ခွင့်လွှတ်ခြင်း အနုပညာ

moonpoemApril 30, 20141min19820

ခွင့်လွှတ်ခြင်းအနုပညာတဲ့လား။စကားလုံးက ၃လုံးထဲပေမယ့် အင်မတန်ခက်ခဲတဲ့ အနုပညာတစ်ရပ်ပါ။
ခွင့်လွှတ်ခြင်း စစ်မှန်ရင် သူ့ရဲ့အမှားကို ပြန်ပြီးတော့အပြစ်မတင်ရဘူး။
ပြန်ပြီးတော့ မထိုးဆွရဘူး။ပြန်ပြီးတော့ ကလဲ့စား မချေရဘူး။သူ့နောင်တနဲ့သူ သူ့သင်ခန်းစာနဲ့သုူ သူ့ဘဝသူ ကောင်းမွန်အောင် တည်ဆောက်ခွင့်ပြုလိုက်ခြင်းသည်သာ ခွင့်လွှတ်ခြင်း အစစ်အမှန်ဖြစ်တယ်။

အဲဒီအတွက် ခွင့်လွှတ်ခြင်း ပြုခံရသူအတွက် စိတ်ကျေနပ်ခြင်းရကောင်းရနိုင်ပါတယ်။ဒါပေမယ့်ခွင့်လွှတ်ပေးလိုက်ရသူဘက်မှာတော့ တစ်ဘက်က ပြုခဲ့တဲ့ အမှားများရင် များသလောက် ခံစားခဲ့ရပေမယ့် နာကျည်းခြင်းတွေကို မြိုချနိုင်စွမ်းရှိရမယ်။ ခါးသီးမှုတွေကိုသည်းခံနိုင်စွမ်းရှိရမယ်။နာကျင်ခြင်း
တွေကို ဝါးမြိုပစ်နိုင်စွမ်းရှိရမယ်။

ကျွန်မကိုယ် ကျွန်မ ပြန်သုံးသပ်ကြည့်တဲ့အခါ အောက်တန်းကျပြီး အဆင့်အတန်းမရှိတဲ့ လုပ်ရပ်တွေ အပြစ်တွေကို နှစ်ရှည်လများ ကျူးလွန်ခဲ့တဲ့သူတို့တွေရဲ့
အကြောင်းကို မေ့ပစ်လို့တောင် မရသေးတဲ့အတွက် ခွင့်လွှတ်နိုင်ဖို့ဆိုတာ အတော်လက်လှမ်းဝေးပါတယ်။
ဒါဟာမလွယ်ကူတဲ့ လုပ်ရပ်တစ်ခုပါ။

အသက်အရွယ်တစ်ခုမှာ အခြေအနေအရ အချိန်အခါအရ တရားဓမ္မအရ ခွင့်လွှတ်ခြင်း အနုပညာဆိုတာကို လက်ခံကျင့်သုံးနိုင်လာခဲ့တဲ့ တစ်နေ့ ကိုယ့်ဘဝကို အေးချမ်းအောင် သူတို့တွေကို ခွင့်လွှတ်ပေးပြီး တတ်နိုင်သမျှ ငြိမ်းချမ်းစွာ နေသွားမှာပါ။

ဒါပေမယ့် ခွင့်လွှတ်တယ်ဆိုတာ ဇွတ်အတင်းမေ့ပစ်တာ မဟုတ်တဲ့အတွက် လက်ရှိအချိန်မှာအလိုအလျောက် မေ့မသွားနိုင်သေးတာကိုတော့
စိတ်ထဲက နာကျည်းစွာ လက်ခံမိပါတယ်။

20 comments

  • alinsett (gazette)

    April 30, 2014 at 12:19 pm

    ခွင့်လွှတ်ခြင်းအနုပညာဖြစ်ဖို့
    အနုပညာဆန်ဆန် ခွင့်လွှတ်ဖို့

    အင်းးးးး
    လွယ်တော့ မလွယ်ပေဘူးလေ. . .

  • Mr. MarGa

    April 30, 2014 at 12:22 pm

    Nelson Mandela ကတော့ ပြောဖူးရဲ့
    forgive and forget တဲ့
    ဇာဂနာကတော့ forgive ပဲရမယ် forget မလုပ်နိုင်ဘူးတဲ့
    ဆိုတော့
    ခွင့်လွှတ်တာက မေ့ပစ်တာထက်တော့ ပိုလွယ်တယ်လို့ ပြောရမပေါ့…..
    ဆိုတော့ ခွင့်လွှတ်ခြင်းကို အရင် အနုပညာမြောက်စွာ ကျင့်သုံးလိုက်ပါဦးလေ… 🙂

  • ကေဇီ

    April 30, 2014 at 12:28 pm

    နာ တော့ ၂ မျိုးပဲ ကျင့်သုံးတယ်။
    ချစ်ရင် ခွင့်လွှတ်တယ်။
    မချစ်ရင် ခွင့်မလွှတ်ဘူးးး

    :mrgreen:

    • Mr. MarGa

      April 30, 2014 at 12:40 pm

      ဒါဆို…. ဒါဆို…

      ချစ်ရင်တော့ ဘာလုပ်လုပ် ပေါ့နော် :mrgreen:

      • ကေဇီ

        April 30, 2014 at 1:00 pm

        အဲဒီချစ်တာမချစ်တာလည်း တစ်မိနစ်လောက် အတွင်း ပြောင်းသွားနိုင်တယ်။

        :mrgreen:

        • ခင် ခ

          April 30, 2014 at 2:23 pm

          ဒေါ်ကေဇီ နဲ့ အကယ်လို့များ ဆုံခဲ့မယ်ဆိုရင် စက္ကန့်ဝက်ဘဲ ဆုံမယ်။
          သူစိတ်မပြောင်းခင် လစ်မှ………။

  • ခင် ခ

    April 30, 2014 at 1:55 pm

    ကိုယ့်ကိုယ်ကို ယုံကြည်မှု
    အပြည့်အဝ ရှိသူဟာ
    သူတစ်ပါးကို မနာလိုစရာ
    အကြောင်းဘာမှ မရှိဘူး ..
    (ဒေါ်အောင်ဆန်းစုကြည်)

    အတိတ်အကြောင်းတွေကို ခွင့်လွှတ်ခြင်း ခွင့်မလွှတ်ခြင်းထက် လက်ရှိအနေအထားမှာ ပြည်သူတွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိအောင်လုပ်ဖို့လိုပါတယ်။ အဲလို မဟုတ်ဘဲ သူပြောတာ ဟုတ်သလိုလို ဟို လူပြောသလို လုပ်ရမလိုလို စတဲ့ လိုလိုအားနည်းချက်တွေကြောင့် ကျုပ်တို့တွေကို သူတို့နိုင်စားနေကြ တာပါ။

  • kai

    April 30, 2014 at 2:00 pm

    ကိုယ့်ကိုယ်.. နစ်နာအောင်.. လုပ်ထားသူကို.. ခွင့်မလွှတ်ရဘူး.. ထိုက်သင့်တဲ့တုံ့ပြန်မှုပေးသင့်တယ်ထင်မိတယ်..။
    ခွင့်လွှတ်လိုက်ရင်.. အဲဒီလူမှာ.. အဲဒီစိတ်က.. သံသရာလည်ပြီး.. တခြားသူတွေဒုက္ခပေးနိုင်တာပဲ..။

    ကံ… ကံရဲ့အကျိုးအရ.. မိုးပေါ်ကနတ်မင်းကြီးက… နောင်ဘဝ..ဘေးဘဝ..အရှေ့ဘဝတွေမှာ.. အပြစ်ပေးအောင်မစောင့်ပဲ.. လက်ရှိဘဝမှာတင်.. ကိုယ်တိုင်ကိုယ်ကျ.. လက်တွေ့လုပ်ပြပြီး.. လက်တုံ့ပြန်စေချင်..။ :mrgreen:

  • Wow

    April 30, 2014 at 3:08 pm

    ပုံမှန်အားဖြင့်တော့ ဗာဂို ဆိုတော့ အညိုးကြီးတယ် ခွင့်မလွတ်တတ်ဝူး လက်စားချေတတ်တယ်… :mrgreen:
    ဒါပေသိ သူကချောက်တွန်းလိုက်လို့ ကိုယ်ကောင်းစားသွားတာမျိုးတော့ စိတ်ထဲ မှတ်မထားပါဘူး :boss:

    • ကေဇီ

      April 30, 2014 at 3:25 pm

      နိ ပြောမှ ဗာဂိုတွေ နာမည်ပျက်ပါတယ်အေ
      တို့က အပြောသာဆိုးတာ။
      လက်တွေ့ကျ
      ….
      .
      .

      .
      ..

      .
      .
      .
      .
      .
      .
      .

      .

      မကောင်းဘူးရယ်။

      :boss:

  • kyeemite

    April 30, 2014 at 4:04 pm

    ခွင့်လွှတ်တယ်ဆိုတာ အခြေအနေပေါ်မူတည်ပါသေးတယ်…ကိုယ်လည်း ပုထုဇဉ်ပဲရှိသေးတော့
    တော်ရုံဆိုခွင့်လွှတ်နိုင်ပေမဲ့ ကိုယ့်ကိုယ်.. အလွန်အမင်း နစ်နာအောင်.. လုပ်ထားသူကိုတော့
    ခွင့်လွှတ်နိုင်ဖို့မလွယ်သေး..ကိုယ်တိုင်တုန့်ပြန်တာမဟုတ်တောင် သူ့ကိုထိုက်သင့်တဲ့အပြစ်ရစေချင်မိတယ်…
    :boss:

  • moonpoem

    April 30, 2014 at 4:17 pm

    လက်စားချေတာ မဟုတ်ဘဲ သူ့အပြစ်သူ သိအောင် နောက်နောင်အမှားလုပ်ဖို့ ဝန်လေးအောင်တော့ သင်ခန်းစာပေးချင်မိတာကတော့ အမှန်ပဲဗျ။

  • Ma Ma

    April 30, 2014 at 6:20 pm

    လကဗျာလေးပြောတာ မှန်တယ်။
    လက်စားချေချင်တဲ့စိတ်က မကောင်းဘူး။
    သင်ခန်းစာရစေချင်တဲ့ စိတ်ကိုတော့ ထောက်ခံတယ်။

    ဒါပေမယ့်

    မတူရင် မတုနဲ့

    ဆိုသလို….
    ကိုယ်နဲ့ လက်ရုုံးရည်၊ နှလုံးရည် စသဖြင့် ကွာခြားသူနဲ့ ဖက်ပြိုင်/ယှဉ်ပြိုင် မနေသင့်ဘူး။ 🙂

  • naywoon ni

    May 1, 2014 at 12:19 am

    ​လောကမှာ အဲ့လို ဂျီး ​ခွေးလွှတ်​ အဲ့ ခွင်​့လွှတ်​တတ်​တဲ့သူ ခွင်​့လွှတ်​နိုင်​တဲ့သူက ရှာ​လေ ရှား​လေပဲ ။ မိဘက သားသမီးကို ခွင်​့လွှတ်​တာက လွဲရင်​​ပေါ့ ။ ။ ဒါကလည်​း ​ဗမာ့ လူ​နေမှု စရိုက်​မှာပဲ ​တွေ့ ရတတ်​တာပါ ။ ကမ္ဘာလုံးဆိုင်​ရာ မဟုတ်​ ။ အားလုံးသာ ခွင်​့လွှတ်​ရမယ်​ဆိုရင်​ တစ်​​ယောက်​ကို တစ်​​ယောက်​ က ခွင်​့လွှတ်​​နေကြမယ်​ဆိုရင်​ ကမ္ဘာကြီး ဘာဖြစ်​သွားမလဲ ။ ကျုပ်​က​တော့ ကမ္ဘာကြီး​တော့ မသိဘူး ။ လက်​ရှိ မြန်​တျန်​့ ပြည်​နယ်​​လေး​တော့ ကမ္ဘာ​ပေါ်က ​ပျောက်​သွားမယ်​လို့ ယုံကြည်​တယ်​ ။ အဲ့​တော့ ခု​လော​လောဆယ်​ ကိုယ်​အ​ပေါ် မ​ကောင်​းတဲ့သူ အနိုင်​ ကျင်​့ခဲ့ဖူးသူ​တွေကို ခွင်​့လွှတ်​မဲ့ အစား ​ခွေးလွှတ်​ပြီး ရှူး တိုက်​လိုက်​ဦးမယ်​ ။

  • မဟာရာဇာ အံစာတုံး

    May 1, 2014 at 12:43 am

    အဲဒီ …
    ခွင့်လွှတ်ခြင်း အနုပညာ ကို တတ်မြောက်ဖို့အတွက်
    အဓိက အချက်ဟာဆိုရင်
    သတိ .. ပဲလို့ ထင်သဗျ …..

    ဟီးဟီး … ဝင်ပွားကျိဒါ …

  • lu lu

    May 1, 2014 at 9:13 am

    ဘာမှပြန်ပြင် လို ့မရမယ့် အတူတူခွင့်လွှတ်ပေး
    လိုက် တာက စိတ်ချမ်းသာမှုတစ်ခုပဲ
    တစ်ခုတော့ရှိတာပေါ့ ကိုယ်ကခွင့်လွှတ်လိုက်တယ်
    ကံတရားက တော့ သူ ့ကိုပြန်လက်စားချေမှာပဲ

  • moonpoem

    May 1, 2014 at 10:43 pm

    ကျွန်မ ဘဝမှာလည်း ကိုယ့်အမှားကို နားလည် ခွင့်လွှတ်ပေးဘူးတာ မိဘကလွဲရင် မရှိဘူးသေးပါဘူး။အခြားသောသူများကေ
    တာ့ မမှားခင် lesson ပေးတာတောင်ရှိသေး။

  • TNA

    May 3, 2014 at 2:13 pm

    ခွင့်လွှတ်ခြင်းဆိုတာထက် မေ့ပစ်ခြင်းကိုပိုကျင့်သုံးပါတယ်။

  • black chaw

    May 9, 2014 at 1:52 pm

    ခွင့်လွှတ်ပါ…မမေ့ပစ်ပါနဲ့ လို့ ကြားဖူးပါတယ်…။
    မြန်မာလူမျိုးတွေက (ကျွန်တော်အပါအဝင်ပေ့ါ)
    ခံခဲ့ရဖူးတာကို မေ့ ပြစ်လိုက်ကြတာများပါတယ်…။
    ဒါကြောင့်လည်း… …. …. …. ။
    ဒါကြောင့်
    ခွင့်လွှတ်ပါ…မေ့မပစ်ပါနဲ့လို့ ပြောချင်ပါတယ်ဗျာ…။
    :mrgreen:

Leave a Reply