လွမ်းတော်မူလို့ စာကိုစီတယ် – ၂ သရက်သီးသနပ် .. အဲ့လေ .. ဖက်တီးကတ်

ムラカミMay 1, 20142min18310

တကယ်ဗျ… ဒီဘဲရဲ့ သွင်ပြင်ကို ဖော်ပြရရင် မြန်မာ့ နာမည်ကျော် ၅ယောက်လောက် ပေါင်းစပ်ထားတယ် ပြောရမယ်…

တကယ်ပါ. . .. အသားအရည်က အူးချစ်ကောင်း အသံက ကညီထွဋ် ဘော်ဒီက ဘရိတ်ကီ နဲ့ .. ဇဘင်က ဂြက်မျသောင်း ကိုး..

(၄ယောက်ရှိဘီဟုတ်… ၅ယောက်မြောက် ပြောဘာ့မယ်.. ဟုတ်ကဲ့ …နာမည်ပါခီညား)

နာမည်က …ဟို ရပ္ပါအမတ်လေး ဇီယျာသော်ကို ဇောက်ထီးလုပ်ဗျာ… သူ့နာမည်ရတယ်..။

အဲ့နာမည်ကြောင့်ပေါ့ …ကျုပ်က သူ့ကို စ-နေကြဇဂါး ရှိတယ်..။

ကဖက်ကတ် .. ခီညားဗျာ.. နာမည်ဂျင်းသာတူတာ (ရှေ့နောက် ဇောက်ထီး)… ဟိုက ဘွားတော် ရဲ့ အထုပ်ဆန်းကြီးကို

အဟုတ်ထမ်းလို့ ကမာ္ဘပတ်ပီး အိုဘားမား လက်တွေဘာတွေဆွဲတာ တို့ ဘာတို့ … ခီညားမတော့ …

ဘပြောင်ပေါက်တဲ့ အီးတောင် မရှူဘူးသေးဘူး မလား … ဆိုပြီး …. အဲ့လို. .

ပိတ်သတ်ကြီး ပြောရင်ယုံမယ်မထင် … ဂလိုဗျ… ဒီဘီးကျဲနဲ့ ကျုပ်နဲ့ အကြိုက်တူပုံဂျင်း..။

(အကြိုက်သာ တူတာနော.. ကွဲတာတွေ အောလတိုက်။)

တူတာကစပြောရင် …

၂ကောင်လုံးက ပန်းသီးယူဇာတွေ … သို့သော် ကျနော်က ဘယ်တော့မှ ပန်းသီးအကောင်းမပြော…။

သူကလည်း ဘယ်တော့မှ ပန်းသီးရဲ့ ဒီဇိုင်းဇန် ဘက်ကို လှည့်မကြည့်သူ။

နောက်တခုတူတာက ..၂ကောင်စလုံး ဘဘဂျော့ ခရေဇီတွေ …ဒါပေသိ ၂ကောင်စလုံး ဘဘဂိတ်စ် နဲ့ ကင်းပီး ထမင်းကိုက်လို့မရ …။

အဲ့လာ သူက မိုက်ခရိုဆော့ဖ် ဆို ဘယ်တော့မှ အကောင်းမပြောတတ်သလို ကျော်က မိုက်ခရိုဆော့ဖ် အသစ်ထွက်လိုက်တိုင်း ကလိလိုက်ရမှ

အိပ်ပျော်တတ်သူ။

 

 

 

တူပါသေးဒယ်ဗျား …. ဘောလုံးခွေဇီ ဖြစ်ပုံချင်း…။ အဲ့ဘီးကျဲ ဘောကန်တုန်းက ဘယ်ကဆော့တယ်တော့မသိ…ဗလကို မှန်းကြည့်တာတော့

စင်တာဟက်ဖ် ပဲဖြစ်မယ့်ပုံ …။ ကျော်က အပြေးသမား …တောက်လျောက် တောင်ပံကစားသမား …။ ကဲ အဲ့လိုတူပီး ကွာပြန်တာ…

ဆိုတော့ ကွာပြီးရင် ပြန်တူရမယ့် ကျော်တို့ ၂ယောက်ကြားကနိယာမ အရတော့ …. အကြိုက်ဆုံး နေရှင်နယ် ဘောလုံးအသင်း သွားတူနေတာပါဗျား…

ဟုတ်ပါ… အီတာလီယာ အမျိုးသား ဘောလုံးအသင်းပါခညား ….။

အဲ… တူပြီးရင် ကွဲရမယ့် နိယာမ အရ …အဟမ်း..သူကတော့ ..နည်းနည်း နွဲ့နေလို့ …မိုက်ခလန်းဂျလိုး လက်ရာ (ဒေးဗစ်-ခွက်ဒစ်တူဘဖော)

မာဘယ်လ်ကျောက် ရုပ်တွေလို အချိုးအစားပြေပြစ်ချောမောတဲ့ အီတာလျံ ဘီးကျဲတွေကို ငြိတာ ဖြစ်မယ်ဗျ…

မယုံရင် အောက်မှာကျိ… ဟော့ဒမယ်…

U138P200T1D319417F14DT20100512235057

 

ကျော်ကတော့ ..ခေတ်အဆက်ဆက် ..နောက်တန်းကို နာမည်ကျော်ခဲ့တဲ့ ..ကာတင်နက်စီယို ကစားဟန် ကို ကြွေတာပါ…

 

 

အဲ့လို… အဲ့လို အဲ့ဘီးကျဲနဲ့ ရေစက်ပါပုံများပြောပါတယ်…။ လိုကယ်မှာ အကြွေဆုံး ဗိုကယ်လစ်စ် က ကညီထွဋ်ပါတဲ့ ….။

တိန်… ဒါလည်း တူဗြန်ဘီ …။ ဒီနေရာမှာ ..လက်ရှိ ဂီတလောကရဲ့ ..Product life Cycle ကို နည်းနည်း အစဆွဲထုတ်ကြည့်မယ်ဗျ…

 

ဒန်တန့်တန်…

 

Product_Life_Cycle

 

ကျော်တို့က အိုင်တီသမားတွေမို့ …OS တွေနဲ့ နှိုင်းပြီး ပြောမယ်နော…

အကောင်းဆုံးအချိန်တွေကို နည်းနည်းကျော်လွန်လာခဲ့ပြီ ဖြစ်တာ ဝင်းဒိုးအိပ်စ်ပီ နဲ့ တူတဲ့ ကညီထွတ်

ခုချိန်ထဲ ပွဲခံနေတာက .. ဝင်းဒိုး ဆဲဗင်းနဲ့ တူတဲ့ ..ကလေးဖျူ …..

အဲ… အာဂေါင်နီ ကတော့ … အန်းဒရိုက် အိုအက်စ်နဲ့ တူပြန်သဗျ… (အခြေအနေအချိန်အခါနဲ့ သုံးသူပေါ်မူတည်ပြီး ကွဲလွဲမှုတွေများတယ်လေ..)

ဟိုမင်းသမီးယောက်ျားဟောင်း ဖြိုးဂျီးကတော့ ..ဝင်းဒိုးဗစ်စတာဗျ.. (အမျှော်လင့်ကြီးမျှော်လင့်ခဲ့ပီးမှ ..ပီးမှ …. -မပြောတော့ပါဘူးလေ..)

ဟိုပန့်ခ်ဆြာလေးနဲ့တကွ ..နှုတ်ခမ်းနီမလေးများရဲ့ အသီးကျော် ရော့ခ်ကာပေါက်စများကတော့ …အုန်းမှ အုန်းပဲ ဆိုပီး

ခင်းကျင်းလာကြတော့.. အူဘန်းတူး လိုလို လင်းနက်စ် လိုလို (ကိုယ်ပိုင်ဖြစ်သလောက် လူသုံးနည်းနေသေးတယ် လို့) မှတ်မိပါတယ်…

ထမီကိုလှန်ပြီး တစိမ့်စိမ့်ကြည့် တဲ့ဆြာ တို့ …သည်လိုညတိုင်း ငါနဲ့မင်း အို-ဆုံတွေ့ဖြစ်ရင် ငါ့အတွက် ဂွင်ပဲ ..ဆိုတဲ့ ဆြာတို့ကတော့…

အိုအက်စ် နဲ့ မနှိုင်းတတ်လို့ … ကားစကားနဲ့ပဲ နှိုင်းပါရဇီ … ကွက်ပြောက် ဖြစ်နေတယ် မြင်မိတာပဲ …

မစ်ဆူဘစ်ရှီရဲ့ နာမည်ကျော် လင်န်ဆာကား လို …(ပေါက်တဲ့မော်ဒယ်ပေါက် ဂွမ်းတဲ့မော်ဒယ် ဂွမ်းပေါ့ဗျာ..)

ထားပါတော့လေ… (သရီးကော့ဒ် ပေါ့ပ်မက်တယ် ဆြာတွေ …ပေါ့ပ်ဆြာတွေနဲ့ … ရပ္ပါတွေကို သည်နေရာမှာ ချန်ထားခဲ့ပါတယ် ..ကျနော်တို့ပြောချင်တာက

ရော့ခ်သက်သက်မို့ပါ)

 

အင်း …..အဲ့အကြောင်း အသေးစိတ်ရှင်းရင်… (မာကတ္တာပီပီ ဇာတိပြအုံးမှ)

သည်လိုဗျာ… လူတယောက် ဖြစ်စီ …ထုတ်ကုန်တခုဖြစ်စီ. .. စထုတ်ကာစမှာ.. လူကမသိ ..ကြော်ငြာခက တပြုတ်ကြီးကုန်….

ရောင်းရတာက မွှစိနှောင့် … ကြော်ငြာဖိုးဖြုန်းရတာက ပိုးစိုးပက်စက် … အဲ့သည့် အဆင့်…။

(ကနဦး ကြော်ငြာစဉ်ကာလ မြိုးဂျီး VS နေယဲမာန် ကိုမြင်ပါလေ..) နောက်ပိုင်းပေါက်တာမပေါက်တာထားနော… Intro အဆင့်မှာ ဖြုန်းရတာချင်းတူတာကိုပြောပါတယ်…

 

nature-zombies-guitars-undead-rock-music-best-114819

 

နောက်တဆင့်ဗျာ …။ အဲ့…။ လူစသိလာဘီ…။ ရောင်းရသမျှက ကြော်ငြာရတာနဲ့ ကုန်တာပဲဆိုသလို …ကြော်ငြာလည်း ဆက်ထည့်နေရသေးတယ်…

အဝယ်လိုက်လာလို့တော့ မိုင်းနပ်စ် မပြသေးဘူး ဆိုတဲ့ အဆင့် …။

(ဒါတော့… လက်ရှိ ပေါက်နေတဲ့ ပေါက်ကုန်တွေရဲ့… အမယ်သစ် ဖြန့်တာမျိုးနဲ့ ဥပမာပေးရမယ်ထင့်)

ဘရန်းကတော့ပေါက်ပီးသားမို့ …လူလက်ခံထားပြီးသား ..သို့သော် အမယ်သစ်မို့ ..ကြော်ငြာအားနဲ့ ဘရန်းရဲ့ ဝိတ်အားနဲ့ ဖိရတယ်…

အမယ်သစ် က ဈေးကွက်ထဲ စွံပေမယ့် ..အဝယ်လိုက်နေပေမယ့် …(အမယ်သစ် မစွံရင် ပေါက်ပြီးသား ဘရန်းကိုတောင် ဆွဲချသွားနိုင်ချေရှိတာမို့)

ကြော်ငြာငွေဖြုန်းအားကို မလျှိုရဲ တဲ့ ကိစ္စရပ်မျိုးပေါ့ဗျာ…။

 

ဟုတ်ပါဘီ .. နောက်တဆင့် … ပေါက်ပြီးသား ထုတ်ကုန်.. (ပေါက်ပြီးသားအဆိုကျော်ပေါ့ဗျာ)

တန်ရုံကြော်ငြာ လူသိတာနဲ့ အဝယ်နဲ့ အမှာစာတွေက ချက်ခြင်းကြီး လိုက်မှာ ….။

 

နောက်ဆုံးအဆင့်ဗျာ…။ အကျပိုင်းရောက်နေတဲ့ ထုတ်ကုန်မျိုး …. (အဟဲ ဒီအကြောင်းပြောချင်လို့ ..သည်ကိစ္စရပ်ကို တည်ခဲ့တာ..)

ဟုတ်တယ် … နန်းကျနေတဲ့ ရော့ခ်ဘုရင် အဟောင်း ကို ၂ကောင်သား တညီတညွတ်ကြွေတာဗျား…။

အထက်က ပြောခဲ့တဲ့ Product Life Cycle အရ သူက အကျပိုင်းရောက်နေပြီးသား …

လက်ရှိ ထိပ်ဆုံးမှာ ရှိတဲ့သူ… ထိပ်ဆုံးရောက်မယ့်သူ စသည်တွေကို မမြင်တာလည်းမဟုတ်….

အသိမှတ်မပြုတာလည်းမဟုတ်… သို့သော် …လူတွေက အိုးစကူးလ်ဂျီးတွေဘာကွာ ဆိုပြီး

ကိုယ်တွေကို အိုနာကျိုးကန်း စာရင်းသွင်းမှာလည်း မသိဘူးမဟုတ် သိသိဂျီးနဲ့ …

 

သူဖြတ်သန်းခဲ့တဲ့ လမ်းကြောင်း ..သူဖောက်ခဲ့တဲ့လမ်းကြောင်း … အိုဗျာ..နောက်ဆုံး

သူကြောင်ခဲ့တဲ့လမ်းကြောင်း သူမိတ်ဆက်လောက်သာ လုပ်နိုင်ခဲ့တဲ့ လမ်းကြောင်းတွေအဆုံး ကြွေခဲ့ကြတယ်ဗျ…။

 

ROCK-ON-MUSIC-FINGER

 

 

အဲ့လို အဲ့လို. … တူတာတွေပြီးသွားရင် ကွာတာတွေ ပြောအုံးစို့ ….။

ကညီထွဋ်ကြွေတာချင်းတူတူ သည်ဘီးကျဲက ဟိုဘိုးတော်ရဲ့ အဆိုပိုင်းကိုကြွေတာဗျ…။

ဒီနေရာမှာ စကားစပ်လို့ ပြောရရင် …အဲ့ဘိုးတော်ရဲ့ ဗိုကယ်ပိုင်း ပေါ့…… အသံဝင်နေရင် အသံပြန်ထွက်လာမှ ဆိုပါဗျား

ဝေဖန်ကြတာ ၂ဝရာစုကပါ… ပစ်ချ်ရော မုဒ်ရော ..ကွန်ပိုဇစ်ရှင်းပိုင်းရော …နောက်ဆုံးဗျာ ..အရိန့်ချ်မန့်ပိုင်းပါ …အင်မတန်

လန်းတဲ့ လူဗျ..တခါသား ဆြာသမားနဲ့ ပတ်သတ်ပီးသိရတဲ့ ..(မပေါက်ခဲ့ပေမယ့်) အင်မတန် ဆိုတတ်တဲ့ အောက်သက်ကြေတဲ့

အညာသား အဆိုကျော်ပေါက်စတယောက် ..ဘိုးတော်လေ့ကျင့်ခန်း… ပါရမီ နဲ့ ကြိုးစားအားထုတ်မှုအပေါ် ငါသည်တသက်

သည်ဘီးကျဲကို ယှဉ်မဆိုရဲဘူး ဝန်ခံဖူးတဲ့အထိ… (အဲ့သည့်ကာလတွေမှာ ..တန်ရုံ ဈေးကွက်ဝင်အဆိုတော် မဆိုရဲတဲ့ Sus, တွေ Aug

တွေ တပြုတ်ကြီးပါတဲ့ သီချင်းကို ရအောင်ဆိုခဲ့သူ ) ပြောတာနားနဲ့ ဆတ်ဆတ်ကြားမိတော့ ကြက်သီးထခဲ့ဖူးသဗျ…

ဘရာကြော်ပါ ကဖက်ကတ်… ထားပါလေ. ..ဒါက သူကြွေတဲ့ ဘိုးတော်ရဲ့ အရည်အချင်းအကြောင်း ကြုံဖူးတာလေး..

ကျော် အဲ့ဘိုးတော်ကို ကြွေတာက တခြားအပိုင်းဗျ…။ ဘာလဲဆိုတော့ ..သူ့ဖြတ်သန်းမှု သူ့စုဖွဲ့မှု … သူ့ခေါင်းဆောင်မှု အပိုင်း….။

ခေတ် နဲ့ အချိန်ကာလနဲ့ ..အနေအထား ကို သုံးသပ်ပုံ ..မတည်ငြိမ်ခဲ့တဲ့ line-up နဲ့ အကောင်းဆုံး ညှစ်ထုတ်ရယူနိုင်မှုအပိုင်းကို ….။

အဲ့လိုကွာတာပါဗျာ …။

 

ရွာထဲနေရတာ တခါတခါ ပျင်းသဗျ…။ ဘောလုံး ဂီတ နဲ့ အိုင်တီ ကိစ္စရပ်တွေ ကြုံတိုင်း…သည်ဝတုတ်ကြီးကို သတိရမိတတ်သေးသဗျ…။

ကျနော်ပြောပါတယ်… ကဖတ်ကတ်ရယ်… စီးပွားရေးအဆင်မပြေလည်း … အေးဆေးပေါ့ …နည်းနည်း အစားလျှော့ပါဆို ..မဟုတ်ဘူးဗျား…။

ခုတော့ …မာမီသော်(ဆွေးတက္ကသိုလ်) ဆိုပြီး .. သင်္ကန်းကျွန်းဘက်မယ် ..အလှပြင်ဆိုင်ဖွင့်မယ် ကြားနေပြန်တယ်…

မအားမလပ်လို့ ရွာထဲမရောက်တာလည်း ကြာပေါ့…။အော်.. ဘဝ မလား …။

သူက ယောက်ျားပီပီ ဒေါင်ကျကျ ပြားကျကျ ..လုပ်စားတတ်တဲ့လူမို့ စိတ်တော့မပူပါဘူးဗျာ …

ဒါပေသိ ..ခုတလောက ဒေါင်ကျတာ နည်းပီး ပြားကျတာများနေလို့ ….. ကိုယ့် ဘစ်ဘရားသားကြီး ဘုန်းကညာတပါးကနေ

လုံးရာကပြားလေသလားလို့တော့ … တခါတခါ စိတ်ပူမိသားဗျ…

ကျော် စိတ်ပူတာ လွန်မလွန်ဆိုတာကို ..အောက်က ပုံမှာ ရှုဘာလေ….(တခါက တင်ပီးသားဘာ …မကျိလိုက်ရမရှိလေအောင်)

 

FC
အာဟိ

ဒက်ဂလောက်..

 

 

10 comments

  • ကေဇီ

    May 1, 2014 at 10:57 am

    Haaaaahaaaaaahaaaaaa..!
    Congratulations to Ko Gyi Fat.
    😀

  • alinsett (gazette)

    May 1, 2014 at 11:29 am

    မာမီသော်(ဆွေးတက်ကသို) ရဲ့ ဆိုင်ကို
    ဒေါ်ဖွားမေ လာလိမ့်မယ်။
    လွှတ်ထည့်လိုက်ဦးမယ်
    အဟိ

    :mrgreen:

    အရေးက လန်းလွန်းလို့ အားကျငေးမောသွားတယ်

    🙂

  • Crystalline

    May 1, 2014 at 2:33 pm

    အီတလီအသင်းကို ငယ်ငယ်ကစအားပေးခဲ့တာ…ပီယာလိုတို့ ကင်နာဗာရိုတို့ :)) ပြီးခဲ့တဲ့ ကမာ္ဘ့ဖလားမှ စပိန်ပြောင်းအားပေးတာ… စပိန်ဗိုလ်ဆွဲပါလေရော… ဒီနှစ်တော့ ဘယ်သူ့အားပေးရမလဲမသိသေး…
    ကဖက်ကက်ကြိုက်တဲ့ကားက ပါဆို နဲ့ ဟွန်ဒါဖစ်ဆိုပဲ… ကားကိုတော့ တော်တော်သနားမိတယ်… :mrgreenn:

    • ROssI

      May 1, 2014 at 2:53 pm

      အင်ဂလုံ ကို အားပေးလေဗျာ …
      ဟိ… သွားခေါ ဆွာရက်စ် နဲ့ ဘာလုံးတယ်လီ ကို အင်ဂလုံ ချာတိတ် နောက်ခံလူတွေ ဘယ်လိုထိန်းမယ် မသိ အာဟိ

  • Mr. MarGa

    May 1, 2014 at 3:05 pm

    အင်း… နှစ်ယောက်တော့ ဈေးဦးပေါက်ပြီ
    နောက်ထပ် ဘယ်သူတွေ ထွက်လာမယ် မသိ

    စောင့်ကြည့်လိုက်ဦးမယ် 🙂

    • ROssI

      May 1, 2014 at 3:45 pm

      ရန်ကုန်ရောက်ရင် ပျောဘာလေ…
      ငိ၁ိ

  • မဟာရာဇာ အံစာတုံး

    May 1, 2014 at 5:53 pm

    ဟုတ်တယ် .. ဟုတ်တယ် ..
    မာမီသော်(ဆွေးတက္ကသိုလ်) ဆိုပြီး ဆိုင်ကြီးမှ ဟီးလို့ဗျ …
    ဒဂယ်ထဲ … သူ့ကိုယ်သူလည်း ပြင်ထားလိုက်သမှ လူတောင် မှားဒယ် …
    နေဦး … ဒီထဲက ဟင်းချက်တဲ့ပုံကြီးကို သူ့ဆိုင်ရှေ့မှာ သွားပြီး ကပ်ထားပေးလိုက်ဦးမယ် …

  • TNA

    May 3, 2014 at 2:12 pm

    ဟယ် မာမီသော် ( ဆွေးတက်ကတို ) ကဘာဆိုင်ဖွင့်မာဒုန်း။ စားသောက်ဆိုင်လား။ ချိုင်းချိတ်နဲ့ တူချက်တာကို စားဒဲ့လူဒွေက ဟိုပုံလိုစားရမာလားငင်

Leave a Reply