တစ်​​နေရာရာ မြင်​​တွေ့ဘူးလား​​​

ko sixMay 2, 20141min16114

ကမ္ဘာကြီးက လည်တယ်​
စကြဝဠာက လည်​တယ်​
မြို့ပြကလည်တယ်​
​လေတံခွန်က လည်​တယ်​
ငါ
လက်နှစ်​ဖက်​ကိုဆန်​့တန်​း
​နေထွက်​ရာအရပ်​ကလည်​း လည်​​နေတာ ​တွေ့ရ
သစ်​ရွက်​အ​ကြွေက လည်​တယ်​
​လေဆင်​နှာ​မောင်​းက လည်​တယ်​
ကားဘီးကလည်​တယ်​
ငါ
​ဘောပင် ကောက်​ကိုင်​ကြည်​့​တော့
မင်​ထွက်​ရာအရပ်​ကလည်​း လည်​​နေတာ​တွေ့ရ
ဝဋ်​​ကြွေးကလည်​တယ်​
စကားကလည်​တယ်​
ကျည်​ဆံကလည်​တယ်​
ငါ
အင်​တာနက်​ကိုဖွင်​့ကြည်​့​တော့
အဝိုင်​း​လေးလည်​​နေတာကို​တွေ့ရ
လည်​တယ်​လည်​တယ်​နဲ့
ငါတို့ဟာ
သံသရာအရှည်​ကြိီးထိမူးဝေ
ငါ့ကိုလာမလှည်​့ပါနဲ့
မင်းနဲ့ငါ မူး​နေကြသူအချင်​းချင်​း
တစ်​​နေရာရာမှာ မြင်​တွေ့ဘူးလား
ငါ​တော့
ဆုံကြဘူးတယ်​ထင်​​နေလို့။
ကိုစစ်​​​​

14 comments

  • alinsett (gazette)

    May 2, 2014 at 2:27 pm

    လည်တယ်
    တစ်ခါတစ်ခါ အပတ်ခံရတယ်
    ဒါနဲ့ပဲ လည်ပတ်ခြင်းဟာ သံသရာဆိုပြီးယူဆလို့

    အင်းးး
    တော်တော် လည်တဲ့ ကျနော်တို့တတွေ

    :mrgreen:

  • ko six

    May 2, 2014 at 3:15 pm

    ဆရာရယ်​
    ကျ​နော်​့ကို မလှည်​့ပါနဲ့လား
    ဒီမှာမူး​နေလို့

  • ကေဇီ

    May 2, 2014 at 3:25 pm

    သများ မူးလည်လည်နဲ့
    ရွာလည်မယ်ဆို ပြီး
    ကိုစစ်အိမ်လာလည်လိုက်တာ
    ကဗျာကို ဖတ်ရင်း မျက်စိလည်နေလို့
    နားလည်အောင်ကြိုးစားရင်း တခြားကို လည်လည်ပြန်သွားလိုက်ဦးမယ်။
    လည်ပြန်လှည့်မကြည့်တော့ဘူးနော်။
    😀

  • kai

    May 2, 2014 at 5:15 pm

    စကြဝဠာက လည်​တယ်​ဆိုတာထက်.. စူပါနိုဗာပြီးကထဲက.. ပြေးထွက်နေတာလို့.. သီအိုရီရှိသဗျ…
    စကြဝဠာမှာ.. နေစကြဝဠာ( Solar System)
    milky way galaxy စသဖြင့်ရှိပါတယ်..။ ရှေးက.. အဲဒါတွေခွဲခြားရှိနေမှန်းမသိတော့.. စကြဝဠာဆိုပြီး..ရမ်း.. ခြုံပြောတာပေါ့…။

    ဆိုတော့… ကဗျာခေါင်းစဉ်အရကောက်ရင်..
    deja vu ပေါ့..။
    တနေရာရာ..တခုခုဖြစ်ရပ်ကို.. မြင်ရသိရတဲ့အခါ.. ဒါကြီးက..တချိန်ချိန်က..ငါ.. ရောက်ဖူး..သိဖူးပြီးသားကြီးလိုလို.. ခံစားရတာလေ..

    ဘာရယ်မဟုတ်..
    အိပ်မရသေးတာနဲ့.. ကိုစစ်ကို.. ခြေရှုပ်လိုက်တာ…
    ဆောရီး.. :mrgreen:

  • Ma Ma

    May 2, 2014 at 5:40 pm

    လည်တယ် လည်တယ်နဲ့ …………….. အလှည့်ခံရတာလည်း ဖြစ်နေအုံးမယ်။
    လောကကြီးမှာ သူများအလှည့်မခံရဖို့ ကိုယ်တိုင်လည်ဖို့ လိုတယ်။ 🙄

  • Iris

    May 2, 2014 at 7:07 pm

    Deja uv…အင်​း သူကြီး​ပြောသလိုပဲ။ တစ်​ခါတ​လေ ဖြစ်​ရပ်​တစ်​ခုခု မှာ ကိုယ်​အရင်​က သိ​နေခဲ့သလိုလို။ လုပ်​ခဲ့ဘူးသလိုလို။ ဒါ​ပေမဲ့ တစ်​ကယ်​မလုပ်​ခဲ့ဘူး ဆိုတာလည်​း​သေချာ​နေတယ်​။ 😀

  • ခင် ခ

    May 2, 2014 at 8:25 pm

    ခပ်လည်လည်သူပါသကား

  • ko six

    May 3, 2014 at 7:54 am

    ဗုဒ္ဓက​တော့
    လူ​တွေမသိအပ်​တဲ့အရာ​တွေထဲမှာ
    စကြဝဠာဖြစ်​စဉ်​ပါပါသတဲ့။
    ဒါ​ပေမယ်​့လည်​း
    ကျ​နော်​ ရူပသမားဆို​တော့
    deja vu ကို ​ဖောက်​ထွင်​းကြည်​့ချင်​တာ
    အမှန်​ပါ

  • kyeemite

    May 3, 2014 at 9:31 am

    လည်နေရင်းနဲ့တည်နေတဲ့ ကမ္ဘာကြီးမှာ….တည်နေချင်ရင်တော့..လည်နေရမှာပဲဗျ 😀

  • ko six

    May 3, 2014 at 11:37 am

    ကိုယ်​့ဆရာက
    ခုမှ​ပေါ်လာ​တော့တယ်​

  • သူ က လည် တယ်

    ငါ က လည ်တယ်

    သူ မ က လည် တယ်

    ကျ နော် က လည် တယ်

    အလည် ခြင်း ပြိုင ် တဲ့ ပွဲ အတွက်

    အ လယ် မှာ

    လူ တွေ ကို လည် စေ မယ့်

    သူ ရာ ရေ တွေ ကို

    ဘိုက် အ လည် ခေါင် ရောက် အောင် ထည့် ရင်း

    လယ် ပြီး ရင်း လယ် လိုက် ကြ ရ အောင်

  • naywoon ni

    May 4, 2014 at 10:14 am

    အရာဝတ္ထု တစ်​ခု အသက်​ဝင်​​နေဖို့ သူ့ထဲမှာ တစ်​စုံတစ်​ခု လည်​ပတ်​​နေသလိုမျိုးပ ။ ကျုပ်​တို့ အသ်​က်​​ရှင်​​နေဖို့ ကိုယ်​ထဲမှာ ​သွေး​တွေ ​လေ​တွေ လည်​ပတ်​​နေသလိုမျိုး ။ အဲ့လိုမှ မလည်​ပတ်​ရင်​ အသက်​မရှင်​နိုင်​ဘူး ။ ကမ္ဘာကြီးလည်​း လည်​​နေရတာပဲ။ ခပ်​​ဝေး​ဝေးကို ​ပြေးထွက်​သွားတဲ့ ကားထဲမှာလည်​း သူ့အင်​ဂျင်​ကလည်​လို့ ။ မယုံချင်​​ပြေးလိုက်​ကြည်​့ပါလား

  • ko six

    May 13, 2014 at 8:07 pm

    ဟုတ်​
    ​ပြေးလိုက်​ကြည်​့လိုက်​ဦးမယ်​
    ဘီး​တော့ ကျွတ်​ုပီးမမှန်​ရင်​ပီးတာပဲ

  • lu lu

    May 13, 2014 at 10:04 pm

    လည်တဲ့သူချင်းတွေ ့ကြ တော့ မလည်ဘူးထင် တယ်
    သံသရာကမလည်ပါဘူး အဲဒါကိုလည် အောင် လုပ်
    တာကအဝိဇ္ဇာ ၊ အဝိဇ္ဇာ က ရုပ်ထဲမှာ ရုပ်ကိုလူလို ့ခေါ်
    ရင် လူကသံသရာကိုလည်အောင် လုပ်တာပေါ့
    ဟီးဟီး 😀
    လည်တာကိုရပ်အောင် ဘီးဖြုတ်ကြမယ် ။
    မှတ်ချက် – မိုးကုတ်စက်ဝိုင်းကြည့်ရန်
    တရားပေါက် ရင် တ ယောက်ပါးတယ် မလည်စေနဲ ့နော် 🙂

Leave a Reply