ချစ်​ခြင်​းဖွဲ့ သစ်​ပင်​

IrisMay 4, 20141min22812

သတိမရချင်​ဘူး..
မင်​းမျက်​ဝန်​းနဲ့ဆုံခိုက်​..အရာရာ​မေ့​မေ့​လျော့​လျော့
 ​ပေါ့​ပေါ့ပါးပါး ငါပြံ ုးတတ်​ခဲ့​ပေါ့။
မလွမ်​းချင်​ဘူးကွယ်​..
အမှားအယွင်​း​တွေ အလွဲလွဲအ​ချော်​​ချော်​နဲ့
သံစဉ်​ပျက်​ တာဝန်​​တွေအကြား
အနားမှာ အမြဲ ရှိ​နေခဲ့တဲ့ အရိပ်​တစ်​ခု။
တကယ်​ဆိုရင်​..
ငါ ဟာ မင်​းရဲ့ လမ်​းညွန်​သူဆို​ပေမဲ့
လမ်​းမှန်​​ပေါ်​ အ​ရောက်​ ထိမ်​း​ကျောင်​း​ပေးတဲ့
မင်​း ဟာ ငါ့ ရဲ့ ပဲ့ကိုင်​ရှင်​။
မွမ်​းကြပ်​တဲ့ တာဝန်​​​တွေ အကြား
အမှတ်​တမဲ့ ငါ ငြီးတွားမိ​လေတိုင်​း
ငါ့ အရိပ်အလား ​အတိအကျ ရပ်​​ပေးခဲ့သူ။
မျက်​ဝန်​းစူးစူး တွေ က ဆွဲ​ဆောင်​အားပြင်​းတာလား..
အပြုံးတစ်​စ က ရင်​ကို ​ဖောက်​ထွင်​းခဲ့တာလား…
ရိုးသား ရင်​့ကျက်​မှု ကို စွဲလန်း​​တာလား..
ဂရုတစိုက်​ ​ရှိမှု​တွေ​ကြောင်​့ ကြည်​နူးခဲ့တာလား..
​သေချာတာက​တော့..
မင်​း ဟာ ငါ့ အတွက်​
ဘုရားသခင်​ ပို့​ပေးလိုက်​တဲ့ ကံ​ကောင်​းခြင်​းဆုလာဒ်​။
မင်​း…..
ရည်​မှန်​းချက်​ တစ်​ခုအတွက်​….
​ပြေးထွက်​သွားတာ မဟုတ်​​ပေမဲ့..
အဲ့ဒီ​နေ့ရက်​…
​မြန်​မြန်​​ရောက်​မှာ စိုး​ကြောက်​မိ​နေတယ်။
တကယ်​​တော့ မင်​း ဟာ
ငါ့ နှလုံးသား ကို ​ခြေကုပ်​
တရိပ်​ရိပ်​ကြီးထွားလာ​နေတဲ့
ငါ့ရင်​ဘတ် ​ထဲ က သစ်​ပင်​။

12 comments

  • ကေဇီ

    May 4, 2014 at 8:52 am

    “”တကယ်​​တော့ မင်​း ဟာ
    ငါ့ နှလုံးသား ကို ​ခြေကုပ်​
    တရိပ်​ရိပ်​ကြီးထွားလာ​နေတဲ့
    ငါ့ရင်​ဘတ် ​ထဲ က သစ်​ပင်​””

    အဲဒီ သစ်ပင်ကို အချစ်ရေတွေနဲ့နေ့စဉ်လောင်းပြီး အလွမ်းမြေဩဇာကျွေးနေမိသေးလားဟမ်?

    🙂

  • Iris

    May 4, 2014 at 9:00 am

    ဟဟ..ဟုတ်​ပ ​ကေဇီ..
    ညက အိပ်​မ​ပျော်​လို့ ​လျှောက်​​​ရေးထားတာ..:-(

  • ROssI

    May 4, 2014 at 11:52 am

    စည်ပင်က ဓါတ်ကြိုးနဲ့ မလွတ်လို့ လာခုတ်နေအုံးမယ်ဂျီးတော် ..ဂရုစိုက်ပါ…

    😛

  • Iris

    May 4, 2014 at 12:10 pm

    ဟဟ. ​မြေ​အောက်​ လိုင်​း​တွေ သွယ်​ဖို့ စည်​ပင်​ကို အကြံပြုလိုက်​မယ်​။ သဘာဝ ပတ်​ဝန်​းကျင်​ကို ချစ်​တတ်​စမ်​းပါ။

    • ROssI

      May 4, 2014 at 12:29 pm

      ပီးမှ ခုတ်ပီး စိနပြည်ကို အီလုံးလိုက် အီလုံးလိုက် အိတ်စပို့မယ်ဒဲ့ …

  • Iris

    May 4, 2014 at 1:48 pm

    ​ကျေးဇူး ပါ ဆရာ ​အောင်​ရဲလင်​း​ ​ခေါ် အလင်​းဆက်​​ရေ။
    ရင်​ထဲက အံထွက်​လာတဲ့ စကားလုံး​တွေ။ ဟဲဟဲ..

  • Mr. MarGa

    May 6, 2014 at 9:28 am

    မင်း ဟာ ငါ့အတွက်
    ဘုရားသခင် ပို့ပေးလိုက်တဲ့ ကံကောင်းခြင်းဆုလာဘ်
    ငါကတော့ မင်းအတွက်
    စေတန်က လွှတ်လိုက်တဲ့ အဖျက်သမားးး :mrgreenn:

  • sorrow

    May 6, 2014 at 10:02 am

    သစ်ပင်စိုက်မယ့်အစား ပါးပေါ်ကချိုင့်နှစ်ချိုင့် အရင်ဖို့ပါ…အဟိဟိ

  • Iris

    May 6, 2014 at 1:05 pm

    အဲ့ဒါ သစ်​ပင်​စိုက်​မလို့ တွင်​းတူးထားတာပါ။ 😛

    • ROssI

      May 6, 2014 at 1:56 pm

      ဘယ်သူ ဘယ်အချိန် နောက်ချေး သဘာဝမြေဩဇာလေး လာဖြည့်မယ် ဆိုတာ ..
      စိုးတယ်.. စိုးမိတယ်.. စိုးရိမ်မိဒေါ့ဒယ်..
      ဟိဟိဟ …

  • Iris

    May 6, 2014 at 1:16 pm

    ငါ ဟာ မင်​းအတွက်​ ဗီးနပ်​စ်​ရဲ့ လက်​နှစ်​ဘက်​..:-P

Leave a Reply