောချင်ပါတယ်”

“ဒီခေါင်းစဉ်ကို ဘာမှ နားမလည်တဲ့အဆင့်၊ ပ ရာထူး၊ ဒု ရာထူး၊ တ ရာထူးကနေ သူဌေးအထိ
အဆင့်(၅)ခုခွဲပြီး ကျွန်တော်ပြောချင်ပါတယ်။ လူလုပ်တတ်ဖို့အတွက်
အဆင့်တစ်ဆင့်ချင်းကို ကျွန်တော်လေ့လာခဲ့တယ်။ အဆင့်(၅)ဆင့်ထဲကို နှစ်(၄၀)လောက်
ကျွန်တော် ဖြုန်းခဲ့ရတယ်။ ကျွန်တော်ကျောင်းပြီးစ ဘာမှမသိ နားမလည်တဲ့
အချိန်တုန်းက *No ဆိုတာကို နည်းနည်းပဲ ပြောပြီး Yes ဆိုတာကို များများပြော
တတ်အောင်*
ကျင့်ခဲ့တယ်။ အလုပ်ကပေးတဲ့ ကိစ္စတွေ ဘယ်လောက်ခက်ခဲပါစေ ကျွန်တော်
Noလို့ မပြောဘူး။ အဲဒီကိစ္စကို ကိုယ်တိုင်ဘယ်လို ဖြေရှင်းမလဲ ဆိုတာပဲ
ကျွန်တော်စဉ်းစားတယ်။ အဲဒီလို လေ့ကျင့်တာ ကြာလာတော့ ကိုယ့်ကို
တဖြေးဖြေးကြီးပြင်းလာပြီလို့ခံစားမိတယ်”

“အဲဒီလိုနဲ့ ရာထူးတက်ပြီး ပထမအဆင့်ကို ရောက်တော့ *နည်းနည်းပြောပြီး များများနား
ထောင်တတ် အောင်* ကျင့်ခဲ့တယ်
။ နားထောင်နိုင်တဲ့ အချိန်မှာ ကျွန်တော်
နုတ်မဟခဲ့ဘူး။ သူတို့ပြောတဲ့ စကားတွေထဲက ဘယ်အရာဟာ အရေးကြီးသလဲ ဆိုတဲ့အချက်ကို
ခွဲတတ်အောင် ကျွန်တော်ကျင့်ခဲ့တယ်။ လေ့ကျင့်တာ ကြာလာတော့ စကားပြောတဲ့အချိန်မှာ
အရေးကြီးတဲ့ အချက်ကိုပဲပြောတဲ့ အသိကိုရလိုက်တယ်”

“ရာထူးနောက်တစ်ဆင့် တက်တော့ *”ငါ”ဆိုတာကို နည်းနိုင်သမျှနည်း “သူ”ဆိုတာကို
များနိုင်သမျှ များအောင်*
ကျင့်ခဲ့တယ်။ ဒါက သူတစ်ပါးအတွက် ပိုစဉ်းစားပေးပြီး
ကိုယ့်အတွက် လျော့စဉ်းစားတာကို ပြောတာ..ဘာမဆို တစ်ဖက်လူရဲ့ ရှုထောင့်က
ကြည့်ပေးတယ်။ လေ့ကျင့်တာ ကြာလာတော့ သဘောထား ကြီးလာတယ်.. ရက်ရော တတ်လာတယ်”

“နောက်တစ်ဆင့် ထပ်တက်တော့ *အဟောင်းနည်းပြီး အသစ်ကို များများ လက်ခံတတ်
အောင် *
ကျင့်ခဲ့တယ်။
သဘောက ကျွန်တော်လုပ်လို့ အောင်မြင်ခဲ့တဲ့ အရာတွေကို ထပ်သလဲလဲ မလုပ်တော့ဘူး။
လုပ်ရင် အသစ် အဆန်းကို မစမ်းသပ်မိမှာစိုးလို့… လေ့ကျင့်တာ ကြာလာတော့
အသစ်တွေကို မပြတ် ထွင်နိုင်ခဲ့တယ်”

“နောက်ဆုံး ကုမ္ပဏီထောင်ပြီး ကိုယ်တိုင်သူဌေးလုပ်တော့ *သိတာကို နည်းပြီး
များများဖတ်တတ် အောင်
*ကျွန်တော်ကျင့်ခဲ့တယ်။ ဘာမှ မသိနားမလည်တဲ့ အဆင့်ကနေ
တစ်ဖန်ပြန်စဖို့ ကိုယ့်ကိုလေ့ကျင့်ခဲ့တယ်။ အချိန်ပေးပြီး စာပိုဖတ်ခဲ့တယ်။
စာဖတ်များလာတော့ ကို်ယ်မသိ နားမလည်တာများသေးကြောင်း ကိုယ့်ရဲ့
ဟာကွက်တွေကိုပြန်မြင်လာတယ်”နောက်ဆုံးတွင် ဆရာက ကျောင်းသားများအား အတွေ့အကြုံ
မရှိသူနှင့် ရှိသူကို ဟောပြောခိုင်းရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ရိုးရှင်းသော
အဖြစ်တစ်ခုကို ကျောင်းသားများ ကိုယ်တိုင်ခံစားမိ စေရန်နှင့် ခေါင်းဆောင် ကောင်း
တစ်ဦးဖြစ်ရန် ကြံစည်နေသူများ လူပီသဖို့
အရင်ကြိုးစားသင့်ကြောင်းပြောသွားခဲ့သည်။

*မိမိကိုယ်တိုင်က လူမလုပ်တတ်ခဲ့ရင် လူတွေကို ဘယ်လို ဦးဆောင်မလဲ… အသိပညာဆိုတာ
လူပီသတာနဲ့ ဆက်နွယ်နေတယ်*

ရေးသားသူ……. နိုင်းနိုင်းစနေ at 8:13:00