” ကမ္ဘာကြီးက လုံးတစ်ခါ ပြားတစ်လှည့် “

ခင္ခMay 2, 20141min25310

” ကမ္ဘာကြီးက လုံးတစ်ခါ ပြားတစ်လှည့် “

 

ကျုပ်တို့ မမွေးခင် ဟိုးရှေးရှေးတုန်းက ကမ္ဘာကြီးက ပြားတယ်တဲ့။

အဲဒီတော့ ပညာရှင်တွေ အတွေးခေါ်ရှင်တွေက ပြောကြတယ် ကမ္ဘာကြီးပြားတဲ့ အကြောင်းကိုပေါ့။ ထိုထိုခေတ်တွေက ပေရွက်အက္ခရာတင်စာ ဆိုတာ အရမ်းကြီးမထွန်းကားသေးဘူးလို့ ဖတ်ဖူးတယ်။

 

အဲ နောက်တော့ သုတေသီတွေ လေ့လာမှု့ ရှာဖွေမှုအရ ကမ္ဘာကြီးဟာ လုံးတယ်လို့ ဆိုကြတယ်။

ထိုအခါကျတော့လည်း ကမ္ဘာကြီးပြားတယ်ဆိုတုန်းက ပြောခဲ့တဲ့ ပညာရှင်တွေ အတွေးခေါ်ရှင်တွေ နဲ့ သိပ္ပံပညာရှင်တွေက ရေးလာကြတယ် ကမ္ဘာကြီးလုံးတဲ့ အကြောင်းပေါ့။

 

အခုသိပ်မကြာခင်က ကမ္ဘာကြီးက လုံးတာတော့မှန်တယ် ဒါပေမယ့် တစ်နိုင်ငံနဲ့တစ်နိုင်ငံ တစ်ဒေသနဲ့တစ်ဒေသ တစ်နေရာနဲ့တစ်နေရာဟာ တိုးတက်ထွန်းကားလာတဲ့ သိပ္ပံပညာတွေ ဆက်သွယ်ရေးစနစ်တွေကြောင့် အရင် လိုမခက်ခဲတော့ဘူး အချိန်မခြား ကူးလူးဆက်သွယ်နိုင်လို့ ကမ္ဘာရွာကြီးလို့တောင်တင်စားလို့ ရလာတဲ့ အတွက် ကမ္ဘာကြီးပြားပြီလို့ တင်စားခေါ်ဝေါ်သမုတ်ကြတော့လည်း ပညာရှင်တွေ အတွေးခေါ်ရှင်တွေ မားကတ်ဆရာကြီးတွေ မီဒီယာတွေရေးလာကြတယ် ကမ္ဘာရွာကမ္ဘာပြားပြီဆိုတဲ့အကြောင်းပေါ့။

 

ဆိုလိုချင်တာက ကမ္ဘာကြီးက စတင်ဖြစ်တည်ကထဲကနေ လုံးတယ်ဆိုလည်း လုံးနေလျှက်ဘဲ ဖြစ်တည်ခဲ့တာပါ။ ပြားတယ်ဆိုလည်း ပြားတဲ့အတိုင်းဖြစ်တည်ခဲ့တာပါ။ လူတွေကသာ အခြေအနေအချိန်အခါတွေပေါ်လိုက်ပြီး ပြောင်းလဲသတ်မှတ် ရေးကြပြောကြတာမျိုးဖြစ်လေတော့ ခေတ်အခြေအနေနဲ့ အချိန်အခါအရ ပြောင်းလဲလာရင် အလိုက်အထိုက်ပြောင်းပြောနိုင်ဖို့တော့ လိုမယ်ထင်ပါတယ်။ ဒါမှလည်း လူအများရဲ့လက်ခံမှုကိုရယူနိုင်မှာ ပေါ့လေ။

သင်ကော လုံးရင်လုံးတဲ့အလျောက် ပြားရင်ပြားတဲ့အလျောက် ပြောတတ်နေပြီလားလို့…………ဆက်သာ တွေးတော့နော်။

 

ခင်ခ။

10 comments

  • Ma Ma

    May 2, 2014 at 5:34 pm

    ကမာ္ဘကြီးသည် အိမ်တွင်ပြား၍ ကျောင်းတွင် လုံးပါသည် ဆိုတဲ့ ကာတွန်းလေးတောင် သွားသတိရမိတယ်။
    သူ့နေရာနဲ့သူ နှလုံးသွင်းတတ်ဖို့ပဲ လိုတယ်။ 😀

  • naywoon ni

    May 2, 2014 at 8:00 pm

    လုံးတယ်​ပြားတယ်​ဆိုတာ ဒီကမ႓္ဘာ​ပေါ်မှာ ​နေထိုင်​တဲ့သူအတွက်​ ဘာမှမထူးခြားပါဘူး ။ ဒီကမ႓္ဘာကြီးက​နေခွဲခွာပီး တစ်​ခြားတစ်​​နေရာက​နေ ပြန်​လှည်​့ကြည်​့နိုင်​တဲ့သူ​တွေ အတွက်​​တော့ လုံးသလား ပြားသလား လက်​​တွေ့သိကြတာ​ပေါ့ ။ ဒီ​တော့ ဝါးလုံး​ခေါင်​းထဲ လ , သာ​နေရတဲ့ ဘဝ က​နေ ဝါးလုံးအပြင်​ဘက်​ထွက်​ပီး လ , သာနိုင်​ဖို့ ကျိုးစားဗျာ ။ တစ်​ခါတစ်​​လေး အနီးကပ်​ကြည်​့လို့မမြင်​ရတဲ့ အပြစ်​အနာအဆာက အ​ဝေးကြည်​့မှာထင်​ရှားလာတတ်​ပါတယ်​ ။ ကျွန်​​တော်​့​တော့ ကိုယ်​့စိတ်​ကို အပြင်​ထုတ်​ပီး ကိုယ်​့ကိုကိုယ့်​ ပြန်​ကြည်​့နိုင်​​အောင်​ပဲ ကျိုးစားတယ်​

  • ခင် ခ

    May 2, 2014 at 8:23 pm

    သူနေရာနဲ့သူ နှလုံးသွင်းတတ်ဖို့ ပြောတဲ့ အမ မမ နဲ့ ကိုယ်စိတ်ကိုအပြင်ထုတ်ပြီး ကြည့်နိုင်အောင် ကြိုးစားဖို့ဆိုသူ ဆရာနီ တို့ရဲ့ အဖိုးတန်စကားလေးတွေကို ကျေးဇူးတင်ရင်း မှတ်သားသွားပါတယ်နော်

  • alinsett (gazette)

    May 3, 2014 at 7:38 am

    ဂဘာဂျီး ပြားသွားတာ ရွာကလူတွေ မသိလိုက်ဘူးဆိုတဲ့ ဆောင်းပါးလေး
    ဟိုနေ့ဖတ်လိုက်ရတယ်။
    သတိရသွားတာပါ
    ဆိုင်တော့ မဆိုင်ဘူး
    🙂

  • ကေဇီ

    May 3, 2014 at 7:40 am

    ကဘာ ပြားပြား
    ကဘာ လုံးလုံး
    ကဘာ က ဟမ်ဘာဂါ ပုံပဲဖြစ်ဖြစ်
    ဘာမှ မငြင်းချင်ဘူးးး
    သများ ရဲ့ ထမင်း ၃ နပ်မှန်ဖို့ အရေးကြီးတယ်။
    ဟိ။ :mrgreenn:

  • kyeemite

    May 3, 2014 at 8:36 am

    လုံး …လုံးတယ်လို့မှတ်ပါတယ်
    ပြား…ပြားတယ်လို့မှတ်ပါတယ် ဟိ။ :mrgreenn:

  • ko six

    May 3, 2014 at 11:34 am

    အင်​း
    နှစ်​ဖက်​ချွန်​ဖြစ်​မလာရင်​ပြီးတာပါပဲ
    ဖြစ်​လာခဲ့ရင်​သာ

  • လုံး သ လား

    ပြား သ လား

    အုံး မ စား တော့ ပ ါဘူး

    ဘုန်း က နဲ

    ဘိုင်း က နဲ

    ပစ် မ လဲ ရင ်တော် ပါ ဘီ

  • TNA

    May 3, 2014 at 3:23 pm

    ငယ်ငယ်က ကဘာကြီးလုံးတယ်ဆိုတာ ဘယ်လိုမှနားမလည်ခဲ့ဘူး။ ကဘာကြီးသာလုံးနေရင် ငါတို့ဘယ်လိုမတ်တပ်ရပ်မှာလဲလို့တွေးခဲ့ဖူးပါတယ်။ ကိုယ်မြင်ဖူးတဲ့အလုံးက ဘောလုံးပဲမြင်ဖူးတာကို :mrgreen:

Leave a Reply