စေတနာ-နေရာ

-အခုခေတ်ကာလတွင် ‘အစိုးရအားပြစ်တင်ရှုံ့ချနိုင်က သတင်းကောင်းဖြစ်၏ ‘ဟုသတင်းထောက်များ လက်ကိုင်ပြုထားကြသည်။
-လူအများပြစ်တင်ဝေဖန်သမှု အများပြုကြသည်ကို သိုင်းဝိုင်းချဲ့ထွင်လျက် နေရာယူကြ၏။
-သူတစ်ပါးအားအပုပ်ချခြင်းဖြင့် ဆရာသဘာ ယောင်ယောင် လေလုံးထွားကြ၏။

အများစု၏ရင်မှာ စေတနာစိတ်ထက် နေရာယူလိုစိတ်ကသာများပြားနေသည်မို့
ကိုယ်ချင်းစာစိတ်ဟူသည်မထားတတ်တော့
ကိုယ့်မျက်ချေးကိုမမြင်ရလေအောင် မှန်များပင်မကြည့်ချေတော့
ခွေးမျက်ချီး ကြောင်မျက်ချီးကအစ လိုက်ရှာနေတော့သည်

12 comments

  • alinsett (gazette)

    May 1, 2014 at 11:48 am

    ရှိသေးတယ်
    အစိုးရကို ပယ်ပယ်နယ်နယ် သရော် ပြစ်တင် လှောင်ပြောင်ခြင်းကို
    ဟာသ ရသ ထဲထည့်ပြီး လူရွှင်တော်တွေ လုပ်စားနေကြတာ
    နိုင်ငံရေးသရော် လှောင်ပြောင်ပြီး
    အစိုးရရဲ့ လုပ်ပုံတွေကို ပြစ်တင် ကဲ့ရဲ့မှ ဟာသဖြစ်တာလိုလိုနဲ့လေ
    အဲ့လို ထိကပါးရိကပါးတွေ ပြောမှ ရယ်ရတာမျိုးထက်
    ဟာသစစ်စစ်ကိုပဲ ရယ်ချင်တာ
    အဟိ

    • TNA

      May 3, 2014 at 2:20 pm

      ဟယ် ဘုန်းကြီးတွေလဲ ပါတာပဲလေ။ တရားပွဲတွေမှာ အစိုးရကိုရှုပ်ချတဲ့ ဘုန်းကြီးဆို တရားပွဲတွေတန်းစီနေ တာပဲ။ တရားပွဲလား ဇာတ်ပွဲလားတောင်မသိရဘူး။ တကာမတွေ တဝါးဝါးတဟားဟားနဲ့

  • ဒီနေ့ပဲ fb page တစ်ခုမှာ အမြန်လမ်းကိုပြန်ပြုပြင်ခြင်းမပြုသေးတာဘာညာရေးထားတာဖတ်ပြီး ရေးတဲ့လူတွေအမြန်လမ်းတလျှောက်ကောသွားကြည့်ပြီးရဲ့လားတွေးမိနေတာပါ
    ဟိုနေ့ကပဲအမြန်လမ်းကပြန်လာတာ လမ်းတလျှောက်တချို့နေရာတွေနဲ့မိုင်တိုင်၁၀၀ဝန်းကျင်မှာကတ္တရာတွေခင်းနေတာတွေ့ခဲ့ရလို့ဝမ်းတောင်သာနေတာ။စာရေးသူဟာ ပွင့်လင်းမြင်သာမှုမရှိဘူးအော်နေရအောင်
    ပွင့်လင်းမြင်သာဖို့ အပြင်ကောထွက်ကြည့်ရဲ့လားလို့တွေးမိပါတယ်
    🙁

  • Mr. MarGa

    May 1, 2014 at 3:16 pm

    စေတနာ – နေရာ
    အင်း…. ငါလဲ ဘယ်နားမှာ ပါပါလိမ့်
    တကယ့်တကယ် ကြောက်ရတဲ့သူတွေ ရှိသေးတယ်
    ဘေးထိုင်ဘုပြော တွေနဲ့ ကျနော်တို့လို ဘေးထွက် ထိုင်ကြည့်နေတဲ့သူတွေ….

  • ဘယ်ဘက်မှ အစွန်းမရောက်တာအကောင်းဆုံး
    အခုခေတ်ကအလက်ဆင်းပြောသလိုပဲ
    ဘာလုပ်လုပ် အစိုးရမကောင်းတာရေးသားပြောဆို ဟာသလုပ်မှ အရာဝင်တယ်ထင်တာ
    ကိုယ်တိုင်က အစိုးရကိုကြိုက်နေလို့တော့မထင်နဲ့နော်

  • မဟာရာဇာ အံစာတုံး

    May 1, 2014 at 6:22 pm

    ဂလိုပါပဲ ယောက်ခမရယ် …
    ဂလိုပါပဲ …..

  • ကေဇီ

    May 1, 2014 at 6:26 pm

    သူတို့ကပဲ ဟာသဖြစ်နေလို့မြန်းလားးး 🙄

    😀

  • သူတို့ကလည်းဟာသဖြစ်နေတာအမှန်ပါ
    သတင်းတွေကျတော့လည်း ဝေဖန်မယ့် အကြောင်းအရာအပေါ်သေသေချာချာလေ့လာပြီးမှရေးသင့်တယ်ထင်တာပဲ

  • sorrow

    May 2, 2014 at 12:45 pm

    စကားအတင်းစပ်………. CV ဖောင်ပို့ပါဗျ

  • Wow

    May 5, 2014 at 1:47 pm

    ဝန်ကျီးဒွေကျတော့ ဟာသလုပ်ရပီး နာတို့ကျ မလုပ်ရဝူးလား သော်ကလေး :mrgreen:

Leave a Reply