ချစ်ခြင်း မေတ္တာ

etoneAugust 10, 20101min692

တစ်ခါက ဆိုင်တစ်ဆိုင်ရှေ့တွင် “ခွေးရောင်းရန် ရှိသည်” ဟုသော ဆိုင်းပုဒ်တစ်ခုကို
ချိတ်ဆွဲထားသည်။ ကလေးငယ် တစ်ဦးက ဆိုင်ထဲသို့ ဝင်ပြီး ဆိုင်ပိုင်ရှင်အား
မေးလေသည်။
“ခွေးတစ်ကောင် ဘယ်လောက်လဲ ခင်ဗျာ”
“တစ်ကောင်ကို ဒေါ်လာ ၅ဝ ကနေ စရောင်းပါတယ်”
ကောင်လေးမှာ ဘောင်းဘီအိတ်ထဲ လက်နိုက်ပြီး…”ကျွန်တော်မှာ ၃ရဒေါ်လာပဲ ရှိတယ်…
ခွေးတွေကို ကျွန်တော် ကြည့်လို့ရမလား” ဟု ခွင့်တောင်းလေသည်။
ဆိုင်ပိုင်ရှင်က ရီပြီး လေတစ်ချက် ချွန်လိုက်သည်နှင့် ခွေးမကြီးတစ်ကောင်က
ခွေးကလေး ငါးကောင်ကို ဦးဆောင်ပြီး ထွက်လာသည်။ ခွေးငယ်လေးများအနက် တစ်ကောင်မှာ
နောက်ကောက် ကျန်နေခဲ့သည်။ ကလေးငယ်မှာ ထိုနောက်ကောက်ကျန်နေသော ခွေးကို
သတိထားမိလိုက်သည်။ ထို့နောက် ဆိုင်ပိုင်ရှင်အား ” အဲဒီခွေးက ဘာဖြစ်တာလဲ”
ဟုမေးလိုက်သည်။
ပိုင်ရှင်က “ဒီတစ်ကောင်က မွေးကတည်းက မသန်ဘူး။ တင်ပါးဆုံ မဖွံ့ဖြိုးဘူးလို့
ဆရာဝန် ကပြောတယ်။ တစ်သက်လုံး ဒီလိုပဲ ဖြစ်သွားတော့မှာတဲ့”
“ဒီတစ်ကောင်ကို ဘယ်လောက်နဲ့ ရောင်းမလဲ” ကလေးငယ်မှာ ဝမ်းသာအားရ မေးလိုက်သည်။
“ဒီမသန်တဲ့ တစ်ကောင်ဆိုရင် မရောင်းဘူး… လိုချင်ရင် အလကားပေးလိုက်မယ်”
ကလေးငယ်မှာ စိတ်မကောင်းစွာဖြင့် ပိုင်ရှင်၏မျက်နှာကို ကြည့်ပြီး….
“ကျွန်တော် အလကားမယူချင်ဘူး…တစ်ခြားခွေးေ

တွလိုပဲ သူလည်း သူ့တန်ဖိုးနဲ့
သူရှိမှာပါ။ ၃ရ ဒေါ်လာကို ကျွန်တော် အရင်ပေးခဲ့မယ်။ တစ်လကို 50cent ဆီ ကျေတဲ့အထိ
ကျွန်တော်လာဆပ်မယ်”
“ဒီခွေးကို ပိုက်ဆံပေးပြီး ဝယ်စရာ မလိုဘူး လူလေး…ဒီကောင်က တစ်ခြား
အကောင်တွေလို မပြေးတတ်ဘူး.. မဆော့တတ်ဘူး”

ကလေးငယ်မှာ ဘာမှပြန်မပြောဘဲ ခါးကိုညွှတ်ပြီး ဘယ်ဖက်ခြေထောက်ကို လှန်ပြလိုက်သည်။
ခြေထောက်မှာ တွန့်လိမ်နေပြီး သံချောင်းဖြင့် တောင့်ခံထားသည်။ ကလေးငယ်မှာ
ပိုင်ရှင်ဖက်လှည့်ပြီး
“ကျွန်တော်လည်း သာမန်ကလေးတွေလို မပြေးနိုင်ဘူး၊ မလှုပ်နိုင်ဘူး။ ဒါကြောင့်
ဒီခွေးလေးဟာ ကူညီ စောင့်ရှောက်ရမဲ့ လူလိုကြောင်းကို ကျွန်တော်သိလိုက်တယ်”
ပိုင်ရှင်မှာ ဝမ်းနည်းသွားမိသည်။
“ဒီခွေးကလေးတွေ အားလုံး လူလေးလို ပိုင်ရှင်မျိုးနဲ့ ကြုံရပါစေလို့ ဆုတောင်း
လိုက်ပါတယ်”

လှပတဲ့ စိတ်နဲ့ ကိုယ်ပတ်ဝန်းကျင်က အရာဝတ္ထုတွေကို ခံစားတတ်မယ်။
စစ်မှန်ဖြူစင်တဲ့ စိတ်နဲ့ လူတိုင်းကို ဆက်ဆံတတ်မယ်။
တာဝန်သိတတ်တဲ့ စိတ်နဲ့ အလုပ်တွေကို ပြီးအောင်လုပ်မယ်။
မဝင့်ဝါတဲ့ စိတ်နဲ့ ကိုယ့်အမှားကို စစ်ဆေးတတ်မယ်။
ပျော်ရွှင်တဲ့ စိတ်နဲ့ သူတစ်ပါးကို အပျော်တွေ မျှဝေတတ်မယ်။
တက်ကြွတဲ့ စိတ်နဲ့ အကူအညီလိုတဲ့ လူတွေကို ကူညီတတ်မယ်။

*တကယ်တော့ ငါဟာဘယ်သူဖြစ်တယ်ဆိုတဲ့ ကိုယ်စားပြုတွေက ဘဝမှာ သိပ်အရေးမပါ ပါဘူး။
အရေးပါတာက ဘယ်သူငါ့ကို ယုံကြည်သလဲ… ဘယ်သူ ငါ့ကို ချစ်ခင်သလဲ….
တန်ဖိုးထားသလဲ… ပေါင်းသင်းသလဲ ဆိုတာ ပါပဲ။*
*တကယ့်သူငယ်ချင်း အစစ်အမှန်ဆိုတာ လူတွေအားလုံး ကိုယ့်ကိုဝိုင်းပယ်ပြီး
ထားခဲ့တဲ့အချိန်မှာ ကိုယ့်ဘေးမှာ ကျန်နေခဲ့မယ့် သူပဲဖြစ်တယ်။*

ရေးသားသူ……. နိုင်းနိုင်းစနေ

2 comments

  • SAR

    August 10, 2010 at 2:12 pm

    Good story. I feel something. happy or sad or something like that …. I don’t know exactly.

  • MyoThanHtike

    August 12, 2010 at 6:14 am

    ဟုတ်လိုက်လေ..ပုံပြင်လေးထဲမှာသင်ယူစရာတွေအများကြီးပဲ။ story ထဲက လူကလေးကိုတော်တော်လေး လေးစားသွားတယ်ဗျာ..တကယ်ကိုကောင်းတဲ့ story လေးပါ
    ရေးသားသူ နိုင်းနိင်းစနေ ကိုကျေးဇူးအရမ်းတင်ပါတယ်..နောက်လဲဒီလိုမျိူးတွေအများကြီးရေးပြီး စာဖတ်သူတွေကိုအကျိူးပြုနိူင်ပါစေလို. ရင်ထဲအသည်းထဲကနေလေးလေးနက်နက်ကြီး ဆုတောင်းမိတယ်..ဗျာ

Leave a Reply