မေဒေးနေ့ ဆမာကဒါဘုရင်မ မိန့်ခွန်း

moonpoemMay 1, 20141min1062

ဆမာကဒါ တိုင်းပြည်ရဲ့ အလုပ်သားများ အလုပ်သမီးများ ရှင့် ဒီနေ့ဟာ
အလုပ်သမားထုကြီးကို ကိုယ်စားပြုတဲ့ မေဒေးနေ့ ပဲ ဖြစ်ပါတယ်။

ယခုအခါ ဆမာကဒါနိုင်ငံတော်တွင် ချပါတီစုံ ပလာတာစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေသည့် အားလျော်စွာ တစ်နိုင်ငံလုံး အီကြာကွေးများကို အားရပါးရ စားသုံးနိုင်ပြီ ဖြစ်ပါတယ်။

ကျွန်မသည် ဝိတိုရိယ ဘုရင်မတစ်ယောက်အနေနဲ့
ဲ့ပြောကြားလိုတာကတော့ အလုပ်သမားများ ရသင့်ရထိုက်တဲ့ အကြွေးများကို ကိုယ့်ဟာကိုယ် အပေါင်ဆိုင်များတွင် သင့်တော်ရာ နည်းလမ်းများဖြင့် ဖြေရှင်းကြပါလို့ တိုက်တွန်းလိုပါတယ်

အလုပ်သမားထုကြီးအနေနဲ့
ကလည်း အလုပ်သမားဆန်နှုန်း ဆီနှုန်း ဆားနှုန်းများကို ထမင်းထည့်ချက်တဲ့ အခါ စားလို့ကောင်းအောင် ချက်ကြပြုတ်ကြပါလို့ နှိုးဆော်လိုပါတယ်။

ဒီကနေ ရှေ့မှာလည်း ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံဖြစ်အောင် အလုပ်သမားထုကြီးနဲ့အတူ လက်တွဲပြီး အင်တိုက်အားတိုက် လက်ဝှေ့ထိုးသွားကြမယ်လို့ ပြောကြားရင်း မေလ၁ရက် အလုပ်သမားနေ့ရဲ့ ဆမာကဒါ ဘုရင်မ မိန့်ခွန်းကို နိဂုံးချုပ်အပ်ပါတယ်ရှင့်။

2 comments

  • alinsett (gazette)

    May 2, 2014 at 2:30 pm

    မေဒေးနေ့က
    အလုပ်သမား စိတ်ကို အိမ်မှာထားခဲ့ပြီး
    ငါက အလုပ်ရှင် ဆိုတဲ့စိတ်နဲ့
    မပိတ်တဲ့အလုပ်ထဲ ချီတက်ခဲ့ရတယ်

    🙂

  • Ma Ma

    May 2, 2014 at 5:07 pm

    ဘုရင်မကြီး မိန့်ခွန်းပြောမှာကို ကြိုသိရင် ကိုယ်တိုင်တက်ပြီး နားထောင်ပါတယ်။ 😀
    ဒါ့ထက် ဆမာကဒါဆိုတာ ဘာကိုပြောတာလဲ ဘာအဓိပ္ပါယ်လဲ ဆိုတာတော့ သိချင်သား။

Leave a Reply