ဂီ ကို လွမ်းလို့ ရေးတဲ့ စာ

ဇီဇီApril 30, 201412min25124

ဂီ တစ်ယောက် လွမ်းတော်မူလို့ စာကိုစီ တဲ့ စာစဉ် ၁ မှာ ကျနော့ ကို ပြောထားတော့ ကျနော်လည်း ကျနော့မောင်လေးကို လွမ်းလို့ စာစီချင်သော်လည်း စာရေးးး မကောင်းးးးးးး :mrgreenn:

ဒါနဲ့ပဲ ကျနော့ ကဗျောင်စာတွေ သူကဗျက်လုပ်ထားတာတွေရယ်

သူများ ကဗျာတွေကို သူ ကဗျက်လုပ်ထားတာတွေရယ် တွဲ တင်ပြမယ်စိတ်ကူးတယ်။။

 

ကျနော် ရွာထဲရောက်ပြီး မကြာခင် သများ ဖဘကို အရင် ဆုံးရှာတွေ့တာ သူပါ။

ရွာထဲမှာ ကော်မန့်ကို မပေးရဲ ပေးရဲ စပေးတော့ ပို့(စ) ပိုင်ရှင်တွေ ရီပလိုင်းမလုပ်ခင် သူက ဝင်ဝင်ပြောတတ်လို့ အခြေအတင်ငြင်းရာက ဒီရွာမှာ ကော်မန့်ပေးရတာပါ စိတ်ပါလာရော ဆိုပါတော့။

ကျနော် မြင်ဖူးတဲ့ အဲဒီ အသက်တန်းမှာတော့ သူ က စာရေးတာရော၊ ဗဟုသုတရော၊ စာဖတ်တာရောမှာ ထူးချွန်တဲ့ သူတစ်ယောက်လို့ သတ်မှတ်ပါတယ်။

(နည်းနည်းလေးး စိတ်ဖောက်ပြန်တတ်တာကလွဲရင်) :mrgreenn:

 

ကိုဖက်ကတော့ မောင်ဂီ ဟာ သူ့ခေါင်းထဲ စွယ်စုံကျမ်းထည့်ထားတဲ့ ကောင်လို့ တင်စားဖူးရဲ့။

ရွာကိုလည်း စေတနာထားတတ်ဖို့ကို သူသင်ခဲ့တာပါ။

 

ရွာကလူတွေ အကြောင်းကို အကြမ်းဖျင်း ရှင်းပြပြီး ဘယ်သူရေးတဲ့ ဘယ်စာ ဆိုကောင်းတယ်၊ ဘယ်ပို့(စ) ဖတ်စသည်ဖြင့် သူညွှန်းခဲ့တာ။

တစ်ခါတစ်ခါ အပျင်းကြီးမယ်ကြံတိုင်း ဟိုလူကို စာမရေးတာကြာပြီ ဒီလူကို မမြင်တာကြာပြီ စသည်ဖြင့် ပြောဆိုပြီး ကျနော့ကို အပျင်းတစ်နေလို့ ဆိုပြီး ဇွတ် စာထရေးခိုင်းးလိုခိုင်းးး

ဦးကျောက်ရယ် ကျနော်ရယ် သူရယ်က အချိန်က တူတူနီးပါးမို့ ရွာလည်တဲ့ အချိန်ကလည်း တူတယ်။ တစ်နေကုန်လည်း ဖလန်းနိုင်တာတူတူပါပဲ။

တစ်ယောက်ကို မမြင်ရင် တခြားဖက်မှာ သွားသွားရှာပြီး မေးတဲ့ထိ ဖလန်းကြတာ။

ရွာထဲ က တစ်ယောက်မကြားရသေးတဲ့ သတင်းတို့ ကော်မန့်တို့ရှိရင် လက်တို့ကြတာ။  :mrgreenn:

 

သူ့ အပြောအဆိုတွေမခံနိုင်လို့ အင်တာဗျူးပို့(စ) တွေ ထိုင်ရေးခဲ့ရတာ  ညလုံးပေါက်ပဲ။ ဒင်းက လည်း တစ်ညလုံး မအိပ်ဘူးလားမသိ။ ကျနော် အိပ်မှာစိုးလို့ မက်စေ့နဲ့ လှမ်းလှမ်း စစ်တယ်။

နောက် ဟိုဟာရေးပါ့လားး ဒီ ဟာရေးပါ့လား ပို့ထားတဲ့ လင့်တွေလည်း မဖတ်နိုင် မရေးနိုင်လို့ မသိချင်ယောင်ဆောင်ထားဖူးပါတယ်။

အဲ။

သူညွှန်းတဲ့ ရုပ်ရှင်နဲ့ သီချင်းတွေတော့ ကြည့်လည်း ကြည့်ပါတယ် နားလည်းထောင်ဖြစ်တယ်။

မောင်ဂီ က အပြောက ရှင်းရှင်းရယ်ဗျ။

သိပ် လှည့်တာ ပတ်တာ ထွေလီကာလီ မရှိဘူးရယ်။ ကျနော့ စိတ်နဲ့လည်း တည့်လို့ ကျနော် အတော်ချစ်ခင်တဲ့ထဲပါပါတယ်။။

သူ့ ကို စားဖိုမှူး လုပ်ခိုင်းလို့ မရတော့ စာသတ်သတ်စီပြီး လွမ်းပေးလိုက်ပါတယ်။

 

သူရေးတဲ့ ကဗျောင်အားလုံး ကျနော်တို့ ရှေ့မှာတင် လက်တန်းရေးသွားတာကို ကျနော် လိုက်စုထားခြင်းဖြစ်ပါကြောင်းးးးး

ရွာကို လည်း ပစ်မထားပါကြောင်းးး၊ ကျနော့ကိုလည်း ပစ်မထားပါကြောင်းးး လာလာ သတင်းပေးတတ်တာမို့ ရွာကို ချစ်တဲ့ ကျနော့ မောင်အတွက် ကျနော် ချစ်လို့ ရေးတဲ့ စာလို့ မှတ်ထားပေးပါဗျားးး။

:s:

~~~~~~~~~~~~~~~~~~~~

ကျနော့ စာ ၂ ပုဒ် နဲ့ စ ကြတာပေါ့နော့။

 

ဘယ်လို!

ရေစက် တဲ့လား

အင်း

ပြောကြတယ်

လူနှစ်ယောက် ပတ်သက်မှုရဲ့ အကြောင်းပြချက်အနေနဲ့ပေါ့။

တို့ နှစ်ယောက် ဆုံခဲ့ရတာကိုက ရေစက် ကြောင့်တဲ့။

ဆုံ တဲ့ အချိန် က မှားနေတဲ့ အခါ ဘာကို အပြစ်တင်ရမလဲ။

တို့ နှစ်ယောက် တွေ့ခဲ့ရတာကိုက ရေစက် ကြောင့်တဲ့။

တွေ့ တဲ့ အချိန်တွေ လွဲနေတဲ့ အခါ ဘာကို အပြစ်တင်ရမလဲ။

တို့ နှစ်ယောက် သိခဲ့ရတာကိုက ရေစက် ကြောင့်တဲ့။

သိ တဲ့ အချိန်တွေ နောက်ကျတဲ့ အခါ ဘာကို အပြစ်တင်မရမလဲ။

တို့ နှစ်ယောက် ချစ်ခဲ့ကြတာကိုက ရေစက် ကြောင့်တဲ့။

ချစ် တဲ့ အချိန်တွေ လွန်နေတဲ့ အခါ ဘာကို အပြစ်တင်ရမလဲ။

တို့ နှစ်ယောက် လွမ်းနေရတာကိုက ရေစက် ကြောင့်တဲ့။

လွမ်း တဲ့ အချိန်တွေ များနေတဲ့ အခါ ဘာကို အပြစ်တင်ရမလဲ။

ဒီ အတိုင်း ဆို

အကြောင်းပြချက်တစ်ခု အနေနဲ့  မဟုတ်ပဲ

အပြစ်တင်စရာ တစ်ခု အနေနဲ့

တို့ နှစ်ယောက် ဘဝ ထဲကို ရောက်လာတဲ့

ရေစက် ပဲပေါ့…

 

ဒီ ကဗျာကို ပြခန်းမှာ ပြတဲ့ အချိန်က ကျနော်နဲ့ ဂီ မခေါ်ပါဘူးးး

 ရန်ဖြစ်ထားတာ။ စိုင်းစိုင်းနဲ့ ပတ်သက်ပြီး ပြောလို့။   :mrgreenn:

 

အဲတော့ ရွာထဲမှာ မနောက်ပဲ နဲ့ သူ့ ဖဘ ဝေါပေါ်မှာ တင်ပါတယ်၊

အဲဒါ သူ့ ဖဘမှာ ကိုယ့် စာကို ဂလို နောက်ထားတာကြီးတွေပြီး ရီကရီချင် စိတ်ဆိုးရအခက်ဖြစ်ဖူးပါရဲ့။

ကြည့်လိုက်ပါဦးးး ဘယ်လောက် ရသမြောက်တုန်းလို့။

:mrgreen:

 

ဘယ်လို!

 ရေစက် တဲ့လား

 အင်း

 ပြောကြတယ်။

 မီးနဲ့ ရေ ပတ်သတ်မှုရဲ့ အကြောင်းပြချက် အနေနဲ့ပေါ့။

 တို့နှစ်ယောက် ရေချိုးခဲ့ရတာကိုက ရေစက်ကြောင့်တဲ့။

 ချိုးတဲ့အချိန်က နည်းနေတဲ့အခါ ဘာကို အပြစ်တင်ရမလဲ။

 တို့နှစ်ယောက် ပန်းကန်ဆေးခဲ့ရတာကိုက ရေစက်ကြောင့်တဲ့။

 ဆေးခဲ့တဲ့အချိန်တွေ မရောက်လာတဲ့အခါ ဘာကို အပြစ်တင်ရမလဲ။

 တို့နှစ်ယောက် သောက်ခဲ့ရတာကိုက ရေစက်ကြောင့်တဲ့။

 သောက်ခဲ့တဲ့အချိန်တွေ နောက်ကျနေတဲ့အခါ ဘာကို အပြစ်တင်ရမလဲ။

 တို့နှစ်ယောက် အပင်ရေလောင်းခဲ့ရတာကိုက ရေစက်ကြောင့်တဲ့။

 လောင်းရမဲ့တဲ့အချိန်တွေ လွန်နေတဲ့အခါ ဘာကို အပြစ်တင်ရမလဲ။

 တို့နှစ်ယောက် လျှော်ဖွတ်နေရတာကိုက ရေစက်ကြောင့်တဲ့။

 ဖွတ်စရာ အဝတ်တွေ ပုံလာတဲ့အခါ ဘာကို အပြစ်တင်ရမလဲ။

 ဒီအတိုင်းဆို

 အကြောင်းပြချက် တစ်ခုအနေနဲ့ မဟုတ်ဘဲ

 အပြစ်တင်စရာ တစ်ခု အနေနဲ့

 တို့နှစ်ယောက်ဘဝထဲကို ရောက်လာတဲ့

 ရေစက် ပဲပေါ့ ..။ ။

 သေဂျင်းဇိမ်း အီးပီစီ။

 ဂါးးးးးး။

:-DD

~~~~~~~~~~~~~~~~~~~~~~~~~~

နောက်တစ်ပုဒ်က ဟိုနေ့ကမှ ဖဘတင်တော့ ကော်မန့်မှာ ဝင်ရေးသွားတာ။

:loll:

 

သူ အနားမှာ ရှိနေတုန်းက ပျော်ရွှင်မှုသည် အချစ် ဖြစ်သည်ဆိုလျှင်…..

သူ အနားမှာ ရှိမနေနိုင်မှ သိတဲ့ ကသိကအောက်ခံစားမှုသည် အလွမ်းပဲ ဖြစ်မည်။

ရနေတုန်းက အတိုင်းမသိ ယူငင်နေသော အရာများသည် အချစ် ဖြစ်သည်ဆိုလျှင်…..

မရနိုင်တော့မှ ဖြစ်ပေါ်လာတဲ့ တမ်းတမှုသည် အလွမ်းပဲ ဖြစ်မည်။

စွန့်လွှတ်ပေးဆပ်ရမှုမှာ ကျေနပ်နေတာသည် အချစ် ဖြစ်သည်ဆိုလျှင်…..

ပိုင်ဆိုင်ရယူလိုက်ရ၍ အငြူစူခံရသည့်အရာသည် အလွမ်းပဲ ဖြစ်မည်။

ထွက်ပေါ်စ နေမင်းကို မျှော်လင့်ရသလို ခံစားချက်မျိုးသည် အချစ် ဖြစ်သည်ဆိုလျှင်…..

ဝင်တော့မဲ့ နေမင်းကို တားဆီးမရ ကြည့်နေရသော ခံစားချက်မျိုးသည် အလွမ်းပဲ ဖြစ်မည်။

အိပ်ပျော်စေသော ဆေးတစ်ခွက်သည် အချစ် ဖြစ်သည်ဆိုလျှင်…..

မျက်စိကြောင်စေသော ကော်ဖီတစ်ခွက်သည် အလွမ်းပဲ ဖြစ်မည်။

 

အဲဒါကို ဒင်းက ဒီလို ရေးတယ်…

 

သူ အနားမှာ ရှိနေတုန်းက ပျော်ရွှင်မှုသည် မိုဂျီတို ဖြစ်သည်ဆိုလျှင်…..

သူ အနားမှာ ရှိမနေနိုင်မှ သိတဲ့ ကသိကအောက်ခံစားမှုသည် ဟန်းအိုဗာ ဖြစ်မည်။

ရနေတုန်းက အတိုင်းမသိ (ဂါလံလိုက်) မျိုချ နေသော အရာများသည် ဘာယီ ဖြစ်သည်ဆိုလျှင်…..

မရနိုင်တော့မှ ဖြစ်ပေါ်လာတဲ့ တမ်းတမှုသည် ကျားတံဆိပ် ပဲ ဖြစ်မည်။

စွန့်လွှတ်ပေးဆပ်ရမှုမှာ ကျေနပ်နေတာသည် ဘိတ်ချဉ် ဖြစ်သည်ဆိုလျှင်…..

ပိုင်ဆိုင်ရယူလိုက်ရ၍ အငြူစူခံရသည့်အရာသည် ဝမ်းကိုက်မှု ပဲ ဖြစ်မည်။

ထွက်ပေါ်စ နေမင်းကို မျှော်လင့်ရသလို ခံစားချက်မျိုးသည် ရင်ပူခြင်း ဖြစ်သည်ဆိုလျှင်…..

ဝင်တော့မဲ့ နေမင်းကို တားဆီးမရ ကြည့်နေရသော ခံစားချက်မျိုးသည် ခေါင်းပေါ်လက်၂ဖက်တင်ပီး ကွေးနေအောင်ကချင်မိသောစိတ် ပဲ ဖြစ်မည်။

အိပ်ပျော်စေသော ဗစ် တစ်ခွက်သည် ဂျင်နှင့်တောနစ် ဖြစ်သည်ဆိုလျှင်…..

မျက်စိကြောင်စေသော ဖက်ကြမ်း တလိပ်သည် ဂန်ဂျာပဲ ဖြစ်မည်။

ငိငိ

 

~~~~~~~~~~~~~~~~~~~

နောက်တစ်ခု က အလင်းဆက်ရဲ့ စာစု အလှည့်။

လိုက်မယ်မှန်း သိပေမယ့်

ခေါ်ရက်ပါဘူးကွယ်

ဆူးခင်းတဲ့လမ်း

ကြမ်းတာကို အားနာတယ်။

 

ခေါ်ချင်မှန်းသိရင်ပဲ

ကျေနပ်တဲ့အဖြစ်မျိုးနဲ့

ကိုယ်ကျိုးနည်း ရှိနေမယ်

ဝေဒနာ သွေးရူးသွေးတန်းနဲ့လေကွယ်။

 

မလိုချင်ဘူးလို့မထင်စေချင်

မင်းတစ်ယောက် ရှိရင် အရာရာ

ပြည့်စုံမယ်

မင်းတစ်တစ်ယောက် လျော့ရင် အရာရာ

ဘာာမှ မရှိ ဗလာပါပဲ

ဒါပေမယ့်

ကိုယ့်ပြည့်စုံခြင်းက

မင်းရဲ့ ချို့တဲ့ခြင်းလို

အို. . . .

ကိုယ် . . .တစ်ယောက်သာ နာတော့မယ် ။

 

မိုးရွာထဲ. . .

ထီးမပါပဲ လျှောက်ရဲဖို့

မင်းလေးကို သင်ပေးခဲ့ပြီးပြီ

မိုးထဲလေထဲတော့ လှမ်းမခေါ်ရက်ဘူးကွယ်

ကိုယ်ပဲ သွားမယ်။

 

ဝေးကွာခြင်းက ကိုယ့်ကို ဆွဲဆုတ်

လွမ်းဆွတ်ခြင်းက ကိုယ့်ကို ခွဲထုတ်

သောကဒဏ်ရာကို ရင်မှာ ပိုက်ရင်း

ကိုယ်ဆိုနေကျသီချင်းလေး

ဆိုနေဥင်္ီးမယ် ။

ကိုယ် ပျော်နေတယ်ပဲ မှတ်သွားပါ ။

 

ချစ်သူဆိုတာ. . .

ကိုယ့်ဘဝရဲ့ ခွန်အား ပါ

ဒါပေမယ့် အခု

ခွန်အားမဲ့ လူတစ်ယောက်

လမ်း မပျောက်ဖို့ ကြိုးစားမယ်

 

အသည်းကွဲ လွမ်းတေးကဗျာတွေ

ကိုယ် ရေးမယ်

ရောင်နီ မှာ

ကိုယ် ထပ် မငိုချင်တဲ့အကြောင်းးးး

 

အချစ်မရှိတဲ့နောက်

ဘာမှ လည်း မရှိတော့တဲ့ကိုယ်

ငိုတိုတို မျက်နှာထားတဲ့

မြေကြီးကိုပဲငုံ့ကြည့်မယ်

ကောင်းကင်က ဝေးလွန်းလို ့။

 

အထီးကျန်ဆန်ခြင်းဆိုတာ

သွေးမထွက်တဲ့ ဒဏ်ရာ ဆိုပေမယ့်

သေလောက်အောင်နာတယ်

ကိုယ်. . .

ခံနိုင်ရည်မွေးမယ် ။

By အလင်းဆက်

အဲဒါ ကို ဘယ်လို ပြောင်မြောက်အောင် ပြောင်တုန်းဆိုတာ ကြည့်ဦးးး။

 

တိုက်မယ်မှန်း သိပေမယ့်

သောက်ရက်ပါဘူးကွယ်

ကန်စွန်း ပလိန်းနဲ့ ကမ်း

ကြမ်းတာကို အားနာတယ်။

ဂလုချင်မှန်းသိရင်ပဲ

ကျေနပ်တဲ့အဖြစ်မျိုးနဲ့

ကိုယ်ကျိုးနည်း ဒေါင်ချာစိုင်းနေမယ်

ဒတ်တိုင် သေးပန်းရင်းနဲ့လေကွယ်။

မမျို ချင်ဘူးလို့မထင်စေချင်

ပုလင်းတလုံးသာ ရှိရင် အရာရာ

ပြည့်စုံမယ်

မင်းတစ်တစ်ယောက် ဇစ်လျော့ရင် အရာရာ

သရေပင် တဝင့်ဝင့်နဲ့

ဒါပေမယ့်

ကိုယ့်လေပျို့သံက

မင်းရဲ့ ဂျို့ထိုးသံလို

အို. . . .

ကိုယ် . . .တစ်ယောက်သာ ပြာတော့မယ် ။

မိုးရွာထဲ. . .

ပုဆိုးမပါပဲ လျှောက်ရဲဖို့

မင်းလေးကို သင်ပေးခဲ့ပြီးပြီ

မိုးထဲလေထဲတော့ လှမ်းမတိုက် ရက်ဘူးကွယ်

ကိုယ်ပဲ ကိုက် မယ်။

လက်တုန်ခြင်းက ကိုယ့်ကို ဆွဲဆုတ်

ခေါင်းကိုက်ခြင်းကက ကိုယ့်ကို ခွဲထုတ်

အသည်းက ဒဏ်ရာကို ရင်မှာ ပိုက်ရင်း

ကိုယ်မျိုနေကျပုလင်းလေး

မျိုနေဥင်္ီးမယ် ။

ကိုယ် ဂေါ်နေတယ်ပဲ မှတ်သွားပါ ။

ရှက်ကီဆိုတာ. . .

ကိုယ့်ဘဝရဲ့ ခွန်အား ပါ

ဒါပေမယ့် အခု

ခွန်အားမဲ့ လူတစ်ယောက်

လေးဘက်မထောက်ဖို့ ကြိုးစားမယ်

အသည်းဆေးရုံအကြောင်း ကဗျာတွေ

ကိုယ် ရေးမယ်

မောင်ဂီ့မှာ

ကိုယ် ရေမရောတဲ့ အကြောင်းးးး

ဘော့ဒ်ဂါ စိမ်းစိမ်းလေးမရှိတဲ့နောက်

ဘာမှ လည်း မရှိတော့တဲ့ကိုယ်

ညိုတိုတို အာလူးချောင်းရယ်နဲ့

မြေပဲကိုပဲငုံ့ကြည့်မယ်

ဘဲကင်က ဝေးလွန်းလို ့။

ရမ်အရက် ဆိုတာ

သေး အလွန်ထွက်တဲ့ အရာ ဆိုပေမယ့်

သေလောက်အောင်မွှေးတယ်

ကိုယ်. . .

သံပုရာရည်လွေးမယ် ။

By အဘသက်

~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကံတရားရယ်..

ဒဏ်ရာတွေပဲ ပေးနေလေသလား…

ဖွင့်သာမေးလိုက်ချင်တယ်..

ရင်နဲ့လည်း မဆန့်တော့ဘူး

မျှော်လင့်ချက်ဆိုတာ

စာရေးလို့ပဲ ကောင်းတာပါ..

မိန်းကလေးဆိုတဲ့ ခေါင်းစဉ်အောက်

ထွက်ပေါက်ပျောက်နေတဲ့ နှလုံးသား

နံရံပါးကြားမှာ မွန်းကျပ်နေပြီ…

ကိုယ့်ကိုကိုယ်မုန်းမိတယ်…

အပြုံးတွေကြား တိုးဝင်မိတာ..

စကားတွေကြား မျောပါမိတာ..

တည်ငြိမ်ကာစ ငါ့ဘဝလေး

မထင်မှတ်ဘဲ လှုတ်ခတ်သွားတာ…

နေသားကျနေရင်းနဲ့

မနေတတ်တော့သလို ဖြစ်သွားတာ…

ကိုယ့်ကိုကိုယ် အမိန့်ပေးမိတယ်…

ဒီအတိုင်း ဆက်နေပါ..

တစ်ယောက်တည်း ရပ်တည်ပါ…

ဘယ်သူ့ကိုမှ မလိုအပ်နဲ့..

အပိုတွေ လျှောက်မတွေးနဲ့…

တွေဝေမှုတွေကို ရပ်လိုက်ပါ..

ပြီးတော့…တောင်းပန်ပါရစေ..

ကျေးဇူးပြုပြီး..

နင့်ဘက်ကလည်း ရပ်ထားပေးပါ

ငါမျှော်လင့်မိမယ့် အရာတွေ

ရေးရေးလေးတောင် မလိုချင်တော့လို့

ခဏတာပျော်ရွှင်မှုရဲ့ နောက်က

ခံစားရမယ့် ငါ့ဘဝ

အတော်လေး သနားမိနေလို့…

ကျေးဇူးပြုပြီး…

ရပ်ပစ်ပေးပါ…။ ။

ချစ်တဲ့

မွန်မွန်

 

အဲဒီ ချစ်စရာ မွန်မွန် ရဲ့ စာစုကို မောင်ဂီတို့ လုပ်လိုက်ပုံများဖြင့် အောက်တွင်  ကြည့်လိုက်ပါ။

စားချင်စရာ။

 

သုံးထပ်သားရယ်ရယ်..

အဆီတွေပဲ များနေလေသလား…

ဖွင့်သာမေးလိုက်ချင်တယ်..

ပါးစပ်နဲ့လည်း မဆန့်တော့ဘူး

ဝက်သားဆိုတာ

စားလို့ပဲ ကောင်းတာပါ..

ဆာတေးဆိုတဲ့ ခေါင်းစဉ်အောက်

ထွက်ပေါက်ပျောက်နေတဲ့ နှလုံးသား

ပိုက်ဆံအိတ်ခပ်ပါးပါးကြားမှာ မွန်းကျပ်နေပြီ…

ကိုယ့်ကိုကိုယ်မုန်းမိတယ်…

လူတွေများကြား တိုးဝင်မိတာ..

အူချိုတွေကြား မျောပါမိတာ..

တည်ငြိမ်ကာစ ငါ့တစ်ထောင်တန်လေး

မထင်မှတ်ဘဲ လှုတ်ခတ်သွားတာ…

သွားရည် သွားကျနေရင်းနဲ့

မနေတတ်တော့သလို ဖြစ်သွားတာ…

ကိုယ့်ကိုကိုယ် အမိန့်ပေးမိတယ်…

နောက်တချောင်း ဆက်နှိုက်ပါ..

အချဉ်ရည်အိုးထဲ ဇောက်ထိုးနှစ်ပါ…

ကြက်သွန်ဖြူကို မလိုအပ်နဲ့..

ငြုပ်သီးစိမ်းအကြောင်း လျှောက်မတွေးနဲ့…

တွေဝေမှုတွေကို ရပ်လိုက်ပါ..

ပြီးတော့…တောင်းပန်ပါရစေ..

ကျေးဇူးပြုပြီး..

နင့်ဘက်ကလည်း ထူထူလှီးပေးပါ

ငါမျှော်လင့်မိမယ့် အချင်းတိုင်တွေ

ပါးပါးလေးတွေ မဝါးချင်တော့လို့

ခဏတာချိုမြိန်မှုရဲ့ နောက်က

ခံစားရမယ့် ဗိုက်ရစ်တဲ့ဝေဒနာ

ငါ့ကိုငါ အတော်လေး သနားမိနေလို့…

ကျေးဇူးပြုပြီး…

ထူထူလှီးပေးပါ …။ ။

အိုဘယ့် ဒုတ်ထိုး။။။။။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အဲ။

ဒီတွေကတော့ မူရင်းကဗျာရှင်ကို အားနာလို့ မပြောတော့ပါဘူးးး

အဲဒီ ကဗျာတွေဖတ်ပြီး ဂျီမေး ချက် မှာ အစားအသောက်နဲ့ ပတ်သက်ပြီး လာစပ်ထားတဲ့ ကဗျာတွေပါ။

ကျနော့တို့မယ် ရွာထဲက ကဗျာ အတည်ကို ဖတ်လိုက် သူ့ကဗျာ ကို ရီလိုက် နဲ့။

ဘဲကင်နဲ့ ငါးကင် ကဗျာကတော့ ကိုဖက် တင်ဖူးပါတယ်။ သူ့ဟာသူ ရေးပြီး အဲတုန်းက အားနာလို့ ဆိုပြီး ပြေးနေတာပါ၊။

 

ဘဲကင်သို့ တမ်းချင်း (ရှစ်လုံးဖွဲ့)

ဗိုက်မှာဖောင်းကား၊ ပေါင်ထွားထွားနဲ့

အသားကနီ၊ အဆီ ရွှဲရွှဲ

အိတွဲချိုအီ၊ ဘာယီနဲ့ဆွဲ

သွားရည်ရွှဲ ၊ ငါဆွဲမယ့်ဘဲကင်။

ငါ၏အော်ဒါ၊ မုချလာသော်

ဒီစားပွဲထက်၊ တလက်လက်နဲ့

တောက်ပဖိတ်ကြွား၊ ဘော်ငွေရောင်ဓား

ငါအားသုံးပြီး၊ လှီးဖြတ်မကြာ

ချိုမြိန်စွာ၊ ငါးစားသုံးလို့သာ။

တယောက်တည်းစား၊ ဗိုက်ကားလာပြီ

ဘာယီတကျိုက်၊ ဘဲကင်ကိုက်နှင့်

လောကစည်းဇိမ်၊ ခပ်မြိန်မြိန်သာ

သုံးဆောင်ရင်း၊ ခင့်လွမ်းရပ်ဝေးမှီ။

ကြာခဲ့ပါပြီ၊ မျှော်ကိုးကာလေ

သည်ဟာဒွေကို၊ မျိုဖို့ စို့ဖို့

မောင်လေကြိုးစား၊ ပျိုအားမှာစေ

ကြိုမှာပေး၊ ပိုဆွေးမောင့်သက်သေ။

 

 

ငါးကင်သို့ တမ်းချင်း (တြိချိုး)

ဆယ်လမ်းမှာ

ဂယ်လွမ်းကာ အနေခက်ပါလို့

ငါးကောင်ကင် မာလာဟင်း

ဗျင်းချင်လှတယ်။

 

ငါးကင်ရယ်

ခုချိန်မယ် တစ်မြေခြား

ဆွေးကသာ

ဝေးကာသာ နေနေရ

နောင်ကာလ နီးမှာမို့ကွယ်

အားတင်းလို့ဆွဲ။။

 

သင်္ဘောသီးထောင်းသို့ တမ်းချင်းး

ထုံးရည်ကြည် အသာစပ်ပါလို့

ရေခွက်မှာတဲ့ အသင့်ပြင်

မလင့်ခင် ဒီချိန်တွင်းမှာလ

ခြစ်တံကို အလုပ်ပေးရတယ်

သင်္ဘောစိမ်းကို။

တကယ်မညက်ပါဘု

မြေပဲရယ်၈စိတ်ကွဲကိုလ

ဆုံတွင်းဝယ်အသာဖြူးပါလို့

ထောင်းရသကို။

ကောင်ကင်းမွန် နံ့ပလာရယ်တဲ့.

ရနံ့ငယ်တကယ်သင်းတယ်

သံပုရာ ချဉ်ချဉ်စူးကိုပေါင်း

ထောင်းရပြန်ကို။

 

ပင်စိမ်းငယ်ငြုပ်ကယ်လ

ခရမ်းနီ ၄ခြမ်းကွဲကိုပေါင်း

ထောင်းရပြန်သကို

မလိုအပ်စေဘု

ချိုဓါတ်ကယ်မကျန်ကောင်းတာမို့

ကြံသကာ ရေချိုပေါင်းခံလို့

လောင်းရပြန်သေး။ ။

 

အစားအသောက်နဲ့ ပတ်သက်တာ များတာမို့ အသုံးဝင်လို ဝင်ငြား စုထားလိုက်တာ မှန်ပါပေါ့။။

:boss:

 

ဒင်း ကို ဟင်းချက်ခိုင်းတာ မရလို့ ဒီလိုပဲဖွလိုက်ပြီ။
အေးရောပဲ၊
ငိငိငိ

:s:

 

 

24 comments

  • Wow

    April 30, 2014 at 9:28 am

    လွမ်းနေတဲ့ မောင်ဂလေး ကို လွမ်းတယ်ပေါ့လေ :kwi:

  • Mr. MarGa

    April 30, 2014 at 9:33 am

    လွမ်းတော်မူလို့ စာပြန်စီလေသည်။

    ဟီးး ဘယ်ကလောက် ပေါက်တတ်ကရ ထွက်သလဲဆိုတာ အခု ကဗျာတွေသာ ကြည့်ပါလို့ ပြောရမလို… :mrgreen:

  • အွန်‌း‌လေ.. ဟုတ်‌ပါ့.. သူ့ဦး‌နှောက်‌ကို ‌ေ‌ရွှချထားရမယ်‌.. အ‌တော်‌ ‌ေ‌တော်‌တဲ့သူ..

  • Nyo Win

    April 30, 2014 at 10:51 am

    “ကျနော် မြင်ဖူးတဲ့ အဲဒီ အသက်တန်းမှာတော့ သူ က စာရေးတာရော၊ ဗဟုသုတရော၊ စာဖတ်တာရောမှာ ထူးချွန်တဲ့ သူတစ်ယောက်လို့ သတ်မှတ်ပါတယ်။ ”
    “ကိုဖက်ကတော့ မောင်ဂီ ဟာ သူ့ခေါင်းထဲ စွယ်စုံကျမ်းထည့်ထားတဲ့ ကောင်လို့ တင်စားဖူးရဲ့။”

    -ဟုတ်တယ်ဗျ…..ကိုဂီရေးတဲ့စာတွေ (သရော်စာအပါအဝင်) ပစ်ရက်စရာမရှိဘူး….

  • nozomi

    April 30, 2014 at 11:05 am

    ဆရာဂီ ကတော့ ပါရမီ ရှင်ပါပဲ
    တမ်းချင်းတွေ ဆို အရင်မြင်ဘူးကတဲက ကြိုက် မှ ကြိုက်
    စကားလုံး အသစ်တွေလဲတီထွင်နိုင်သေးတယ်
    အခုလို ဖော်ပေးတဲ့ ဆွိ ရော ကာယကံရှင် ဂီ ရော အစစ အရာရာ အဆင်ပြေပါစေ လက်ရာကောင်းတွေကိုလဲ စောင့်မျှော်နေပါတယ်

  • alinsett (gazette)

    April 30, 2014 at 11:37 am

    ကျုပ်တော့ အဲ့လူဂျီးကို လွမ်းရင် နာတာနဲ့ဖြေတယ်
    ဘယ့်နှယ် အင်တာဗျူး ကိစ္စနဲ့ ကြပ်သွားတာများ
    ခုထိ တခွိခွိ ရီမိတုန်း
    ကိုယ့် အညှာလွယ်မှုကို အသုံးချသွားတာ

    ကျုပ်ကဗျာတချို့လည်း သူ ဝင်ပြီး စာသားပြောင်းသွားတော့မှ
    ပိုပြောင်မြောက်သွားဖူးပါရဲ့။

    အခု ဘယ်ချောင် ကပ်နေလဲ မသိ။

    :mrgreen:

    • Mr. MarGa

      April 30, 2014 at 11:42 am

      ဖွဘုတ်မှာ ရဲအရာရှိ လုပ်နေလေရဲ့ :mrgreen:

      • ကေဇီ

        April 30, 2014 at 11:54 am

        အေးးး
        တွေ့တယ်၊.
        ခရင်မင်နယ် ကေ့ တွေလိုက်နေတာ…

        :mrgreen:

  • Wow

    April 30, 2014 at 12:36 pm

    အောင်မျက်ငေးးးးး ဂီစိန်မရဲ့ နိကို ချီးကျွေး… အဲလေ.. ချီးကျူးနေဂျဒါဒွေ ကြားလှဲ့ပါအူး…
    (ကွယ်ယာတော့ အသေအတင်းတုတ်ဆိုလား… အီကား စဂါးချပ်) :mrgreen:

  • ROssI

    April 30, 2014 at 12:53 pm

    အွန်း.။.. ရေးပေါက်ကိုက … မသိရင်
    ကျုပ်ကပဲ မိုင်လီဆိုင်းရပ်စ် နဲ့ မိုင်ယာမီမှာ မဟားဒယား.. မိတ်လိုက် ..အဲ့လေ ..မိတ်ဆွေတွေ နဲ့ မနားရအောင် မွှတ်နေသလိုလို…
    နောက်တာပါဗျာ.. ကျော်ရှိဘာဒယ်… လွမ်းတော်မူ ဆက်ရေးဘာအုံးမယ်….

    ငိငိ

  • kai

    April 30, 2014 at 1:14 pm

    ဂီဂီမြောက်ပေးတာနဲ့.. ကင်မရာဝယ်ဖြစ်သွားတယ်.. ပြောရမယ်..။
    အဲဒါ.. ပြီးခဲ့တဲ့သင်္ကြန်ရက်က.. ကင်မရာကို၃ချောင်းလေးနဲ့ထောက်.. ရိုက်ထားတုံး.. ကလေးပိစိတယောက် ဝင်တိုက်လိုက်တာ.. ဂွပ်ကနဲ့ပြုတ်ကျ…။ လင်စ်းတော့ထစ်သွားတယ်..။
    ကင်မရာတော့..ဘာဖြစ်တယ်မသိ..။
    နောက်တခုဝယ်ရတော့မဗျ…

    အဲဒါ… ပျက်တော်မူသမို့.. သတိရပြီး.. စာစီပါတယ်..။ :mrgreen:

    • ROssI

      May 1, 2014 at 8:54 am

      ကလေးမိဘကို အလျော်တောင်းပေါ့ သဂျီးရယ်… ဒါလေးများ

  • kyeemite

    April 30, 2014 at 1:25 pm

    အင်း..ရွာ့လူုစွမ်းကောင်းတွေထဲကတစ်ယောက်ပေပဲ…သဘောကျပါ၏
    နမည်များတဲ့နေရာမှာလည်း စံတင်လောက်ပါသေး၏ 😀

  • Iris

    April 30, 2014 at 5:14 pm

    အင်​ဇာဂီ ရဲ့​ ​နေ့ရက်​​တွေကို လွမ်​းမိပါတယ်​။ ဆြာသစ်​နဲ့ အတွဲညီညီ ဖြတ်​​ကျော်​ခဲ့တဲ့​နေ့ရက်​​တွေကို​ရော​ပေါ့။ ​သေ​သေချာချာနားမလည်​​ပေမဲ့ မားကတ်​တင်​း ပို့စ်​​တွေကို အမြဲဖတ်​ပါတယ်​။ အဲ့ဒီတုန်​းက မန်​ဘာမဝင်​ထားဘူး။ ထူးထူးခြားခြားနှစ်​ခြိုက်​မိတာ​တော့ ချယ်​ရီပန်​း ပုံ ရယ်​ CHANGE ဆိုတဲ့ပိုစ်​့ရယ်​။ လွမ်​းတယ်​ဆိုတာ မရှိ​တော့တဲ့ အရာ​တွေကို ပြန်​​တွေး​တောတာလို့ထင်​တာပဲ။

    • ROssI

      May 1, 2014 at 7:47 am

      ကျုပ်က သေဗလား ….
      :'(

      • Ma Ma

        May 2, 2014 at 5:47 pm

        သေဗလားးးးးးးးးးးးး
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .

        ရှင်ဗလားးးးးးးးးးးး မသိရလို့ စာစီရတာ မဟုတ်လားးးး 😀

        ဒီစာလုံး ၅လုံးမှာတင် တစ်လုံးမှားနေတယ်။ :kwi:

  • ဝင့်ပြုံးမြင့်

    April 30, 2014 at 11:49 pm

    အထက်က အိုင်းရစ်ပြောသလိုပါပဲ။ အရင်လူဟောင်းတွေ အရီးလတ်ရယ်၊ ဆြာသစ်ရယ်၊ ပြီးတော့ ဂျွန်နီသမင်ရယ်၊ တခြားလူတွေလည်း ရှိဦးမယ်၊ ဆူးတို့၊ မနောတို့။ သူတို့ ဘာဖြစ်လို့ မပေါ်လာကြတာလည်း မသိဘူး။

  • Crystalline

    May 1, 2014 at 2:41 pm

    အဲဒီ သေချင်းဇိမ်းစိန်ဂီကို လွမ်းသူက ရှိသေးတယ်.. :mrgreenn:

  • ကေဇီ

    May 1, 2014 at 6:30 pm

    လူ တစ်ယောက်လုံး မရှိမှ လွမ်းလို့ ရတာ လွမ်းစရာ လို တာမှ မဟုတ်။
    ကိုယ်တွေ ပျော်ရွှင်ခဲ့တဲ့ အခြေအနေတစ်ခုရဲ့ အပြောင်းအလဲမှာ အရင်အခြေအနေကို လွမ်းလို့လည်း ရတယ်လို့ထင်ပါရဲ့။

    ဒီ ရွာရဲ့ လူဟောင်းတွေကို တတ်နိုင်သလောက် လိုက်ခေါ်ထားပါတယ်ဗျာ။

    🙂

  • TNA

    May 1, 2014 at 7:20 pm

    ကဗျာဖတ်မှရီလိုက်ရတာဟယ်။ သူကတော့ တကယ့် စွယ်စုံကျမ်းပါ။ တကယ်ချီးကျူးထိုက်ပါတယ်။ တခါတလေဖောက်တာလေးကလွဲလို့ :mrgreen:

  • padonmar

    May 2, 2014 at 1:26 am

    အဲလိုလည်း ဆွဲထုတ်ပေးကြပါအုံး။
    မောင်ဂီမပါရင် ဂဇက်မမည်ဘူးလားလို့။

  • ဦးကြောင်ကြီး

    May 5, 2014 at 12:50 pm

    ဒကောင် တေတင့်ဒယ်..

  • black chaw

    May 9, 2014 at 1:44 pm

    ဂီ့ ကို ကျွန်တော်လည်း လွမ်းပါတယ် ဗျာ…။
    လွမ်းစရာရှိလို့ လွမ်းကြရတာပဲပေါ့…။
    လွမ်းတယ်ဆိုရင် ဒီကပိုသပေါ့…။
    ဟေးဟေး…
    လွမ်းတတ်သူကြီး…ဘလက်ချော…။
    :mrgreen:

Leave a Reply