သီဟိုဋ္ဌ်စေ့ ကို တော့ တော်တော်များများ မြင်ဖူး ၊ စားဖူးမယ် ထင်ပါတယ် ။
ဒါပေမယ့် သီဟိုဋ္ဌ်ပင် ၊ သီဟိုဋ္ဌ်သီး ကိုတော့ သိပ်ပြီး သိကြမယ်မထင်ဘူး ။
ငယ်ငယ်တုန်းက မှော်ဘီမှာနေတော့လေ အိမ်ရှေ့မှာ သီဟိုဋ္ဌ်တောကြီးရှိတာ ။
သီဟိုပင်တွေက အမြင့်ကြီး မတ်ပြီးထောင်တက်မသွားကြဘူး ။ များသောအားဖြင့် ဘေးဘက်ကို ဖြာထွက်ပြီး နေတော့ ကလေးအရွယ်ပေမယ့် တက်ရလွယ်တယ် ။ ကိုယ်သီဟိုပင်တွေကိုချစ်တဲ့ ထဲမှာ အဲ့တာလည်းပါတယ်။ သီဟိုဋ္ဌ်သီးပေါ်တဲ့အချိန်ဆို သိပ်ပျော်တာပဲ ။ အပင်ပေါ်တက် သီဟိုဋ္ဌ်သီးတွေခူးပြီး အပင်ပေါ်တင်ထိုင်စား ။
အစေ့ကို သိမ်းထား ပြီး မီးဖုတ်စားရတာ။ မှတ်မှတ်ရရ ဆောင်းတွင်းမှာ သီဟိုဋ္ဌ်သီးတွေ သီးတယ် ။

images22
ဆောင်းတွင်းမနက်ခင်းတွေမှာ သစ်ရွက်ခြောက်မီးဖိုနဲ့မီးလှုံရင်း သီဟိုဋ္ဌ်စေ့တွေကို မီးပုံထဲ ပစ်ပစ်ထည့်ပြီး မီးဖုတ်စားတာပေါ့ ။ သီဟိုဋ္ဌ်အစေး ပေါက်တာလည်း လက်မှာ ပေပွလို့ ။ ပြီးရင် အုတ်နီခဲတို့ ကျောက်ခဲတို့နဲ့ ထု ထု ပြီး အထဲ ကသီဟိုစေ့ လေးကို စားရတာ ။ ခုလို လွယ်လွယ်ကူကူ ၀ယ်စားရတာထက်တောင် ပိုအရသာရှိသလိုပဲ ။

caju-on-tree
သီဟိုသီးက ဘာနဲ့တူလဲဆိုတော့ သရက်သီးရယ် ၊ ပန်းသီးရယ် စပ်ထားသလိုမျိုး ။ အရည်ရွှမ်းတယ် ၊ အမျှင်ပါတယ် ၊ အသားထူထူအိအိလေးတွေလည်းရှိတယ် ။ အိမ်ေ၇ှ့က အပင်တွေက နှစ်မျိုးသီးတယ် အ၀ါရောင်သီးတဲ့အပင်ရယ် ၊ ပန်းရင့်လို အနီလို အရောင်စပ်သီးတဲ့အပင်ရယ်။ သီဟိုသီးတွေ အပင်ပေါ်မှာ မှည့်ဝင်းနေပြီဆို မခူးဘဲ ၊ မစားဘဲ ဘယ်လိုမှ မနေနိုင်ဘူး …  သီဟိုသီး ကို အသီးလည်းစား ၊ အစေ့လည်း မီးဖုတ်စားတဲ့အပြင် နောက်တစ်မျိုး လုပ်တာရှိသေးတယ် :D :D  သီဟိုဋ္ဌ်ဝိုင်လေ  :P ငယ်ငယ်ဆိုတော့ ဒီလိုပဲ ဆော့တာပေါ့ ။ သီဟို သီးတွေကို ခူး ။ အစေ့တွေကို ချွတ်ပြီးသိမ်းထား (ရောင်းစားရင်လည်း ပိုက်ပိုက်ရတယ်လေ အဲ့အစေ့တွေက )  ပြီးတော့ အသီးကို အရည်ညှစ် ဆားနည်းနည်းထည့်ပြီး အရက်ပုလင်းခွံတွေထဲ အဲ့ သီဟိုသီးရည်တွေ ထည့်ထားတာ ။ ပြီးကျရင် တစ်ဝက်ကို တွင်းတူးပြီး မြေမြှုပ် ၊ တစ်ဝက်ကို ရေထဲစိမ် (ဘယ်ကရတဲ့နည်းစနစ်တွေလည်းမသိပါဘူး ။ ကလေးဘ၀ဆိုတော့ ဒီတိုင်းဆော့ချင်တာကလည်း များများကိုးးး )
ပြီးတော့ တစ်ပတ်လောက်ရှိရင် အဲ့ဒါတွေကို ပြန်ဖေါ်ရတာကို က စိတ်လှုပ်ရှားစရာ၊ ပျော်စရာကောင်းသေးတာ ။ ပြီးတော့ သီဟိုဋ္ဌ်ဝိုင်ဆိုပြီး သောက်ကြတာပေါ့ ။ :3

သိမ်းထားတဲ့သီဟိုဋ္ဌ်စေ့တွေကို မှော်ဘီဈေးမှာသွားရောင်းရင် ပိုက်ပိုက်ရရော ။ အဲ့ ပိုက်ပိုက်နဲ့ မေမေ က အင်္ကျီအသစ်တို့ ဘာတို့ ၀ယ်ပေးရင်သီဟိုဋ္ဌ် အင်္ကျီတို့ ဘာတို့ နာမည်ပေးလိုက်သေးတာ။

ပြီးတော့ သီဟိုဋ္ဌ်ရွက်နုနုကလည်း အရမ်းစားကောင်းတာ ။ ချဉ်ပေါင်ဟင်းလေးရယ် ၊ ငါးမွှေ သို့မဟုတ် ငါးကြော်လေးရယ် ၊ ငါးပိရည်ဖျော်ရယ် သီဟိုဋ္ဌ်ရွက်နု တို့စရာ ၊ ငှက်ဖျောဖူးပြုတ်တို့စရာတွေနဲ့ဆို  ထမင်းဘာမြိန်သလည်းမမေးနဲ့ ။
index
ဟိုရက် က ခရီးထွက်ရင်း မော်လမြိုင်ရောက်တော့ နေ့လည်စာဝင်စားတယ် ။အဲ့ဆိုင်က သီဟိုဋ္ဌ်ပင်တွေ သရက်ပင်တွေနဲ့ အရိပ်ကောင်းကောင်းလေးပေါ့။ မော်လမြိုင်သူတွေ ဟင်းချက်လက်ရာကလည်း ကောင်းပါတယ် ။ အဲ့မှာ ငါးပိရည် နဲ့ တို့စရာ သရက်သီး၊ ရုံးပတီသီး တွေလာချပေးတာပေါ့။  ကိုယ်ကတော့ သီဟိုဋ္ဌ်ပင်ပေါ်မျက်လုံးဝဲ ပြီး သီဟိုဋ္ဌ်ရွက်နုနုတွေ လိုက်ရှာနေတာ  ။ ဒီရာသီမှာ ရွက်နုသိပ်မရှိဘူး .. လက်လှမ်းမီသလောက်လေးတွေခူးပြီး ရေဆေးပြီး ထမင်းနဲ့ တို့စားကြတယ် ။ ဆိုင်ကလည်း ကိုယ်တို့ခူးနေတာတွေ့တော့ သူတို့လည်းထပ်ခူးပြီး ပန်းကုန်လေးနဲ့သီဟိုရွက်တွေ လာချပေးတယ် :)
မိသားစုလိုက် ထမင်းစားပွဲမှာ ငါးပိရည် နဲ့ သီဟိုဋ္ဌ်ရွက်နု တို့စရာစားရတာ ကိုယ်ငယ်ငယ်ကအချိန်တွေကို ပြန်ရောက်သွားသလိုခံစားရလို့ … တကယ့်ကို အမှတ်တရပါပဲ ..

သီဟိုရွက်နု

သီဟိုရွက်နု

(သူငယ်ချင်းတွေ သီဟိုသီးမြင်ဖူးအောင် ဂူဂဲ ကနေရှာထားတာပါ ။ :-) )

About ရွှေမိုးတိမ်

shwe yee has written 18 post in this Website..

Dear all , nice to see you :) I am from Mandalay and I love to read , write and share my feeling with friends.