ကဗျာဆရာ

naywoon niApril 30, 20141min1185

ကဗျာဆရာဟာ
သူလက်​လှမ်​းမှီသမျှ
မြင်​သမျှ ကြားသမျှကို
​သေ​သေချာချာ ​စေ့​စေ့ငုငု
တိတ်​ဆိတ်​စွာသုံးသပ်​ရင်​းက
​လောကရဲ့တရားဓမ္မကို
စားသုံးပီးခဲ့သူဖြစ်​လာတယ်​။
သူ့အဖို့က
​လောကကို အချိန်​​ပေး​စောင်​့ကြည်​့နိုင်​သူဖြစ်​လာတယ်​ ။
တရားမှု မတရားမှု နားလည်​သူလဲဖြစ်​တယ်​ ။
​ပျော်​ရွှင်​မှု ဝမ်​းနည်​းမှု
အနိုင်​ရမှု ရှုံးနိမ်​့မှု
အလင်​းအ​မှောင်​ အပူအ​အေး
တစ်​ပြိုင်​နက်​ခံစားနိုင်​သူဖြစ်​လာတယ်​ ။
နိုင်​ရင်​မ​ပျော်​သလို ရှုံးရမှာလည်​း မ​ကြောက်​သူဖြစ်​လာတယ်​ ။
မတရားမှု အားကို
​လောကပရမတ်​တရားနဲ့ယှဉ်​ရင်​ မကိုက်​ညီတာကို
​တော်​လှန်​ချင်​သူ
သူပုန်​ထချင်​သူဖြစ်​လာတယ်​ ။
သူ့အနီးအနားက လူ​နေမှုစနစ်​
မ​လျော်​ညီတဲ့ ဓ​လေ့ထုံးစံ
​ခေါက်​ရိုးကျ​နေတဲ့ လူ​နေမှုဓ​လေ့စရိုက်​ကို ရွံမုန်​းသူဖြစ်​လာတယ်​ ။
ကမ္ဘာကြီးကို သူ့လက်​ဖဝါး​ပေါ်တင်​ပီး
သူ့စ​ကေး သူ့ဒီဂရီနဲ့ တိမ်​း​စောင်​း
သူ့သ​ဘောနဲ့သူ့စိတ်​ရှိသလိုု လည်​ပတ်​​စေ့ချင်​လာတယ်​ ။
အဲ့ဒိအတွက်​ သူ့ကို
အလို​လောဘကြီးသူလို့ အလွယ်​တစ်​ကူမ​ပြောလိုက်​ကြပါနဲ့ ။
တစ်​ကယ်​​တော့
ကဗျာဆရာဆိုတာ
အပြစ်​မဲ့သူကိုချစ်​တတ်​ပီး
အပြစ်​ရှိတဲ့သူ​တွေကို အမှုန်​့ကြိတ်​ချင်​​နေသူသာဖြစ်​တယ်​ ။
သူ့ဝဲလက်​က အန္တရာယ်​မရှိတဲ့
ပန်​း​တွေကိုပွင်​့​စေပြီး
သူ့ယာလက်​က
ငို​နေသူ​တွေရဲ့ မျက်​ရည်​​တွေကို သုတ်​​ပေး​နေသူသာဖြစ်​တယ်​ ။
သူ့ခံစားမှု စံနှုန်​းကိုမြှင်​့တင်​ပြီး
​လောကကြီးကို ​စောင်​့ကြည်​့​နေသူသာဖြစ်​ပါတယ်​။
အမှန်​တရားတို့ ​အောင်​နိုင်​ပြီး
အမုန်​းတရားတို့ လွင်​့စင်​ကွယ်​​ပျောက်​သွားမဲ့​နေ့ကို
​မျှော်​လင်​့ချက်​ကြီးကြီးနဲ့​စောင်​့​မျှော်​ရင်​း
​လောကကြီးကို ​စောင်​့​ရှောက်​ကယ်​တင်​ဖို့
အဓိဌာန်​မဆိုပဲ
သံဓိဌာန်​ချပီးသူသာဖြစ်​ပါတယ်​ ။

​နေဝန်​းနီ
ဧပြီ ၃ဝ – ၂၀၁၄
၁ဝး၅၅ ည

5 comments

  • မဟာရာဇာ အံစာတုံး

    May 1, 2014 at 12:29 am

    ကဗျာဆရာဂျီး …
    ကျုပ် မိန်းမ မရသေးလို့ ငိုနေရဒယ်ဗျာ ..
    အိုက်ဒါ … မျက်ရည်တော့ သုတ်မပေးနဲ့ …
    ဘီယာတစ်ကျိုက်လောက် ကစ်လိုက်ရင် မျက်ရည် ပျောက်တယ် …
    ဘီယာ လိုက်တိုက်ပေး …. :mrgreenn:

    လဂါး .. နောက်တာ …
    ကဗျာဆရာတွေကို ဖွဲ့သွားတာ မိုက်သဗျာ …
    ဆရာနီ ဖွဲ့သွားမှ ကဗျာဆရာတွေရဲ့ စိတ်နေစိတ်ထားကို သိမိတယ်ဗျ …
    အရင်ကတော့ ကဗျာကို ကဗျာဖတ်သူတွေဘက်ကနေပဲ ကြည့်နေမိတာ …
    ကဗျာ တစ်ပုဒ်ဟာ ဖတ်သူပေါ်မူတည်ပြီး အဓိပ္ပါယ်တွေ အများကြီး ကွဲသွားနိုင်တယ်တို့ .. ဘာတို့ .. ညာတို့ .. ပေါ့ဗျာ …

  • lu lu

    May 1, 2014 at 9:23 am

    ကဗျာဆရာ များလွှတ်တော်မှာ ဝင် အ ရွေးခံကြပါ လား
    အမှန်တရား အတွက်ပန်းတွေ ပွင့်စေချင် လို ့
    ပက်ပက်စက်စက်ထောက်ခံ မဲ ပေးလိုက်မယ်

  • Mr. MarGa

    May 1, 2014 at 2:48 pm

    ဘာမှ ထပ် ဖြည့်စရာ မလိုလောက် အောင်…. ပါပဲ ဗျာ

  • marblecommet

    May 1, 2014 at 3:32 pm

    ဗိုလ်နီ့ ကဗျာ
    ခေါင်းစဉ်လိုပဲ ကျော်လည်း
    ဟိုတုန်းက (98) လောက်က ရေးဖူးတယ်
    အိုက်ဒါကို သပြေမှာ
    မောင်သာလင်း ပြန်ပြီး
    ဖတ်ညွှန်းပြန်ရေးတာတော့ မှတ်မှတ်ရရ ပေါ့
    တိုက်တိုက်ဆိုင်ဆိုင်လေး
    အမှတ်ရသွားလို့ ရယ်ပါဗျာ…
    ပြောချင်တာချင်းတူလို့ သတိရသွားတယ်
    ….
    ဖော်ကျူ းတာတော့ မဟုတ်ပါနော့ ဗိုလ်နီ..

Leave a Reply