ရင်​နင်​့​အောင်​ချစ်​ရတဲ့ ချစ်​ဦးသူသို့တမ်​းခြင်​း

သင်​့​တော်​​ကောင်​းမွန်​တဲ့ မိတ်​​ဆွေ​ွနဲ့ တွေ့ဆုံ​စေဖို့ မိဘ​တွေ​စေလွှတ်​လို့ တခါမျှမ​ရောက်​ဖူးတဲ့ ရန်​ကုန်​ဆိုတဲ့ မြို့ကြီးကို ​၁ဝ တန်​း​အောင်​​လျင်​ အောင်​ချင်​း ရောက်​လာရပါတယ်​။ ​သင်​့​တော်​​ကောင်​းမွန်​တ​ဲ့ မိတ်​​ဆွေ​ွနဲ့ ​တွေ့ဆုံခွင့်​့ရဖို့အတွက်​ လိုအပ်​တဲ့သင်​တန်​းတချို့တက်​တယ်​။ ဒါ​ပေမယ်​့ မိတ်​​ဆွေ​တော့​မ ​တွေ့​သေးဘူး။ ဒီလိုနဲ့ နယ်​ကို ပြန်​ပြီး ပထမနှစ်​ စာ​မေးပွဲ​​ဖြေလိုက်​ရ​သေးတယ်​။ ရန်​ကုန်​ပြန်​​ရောက်​လို့ ်သိပ်​မကြာခင်​မှာပဲ ဦး​လေးက သူသိတဲ့ အခုကျမချစ်​ဦးသူနဲ့ ​တွေ့ဆုံ​ပေးပါ​တော့တယ်​။ ကျမညံ့ဖျင်​းမှန်း အရည်​အချင်​းမရှိမှန်​း သိလို့​လေ။ ​တွေ့​တွေ့ချင်​း​တော့ သူက တ​နေ့ ကျမအခုလို ရင်​နင်​့​အောင်​ချစ်​ရတဲ့ ကျမချစ်​ဦးသူ အချစ်​ရဆုံးသူဖြစ်​လာလိမ့်မယ်​လို့ လုံးဝမထင်​ခဲ့ဘူး။ ​သူနဲ့ပတ်​သက်​ဆက်​ဆံခဲ့တဲ့နှစ်​​များကာလအတွင်​း သူဟာ ကျမနှလုံးသားထဲမှာ ဘယ်​အချိန်​က ဝင်​​ရောက်​​နေရာယူထားမှန်​းမသိ​ပေမယ်​့ သိလိုက်​တဲ့အချိန် မှာ​တော့ ကျမမိသားစုဝင်​တစ်​​ယောက်​လို ​ကျမနှလုံးသားထဲမှာ ​နေရာယူထားပြီး ကျမနှလုံးသားကို စိုးမိုးချုပ်​ကိုင်​ထားပြီး ဖြစ်​​နေပါ​တော့တယ်​။ ကျမသူနဲ့ခွဲခွါဖို့ကို စိတ်​ကူးနဲ့​တောင်​ မရဘူး။ စိတ်​ကူးနဲ့တင်​ ဝမ်​းနည်​းပြီး မျက်​ရည်​​တွေအလိုလိုကျ မိတဲ့အထိပါပဲ။ ဒီလိုဖြစ်​​နေတဲ့ကြားထဲကပဲ ကျမနဲ့ မိသားစုဘဝ​ရှေ့​ရေးအတွက်​ စဉ်​းစားပြီး တစ်​​နေ့မှာ​တော့ သူနဲ့ခွဲခွါဖို့စိတ်​ကူးကြည်​့တယ်။​ တကယ်​ခွဲခွါရ​တော့မယ်​ဆို​တော့ဘယ်​လိုမှ မခွဲနိုင်​လို့ ခွဲခွါဖို့အစီအစဉ်​ကို ​ပြောင်​းလိုက်​ရတယ်​။​ ဒီလိုနဲ့​မ​ပြောင်​းလဲပဲ နေလာလိုက်​တာ ​နောက်​ တစ်​နှစ်​​ခွဲ​လောက်​ရှိ​တော့ ကျမ တကယ်​ပဲ သူနဲ့ တသက်​တာ ခွဲခွါရဖို့ဖန်​လာပါတော့တယ်​။ အ​ကြောင်​းက​တော့ သူ့ကို သူ့အုပ်​ထိန်​းသူမိဘက တစ်​အိုးတည်​စားမိသားစု​ဝင်​အဖြစ်​က​နေ စွန်​့လွှတ်​ပြီး စားအိုးခွဲစားတဲ့သူအဖြစ်​ထားဖို့ ဆုံးဖြတ်​ချက်​ချလိုက်​ပြီဆိုတဲ့ mail ​ပါပဲ။ email ဝင်​ပြီး နောက်​ တစ်​လအကြာမှာ ကျမ သူနဲ့ ဘယ်​လိုပင်​မခွဲချင်​​သော်​လည်​း တကယ်​ တစ်​သက်​တာအပြီးခွဲခွါရမယ်​ဆို​တော့ ​တော်​​တော်​ခံစားရပါတယ်​။ ဘယ်​​လောက်​ထိခံစားရလည်​းဆို​တော့ ညည အိပ်​မက်​ထဲမှာ​တောင်​ ရှိုက်​ကြီးတငင်​ ငိုတဲ့အထိပါပဲ။ သူနဲ့အတူရှိစဉ်​ကာလ​တွေအတွင်​းမှာ ကျမရဲ့ချစ်​ဦးသူနဲ့အတူ ​​လက်​တွဲပြီး မွေးထုတ်​​ပေးနိုင်​တာက​တော့ လက်​ရှိအ​နေအထားအရ Engineer ​မောင်​​လေးတစ်​​ယောက်​၊ B.com ညီမတစ်​​ယောက်၊ ရေ​ကြောင်​းတက္ကသိုလ်​ Bsc (Hons) NS, 2/O မောင်​​လေးတစ်​​ယောက်​၊ B.Ed ညီမတစ်​​ယောက်​၊ ​ရေ​ကြောင်​းတက္ကသိုလ်​မှာ ပညာဆည်​းပူး​နေတဲ့ ညီမတစ်​​ယောက်​ ​မွေးထုတ်​​ပေးနိုင်​ခဲ့တယ်​။ ကျမချစ်​ဦးသူရဲ့​ကျေးဇူး​တွေ ကြီးမားများပြားလှပါတယ်​။ သူနဲ့ခွဲခွဲချင်​း ​ကောင်​းမွန်​တဲ့ မိတ်​​ဆွေနဲ့​တွေပြီး အရာရာ အဆင်​​ပြေ​ပေမယ်​့ အခုထိ (သူနဲ့ခွဲခွါခဲ့တာ တစ်​နှစ်​နီးပါးကြာတဲ့အထိ) ရင်​နင်​့​အောင်​ချစ်​ရတဲ့ ကျမရဲ့ချစ်​ဦးသူ (ကျမ ပထမဦးဆုံးအလုပ်​လုပ်​ခဲ့တဲ့ကုမ္ပဏီ)ကိုလွမ်​းလွန်​းလို့ ရင်​နင့်​​့အောင်​ခံစားရဆဲပါပဲ။ အဲဒီကုမ္ပဏီအ​ပေါ်ကိုယ့်​မိသားစုပိုင်​လုပ်​ငန်​းလိုပဲ တွယ်​တာ​နေတာပါ။ ​အဲဒီကုမ္ပဏီက သူ့ရဲ့ရုံးခွဲကိုပဲပိတ်​သွားပြီး ရန်​ကုန်​မှာ နိုင်​ငံခြားအ​ခြေစိုက်​ အခြားကုမ္ပဏီတစ်​ခုကို agent ခန့်​့အပ်​လိုက်​တာပါ။ အဲဒီ​တော့ ရုံးခွဲကဝန်​ထမ်​း​တွေက အလိုလို အလုပ်​ပြုတ်​သွားတာ​ပေါ့။ ကျမက အဲဒီ agent ကခန်​့အပ်​တဲ့ agent ရဲ့ ဝန်​ထမ်​းအ​ဖြစ်​နဲ့ မလုပ်​ချင်​ပါဘူး။ ယခင်​ကုမ္ပဏီရုံးရဲ့ဝန်​ထမ်​းအ​နေနဲ့ပဲ လုပ်​ချင်​တာပါ။ မဖြစ်​နိုင်​​တော့မှန်​းသိ​ပေမယ်​့ အဲ​လောက်​ထိဖြစ်​​နေတာ။ ​သေချာတာက​တော့ တကယ်​့မိသားစုဝင်​​တွေလို ​ပျော်​စရာ​ကောင်​းတဲ့ ကုမ္ပဏီပါ။ အခုထိလည်​း အချင်​းချင်​း အဆက်​အသွယ်​​တွေရှိကြပါတယ်​။ အရင်​ကလိုပဲ ဒီဇင်​ဘာ ၃၁ ရက်​​နေ့ညမှာ ဆုံကြတုန်​းပါ။ ဒါ​ပေမယ်​့ ကျမလွမ်​းတာ လူပုဂ္ဂိုလ်​တွေကိုမဟုတ်​ပဲ ကုမ္ပဏီကိုပါ။

​ရေးရင်​းနဲ့ အ​ကြောင်​းအရာက ဘာ​တွေဖြစ်​လို့ ဘာ​တွေ​ရေးမိသွားလည်​းမသိ​ဘူး။ အရင်​ကုမ္ပဏီကို ရင်​ထဲမှာအ​တော်​​လေး လွမ်​း​ဆွေးသတိရလွန်​းလို့ ​စိတ်​ထဲ​ပေါ်လာတာ​တွေ ချ​ရေးပစ်​လိုက်​တာ..ဖတ​်​ရင်​း/ဖတ်​ပြီးအာရုံ​နောက်​ကုန်​ကြပြီလားမသိဘူး။ အာရုံ​နောက်​သွားရင်​လည်​း နားလည်​​ပေးကြပါ​နော်​။

10 comments

  • surmi

    May 1, 2014 at 11:17 pm

    ပထမဆုံးပြောချင်တာက ပန်းစပယ်ဟာ စာရေးတာရော
    ကွန်မန့်ပေးတာပါ အတော်လေးကို ထိမိပါတယ်။
    အရင်ကလည်းမကြာမကြာရေးဖို့တိုက်တွန်းဖူးမယ်ထင်မိတယိ ။
    အခုလည်း ထပ်မံတိုက်တွန်းပါရစေ
    စောင့်ဖတ်နေပါ့မယ် ။

  • ပန်း စံပါယ်

    May 2, 2014 at 7:02 am

    ခုလို အား​ပေးစကား​ပြော​ပေးလို့ အားလည်​းတက်​ ​ကျေးဇူးလည်​းတင်​ပါတယ်​။ ကြိုးစားကြည်​့ပါမယ်​့။

  • alinsett (gazette)

    May 2, 2014 at 7:32 am

    ပန်းစံပယ်ရဲ့ စာကို ဖတ်ပြီး
    ကျနော်လည်း လွမ်းသွားတယ်
    စံပယ်ပန်းတစ်ပွင့်ကို. .

    😆

  • ကေဇီ

    May 2, 2014 at 8:22 am

    ခေါင်းစဉ်ကြည့်လိုက်တော့ ရင်နင့်အောင် ရေးတဲ့ စာ မှတ်လို့။
    😀
    စာ ကို မရည်လည်တောင်မှ ခံစားချက်ကို နားလည်အောင် ဖတ်သွားပါတယ် ပန်းစံပယ်။

    🙂

  • ပန်း စံပါယ်

    May 2, 2014 at 8:58 am

    ကို alinsett ​ရေ .. ဖွား​မေကိုလည်​း ​မေ့မရတာ သိပါတယ်​။ ဖတြ်​ပီး comment ​ပေးတာ ​ကျေးဇူးပါ။

    မ​ကေဇီ​ရေ… ကျမရဲ့ခံစားချက်​က အများနဲမတူ​တော့ ​ရေးထားတဲ့စာကို ရည်​လည်​မှာမဟုတ်​မှန်​း သိ​ပေမယ်​့ ဆန္ဒပြင်​းပြလွန်​းလို့ ခံစားချက်​ကိုဖွင်​့ချလိုက်​တာပါ။ ဘာပဲဖြစ်​ဖြစ်​ ဖတ်​​ကြည်​့ပြီး comment ​ပေးတာ ​ကျေးဇူးပါ။

  • ROssI

    May 2, 2014 at 10:37 am

    မတိပါဘူး
    ကျုပ်အကြောင်းများ ဖော်ကောင်လုပ်တော့မားလို့ ….
    ဟိဟ…..

  • kyeemite

    May 2, 2014 at 2:38 pm

    ပန်းစံပါယ်…နန်းအလယ်မပေါ်ခိုက်ဟာမို့….အဲ..ယောင်သွားလို့ပါ
    စာရေးကောင်းတစ်ယောက်ရွာမှာတိုးလာတာ ဝမ်းသာပါတယ်…
    အားပေးနေမယ်နော…

  • Ma Ma

    May 2, 2014 at 7:09 pm

    လုပ်ငန်းအပေါ် သံယောဇဉ်တွယ်တဲ့ ဝန်ထမ်းတစ်ယောက်ဆိုတာ လုပ်ငန်းအတွက် အဖိုးမဖြတ်နိုင်အောင် တန်ဖိုးရှိပါတယ်။
    ဒါပေမယ့်လည်း မရှိတာ မဖြစ်နိုင်တာ ဖြစ်ပြီးတာကို လွမ်းနေမယ့်အစားးးး
    လက်ရှိ/ လက်တွေ့ဘဝမှာလည်း အဲလိုပျော်နိုင်အောင် ကြိုးစားပါလား။ 🙂

    စာတွေကို စာကြောင်းခွဲ၊ စာကြောင်းခြားပြီး အပိုဒ်တွေ ခွဲလိုက်ရင် အမြင်ရှင်းပြီး စာဖတ်သူကို ပိုပြီး ဆွဲဆောင်နိုင်မယ်လို့ အကြံပေးချင်ပါတယ်။ 🙂
    ( လူတိုင်းကို ကိုယ်လိုမျက်မှန်သမားချည်း ထင်နေလို့) :kwi:

  • ပန်း စံပါယ်

    May 2, 2014 at 9:39 pm

    ROssI ဖတ်​ပြီး comment ​ပေးတဲ့အတွက်​ ​ကျေးဇူးပါ။

    ဦးKyeemite ဖတ်​ပြီး ခုလိုအား​ပေးစကား​ပြော​ပေးတာ ​ကျေးဇူးပါ။

    Ma Ma ​ရေ အခုလို ​​ပျော်​​အောင်​​နေဖို့​ရော၊
    စာ​ကြောင်​း​တွေ စာပိုဒ်​​တွေအတွက်​ ​ရော ခုလိုအကြံပြု​ပေးတာ တကယ်​​ကျေးဇူးတင်​ပါတယ်​။

  • TNA

    May 5, 2014 at 8:27 pm

    လိုက်ပြီးအသည်းတောင်ကွဲသွားသလိုပဲရေးတတ်လိုက်တာ

Leave a Reply