ငရဲကြီးသလော၊ မကြီးသလော

Dr. Yi (ေဆး ၁)May 4, 20141min60281

ဘဝတစ်ခုဖြစ်လာရာတွင် ပဋိသန္ဓေအခါ၊ ပဝတိ္တအခါဟူ၍ဖြစ်ရာ နှစ်မျိုးရှိသည်။ ပဋိသန္ဓေစိတ်၊စေတသိက် နှင့် ကမ္မဇရုပ်တို့ဦးစွာဖြစ်သည့် ဥပါဒ်ခဏသည် ပဋိသန္ဓေအခါ မည်၏။

ဥပါဒ်ခဏမှ နောက် ဌီခဏမှ စ၍ စုတိစိတ်၏ ဌီခဏအထိ (အမိဝမ်းထဲ၌ ကိန်းအောင်းဆဲပင်ဖြစ်စေကာမူ) ပဝတိ္တအခါ မည်၏။

အကုသိုလ်ကံကို ကာယကံဖြစ်စေ၊ ဝစီကံဖြစ်စေ၊ မနောကံဖြစ်စေ ကံတစ်ခုခုအနေဖြင့် ပြုလုပ်ကျူးလွန်မိသောအခါ၊

ပြုလုပ်သည့်အတိုင်းအတာ အလိုက် ပဋိသန္ဓေအကျိုးပေး သို့မဟုတ် ပဝတိ္တအကျိုးပေးကိုရ၏။

အကုသိုလ်ကမ္မပထမြောက်လျှင် ပဋိသန္ဓေ အကျိုးကိုပေးကာ၊

ကမ္မပထမမြောက်လျှင်၊ အကုသိုလ်ဒုစရိုက်ဖြစ်ရုံသာဖြစ်လျှင် ပဝတိ္တအကျိုးကိုပေး၏။

 

အကုသိုလ်ကမ္မပထမြောက်သည် ဆိုသည့် အဓိပ္ပါယ်မှာ အကုသိုလ်ကံတစ်ခုခုကို ပြုလုပ်လိုက်သည့်အခါ၊ ဒုဂ္ဂတိဘုံသို့ ဧကန်အမှန်ရောက်သွားအောင် ပြုလုပ်ပြီးမြောက်သွားခြင်းကို ဆိုလိုသည်။

ထိုသို့ကမ္မပထမြောက် သွားလျှင် ပဋိသန္ဓေအကျိုးပေးအနေဖြင့် အပါယ်(၄)ဘုံထဲမှ တစ်ဘုံဘုံသို့ ရောက်သွားမှာဖြစ်၏။

အပါယ်(၄)ဘုံမှ ငရဲ၊ တိရစာ္ဆန်၊ ပြိတ္တာ၊ အသူရကာယ်တို့ဖြစ်ကြ၏။ လူ့ဘဝတွင် အကုသိုလ်ကမ္မပထ မြောက်အောင် ပြုလုပ်ခဲ့မိသော အကုသိုလ်ကံ အကျိုးပေးကြောင့် ဥပပါတ်ပဋိသန္ဓေဖြင့် ငရဲဘုံသို့ရောက်သွား ၏။

( ဥပပါတ်ပဋိသန္ဓေဆိုသည်မှာ အရွယ်ရောက်ပြီးသောကိုယ်ဖြင့် ဘွားခနဲအထင်အရှားဖြစ်ခြင်းကို ဆိုလိုပါသည်။)

ထို့ကြောင့် အကုသိုလ်ဒုစရိုက်တစ်ခုကို ပြုလုပ်မိပြီဆိုလျှင် ငရဲကြီးသလော၊ မကြီးသလောဆိုသည်မှာ အရေးကြီးပြီး၊ သိဘို့လိုလာပြီဖြစ်၏။

ငရဲကြီးသလောဆိုသည်မှာ ပဋိသန္ဓေအကျိုးဖြစ်သော ငရဲဘုံသို့ ရောက်မည် လား၊

မကြီးသလောဆိုသည်မှာ ငရဲဘုံသို့မရောက်ပဲ ပဝတိ္တအကျိုးတွေကိုပဲ ခံစားရမည်လားဆိုသည့် အဓိပ္ပါယ်ပင် ဖြစ်၏။

ငရဲသည် ချမ်းသာသုခကင်းဝေးသော နေရာဖြစ်၏။ ငရဲဆိုသည့်စကားလုံးမှာ နိရယမှတဆင့် ပြောင်းလဲ လာခြင်းဖြစ်၏။ နိရယ = နိ + အယ။ နိ = နိဂ္ဂတ = ထွက်မြောက်၊ အယ = ချမ်းသာသုခ။ အယမည်သော ချမ်းသာသုခမှထွက်မြောက်တတ်သောကြောင့် နိရယမည်၏။ နိရယမှတဆင့် နိရဲ..နရဲ.. ငရဲ ဟုအဆင့်ဆင့် ပြောင်းလဲလာသည်။

ငရဲဘုံသည် အပါယ်(၄)ပါးတွင် တစ်ပါးအနေဖြင့် ပါဝင်၏။ ဒုဂ္ဂတိဘုံဖြစ်၏။ အကုသိုလ်အကြောင်း ကံပေါ်မူတည်၍ ဖြစ်ပေါ်လာသော အကျိုးပေးကြောင့် ငရဲဘုံသို့ ရောက်ရ၏။ ငရဲကြီးရှစ်ထပ်ရှိ၏။

(၁) သိဉ္စိုဝ်း (၂) ကာလသုတ် (၃) သင်္ဃာတ (၄) ရောရုဝ (၅) မဟာရောရုဝ (၆) တာပန (၇) မဟာတာပန (၈) အဝီစိ တို့ဖြစ်ကြ၏။

ဤငရဲကြီးရှစ်ထပ်တို့သည် ဤကမ္ဘာမြေပြင်၏အောက်၌ ယူဇနာပေါင်း (၁၅၀၀၀)ဝေးသော အရပ်မှစ၍ ယူဇနာ (၁၅၀၀၀)စီကွာခြားလျက် အထက်အောက်တည်နေကြ၏။ ငရဲကြီးတစ်ထပ်စီသည် အလျား အနံ ယူဇနာတစ်သောင်းစီကျယ်ဝန်း၏။ တစ်မျက်နှာ၊ တစ်မျက်နှာ၌ ဘင်ပုပ်ငရဲ၊ ပြာပူငရဲ၊ လက်ပံတောငရဲ၊ ကြိမ်ပိုက်ချောင်းငရဲဟူ၍ ငရဲငယ်လေးထပ်ရှိရာ၊ လေးမျက်နှာအတွက် ငရဲငယ်(၁၆)ထပ်ရှိ၏။ ထို့ကြောင့် ငရဲကြီး ရှစ်ထပ်တွင် ငရဲငယ်ပေါင်း (၁၆ x ၈ = ၁၂၈)ထပ်ရှိသည်။

ချမ်းသာသုခကင်းဝေးသော ငရဲဘုံသို့ရောက်ရသည်မှာ အကုသိုလ်ဒုစရိုက်ကို ကမ္မပထမြောက်အောင်  ပြုလုပ်မိသည့်အကြောင်းကြောင့် ရရှိသည့်အကုသိုလ်ကံ အကျိုးပင်ဖြစ်၏။

အကုသိုလ်ဒုစရိုက်(၁၀)ပါးကို သဘောတူ၊ ကိစ္စတူ၊လက္ခဏာဟာရနည်းဖြင့် အကျဉ်းချုံ့၍ပေါင်းရုံးသော် ကံငါးပါးသာရှိ၏။ ဗျာပါဒကို ပါဏာတိပါတကံ၌လည်းကောင်း၊ အဘိဇ္ဈာကို အဒိန္နာဒါနကံ၌လည်းကောင်း၊ ပိသုဏဝါစာ၊ ဖရုသဝါစာနှင့် သမ္ဖာပ္ပလာပတည်းဟူသော ကံ(၃)ပါးကို မုသာဝါဒကံ၌လည်းကောင်း အသီးသီး ထည့်သွင်း၍ ရေတွက်ခြင်းဖြစ်၏။ ထိုအခါ (၁) ပါဏာတိပါတကံ (၂) အဒိန္နာဒါနကံ (၃) ကာမေသုမိစာ္ဆစာရကံ (၄) မုသာဝါဒကံ (၅) မိစာ္ဆဒိဋ္ဌိကံဟူ၍ ကံငါးပါးကိုသာ ရပါသည်။

ပေါင်းရုံးသည့်နည်းတွင် ဗျာပါဒကံကို ပါဏာတိပါတကံတွင် ထည့်သွင်းရခြင်းမှာ သူတစ်ပါးတို့၏ အသက်စည်းစိမ် သေကျေပျက်စီးရန်ကြံစည်ခြင်း ဟူသောဗျာပါဒသည် သူတစ်ပါး၏အသက်ကိုသတ်ဖြတ်ခြင်း ဟူသည့် ပါဏာတိပါတကံတွက် အကျုံးဝင်၏။ သူတစ်ပါး၏စည်းစိမ်ဥစ္စာကို မိမိ၏စည်းစိမ်ဥစ္စာအဖြစ်သို့ရောက်ရန် ကြံစည်ခြင်းဟူသည့် အဘိဇ္ဈာကံသည် သူတစ်ပါး၏ဥစ္စာကို ခိုးယူလုယက်တိုက်ခိုက်ခြင်းဟူသော အဒိန္နာဒါနကံ တွင် အကျုံးဝင်၏။ ချစ်ခင်ညီညွတ်နေကြသူတို့အား စိတ်ဝမ်းကွဲပြားအောင် ကုန်းတိုက်ပြောဆိုခြင်းဟူသည့် ပိသုဏဝါစာသည် မဟုတ်မမှန်သောမုသားစကားပင်ဖြစ်၏။ ဖရုသဝါစာဟူသည့် ကြမ်းကြုတ်စွာဆဲရေးတိုင်းထွာသည့် စကားများကို စိစစ်လျှင် မဟုတ်မမှန်သော မုသားစကားများဖြစ်ကြောင်း တွေ့ရမည်ဖြစ်၏။ သမ္ဖပ္ပလာပဟူသည် သူတစ်ပါး၏ ဂုဏ်သိက္ခာကိုထိခိုက်စေမည့် အတင်းအဖျင်းစကားများနှင့် ကောလဟာလသတင်းစကားများကို ပြောဆိုခြင်းသည် မဟုတ်မမှန်သော မုသားစကားပင်ဖြစ်၏။ ထို့ကြောင့် ပိသုဏဝါစာ၊ ဖရုသဝါစာ၊ သမ္ဖပ္ပလာပ တို့သည် မုသာဝါဒကံတွင် အားလုံးအကျုံးဝင်၏။

သုရာပါနဟူသော မေ့လျော့မူးယစ်စေတတ်သော သေရည်အရက်၊ ဘိန်းကင်းကဇော်၊ လှော်စာ၊ ဆေးခြောက်၊ မူးယစ်ဆေးဝါးစသည်တို့ကို သောက်စားခြင်းသည် ရသာရုံဟုဆိုအပ်သော ကာမတို့၌ မူးယစ် လွန်ကျူးသော အကျင့်ဖြစ်သောကြောင့် ကာမေသုမိစာ္ဆစာရနှင့်သဘောတူသောကြောင့်လည်းကောင်း၊ ပါဏာတိပါတစသော ကံ(၄)ပါး၏အကြောင်းဖြစ်သောကြောင့်လည်းကောင်း ကာမေသုမိစာ္ဆစာရ၌သာ ပေါင်း၍ ဆိုအပ်၏။ သို့ဖြစ်၍ အကုသိုလ်စရိုက်(၁၀)ပါးတွင် သုရာပါနကို ဖော်ပြမထားခြင်းဖြစ်၏။ မေ့လျော့မူးယစ်နေသော သူသည် အကောင်းအဆိုးအမှန်အမှားကို မခွဲခြားမဆုံးဖြတ်နိုင်တော့သည့်အတွက် အကုသိုလ်အမှုများကို ပြုလုပ်ရန် ဝန်မလေးတော့ပေ။ ဘုရား၊ တရား၊ သံဃာ ရတနာ(၃)ပါးနှင့် ကံ၊ ကံ၏အကျိုးကို မယုံကြည်ပဲ ဖောက်ပြန်သော အမြင်ဖြင့် ရှုတတ်မြင်တတ်ကာ၊ အကုသိုလ်ကံကိုပြုလုပ်ခြင်းဖြစ်သဖြင့် မိစာ္ဆဒိဋ္ဌိကံအဖြစ် အကျုံးဝင်သွား၏။

အကုသိုလ်ကမ္မပထမြောက်ခြင်း၊ မမြောက်ခြင်း၊ အရပ်စကားနှင့်ပြောမည်ဆိုလျှင် ငရဲကြီးခြင်း၊ မကြီးခြင်း တို့ကို ရှင်းပြပါမည်။ ပထမဦးစွာ ပါဏာတိပါတကံမြောက်၊ မမြောက်ကို လေ့လာပါအံ့။

(က)    အိမ်ရှိအမှိုက်များကို တံမြက်လှည်းရှင်းလင်းရာတွင် ပုရွက်ဆိတ်၊ ပိုးဟပ်၊ ခါချဉ်ကောင်၊ ယင်ကောင်၊ ခြင်ကောင်၊ ခြများစသည်တို့ သေသွားရခြင်း သည် အကုသိုလ်ကမ္မပထမမြောက်ပါ။ ပါဏာတိပါတကံ မမြောက်ပါ။ အဘယ်ကြောင့်ဟူမူ

ပါဏာတိပါတကံ အထမြောက်ရန်မှာ အင်္ဂါငါးချက်ရှိသည်။ ယင်းတို့မှာ-

(၁) သတ္တဝါတစ်ကောင်ကောင်ဖြစ်ခြင်း၊

(၂) သတ္တဝါဟူသောအမှတ်သညာရှိခြင်း၊

(၃) သေစေလိုသော စိတ်စေတနာရှိခြင်း၊

(၄) သတ်ရန်လုံ့လပြုလုပ်အားထုတ်ခြင်း၊

(၅) သေသွားခြင်း (ခုဒ္ဒက ။ ဌ ။ ၂၂)တို့ ဖြစ်ပေသည်။

တံမြက်လှည်းခြင်းလုံ့လပယောဂကြောင့် ပုရွက်ဆိတ်များစသည့် သတ္တဝါများ သေကျေပျက်စီးစေကာမူ   သတ်လိုသော စေတနာမရှိ၍ ကမ္မပထမမြောက်ပါ။ ထို့ကြောင့် ငရဲမကြီးပါ။ ဆိုလိုသည်မှာ ငရဲဘုံသို့ မကျရောက် နိုင်ပါ။

(ခ)     လမ်းသွားရင်းအမှတ်တမဲ့ တက်နင်းမိ၍ ပိုးမွှားများသေသွားခြင်း သည်လည်း အကုသိုလ် ကမ္မပထမ မမြောက်ပါ။ မြတ်စွာဘုရားရှင်လက်ထက်တော်တွင် စက္ခုပါလအမည်ရှိသော ရဟန္တာမထေရ်ကြီး တစ်ပါးသည် မျက်စိကွယ်နေသည့်အတွက် နံနက်စင်္ကြံလျှောက်သည့်အခါ ပိုးမွှားများကိုနင်းမိ၍ ပိုးမွှားများ သေခဲ့ကြသည်။ ဘုရားရှင်က `စက္ခုပါလရဟန်းတော်မှာ သေစေလိုသောစိတ်စေတနာမရှိသည့်အတွက် အပြစ်မရှိကြောင်း´ မိန့်တော်မူခဲ့ပါသည်။

(ဂ)     ထို့အတူ မိမိတို့နေ့စဉ်သွားတိုက်ရာ၌ဖြစ်စေ၊ အစားအသောက်များ ချက်ပြုတ်ရာ၌ဖြစ်စေ၊ ပိုးမွှားလေးများ သေဆုံးရခြင်း သည်လည်း ငရဲမကြီးပါ။ အဘယ်ကြောင့်ဆိုသော် `ချက်ပြုတ်ဖွယ်ရာပစ္စည်းများ၌ လည်းကောင်း၊ မိမိတို့၏သွားကြိုသွားကြားများ၌လည်းကောင်း ပိုးမွှားလေးများရှိကြသည်´ဟု သိပ္ပံပညာရှင်များ၊ ဆရာဝန်များ၏ ပြောစကားအရ ကြားဖူးနားဝရှိကြသော်လည်း၊ မိမိတို့၏မျက်စိဖြင့် မသိမမြင်နိုင်ပါ။ ထို့ကြောင့် ဖော်ပြခဲ့ပြီးပါ အချက်ငါးချက်အနက် (၁)နှင့်(၂)တို့အရ သံသယမရှိထိုက်ပါ။ သို့ပါ၍ငရဲမကြီးပါ။

(ဃ)    ဆရာဝန်က ပိုးသတ်ဆေးပေးကာ လူနာ၏ခန္ဓာကိုယ်ထဲမှာ ရောက်ရှိနေသော ဘက်တီးရီးယား သို့မဟုတ် ကပ်ပါးပိုးများကိုသေစေခြင်း သည် ပါဏာတိပါတကံမမြောက်ပါ။ ပါဏာတိပါတကံမမြောက်ကြောင်း၊ အပါယ်သို့မရောက်နိုင်သဖြင့် ငရဲမကြီးကြောင်းကို သံဖြူဇရပ်မြို့သုခကာရီရိပ်သာ(၃)ဘဒ္ဒနွအရှင်ဝဏိ္ဏတ ရေးသားတော်မူသော ကျင့်သုံးဖွယ်ရာ ဆုံးမစာများ(၁)  နှင့် ကျေးဇူးတော်ရှင်မဟာစည်ဆရာတော်ဘုရားကြီး ဖြေကြားတော်မူသော ဘဝပြဿနာကျမ်းစာအုပ် ထဲမှ ကောက်နုတ်ညွှန်ပြပေးပါမည်။

          ၁။       သက်ရှိသတ္တဝါတို့၏ ပဋိသန္ဓေလေးမျိုးတွင် ဘက်တီးရီးယားတို့၏ မျိုးပွားပုံများ မရှိပါ။

၂။       ဘက်တီးရီးယားစသည်တို့၏ မျိုးပွားနည်းဖြစ်သော တစ်ကောင်မှနှစ်ကောင်ခွဲထုတ်၊ နှစ်ကောင်မှ လေးကောင်ခွဲထုတ် (Binary Fission) မျိုးပွားခြင်းသည် အကိုင်းများကိုဖြတ်၍ခွဲစိုက်လျှင် အပင်အသီးသီး ဖြစ်နိုင်သော သစ်ပင်များကဲ့သို့လည်းကောင်း၊ ခွဲတိုင်းလည်းရ၊ သေလည်းမသေသော ပြဒါးရုပ်၊ ရေရုပ်များကဲ့သို့ လည်းကောင်း၊ ရုပ်အထူးများ၏ အစွမ်းသတိ္တဖြစ်၏။

၃။       ကာမဘုံမှသတ္တဝါများမှာ စိတ်ဝိဉာဉ်သည် ပဓာနအင်္ဂါဖြစ်၏။ ၎င်းင်းစိတ်ဝိဉာဉ်မှာ သာမန်သတ္တဝါ များတွင် တစ်ကိုယ်မှနှစ်ကိုယ် ခွဲမထွက်နိုင်။

၄။       ဘဝတစ်ခုခုတွင် အကုသိုလ်ကံတစ်ခုခုကို ပြုလုပ်ခဲ့ကြ၍ ရောဂါပိုးများဖြစ်လာကြသည်မဟုတ်။ (ကမ္မဇရုပ်များမဟုတ်)ရောဂါစွဲမည့် ပုဂိ္ဂုလ်၏ အကုသိုလ်ကံအကြောင်းအားလျော်စွာ ဥတုကြောင့်ဖြစ်ပေါ်လာသော ကမ္မဇပစ္စယဥတုဇရုပ်များဟူ၍သာသိအပ်။

၅။       ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ ပရိုတိုဇွာတို့သည် ဥတုဇရုပ်ထူးမျိုးများဖြစ်သောကြောင့် သက်ရှိ သတ္တဝါ(ပါဏ)ဟု မဆိုအပ်ပေ။

၆။       ၎င်းင်းတို့ကို သေကြေပျက်စီးစေခြင်းဖြင့် ပါဏာတိပါတကံမထိုက်။

 

အထက်ပါအချက်(၆)ချက်ကို မှတ်သားခြင်းဖြင့် ဆရာဝန်များ၊ ဆေးဝန်ထမ်းများသည် ပိုးသတ်ဆေးဝါးများ ပေးခြင်းဖြင့် ပါဏာတိပါတကံမမြောက်ပါ။ အကုသိုလ်ကမ္မပထ မမြောက်ပါ။ သို့ဖြစ်၍ ငရဲမကြီးပါ။

 

(င)     သေပြီးသားဖြစ်သော သားငါးပုဇွန်ဂဏန်းစသည့် အသေကောင်များအား စားခြင်း ကို တချို့က `သတ်သူရှိလို့စားတယ်၊ စားသူရှိလို့သတ်တယ်၊ သတ်သူနဲ့စားသူအတူတူပဲ´ဟု ပြောတတ်ကြ၏။

သူတစ်ပါး အသက်ကိုသတ်မူ (ပါဏာတိပါတကံ)နှင့်ပတ်သက်၍ ကိုယ်တိုင်၊တိုက်တွန်း၊ ချီးမွမ်း၊ စိတ်တူ ဆိုသည့် အကြောင်း ခြင်းရာ လေးချက်တွင် တစ်ချက်ချက်နှင့်ငြိစွန်းမှ ဒုစရိုက်မကောင်းမှုဖြစ်သည်။ အသက်မွေးဝမ်းကျောင်းအတွက် သတ်ဖြတ်၍ ရောင်းချသော သားငါးကိုဝယ်စားသူတွေသည် ကိုယ်တိုင်သတ်ခြင်း၊ သတ်ရန်သူတစ်ပါးကို တိုက်တွန်းခြင်း၊ သတ်ခိုင်းခြင်း၊ သူတစ်ပါး၏သားငါးသတ်နေတာကို ချီးမွမ်းခြင်း၊ သူတစ်ပါး၏ သားငါးသတ်နေမှုကို စိတ်သဘောတူခြင်း (သဘောကျခြင်း)။ အင်္ဂုတ္တရနိကာယ်၊ ဒသကနိပါတ်သာမညတိ (အံ၊၃၊၅၀၉၊ ယင်းမြန်မာပြန်၊ ၄၉၉။)။ ဤလေးချက်တွင် မည်သည့်အချက်နှင့်မျှ ငြိစွန်းနေခြင်းမရှိသောကြောင့် ပါဏာတိပါတကံမထိုက်ပါ။ ငရဲမကြီးပါ။

သို့သော် ဟိုတယ်များတွင် အရှင်ပြထားသော ငုံး၊ မြွေ၊ ငါး၊ ဂဏန်း၊လိပ်၊ မျောက်စသောသတ္တဝါများကို စားချင်ရာ လက်ညှိုးထိုးပြလိုက်သည်နှင့် ထိုသတ္တဝါကို ချက်ချင်းသတ်ကာ ချက်၊ ပြုတ်၊ ကြော်၊ လှော် ပေးကြသည်။ ထိုအခါ ပါဏာတိပါတကံမြောက်သွားပြီးလျှင် အကုသိုလ်ကမ္မပထမြောက်သဖြင့် ငရဲဘုံသို့ ဧကန် အမှန်ရောက်မည်ဖြစ်သောကြောင့် ငရဲကြီးပါသည်။

(စ)     ဗုဒ္ဓမြတ်စွာဘုရားက သန္ဓေသားကို ဖျက်ချမှုအား လူသတ်မှုဟုသတ်မှတ်ထားသောကြောင့် သန္ဓေသားပျက်စီးကျသွားလျှင်၊ ဖျက်ခိုင်းသူ မိခင်လောင်းရော၊ ဖျက်ချပေးသူရော ပါဏာတိပါတကံထိုက်ပါသည်။ ပါဏာတိပါတကံသည် များသောအားဖြင့် ကာယကံဖြင့်ပြုလုပ်ကြသော်လည်း၊ ဝစီကံဖြင့်စေခိုင်း၍လည်း ရ၏။ ထို့ကြောင့် ရှင်ဘုရင် သို့မဟုတ် တရားစီရင်ချက်ချသူတို့သည် ဤရာဇဝတ်သားကို မနိုးသောအိပ်ခြင်းဖြင့် အိပ်ပါစေဟု ချိုသာစွာပြောသော်လည်း သေစေလို၍သတ်ခိုင်းခြင်းဖြစ်သောကြောင့် ပါဏာတိပါတကံမြောက်၏ ဟု အဘိဓမ္မာတရားတော်တွင် ပြဆိုထားပါသည်။ ထို့အတူ သန္ဓေသားကို လွယ်ထားသော မိခင်လောင်းသည် ကိုယ်တိုင်ဖျက်ခြင်းမဟုတ်သော်လည်း ဝစီကံဖြင့် သူတစ်ပါးအား ဖျက်ခိုင်းခြင်းဖြစ်၍ ပါဏာတိပါတကံ မြောက်သွားခြင်းဖြစ်၏။ထို့ကြောင့် ကလေးဖျက်ခြင်းသည် ငရဲကြီးပါသည်။

(ဆ)    တိုက်ပွဲတွင် ဒဏ်ရာအပြင်းအထန်ရကာ ဝေဒနာခံစားနေရပြီး သတိရတစ်ချက် လစ်တစ်ချက် ဖြစ်ကာ၊ သေမှာဧကန်ဖြစ်နေသူကို သေမှာသေချာနေပြီပဲ၊ ဝေဒနာကို မချိမဆန့်ခံစားနေရတာကို မကြည့်ရက် ဟုဆိုကာ သေနတ်နှင့်ပစ်သတ်လိုက်ခြင်း၊ ရောဂါဝေဒနာအပြင်းအထန်ခံစားနေရကာ အသက်ထွက်ရန် ခက်ခဲနေသောလူနာအား မကြည့်ရက်ဟုဆိုပြီး ဆေးထိုးသတ်လိုက်ခြင်း (Euthanasia)တို့သည် အပေါ်ယံကြည့်လျှင် ကရုဏာစိတ် နှင့် လုပ်ပေးလိုက်တာဟု ထင်စရာဖြစ်၏။ အမှန်ကား ထိုသူတို့အား သတ်လိုက်သည့်အချိန်တွင် သနားစိတ်ခေတ္တ ပျောက်သွားပြီး မြန်မြန်သေစေလိုသော သိမ်မွေ့လှသည့်ဒေါသစိတ်က ကာယကံရှင် သတိမထားလိုက်မိသော အချိန်မှာပင် ဖြစ်သွား၏။ ထို့ကြောင့် ငရဲကြီး၏။

ပါဏာတိပါတကံမမြောက်၊ အကုသိုလ်ကမ္မပထမ မမြောက်၍ ငရဲမကြီးဟု ဆိုသော်လည်း အကုသိုလ် ဒုစရိုက်ကို ပြုလုပ်သည့်အတွက် ပဝတိ္တအခါ၌ ဆိုးကျိုးများကို ခံစားရပေမည်။

သူ့အသက်ကိုသတ်သူများသည် ဖြစ်ရာဘဝတွင် မိခင်ဝမ်းတွင်းကတည်းက ကိုယ်လက်အင်္ဂါမပြည့်မစုံ ဖြစ်လာတတ်သည်။

ရုပ်ရည်မှာ ကြည့်မရ လောက်အောင် မွဲပြာနေတတ်သည်။

အားအင်ခြောက်ခမ်းပြီး ချိနဲ့နေတတ်သည်။

လျင်မြန်ဖြတ်လတ်မှုမရှိဘဲ လေးလံထိုင်းမှိုင်းနေတတ်သည်။

အမြဲတမ်းကြောက်ရွံ့တုန်ခိုက်နေရတတ်သည်။

သူတစ်ပါးအသတ်ကို ခံရသည်။

သူတစ်ပါးက လာမသတ်လျှင် မိမိကိုယ်ကို မိမိပြန်သတ်ရသည်။ အဆိပ်သောက်သေသူများ၊ ရေထဲခုန်ချ သေသူများ၊ ရထားအကြိတ်ခံသေသူများသည် ပါဏာတိပါတကံပါလာသူများဖြစ်ကြ၏။

အနာရောဂါများခြင်း၊ အခြွေအရံပျက်ခြင်း၊ အသက်တိုခြင်းတို့သည်လည်း ပါဏာတိပါတကံ၏ ဆိုးကျိုးများဖြစ်၏။

သူ့အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်မည်ဆိုလျှင် ငရဲဘုံသို့လည်းမရောက်ပဲ၊

ဖြစ်ရာဘဝကိုယ်လက် အင်္ဂါပြည့်စုံစွာဖြစ်ရခြင်း၊

ရုပ်ရည်ချောမောလှပ ကျက်သရေရှိခြင်း၊

ခွန်အားဗလကြီးခြင်း၊

လျင်မြန်ဖြတ်လတ်ခြင်း၊

ရဲရဲရင့်ရင့် တုန်လှုပ်မှုကင်းစွာနေနိုင်ခြင်း၊

မိမိအား သူတစ်ပါးက မလုပ်ကြံနိုင်ခြင်း၊

မိမိကိုယ်ကိုမိမိ သေကြောင်း မကြံခြင်း၊

အနာရောဂါကင်းခြင်း၊

အခြွေအရံများခြင်း၊

အသက်ရှည်ခြင်း ဟူသောကောင်းကျိုးများကို ရရှိမည် ဖြစ်၏။

          ထို့ကြောင့် ငရဲကြီးသလော၊ မကြီးသလောဟု စဉ်းစားတွေးတော မနေရအောင်၊ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ (သူတစ်ပါး၏အသက်သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏)ဟူသော သီလသိက္ခာပုဒ်ကို မြဲမြံစွာ စောင့်ထိန်းရမည်ဖြစ်ပါသတည်း။

81 comments

  • ကျ နော် ကေ တာ့ င ရဲ ကြီး သည် မ ကြီး သည် ဆို သည့် အချက် ထက်

    သက် ရှိ အခြင်း ခြင်း ညှာ တာ ထောက် ထား ခြင်း ကြောင့်

    နာ ကျင် အောင် မလုပ်

    သူ့ အသက် မသတ် ဆို သည်ကို ပို သ ဘော ကျ ပ ါသည်

  • alinsett (gazette)

    May 5, 2014 at 8:43 am

    ပထမဆုံးပိုစ့်နဲ့တင် အားရကျေနပ်လောက်တဲ့ စာကို ဖတ်လိုက်ရတယ်

    နောက်ထပ် ရေးလာမှာတွေကိုလည်း
    စောင့်မျှော်ဖတ်ရှုနေပါ့မယ်ခင်ဗျ။
    ——-

    ပိုစ့်ရဲ့ သဘောကို မှတ်ချက်ပြုရင်တော့
    လေးပေါက်နောက်က လိုက်ပါတယ်

    🙂

  • ကေဇီ

    May 5, 2014 at 9:14 am

    တဂျီး လာသေးဘူးလားးး
    ငိငိငိ။
    😀

    • Wow

      May 5, 2014 at 9:37 am

      မိန်းမ ခိုင်းတာလုပ်နေရသေးဒယ်တဲ့ အားသေးဝူး :mrgreen:

      • Crystalline

        May 5, 2014 at 12:22 pm

        အိမ်ထောင်သည်တွေများရှုပ်ပ.. မိန်းမခိုင်းတာလုပ်ရတာနဲ့… ယောင်္ကျားခိုင်းတာ လုပ်ရတာနဲ့… :mrgreenn: ပြောချင်ရာပြောတာ… :loll:

    • kai

      May 5, 2014 at 2:50 pm

      ဒီအာပျိုကြီး၃ယောက်ပေါင်းရင်တော့.. ရွာ.. အဲ..အဲ.. မြို့ပျက်ကိန်းမြင်တယ်..။
      ဖွဟဲ့..ဖယ်ပါစေ..လွဲပါစေ.. ယောက်ျားမြန်မြန်မ,သွားပါစေ..။
      ဝဋ်လည်အောင်.. ထောင်ကျကြပါစေ..။ :mrgreen:

  • kyeemite

    May 5, 2014 at 11:22 am

    ဒီလိုင်းကတော့ အာတီဒုံတို့ အာတီမမ တို့ လိုင်းပဲ…လာပါလိမ့်မယ် 😀

  • ဦးကြောင်ကြီး

    May 5, 2014 at 11:55 am

    ဒေါက်တာယိုင်ဆေး၁ စာကိုဖတ်ရှုပီးသကာလ အနည်းငယ်ချောဒက တက်လိုတာ ဂလိုဗာစ်..
    တိရိစာ္ဆန်အသေသား စားလို့ပါဏာတိပါတကံ မထိုက်ဆိုရာမှာ မြန်တျန့်ဗုဒ္ဓဘာသာဂိုဏ်း သိပ်ဆန်လွန်းနေသလားလို့..။ ဥမပါဗျာ.. အလှူ လုပ်ဖို့ သားငါး အော်ဒါကြိုမှာတာ အစဉ်အလာလို ဖြစ်နေပြီ။ ဒီခေတ်မှာ ဘုရားဖူးခရီးတွေ ထွန်းကားလာတယ်။ ဒေသစီးပွားရေးအတွက် ကောင်းပါ၏ သို့သော် အကုသိုလ် ကုသိုလ် ရှုဒေါင့်သက်သက် ပေါဂျေးဆို အယင်က တည်ငြိမ်နေတဲ့ တောကောင်တွေဘဝ ပျက်ဆီးတယ်။ ကျိုက်ထီးရိုးမှာ ဘုရားဖလူးဆိုသူတွေ စားသုံးတဲ့ သားငါးသည် ကျိုက်ထီးရိုးတင်မက အနီးနားတဝိုက်က တိရိစာ္ဆန်များပါ သေကြေပျက်ပြုန်းရတယ်။ လုကံဝကံ လူတွေစားဖို့ ဒင်းရို့စတေးပေးရကြောင်း ကံရှုဒေါင့်အရ မှန်ပေမဲ့ စားသူသည် မသိဘဲနဲ့စားခြင်းမဟုတ် သိသိဂျီးနဲ့စားခြင်းဖြစ်ကြောင်း ထင်ရှားတယ်။ မောဟဖုံးလို့ မသိတာနဲ့ မျက်မမြင် ရဟနာ္တလို ပုဂ္ဂိုလ်သတ္တဝါအစွဲ စေတနာ မပါတာ လုံးဝမတူဘူး။ လူတွေက လောဘ ဒေါသ မောဟ မာနတွေနဲ့ တီးကြတာ.. ရိပ်သာမှာလို ဤသည့်စားဖွယ် အမယ်မယ်ကိုဆိုပြီး ဟန်ဆောင်ပန်ဆောင် ရွတ်တာတောင်မဟုတ်ဘူး။ အသေသားစားတာ ကိုယ်တိုင်၊တိုက်တွန်း၊ ချီးမွမ်း၊ စိတ်တူ ဆိုတဲ့အချက်လေးချက်နဲ့ မငြိနိုင်ဆိုတာ ကိုယ့်ကိုယ်ကို သိပ်ကာကွယ်လွန်းနေတယ်။ အကယ်၍များ မိမိကိုယ်တိုင် ဘီလူးတွေအစား ခံရမည်ဆိုပါစို့.. အဲလိုတွေးနိုင်ပါ့မလား သံသယရှိတယ်။ စာပါကျိုးကြောင်းပြချက် ဘုရင်ဂျီးက ရာဇဝတ်သားကို မနိုးသောအိပ်ခြင်းနဲ့ အိပ်ပါစေလို့ သွယ်ဝိုက်ခိုင်းတာ အပြစ်ရှိတယ်ဆိုပြီး မသေသေးတဲ့ သတ္တဝါကို အသေသားဖြစ်အောင် စားတာလဲ အတူတူပါပဲ။ ပုဂ္ဂိုလ်သတ္တဝါစွဲ မရှိ၊ အစွဲဖြုတ်နေတယ်ဆိုရင် အသားငါးပါမှ ငံပြာရည်လေး ထည့်လိုက်မှဆိုတာ မဖြစ်ကောင်းပြန်ဘူး..။ ဘုရားတောင် တားမြစ်မရနိုင် သတ္တဝါတခု ကံတခုမို့ အသားစားခြင်း လက်ခံနိုင်ပေမဲ့ သက်သတ်လွတ်စားခြင်းကို မှားတယ်ဆိုလျင် အသားစားခြင်းသည်ပို၍ပင်ဆိုးကြောင်း ပြောချင်ပါ၏။

    • San Hla Gyi

      May 10, 2014 at 6:38 pm

      ဟ ကိုကြောင်ကြီးရေ ငြိမ်လှချည်လား။ နည်းနည်းလေး ဝင်ပြီး အားဖြည့်စမ်းပါဦးဗျ။

  • ခင် ခ

    May 5, 2014 at 12:12 pm

    ခြင်တစ်ကောင် ဘယ်လက်ပေါ်နားလေတော့ လာစမ်းဟဲ့ခြင်ဟု ညာလက်နှင့်ရိုက် ခြင်လေးခမျာ ဘယ်လက်ပေါ်ကနေ အသက်မပါ ခန္ဓာမဲ့ရုပ်လေး မြေသို့သက်ဆင်း မြောက်ပါပေါ့ ပါဏာတိပါတာကံ။

    နောက်ဖေးချောင်ဝယ် ဝင်မွှေနေတဲ့ပိုးဟပ် မျက်စိကနောက် အစာတွေထားဝင်လို့စားတော့ အင်းဆက်ကေလာ ဗူးဆွဲလာပြီး ဖြန်းပါပေါ့သူ့အနား ပလက်ကယ်လန် သေပါပေါ့ ပိုးဟပ်ငယ် မြောက်ပါပေါ့ ပါဏာတိပါတာကံ။

    မြွေလေးတစ်ကောင် လွန့်လွန်လူးသွား ဖွားကနဲတွေ့လိုက်ပေါ့ခဏတာ အဆိပ်ရှိလှမ်းကာပေါက်ရင် ငါ့အသက်သေရမယ်ပြင် နီးရာကခဲလုံးကြီး ထုပါဟခေါင်းတဲ့ချိန်ပြီး လူးကာ လွန့်လို့ မြွေလည်းသေကာ ငြိမ်ကျသွားသပေါ့ ဒါလည်းမြောက်ပါပေါ့ ပါဏာတိပါတာကံ။

    ဆင်တစ်ကောင်ကို မျှားနဲ့ပစ်ကာ သတ်ပါမှ ပါဏာတိပါတာကံမြောက်လေတယ်မထင်နဲ့ ဒီလိုမျိုးတွေဟာ အမှတ်မထင်ဖြစ်သွားတတ်တယ်ဆိုပေမယ့် ကံမြောက်တတ်တာပါဘဲ။ အဲဒီတော့ အမှတ်မထင်မဟုတ်တဲ့ သတ်စေချင်ကာ ချက်စားရင်တော့ ထေရဝါဒဗုဒ္ဓတရားတော်မှာ ပါဏာတိပါတာကံ မြောက်ပေမပေါ့။

    အဲ အခြားအယူဝါဒတွေမှာတော့ သတ္တဝါကို မိမိတစ်နိုင်စားသောက်ရုံလောက် သတ်လျှင်ရနိုင်တယ်လို့ ကြားခဲ့ဖူးပါရဲ့ဗျာ။

  • ကျ နော် ဖတ် ဘူး တာ လေး တစ ်ခု ရှ ိ တယ်

    သ တ္တဝါ တွေရဲ့ ပေါက် ဖွား မူ့ နူန်း က များ တော့ လူ တွေ မစား ရင်

    သေနူန်း က နည်း ပြီး စား နပ် ရိက္ခာ အတွက် အ ခက် အ ခဲ ရှိ နိုင် တယ် လု့ိ တော့ ဖတ် ဘူး တယ်

    ဘယ် စာ အုပ် ထဲ ကလဲ ဘယ်သူ ပြော လဲ ဆို တာ တော့ က ျနော် မမှတ် မိ

  • kai

    May 5, 2014 at 2:11 pm

    အင်းကျုပ်က.. အခုပြောနေတဲ့ငရဲဆိုတာကြီးရှိတယ်ဆိုတာကို. မယုံတာမို့… ကိစ္စတော့ပြတ်ကပြီ…
    ပြောရရင်..ကမ္ဘာ့လူဦးရေ.. သန်း၇၀၀ဝကျော်မှာ.. သန်း ၆၉၆ဝကျော်ကလည်း.. အဲဒီမြန်မာတွေရဲ့ငရဲဆိုတာကိုယုံကြတယ်မဟုတ်ပါဘူး..။ :mrgreen:

    ဆိုတော့…

    ပါဏာတိပါတကံ အထမြောက်ရန်မှာ အင်္ဂါငါးချက်ရှိသည်။ ယင်းတို့မှာ-
    (၁) သတ္တဝါတစ်ကောင်ကောင်ဖြစ်ခြင်း၊
    (၂) သတ္တဝါဟူသောအမှတ်သညာရှိခြင်း၊
    (၃) သေစေလိုသော စိတ်စေတနာရှိခြင်း၊
    (၄) သတ်ရန်လုံ့လပြုလုပ်အားထုတ်ခြင်း၊
    (၅) သေသွားခြင်း (ခုဒ္ဒက ။ ဌ ။ ၂၂)တို့ ဖြစ်ပေသည်။

    ဆိုတာကို..

    ဆရာဝန်က ပိုးသတ်ဆေးပေးကာ လူနာ၏ခန္ဓာကိုယ်ထဲမှာ ရောက်ရှိနေသော ဘက်တီးရီးယား သို့မဟုတ် ကပ်ပါးပိုးများကိုသေစေခြင်း သည် ပါဏာတိပါတကံမမြောက်ပါ။

    နဲ့ဖြေရှင်းတာမှာ.. ၅ချက်မှာ.. ၄ချက်ကွက်တိကိုက်နေတာကို.. ပလပ်ပြီး.. နံပါတ်၁အချက်(အပေးအယူလေးနဲ့ပဲ).. ကိုယ်ဖာကိုယ်လိုချင်တာယူဆုံးဖြတ်လိုက်တယ်.. ယူဆလို့ရနိုင်နေပါတယ်..။ (အဲလိုမလုပ်လို့ကလည်း.. မဖြစ်) :mrgreen:
    အဲဒါနဲ့.အဲလိုဆို.ဆရာဝန်တွေ.. ကြောက်လန့်ပြီးလူ့အသက်ကယ်တဲ့အလုပ်မလုပ်ကြတော့မှာစိုးသမို့..(ဘက်ကလေးလိုက်ပြီး) ဖြေလျှော့ပေးထားသလိုကြီးကပေါ်နေပါလေရော..
    ပြောချင်တာက..
    ဒါကြီးက.. တယ်မဟန်ပါဘူး… လို့ပါပဲ..။

    ချုံပြောရရင်တော့.. အဲဒီထေရဝါဒအဖွင့်ကြီးက.. တယ်မဟန်ပါဘူး..
    လူ့လောကရှင်သန်နေရေးအတွက်အရေးအကြီးဆုံးဖြစ်တဲ့.. လူသားတွေ.. ဒုက္ခရောက်ကိန်း လွန်ကဲနေတယ်ဆိုလိုတာပါ..
    (မယုံရင်.. မြန်မာပြည်ရဲ့နှစ်၁၀၀ဝ ခရီးကြည့်) :buu:

    အကုန်မေ့ပလိုက်…
    လုပ်ချင်တာကို.. လုပ်ချင်သလို… လူနဲ့ပါတ်ဝင်ကျင်ရဲ့အညမည(အပြန်အလှန်ဆက်ဆံမှု) ကိုကြည့်ပြီး.. ကိုယ်တိုင်ဆုံးဖြတ်လုပ်..
    ကိုယ်လည်းကောင်းမယ်.. သူလည်းကောင်းမယ်.. တိုင်းပြည်လည်းကောင်းမယ်.. ကမ္ဘာလည်းကောင်းမယ်..
    အဲလိုယူဆပါကြောင်း..

    မှတ်ချက်။ ။ ဂေါတမဘုရားရှင်လက်ထက်က.. ရဟန်းတပါးက.. သူနေလှန်းထားတဲ့အစားအစာတွေ ကျီးကန်းတွေလာလာထိုးလွန်းလို့.. ပုံစံပေးတဲ့အနေနဲ့.. လောက်လေးနဲ့ကျီးကန်းတွေပစ်သတ်..။ ခေါင်းဖြတ်…။ ခေါင်းကိုကြိုးသီတွဲလောင်းဆွဲထားပြီး.. တခြားကျီးတွေကိုခြောက်ထားရာက.. အမြင်မတော်သူရွာသူားတွေဘုရားရှင်ကိုသွားလျှောက်သမို့.. ဘုရားရှင်က.. တိရိစ္ဆာန်အသက်..ရဟန်းတွေမသတ်ဖို့.. ဝိနည်းပညတ်တော်မူတယ်လို့ဖတ်ဖူးတယ်…။
    အဲဒါကနေ.. ဘုရားရှင်ရဲ့.. ပါဏာတိပါတသဘော.. တီးခေါက်ယူကြည့်ဖို့ပဲ..။

    ထပ်ဆင့်မှတ်ချက်။ ။ မြန်မာ့ပိဋိကတ်၃ပုံကို.. ကမ္ဘာ့လူဦးရေရဲ့.. ၉၉.၅ရာခိုင်နှုန်းအထက်က.. ဘုရားဟောအတိုင်းအတိအကျအမှန်လို့မယုံကြည်ကြပါ..။
    ပိဋိကတ်၁ပုံဖြစ်တဲ့..ဝိနည်းဟာ.. လူတွေ(ခေတ်အဆက်ဆက်.. နှစ်၂၆၀ဝခရီးမှာ) ဝင်စွက်ဖက်တာ… အနည်းဆုံးဖြစ်နိုင်သမို့.. ဗုဒ္ဓဘာသာနဲ့ပါတ်သက်တဲ့.. မေးခွန်းပေါ်တိုင်း.. ဝိနည်းနဲ့..ချိန်ထိုးတာဟာ.. မှန်ကန်တဲ့ရလဒ်နဲ့ပိုနီးစပ်မယ်… ထင်ကြောင်း..။ :mrgreen:

    • ဦးကြောင်ကြီး

      May 5, 2014 at 2:15 pm

      ရှောက်ပေါနေ…

    • ကို ခိုင် ရေ

      အပန်း မ ကြီး ရင်

      ရှာ လို့ ရ ရင်

      ရှင် ဥက္က ဌ ရေး တဲ့

      အသင် ယော ဂီ ဘယ် ဆီ ကို သွား မ လဲ ဆို တဲ့ စာ အုပ် လေး ကို ဒေါင်း ပြီး ပို့ ပေး စေ ချင် ပါ တယ်။
      (ပိဋိကတ်၁ပုံဖြစ်တဲ့..ဝိနည်းဟာ.. လူတွေ(ခေတ်အဆက်ဆက်.. နှစ်၂၆၀ဝခရီးမှာ) ဝင်စွက်ဖက်တာ… အနည်းဆုံးဖြစ်နိုင်သမို့.. ဗုဒ္ဓဘာသာနဲ့ပါတ်သက်တဲ့.. မေးခွန်းပေါ်တိုင်း.. ဝိနည်းနဲ့..ချိန်ထိုးတာဟာ.. မှန်ကန်တဲ့ရလဒ်နဲ့ပိုနီးစ) ဆို တာ နဲ့ ပါတ်သက် တာ လေး က အဲဒီ စာ အုပ် ထဲ မှာ ပါ မယ် ထင် လို့ ပါ။ လွန် ခဲ့ သော နှစ ်ပေါင်း များ စွာ က ဖတ် ခဲ့ တာ လေး ဆို တော့ မေ့ လောက် တာ လေး ကို ပြန ်နွေး ချင် လို့ ။

      • kai

        May 6, 2014 at 2:50 pm

        မတွေ့ဘူးဗျ….
        တွေ့ရင်တော့ ဒေါင်းပို့ပေးမယ်..။
        သိသူများ ပြောပါခင်ဗျ..။

  • Paing Lay

    May 5, 2014 at 2:32 pm

    သဂျီး နဲ့ အောင်ကြူးကတော့ ထိပ်တိုက်စတွေ့လေပြီ။ အောင်ကြူး၏ စစ်ကူ ကိုရင် San Hla Gyi အလာကိုစောင့်မျှော်ရပေဦးမည် :mrgreen:

  • Iris

    May 5, 2014 at 7:15 pm

    ​လောကီသမားတစ်​​ယောက်​အ​နေနဲ့ ကိုယ်​့အမြင်​ကို​ပြောရရင်​_သူတစ်​ပါးအသက်​ကိုမသတ်​တာ ​နောက်​ဘဝလှပ​စေဖို့ မရည်​ရွယ်​ပါဘူး။ ကိုယ်​ချင်​းစာစိတ်​နဲ့ လိုက်​နာတာပါ။ ကျမတို့​ရှေ့မှာ ကိုယ်လက်အင်ဂာ​​​မပြည်​့စုံတဲ့ က​လေးငယ်​​တွေ​တွေ့ရင်​​မောင်​​လေးက လွှတ်​ခနဲ့​ပြောတတ်​တယ်​။အဲ့ဒါ​အရင် ​ဘဝက သူများကိုလုပ်​ထားလို့တဲ့။ ကျမသူ့ကို စိတ်​ဆိုးပြီး ​နောက်​ဘယ်​​တော့မှ က​လေးရဲ့စိတ်​ကို အ​ရောင်​မဆိုးဖို့​ပြော​တော့ သူလက်​ခံပါတယ်​။ အရင်​ဘဝ ​တွေ ​နောက်​ဘဝ​တွေ ရဲ့ အရိပ်​​အောက်​ကလွတ်​ပြီး လက်​ရှိဘဝ မှာ အ​ကောင်​းဆုံးကြိုးစား​နေထိုင်​ဖို့ပါပဲ။ လူ​တွေက ကိုယ်​့အကျိုးစည်​းပွားကို မထိခိုက်​သ​ရွေ့ ပုရွက်​ဆိတ်​​တောင်​မသတ်​ကြပါဘူး။ ကိုယ်​့အကျိုးစီးပွားကို ထိခိုက်​လာမယ်​ဆိုရင်​ လူသတ်​ဖို့​တောင်​ဝန်​မ​လေးပါဘူး။ အစားအ​သောက်​ ထုတ်​ကုန်​​ရောင်​းသူ​တွေ ကိုပဲကြည်​့ပါ။ ​တော်​​တော်​များများက လူသတ်​​နေကြတာပဲ။ ကျမ သူငယ်​ချင်​း​တွေရဲ့ အမြင်​ကိုတတ်​နိုင်​သ​လောက်​။သူတို့လက်​ခံသ​လောက်​​တော့​ပြော​ပေး​နေတာပဲ။ ကြမ်​းပိုး​တွေ ကို ဖမ်​းပြီးမသတ်​ပဲ ပြတင်​း​ပေါက်​က ပစ်​ချတတ်​တဲ့ သူငယ်​ချင်​းကို ​နောက်​ဘူးတယ်​။ ဘာလဲနင်​က စားလို့မရလို့ မသတ်​တာလားလို့။ ပြီး​တော့ကိုယ်​့အတ်​တ အတွက် အဲ့လိုမလုပ်​​​ဖို့။ ကိုယ်​ကငရဲကြီးမှာစိုးလို့လုပ်​လိုက်​တာ တခြားတစ်​ဖက်​မှာသွားပြီး အ​နှောက်​အယှက်​ဖြစ်​​စေတယ်​။
    သူတစ်​ပါးအသက်​သက်​လို့ ​နောက်​ဘဝငရဲကျမှာထက်​ အခုဘဝမှာ ​ထောင်​ချတာတို့။​သေဒါဏ်​​ပေးတာတို့ ​ကြောက်​လို့မလုပ်​တာပဲဖြစ်​​စေချင်​တယ်​။
    တိရိတ်​ဆန်​​တွေကို ညှင်​းပန်​းနှိပ်​စက်​ပြီးသတ်​သူ​တွေကို လည်​း ​နောက်​ဘဝမ​စောင်​့ပဲ အခုဘဝမှာအပြစ်​​ပေးသင်​့ပါတယ်​။

    ပြီး​တော့ ဘုရား​ဟော​တွေကို အာဂုံ​ဆောင်​ထားပြီး။ ဘုရားရှင်​ကို ထိုင်​ရှိခိုး​နေယုံနဲ့ မပြီး​သေးဘူး။ လိုက်​နာကျင်​့သုံးဖို့လည်​းလိုပါတယ်​။

    ကွန်​မြူနစ်​မျိုးဆက်​ ​ဖေ​ဖေ က​ပြောဘူးတယ်​။ နင်​ဘာမှနားမလည်​ဘဲ အဲ့လို​အော်​​နေ​တော့ အာ​ညောင်​းတာပဲအဖတ်​တင်​တယ်​တဲ့။ သူများလည်​းနားငြီးတယ်​တဲ့။ အဟီး…ဒါ​ပေမဲ့ တစ်​ခါတစ်​​လေ ရွတ်​ဖတ်​​နေတုံးပဲ။ အတတ်​နိုင်​ဆုံး​တော့ နားလည်​​အောင်​ကြိုးစားပါတယ်​။

  • ဝင့်ပြုံးမြင့်

    May 5, 2014 at 10:53 pm

    ဒေါက်တာရီပြောမှပဲ ပါဏာတိပါတာကံအကြောင်း ရှင်းရှင်းလင်းလင်း သိတော့တယ်။ စောစောတုန်းက ယောင်ဝါးဝါး ၊ သေချာမသိခဲ့ဘူး။

  • San Hla Gyi

    May 6, 2014 at 10:06 pm

    ကျနော် ခရီးလွန်နေတာရယ် ကိုယ်ရေးကိုယ်တာကြောင့် မအားလို့ အခုမှ ဒေါက်တာရီပို့စ်ကို ဖတ်မိလို့ ရေးလိုက်ပါတယ်ဗျာ။
    ဒေါက်တာရီလို့ပဲ ခေါ်လိုက်ပါတယ် ဆောင်းပါးရှင်ရေ။ ဒေါက်တာရီက ဘာမှ မပြောလို့ ကျနော် ဝင်ပြောလိုက်ပါတယ်။ အမှန်တော့ ဆောင်းပါးရှင်က ပြောရမှာပါ။ ဒါပေမယ့် ပထမဆုံး ရေးသူ ဖြစ်လို့ စိုးရိမ်စိတ်ရှိနေနိုင်တာ တကြောင်း နောက်ပြီး ကျနော့်တုန်းကလို ပထမဆုံးရေးတဲ့ ပို့စ်တွေမှာ ပြောချင်ပေမယ့် စာမရိုက်တတ်လို့ မပြောနိုင်တာလည်း ဖြစ်နိုင်တယ်လို့ တွေးမိတာ တကြောင်းပေါ့။ လူသစ်ကို ဒီလို ကိစ္စမျိုးမှာ ဖေးမသင့်တယ်လို့ ထင်လို့ပါ။
    နောက်တကြောင်းကတော့ ထေရဝါဒ ဗုဒ္ဓဘာသာအကြောင်း ရေးထားတာ ဆိုတော့ ဒီဘာသာဝင် တယောက်ဖြစ်တဲ့ ကျနော့်မှာလည်း ပြောခွင့် ရှိလို့ပါ။
    ပထမဆုံး ပို့စ်နဲ့ ပက်သက်လို့ ပြောရရင် ဆောင်းပါးရှင် ဒေါက်တာရီက သူ့ဘာသာရဲ့ ယုံကြည်မှုအပိုင်းကို ရေးသွားတာပါ။ တခြားဘာသာကို ပုတ်ခတ်တာလည်း မပါပါဘူး။ အားလုံး မယုံရင် ဖတ်ကြည့် နိုင်ပါတယ်။ နာမည်တပ်ပြီး ဘယ်ဘာသာကိုမှ မတိုက်ခိုက်သလို အယူအဆ မတူတဲ့ ဘာသာတွေကိုတောင် သဘောတရားရေး မဝေဖန်သွားပါဘူး။
    ဘာသာရေးနဲ့ ပက်သက်လို့ကတော့ ကိုယ့်ကို လာပြီး မတိုက်ခိုက်သရွေ့ သူဘာသာသူ သူယုံတာ သူပြောတာကို သွားပြီး ဘာမှ ဝေဖန်ချက်ပေးလို့ မရပါဘူး။ ကိုယ့်ကို လာတိုက်ခိုက်လို့ ဝါဒရေးပဲ ဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် တုန့်ပြန်တာက တပိုင်းပါ။ သူဟာသူ ဟုတ်နိုင်တယ်ပဲ ဖြစ်ဖြစ် မဟုတ်နိုင်တယ်ပဲ ဖြစ်ဖြစ် သွားပြောလို့ မရသလို မယုံဘူးလည်း သူ့ကို သွားပြောလို့ မရပါဘူး။ ဒါက လူ့ယာဉ်ကျေးမှုပါ။ ကိုယ်မလုပ်ချင်ရင် သူပြောသလို မလုပ်လို့ ရပါတယ်။ ဒီဆိုက်ဒ်ထဲက လစ်ဘရယ်ဒီမို လူ့အခွင့်အရေးသမားတွေ မေ့နေ့မှာစိုးလို့ သတိပေးတာပါ။
    နောက်ပြီး အဲဒီလိုလုပ်ရင် ညာဘက်ကော်လံက စည်းကမ်းချက် နံပါတ် ၆ နဲ့ ငြိပါတယ်။
    ပြောမယ်ဆိုရင်တော့ ပြောလို့ ရတာတွေ အများကြီးပေါ့။ ဥပမာဆိုရင် ဘာသာတခုက ကိုးကွယ်တဲ့ ဘုရားဟာ သူတို့ရဲ့ ယုံကြည်မှုအရ အပျိုစင်မိခင်ကနေ သန့်ရှင်းတဲ့ ဝိဉာဏ်တော် ကိန်းဝပ်ပြီး ဖွားမြင်တယ်လို့ ဆိုကြပါစို့။ ဒါပေမယ့် ဆေးပညာရော သိပ္ပံပညာကရော လူတယောက် ဖြစ်ဖို့ အဖေရဲ့ သုတ်သွေးရယ် အမေရဲ့ မျိုးဥရယ် နှစ်ခုပေါင်းမှ ဖြစ်တယ်လို့ကို အခိုင်အမာ သက်သေပြထားပါတယ်။ ဒါပေမယ့် အဲဒီလို ဘာသာကို ကိုးကွယ်တဲ့ အထဲမှာ ဆေးပညာရှင်တွေရော သိပ္ပံပညာရှင်တွေရော အများကြီး ရှိပါတယ်။ ဟိုတုန်းက ကျနော့်ကို အဲဒါ လာဟောပြောတဲ့ လူတွေလည်း ရှိပါတယ်။ ကျနော် မယုံပေမယ့် သူတို့ရှေ့မှာ ရယ်တာတို့ မဖြစ်နိုင်ဘူးလို့ ပြောတာတို့ ဘယ်တုန်းကမှ မလုပ်ပါဘူး။ ယာဉ်ကျေးမှုအရ နားထောင်ပေးပြီး ပြောပြလို့ ကျေးဇူးတင်ပါတယ်လို့ ပြောခဲ့တာချည်းပဲ။ သူတို့က ကျနော် ယုံကြည်တာကို ဝေဖန်ရင်တော့ တမျိုးပေါ့လေ။ ကျနော် ယုံကြည်တာကို ဝေဖန်ရင်တော့ အပြန်အလှန် အနေနဲ့ ပြန်ဝေဖန်ပါတယ်။
    အဲဒီတော့ ပို့စ်တင်သူ ဒေါက်တာရီ အနေနဲ့ ရေးတာရော ရပ်တည်ချက်ရော မမှားပါဘူး။ နည်းနည်းလေးတော့ ကြိုးစားပြီး ဆွေးနွေးပါဦး။ ကျနော် ဒေါက်တာရီဘက်ကနေ ဒီကိစ္စမှာ လုံးဝ ရပ်တည်ပါမယ့်။

  • padonmar

    May 6, 2014 at 10:32 pm

    မြတ်စွာဘုရားက မနောကံကို အရေးအကြီးဆုံးလို့ ဟောထားပါတယ်။
    ဒါကြောင့် (က)(ခ)(ဂ)(ဃ)တွေမှာ ပိုးမွှား၊သတ္တဝါလေးတွေကို သေစေလိုတဲ့ စိတ်မရှိတဲ့ လုပ်ရပ်တွေကြောင့် သေသွားရတာဖြစ်လို့ ပါဏာတိပါတာကံမမြောက်ပါ။
    ဒါပေမယ့် သေစေလိုတဲ့ စိတ်နဲ့ ပုရွက်ဆိတ်၊ပိုးဟပ်၊ကြွက်တွေ သတ်ရင် (ထောင်ချောက်၊ကော်ကပ်၊ဆေးချ၊အင်းဆက်ကေလာ၊ခြင်ဆေးဘာသုံးသုံး) ပါဏာတိပါတာလဲ။
    ဒါကတော့ရှင်းပါတယ်။
    (ဃ)ဆရာဝန်တွေ ပိုးသတ်ဆေးပေးတာမှာလည်း လူနာကို ဝေဒနာမှ ကောင်းစေလိုတဲ့ စေတနာသာ ရှေ့ဆောင်တာဖြစ်လို့ အချက် (၁) တခုထဲလွတ်တာမဟုတ်ပါ။(ဆရာဝန်ဖက်က ရှေ့နေလိုက်ပါတယ်)
    (င)အလှူ တွက် အသားကြိုမှာတာတွေကို အခုခေတ်မှာ တော်တော်သတိထားလာကြပါပြီ။
    ဒါကြောင့်ဒန်ပေါက်၊ကြက်ဆီထမင်း အော်ဒါမှာတာတွေ သတိထားပြီးရှောင်ကြပါတယ်။
    (စ) တချိန်က သန္ဓေသားလေး မလှုပ်ခင်ဆိုရင် အသက်မဝင်သေးဘူးလို့ ယူဆခဲ့ကြဖူးပါတယ်။
    ဒေါက်တာ မောင်သင်တို့ ခင်နှင်းယုတို့ ခေတ်ပေါ့။
    အခုတော့ သိသိနဲ့ ဖျက်ချနေကြတာပါ။
    ကလေးအမေအပြစ်အကြီးဆုံးဖြစ်မှာပါပဲ။
    ဘာသာရေးမပါ သဘာဝပဲစဉ်းစားကြည့်ရင်တောင် တော်တော်ဆိုးဝါးတဲ့ ပြစ်မှုပါ။
    (ဆ) Euthanasia မှာမှ အဖေအမေ အသက်ထွက်ခါနီး ခံစားနေရတာ မကြည့်ရက်လို့ တပ်ထားတဲ့ စက်တွေ ဖြုတ်ပေးလိုက်ပါ၊သွင်းနေတဲ့ ဆေးတွေ ရပ်လိုက်ပါလို့ သားသမီးက ပြောမိရင် အမိအဖသတ်တဲ့ကံပါထိုက်ပါတယ်။
    မဂ်တားဖိုလ်တား ဖြစ်တတ်လို့ အထူးအရေးကြီးပါတယ်။
    …………..
    ရွာ့အရေးပို့စ်မှာ ဝင့်ပြုံးမြင့်မန့်ထားတဲ့ ပိုးဟပ်တွေ သန်းတွေသတ်လို့ ငရဲကြီးမယ်ဆိုရင် အဲဒီငရဲကို အထင်မကြီးဘူးဆိုတာလေးဖတ်မိတော့ ဒီလိုသေချာရှင်းပြတာလေး ဖတ်မိစေချင်ခဲ့ပါတယ်။
    ….
    ဘာကြောင့်ပဲဖြစ်ဖြစ် ကိုယ်ချင်းစာတရားထားပြီး ကိုယ်မသေချင်သလို သူတို့လေးတွေလည်း သေချင်မှာမဟုတ်ဘူးလို့ စာနာစိတ်ရှိစေချင်ပါတယ်။
    (လူလူချင်းအပါအဝင်ပေါ့)

    • ဝင့်ပြုံးမြင့်

      May 9, 2014 at 12:51 am

      တီဒုံ … ကမာ္ဘပေါ်မှာ ကောက်ကျစ်စဉ်းလဲမှုတွေ လူယုတ်မာတွေ လူ့ငစဉ်းလဲတွေ ဒီလောက်များတာ။ အကောင်ပလောင်လေး သတ်ရုံနဲ့ ငရဲရတယ်ဆိုရင် ဟိုလူ့ငစဉ်းလဲတွေကို ဘယ်နားသွားထားရမတုန်း။
      —-
      အပြောနဲ့အလုပ် မညီတဲ့အထဲမှာ တကယ်တော့ ကျမလည်း ပါပါတယ် တီဒုံရေ။ သတ်သတ်လွတ်စားခြင်းကို ကျမ အားမပေးပါဘူး။ ကိုယ်တိုင်ကတော့ အရွက်သမားပါ။ ဝက်သတ်တာရယ်၊ ကြက်သတ်တာရယ် မြင်ပြီးကတည်းက စားလို့မရတော့တာ။ ကြက်ကိုတောင် အခုမှ ပြန်စားတာ။ တစ်ခါတစ်ခါ သားညှီငါးညှီနံ့ လုံးဝမခံနိုင်တော့ရင် လက်ဖက်သုပ်ကလေးနဲ့ ပြီးတော့တာ။ ရွာထဲက အစားပုပ်ကြီးက ကေဇီပါ တီဒုံရယ်။

      • San Hla Gyi

        May 10, 2014 at 6:21 pm

        မဝင်းပြုံးမြင့်ရေ
        ဆရာမ ဒေါက်တာပဒုမ္မာ ပြန်မဖြေလို့ ကျနော် ဝင်ဖြေပေးလိုက်ပါတယ်။ မဝင်းပြုံးမြင့် အစွန်းတဘက် ကပ်သွားပြီလို့ ထင်တယ်။ ကျနော့်ကွန်မန့်ထဲမှာ ပြန်ကြည့်ပါဦး။ ကျနော်က အကောင်ပလောင်လေးတွေ သတ်ရင် ငရဲမကြီးဘူးလို့ လုံးဝ ပြောမထားပါဘူး။ ကျနော်က ယေဘူယျအားဖြင့်လို့ ပြောထားတာပါ။ အဓိကအားဖြင့်တော့ အားထုတ်မှုကြီးရင် အပြစ်ကြီးလာပါတယ်။ အကောင်ပလောင်လေးတွေလည်း ဘာမှ မဖြစ်လောက်ဘူး ဆိုပြီး စီမံကိန်းကြီးနဲ့ ဝမ်းသာအားရ စိတ်ပါလက်ပါ လိုက်သတ်နေရင်တော့ သိပ် အချိန်ကြာလာရင် အကုသိုလ် များလာလိမ့်မယ်။

  • etone

    May 7, 2014 at 12:38 am

    ငရဲကြီးသလော … မကြီးသလော … အဖြေတိုက်စရာကမရှိ …. (အပ္ပါယ်ကျမကျက ချက်ချင်းလက်ငင်းမသိဝူးကိုး ) …..

    ရှေ့ ဘဝကိုတွေးပြီး မဆွေးပါဘူး …. နောက် ဘဝကိုမှန်းပြီးလည်း မမျှော်ပါဘူး … သေလျှင်ဘာဖြစ်တယ် ဘယ်သွားတယ်ဆိုတာမျိုးက ….. အဲ့ဒီအချိန်မှ ကိုယ်တိုင် ကိုယ်တွေ့ခံစားရမှာ … လက်ရှိဘဝမှာပဲ အသက်ရှင်တုန်း ငြိမ်းငြိမ်းချမ်းချမ်းနေရလျှင် တန်ပါပြီ ။

    နားထဲ တဝီဝီ လာရစ်ပြီး ကိုက်နေတဲ့ ခြင်ကို ဗျန်းခနရိုက်မိချင် ရိုက်မိမယ် …. အသားတွေငါးတွေ မစားချင်လို့ သတ်သတ်လွတ်စားမိတဲ့ ရက်လည်းရှိချင်ရှိမယ် ….. သူများအသက် သတ်တယ် မသတ်ဘူးဆိုတာက ဘာသာရေးရှုထောင့်ကနေစိတ်ကို အကျဉ်းချ ချုပ်ထိန်းထားထက် …. မိမိရဲ့ စိတ်အခြေနေပေါ်မူတည်ပြီး ကိုယ်တိုင်ထိန်းချုပ်ရတာကို လက်ခံထားပါတယ် … ။

    နောင်ဘဝဆိုတာကို မမြင်ရပဲ ဒီဘဝထဲက တွေးပူနေစရာတွေရှိလာခဲ့လျှင် ဘာသာမဲ့ ဖြစ်ချင်စိတ် ပေါက်ပေါက်လာတယ် … ။

    (ဝါသနာပါလျှင် ဆဲသွားနိုင်ပါသီ :mrgreen:)

  • Aye Lwin Oo

    May 7, 2014 at 10:16 am

    ကျွန်တော်တို့အားလုံးမှာ ယုံကြည်ချက်ကိုယ်စီရှိကြပါတယ်။ မှန်တယ်လို့ယုံတာဖြစ်လို့ ငရဲရှိ၊ မရှိ ဆိုတာ ကိုယ်ယုံတဲ့အတိုင်းပါ။

    ဒါပေမဲ့

    ” သူများအသက် သတ်တယ် မသတ်ဘူးဆိုတာက ဘာသာရေးရှုထောင့်ကနေစိတ်ကို အကျဉ်းချ ချုပ်ထိန်းထားထက် …. မိမိရဲ့ စိတ်အခြေနေပေါ်မူတည်ပြီး ကိုယ်တိုင်ထိန်းချုပ်ရတာကို လက်ခံထားပါတယ် … ။ ” ဆိုတာ ဖတ်ရတဲ့အတွက် ဒီ comment ကို ရေးဖြစ်သွားတာပါ။ သဘောမတွေ့ရင် ဝေဖန်ပါ။

    ဘာသာရေးရှုထောင့် လို့ပြောတဲ့အတွက် ဘယ်ဘာသာလဲ မသိပါဘူး။ ဗုဒ္ဓဘာသာမှာတော့ စိတ်ကို အကျဉ်းချပြီး ထိန်းချုပ်ဖို့ ဆုံးမထားတာ မရှိပါဘူး။

    ဗုဒ္ဓဟာ လမ်းပြသူဘဲဖြစ်ပါတယ်။ အတ္တဒီပါ၊ အတ္တသရဏာ၊ အတ္တာဟိ အတ္တနော နာထော စတဲ့ ဆုံးမစကားများအတိုင်း သတ္တဝါအားလုံးဟာ ကိုယ်လျှောက်မဲ့ လမ်း ကိုယ့်သဘောအတိုင်းခင်းကြရပါတယ်။ ကိုယ်ခင်းတဲ့လမ်းကိုလည်း ကိုယ်လျှောက်ကြရပါတယ်။ ဗုဒ္ဓဘာသာဟာ အင်မတန်မှ လွတ်လပ်တဲ့ဝါဒဖြစ်တယ်ဆိုတာ ဗုဒ္ဓဘာသာသမိုင်းမှာ နေလို လလို ထင်ရှားတဲ့ ကာလာမသုတ်မှာ တွေ့နိုင်ပါတယ်။ အယူဝါဒဆိုတာကို ကိုယ် ကိုယ်တိုင်စစ်ဆေးပြီးမှ လက်ခံဖို့ ပြောပြထားတာပါ။ ကိုယ်ယုံကြည်ဖို့၊ ကိုယ်လက်ခံဖို့ကို ကိုယ်တိုင်စစ်ဆေးနိုင်ခွင့်ဟာ ဗုဒ္ဓဘာသာမှာဘဲ ရှိတယ်လို့ ထင်ပါတယ်။ (ထင်ပါတယ်)

    ဗုဒ္ဓရဲ့အဆုံးအမကို နှစ်ခြိုက်တယ်။ သဘောကျတယ်။ လိုက်နာစောင့်ထိန်းပါ့မယ် ဆိုပြီး ဗုဒ္ဓရဲ့သံဃအဖွဲ့အစည်းထဲဝင်လာတဲ့ ပုဂ္ဂိုလ်များအတွက်ကိုသာ ကန့်သတ်ချက်စည်းကမ်း(ဝိနည်း) များကို သတ်မှတ်ပေးခဲ့ပါတယ်။

    လူသားတွေအတွက် ဘာကိုဘဲလုပ်ရမယ်၊ ဘာကိုတော့ မလုပ်ရဘူးလို့ ကန့်သတ်တာမရှိတဲ့အတွက် အမြဲတန်း လွတ်လပ်နေပါတယ်။ အကျဉ်းချထားတာ ဘယ်မှာမှမရှိပါဘူး။

    ဗုဒ္ဓက ဘာလုပ်ရင် ဘာဖြစ်မယ် ဆိုတဲ့ လမ်းကိုဘဲပြခဲ့တာပါ။ Thou shalt ( Thou shalt not kill. ) လို့မပြောပါဘူး။ ဗုဒ္ဓဘာသာဝင်တွေကသာ I shall not kill လို့ ကိုယ့်ဖာသာကိုယ် ဂတိပြု ဆောက်တည်ပါတယ်။ ကိုယ့်ဟာကိုယ် ဂတိပြုတာဖြစ်လို့ အကျဉ်းချ ထိန်းချုပ်တယ်လို့ထင်ရင်လည်း အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ဘာသာကိုယ် အကျဉ်းချတာဖြစ်ပါတယ်။ ဗုဒ္ဓဘာသာကြောင့်တော့ မဟုတ်ပါဘူး။

    မွေးလာ ရှာစား နာဖျား အိုသေ (Credit to ဦးဝင်းဇင်) ဆိုတဲ့ဖြစ်စဉ်ထဲ မှာ
    ကိုယ်ကြိုက်တာကိုယ်လုပ်၊ ကိုယ်လုပ်တာ ကိုယ်ရကြပါလိမ့်မယ်။ (Credit to ဓမ္မရံသီဆရာတော် ဦးသုနန္ဒ)

    • San Hla Gyi

      May 7, 2014 at 10:32 pm

      ကို Aye Lwin Oo ရေ ကျနော်နဲ့ သိပ်မသိပေမယ့် စာကို ဖတ်ကြည့်လိုက်တော့ ထေရဝါဒ ဗုဒ္ဓဘာသာတယောက်လို့ သိရတဲ့အတွက် ကျနော် ပြန်ဆွေးနွေးလိုက်ပါတယ်။ ကျနော်တို့ နှစ်ယောက်ကတော့ ဖလှယ်တဲ့ သဘောပဲ ဖြစ်ဖို့များပြီး ထိပ်တိုက်တော့ တွေ့ဖို့ မရှိနိုင်ပါဘူး။ ကျနော့်အနေနဲ့ ဒီထဲက တချို့ကွန်မန့်တွေကိုလည်း ဖြည်သွားပါတယ်။ ကျနော် ပြောတာကို သံသယရှိရင် ဆရာတော်ကြီးတွေဆီမှာ စာပြပြီး မေးကြည့်နိုင်ပါတယ်။
      ပို့စ်က အဓိကအကြောင်းဖြစ်တဲ့ သူ့အသက် မသတ်တဲ့ သီလနဲ့ ပက်သက်လို့တော့ တချို့ ပြောသလို အပြစ်ရမှာကြောက်လို့ ရှောင်တာထက် အသိစိတ်နဲ့ ရှောင်တာ ပိုကောင်းတယ်လို့ ပြောသွားပါတယ်။ မှားတော့ မမှားပါဘူး။ ဒါပေမယ့် မဖြစ်နိုင်ပါဘူး။ ဘာလို့လည်းဆိုတော့ လူဆိုတာ ကိုယ်အကျိုးမရှိဘူး ဆိုရင် ဘာမှ လုပ်ချင်စိတ် မရှိလို့ပါ။ ဆိုပါတော့ ရာဇဝတ်မှုကို ထောင်ကျမှာ စိုးလို့ မလုပ်တာထက် အသိစိတ်ဓတ်နဲ့ ရှောင်စေတာက ကောင်းမယ်ဆိုရင် ကမ္ဘာပေါ်က နိုင်ငံတိုင်းမှာ တရားဥပဒေဆိုပြီး ဘယ်ထားစရာ လိုတော့မလည်း။ အဲဒီလို လုပ်လို့ မရလို့ ဒါလုပ်ပြီး ဒါဖြစ်မယ်ဆိုပြီး ဟန့်ထားရတာပါ။
      ကိုကြောင်ကြီး ပြောတဲ့ အသားစားရင် ပါဏာတိပါတာ ကံထိုက်သလား ဆိုရင်တော့ မထိုက်ပါဘူး။ ဘာလို့လည်းဆိုတော့ လူတိုင်းက အဲဒီလို စားချိန်မှာ ဖြစ်တဲ့စိတ်က ဒီသတ္တဝါ သေသွားတာ ကောင်းတယ်ဆိုတဲ့ ဝမ်းသာစိတ် ဖြစ်တာ မဟုတ်ပဲနဲ့ စားရတာ ကောင်းလိုက်တာဆိုတဲ့ ရသတဏှာပဲ ဖြစ်ပါတယ်။ ရသတဏှာက ငရဲကို တိုက်ရိုက်မပို့နိုင်ပါဘူး။ ဒါပေမယ့် နိဗ္ဗာန်ရောက်အောင် အားထုတ်မယ့် အမြတ်လမ်းသွားတွေ အတွက်တော့ အတားအဆီး ဖြစ်ပါတယ်။ ဒါကြောင့် မစားခင် သံဝေဂ လင်္ကာရွတ်ခိုင်းရတာပါ။ လူသာမန်တွေကတော့ ရပါတယ်။ ပယ်နိုင်ရင်တော့ ကောင်းပါတယ်။
      ဒါပေမယ့် ဒီလို ပြောလို့ သက်သတ်လွတ်စားတာကို အပြစ်တင်တာတော့ မဟုတ်ပါဘူး။ မြတ်စွာဘုရားက သက်သတ်လွတ်ကို ရဟန်းတွေကို ဝိနည်းအနေနဲ့ မစားခိုင်းတာက ရဟန်းဆိုတာ ဆွမ်းခံပြီး မျှတရတာ ဆိုတော့ ရတာနဲ့ ရောင့်ရဲရပါတယ်။ သက်သတ်လွတ်မှ စားမယ်ဆိုရင် လူတွေက သက်သတ်လွတ် စားတဲ့ လူထက် အသားငါးစားတဲ့ လူက ပိုများပါတယ်။ မတတ်နိုင်တဲ့ လူတောင် အခြောက်အခြမ်းလေးတော့ ပါအောင် ထည့်ပြီး စားကြတာဆိုတော့ သက်သတ်လွတ်မှ စားမယ်ဆိုရင် ဆွမ်းရဖို့ ခက်သွားမှာ သေချာလို့ပါ။ လူတွေကို သက်သတ်လွတ် မစားဖို့ ပြောတာ တခုမှ မပါပါဘူး။ မြတ်စွာဘုရားကိုယ်တိုင် နေရဉ္စရာပြည်မှာ ဝါကပ်တော့ တဝါတွင်းလုံး ဆွမ်းဟင်း မပါပဲ မုယောဆန်ကို ဆုံမှာ ကြိတ်ပြီး ဘုဉ်းပေးတာ သက်သတ်လွတ်ပါပဲ။ တဝါတွင်းလုံး ဘာ အသားငါးမှ မပါပါဘူး။
      ဒါပေမယ့် သက်သတ်လွတ်ကြီး သက်သက် စားမယ်ဆိုရင်တော့ ထေရဝါဒ အရ ကုသိုလ်တော့ မရနိုင်ပါဘူး။ အကုသိုလ်လည်း မဖြစ်ပါဘူး။ ကျန်းမာရေးကြောင့်ပဲစားစား ကြိုက်လို့ပဲစားစား ကုသိုလ်ရမယ် ထင်လို့ပဲစားစား စားတဲ့လူမှာ ဘာအပြစ်မှ မရှိပါဘူး။ ပတ်ဝန်းကျင်လည်း သူ့ကြောင့် အနှောင့်အယှက် မဖြစ်ပါဘူး။ဒါသူ့ရဲ့ လွတ်လပ်ခွင့်ပါ။ အဲဒါကို ကြားက အချောင် အပြစ်ဆို နှိပ်ကွပ်ချင်သူတွေသာ မှားတာ ဖြစ်ပြီး ရှက်ဖို့ကောင်းပါတယ်။
      တချို့ ကွန်မန့်တွေမှာ ပြောသလို ခြင်ကောင်လေး သတ်တာလည်း အကုသိုလ်ပဲ။ သန်းသတ်တာလည်း အကုသိုလ်ပဲ။ ဆင်သတ်တာလည်း အကုသိုလ်ပဲ ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် အလေးအပေါ့ခြင်း ကွာသွားပါတယ်။ အကျိုးပေးလည်း ကွာပါတယ်။ထေရဝါဒကတော့ စေတနာကွာတာနဲ့ ကံကွာပါတယ်။ ကုသိုလ်ရော အကုသိုလ်ရော ဒီအတိုင်းပါပဲ။
      ယေဘူယျအားဖြင့်တော့ အကောင်ကြီးကြီးသတ်ရင် အပြစ်ပိုကြီးပါတယ်။ ဘာလို့လည်းဆိုတော့ ခြင်ကလေးကို လက်နဲ့ ဖျန်းဆိုပြီး ရိုက်လိုက်တာ ကာယကံလည်း သိပ်အားမစိုက်လိုက်ရပါဘူး။ စေ့ဆော်တဲ့ မနောကံကလည်း သာမန်လောက်နဲ့ ပြီးသွားပါတယ်။ ဒါပေမယ့် နွားတကောင် သတ်မယ်ဆိုရင် အဲဒီလို လက်နဲ့ ဖျန်းဆို ပွတ်လိုက်တာနဲ့ မသေပါဘူး။ ပထမဆုံး သတ်မယ်လို့ စိတ်ကူးတာနဲ့ လက်နက် အရင်လိုက်ရှာပါတယ်။ သတ်လိုစိတ်က အဆောက်အအုံနဲ့ အကြာကြီး ဖြစ်နေပါတယ်။ ကာယကံကျတော့လည်း အားပိုစိုက်ရပါတယ်။ ကာယကံ အားစိုက်ရပြီ ဆိုကတည်းက မနောကံကလည်း သိပ်သတ်လိုစိတ် ကြီးနေပါပြီ။ အဲဒီတော့ အကျိုးပေးက ပိုကြီးသွားပါပြီ။
      ဒီလို ပြောလို့ ခြင်ရိုက်တာ အကုသိုလ် မဖြစ်ဘူးဆိုတာ မဟုတ်ပါဘူး။ ဖြစ်ပါတယ်။ ဒါပေမယ့် အကောင်ကြီးကြီး သတ်ရင်တော့ အဲဒီထက် အကုသိုလ် ပိုကြီးပါတယ်။ သပိတ်အိုင် ဆရာတော်ကြီးက အဲဒါကို တရားတခုမှာ ရှင်းပြတာ နာရဖူးပါတယ်။

      • Aye Lwin Oo

        May 8, 2014 at 8:39 pm

        ကိုSan Hla Gyi ခင်ဗျား

        နေ့လည်မှာမရေးဖြစ်လို့ ညမှရေးရတဲ့အတွက် နောက်ကျသွားပါတယ်။

        ကိုစန်းလှကြီးပြောတာတွေကို ကျွန်တော်သဘောတူပါတယ်။ ထေရဝါဒဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်သူတစ်ယောက်အနေနဲ့ ကံ၊ ကံရဲ့အကျိုးကို ယုံကြည်လက်ခံပါတယ်။

        ကျွန်တော်တို့လို သာမန်ပုထုဇဉ်တွေအနေနဲ့ ကံ၊ ကံရဲ့အကျိုးတို့ရဲ့ ကျယ်ပြောမှု၊ နက်ရှိုင်းမှု၊ ဆန်းကျယ်မှုတွေကို အားလုံးသိမြင်နိုင်စွမ်း မရှိပါဘူး။ ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီးက နိယာမဒီပနီမှာ
        “ ကံမည်သည် အထွေထွေအပြားပြား အလွန်များ၏ ။ ပြောဖွယ် သိဖွယ် အလွန်ကျယ်၏ ။ ” လို့ ဟောခဲ့ပါတယ်။

        “ ကံဟူသည် အတိတ်ကာလ၊ ပစ္စုပ္ပန်ကာလတို့၌ ပြုခဲ့ပြီးသော၊ ပြုဆဲဖြစ်သော ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှုတို့ ဖြစ်၏ ။ စေတနာကို ကံဟု ငါဘုရား ဟော၏ ။ စေတနာဖြင့် စေ့ဆော်၍ ကိုယ်၊ နှုတ်၊ စိတ် (ကိုယ် စိတ်၊ နှုတ် စိတ်၊ ကိုယ် နှုတ် စိတ်) တို့ဖြင့် အမှုကိစ္စတို့ကို ဆောင်ရွက်၏ ။ ” (ဆက္ကအင်္ဂုတ္တိုရ် နိဗ္ဗေဓိကသုတ်)

        စေတနာမှာ
        – စေ့ဆော်ခြင်း၊ လှုံ့ဆော်ခြင်း
        – အားစိုက်ခြင်း၊ အားထုတ်ခြင်း
        – စီမံခန့်ခွဲခြင်း ဆိုတဲ့ စွမ်းအင်သုံးမျိုးရှိပါတယ်။

        စေတနာရဲ့သတ္တိနဲ့စပ်လျဉ်းပြီး သဲကုန်း အရှင်ဉာဏိဿရ ဆရာတော်ကြီးက
        “ စေတနာရဲ့သတ္တိကဘာလဲ။
        – စေ့စေ့စပ်စပ်ဖြစ်အောင် လှုံ့ဆော်လိမ့်မယ်။
        – ဒီတော့ လုပ်ငန်းမှန်သမျှ သူက အားစိုက်ပြီးတော့လုပ်လိမ့်မယ်။
        – အမှုကိစ္စအားလုံးကို သူစီမံပေလိမ့်မယ်။
        စေတနာညံ့ရင် အားစိုက်ခြင်း၊ စီမံခန့်ခွဲခြင်း။ စေ့စေ့စပ်စပ်ဖြစ်အောငင် လှုံ့ဆော်ခြင်း တွေ ဘာမှမဖြစ်တော့ပါဘူး။ ”
        လို့ ဟောခဲ့ပါတယ်။ (ဗုဒ္ဓအခြေခံသဘောတရား၊ စာ ၁၄၃)

        ဒါ့ကြောင့်မို့လို့ ကိုစန်းလှကြီးပြောသလို ခြင်သတ်တာနဲ့ ဆင်သတ်တာနဲ့ အကျိုးပေးကွာတာ စေတနာ(စေတနာရဲ့သတ္တိ) အနဲအများကွာလို့ ဖြစ်ပါတယ်။

        အပေါ်ကစာတွေက ကျွန်တော်အလွတ်ရလို့ ရေးတာမဟုတ်ပါဘူး။ ကိုစန်းလှကြီးရဲ့စာကို ပြန်ဖို့ စာအုပ်ပြန်ကြည့်ရေးရတာပါ။

        • kai

          May 9, 2014 at 2:19 am

          ဘာရယ်မဟုတ်ပါဘူး..။ ပြောကြည့်တာ..။
          ၁၉၄၅ခုနှစ်ဩဂုတ်လ၆ရက်နေ့က.. လေယဉ်ပေါ်ကနေ ဗုံးတလုံးချလိုက်တာ.. လူချည်း ၂သိန်းကျော်(ဒါတောင် ကင်ဆာ..ဘာညာနဲ့မျိုးဆက်လိုက်ပြုတ်တာမပါသေး) သေတယ်…တဲ့..။
          ပိုးမွှားသက်ရှိ..အကောင်ဘလောင်တွေထည့်မတွက်သေး..
          ဖွတ်..ရုး..အုန်း… ဘုံး…ဆို..သေလိုက်ကြ..
          အသက်သေတာ… လွယ်လိုက်တာ…။
          မှတ်ချက်။ ။ ဟီရိုရှီးမားဗုံးထဲ.. ဆင်တော့ မပါလောက်ဖူးထင်တာပဲ..။ :mrgreen:
          =
          How many people died at Hiroshima in August 1945?
          http://www.warbirdforum.com › JAPAN
          Of that number, 45,000 died on the first day and 19,000 during the next four … present in Hiroshima on August 6, the death toll ought not to exceed 102,000, … As of [1997], there were 202,118 registered deaths due to the Hiroshima bombing.

        • San Hla Gyi

          May 9, 2014 at 10:26 pm

          ကို Aye Lwin Oo ရေ
          ကျနော် ကိုအေးလွင်ဦးကို ပိုပြီး အသေးစိတ်ကျအောင် ဆွေးနွေးပေးလိုက်ပါတယ်။ ဆွေးနွေးရတာ အဆင်ပြေတာရော နောက်ပြီး ကျနော့် အတွင်းစိတ်အရ ထေရဝါဒ ဗုဒ္ဓဘာသာဝင် တော်တော်များများ အသံမပြုပဲ အပြန်အလှန် ဆွေးနွေးတာတွေကို စိတ်ဝင်တစား စောင့်ပြီး ဖတ်နေကြတယ်လို့ ထင်လို့ပါ။
          သဂျီးကို သွားပြီး တခုချင်း ပြောမနေနဲ့ ကိုအေးလွင်ဦး။ သူက တခါတရံ စကားကောင်း ပြောနေတဲ့ လူနှစ်ယောက်ကို အနှောင့်အယှက် ဖြစ်အောင် ရယ်စရာလိုလို နောက်သလိုလို ဝင်နှောက်တတ်တယ်။
          ကျနော်တို့ မူလဆွေးနွေးတဲ့ ထောင့်ကို ပြန်သွားရအောင်။ ခင်ဗျားရော ကျနော်ရော အဓိက ဆွေးနွေးတဲ့ ထောင့်က ထေရဝါဒအရ စေတနာ အနည်းအများပေါ်လိုက်ပြီး ကံကွာတယ်ဆိုတဲ့ အချက်နော်။ ကျနော် သိသာအောင်ဆိုပြီး ဆင်သတ်တာနဲ့ ခြင်သတ်တာ အကုသိုလ် အကျိုးပေးကွာတယ်လို့ ပြောသွားတယ်။ ဘာလို့လည်းဆိုတော့ စိုက်ထုတ်ရတဲ့ ကာယကံနဲ့ အားစိုက်ရတဲ့ မနောကံ ကွာတယ်လို့ ရှင်းပြခဲ့တယ်။ ကျနော်ကတော့ နားလည်မှာပဲ ဆိုပြီး အသေးစိတ် မပြောလိုက်မိဘူး။ ကွန်မန့်ကို ဖတ်တော့မှ သဂျီးခိုင် နားမလည်ရှာဘူးဆိုတာ တွေ့လိုက်ရတယ်။ သူ့ခမျာ အဲဒီလို နားမလည်လို့ ရှေ့တလွဲ နောက်တလွဲတွေ ခဏ ခဏ လုပ်မိရှာတယ်။ ကြုံရင် ကျနော့်ကွန်မန့်တွေ လိုက်ဖတ်။ ခင်ဗျား ရယ်ရသလို ဗဟုသုတ ဖြစ်စရာ တချို့ ရလိမ့်မယ်။
          သဂျီးကွန့်မန့်ကို အောက်မှာဖတ်ကြည့်။ သူက ဒီလိုပြောတယ်။ “လေယာဉ်ပေါ်ကနေ ဗုံးတလုံး ချလိုက်တာ……..ဖွတ် ရှူး အုံး ဘုံး ဆို သေလိုက်ကြ အသက်သေတာ လွယ်လိုက်တာ” အသေးစိတ်သာ ဖတ်ကြည့်ပေတော့။ ဒါ ဘာလို့ သူပြောတာလည်း ဆိုတော့ ကျနော်တို့က ကာယကံ အားစိုက်မှုနဲ့ မနောကံ အားစိုက်မှုတွေ ကွာတာနဲ့ အကျိုးပေးကွာတယ်လို့ ပြောတာ သူကြားတော့ ဟာ ဒါဆို လေယာဉ်ပေါ်က အနုမြူဗုံး ဖြုတ်ချလိုက်တာ ခလုတ်လေး ဆွဲလိုက်ရုံပဲ ကာယကံလည်း အားမစိုက်ရဘူး။ မနောကံလည်း ခဏလေး အတွင်းမှာ လုပ်လို့ရတော့ အကုသိုလ် မဖြစ်တော့ဘူးဆိုပြီး သူ ဉာဏ်မီသလောက်နဲ့ ဝင်ပြောရှာတာ။ လုံးလုံးမှားတော့တာပဲ။ လူပြိန်းတွေးလို့ ခေါ်တယ်။ ဆင်သတ်တဲ့ ဥပမာလေးကို ချဲ့မတွေးပဲနဲ့ ကာယကံဆိုရင် ချွေးတွေကျမှလို့ ထင်လိုက်တာမျိုး။
          ကိုအေးလွင်ဦးရေ အဲဒီဗုံးကို အဲဒီလို ဖြုတ်ဖို့ Manhattan project ဆိုပြီး စီမံကိန်းကြီး ချပြီး ၁၉၄၂ ကနေ သူပြောတဲ့ ၁၉၄၅ အထိ စစ်ဆင်ရေးကြီးနဲ့ တပင်တပန်း လုပ်လာခဲ့တာ။ ကျနော် မှတ်မိသလောက် ကိုလံဘီယာတက္ကသိုလ် အီတလီ ရူပဗေဒပညာရှင် ဖားမီးနဲ့ စလုပ်ခဲ့တာ။ ရည်ရွယ်ချက်က ရန်သူကို ဒါနဲ့ ထုသတ်ဖို့ပေါ့။ ပြီးလည်း ပြီးပြီဆိုရော အစမ်းဖောက်ခွဲသေးတယ်။ ဘယ်သူမှ မသိသေးဘူး။ လုပ်သူကတော့ သတ်တော့မယ်ဆိုတဲ့ မနောကံ စေတနာတွေရော ကာယကံမြောက် တွက်တယ် ချက်တယ် စမ်းသပ်တယ်လုပ်တဲ့ ကာယကံစေတနာရော ကြီးကြီးမားမားနဲ့ လုပ်ခဲ့တာဗျို့။ ရပြီ ထုသတ်လို့ ရပြီဆိုမှ ထရူးမင်းက သူ့လူတွေကို ဂျပန်မြို့ကြီးတွေရဲ့ မြေပုံကို သူ့ဆီ တင်ခိုင်းပြီး အသေးစိတ်ကို လေ့လာရတာ။ အစည်းအဝေးတွေလည်း အကြိမ်ကြိမ် လုပ်ခဲ့တာ။ ရပြီ ပိုင်ပြီ ဆိုတော့မှ ဗုံးကြဲမယ့် လေသူရဲကို ဗုံးပေးပြီး ကြဲခိုင်းတာ။ ဒါတောင် မှာလိုက်သေးတယ်။ မြို့ကို သေသေချာချာ မမြင်ရပဲနဲ့ စိတ်မှန်းနဲ့ ဖြုတ်မချရဘူး။ သေသေချာချာ မြင်မှ ဖြုတ်ချရမယ်။ ဖြုတ်ချရင်လည်း လူအထူထပ်ဆုံး မြို့လည်ခေါင်မှာ ဖြုတ်ချရမယ်ဆိုပြီး တချက်လွှတ် အမိန့်နဲ့ပါ လွှတ်လိုက်တာ။ သူက လူဘယ်လောက် သေသလည်း ဆိုတဲ့ ထိရောက်မှုကို သိချင်တာကိုး။
          ကဲ ကိုအေးလွင်ဦးရေ ဘယ်လောက် ကြီးမားတဲ့ ကာယကံ မနောကံ စေတနာတွေလည်း ဝစီကံတောင် ပါလိုက်သေးတယ်။ နွားကိုထုသတ်ဖို့ တူရှာတာတို့ ဆင်ကို ပစ်သတ်ဖို့ သေနတ်လိုက်ရှာတာတို့က အဲဒီလောက် ကာယကံ မနောကံ အားစိုက်ရပါ့မလား။ တွေးကြည့်ပေတော့။ အဲဒါကို သဂျီးက နားမလည်ရှာတော့ လေယာဉ်ပေါ်မှာ ခလုပ်လေး ဆွဲလိုက်တာကို ကြည့်ပြီး အားစိုက်မှု မရှိလို့ အကုသိုလ် မဖြစ်နိုင်တော့ဘူးဆိုပြီး တွေးမိရှာတာ။ သူ အဲဒီလို ခဏ ခဏ ရှေ့နောက်တလွဲတွေ ဖြစ်ရှာတယ်ဗျာ။
          ခင်ဗျားပြောတဲ့ သဲကုန်းဆရာတော်ကြီးရဲ့ ရှင်းပြတာကိုကြည့်။ “စေတနာရဲ့ သတ္တိက ဘာလဲ။ စေ့စေ့စပ်စပ် ဖြစ်အောင် လှုံ့ဆော်လိမ့်မယ်။ ဒီတော့ လုပ်ငန်း မှန်သမျှကို သူက အားစိုက်ပြီးတော့ လုပ်လိမ့်မယ်။ အမှုကိစ္စအားလုံးကို သူစီမံပေလိမ့်မယ်။” ကဲ ဆရာတော်ကြီး ရှင်းပြတာ မမှန်ဘူးလား ကိုအေးလွင်ဦးရေ။ ဒီလောက် စေ့စေ့စပ်စပ် ဖြစ်အောင် အားစိုက်ပြီး စီမံလာတဲ့ လုပ်ငန်းကြီး ဘယ်ရှိပါ့မလည်း။
          ကိုယ့်ထက် နားလည်တဲ့လူတွေရဲ့ စကားကို မှတ်သားရတယ် ဆိုတာ အမှန်ပဲဗျို့။ မြတ်စွာဘုရားရှင် ဟောကြားတော်မူတဲ့ တရားတော်ကို နက်နက်နဲနဲ စဉ်းစားတတ်မှ နားလည်တာပဲဗျာ။ လေးသချေင်္နဲ့ ကမ္ဘာတသိန်း ပါရမီတော်တွေကို ဖြည့်ပြီးမှ ရခဲ့တဲ့ သဗ္ဗညုတဉာဏ်တော်ကြီးဗျာ။ ကိုယ်တိုင်လည်း မစဉ်းစားတတ် တတ်ကျွမ်းတဲ့ လူတွေက ရှင်းပြတော့လည်း နားထောင်ချင်စိတ် မရှိပဲ ထေရာကြီးတွေက ချဲ့ကားလွန်းပါတယ် လေးသချေင်္နဲ့ ကမ္ဘာတသိန်းဆိုတာ ငါဉာဏ်မမီဘူး ဘာညာနဲ့ လုပ်ရင်တော့ အကုသိုလ်ပဲဗျို့။
          ဟော သူကြီးရေးတဲ့ ကွန်မန့်ကို ဆက်ကြည့်။ “မှတ်ချက် ဟီရိုရှီမားဗုံးထဲ ဆင်တော့ မပါလောက်ဘူး ထင်တာပဲ” အဲဒီမှာ လွဲပြန်တာပဲ ကိုအေးလွင်ဦးရေ။ ကျနော်တို့က ယေဘူယျအားဖြင့် အကောင်ကြီးကြီးသတ်ရင် အပြစ်ပိုကြီးတယ်လို့ ပြောလိုက်တာကို သူကြားပြီး ဆင်ကြီးကို ပြေးမြင်နေတာဗျို့။ ကျနော် ယေဘူယျအားဖြင့်လို့တောင် သေသေချာချာ ပြောခဲ့ပါတယ်။ ယေဘူယျကို ပြောရင် ချွင်းချက်ဆိုတာ ရှိတယ်ဆိုတဲ့ အကြောင်း ကျနော် ခဏ ခဏ ပြောတာ သူမသိခဲ့ရှာဘူး။ ဘာလို့ အပြစ်ပိုကြီးတာလည်း ဆိုတော့ များသောအားဖြင့် အကောင်ကြီးလာရင် လူနဲ့ ပိုနီးလာပြီး အသိဉာဏ် ပိုကြီးလာလို့ဗျို့။ ချွင်းချက်တော့ ရှိတယ်နော်။ ခင်ဗျားကြည့်ဗျာ ခွေးနဲ့ ကြောင်ဆို ဘယ်သူက အသိဉာဏ် ပိုလည်း။ ဆင်ဆိုရင်တော့ မပြောနဲ့တော့။ အလောင်းတော်ကဿပကို ဘုရားဖူးသွားတုန်းက လူကို ဒူးထောက်ပြီး ကန်တော့တဲ့ ဆင်ကြီးတွေကို တွေ့ခဲ့တယ်ဗျို့။ ဘာလို့ အသိဉာဏ်ကြီးရင် အကုသိုလ် ပိုလာတာလည်းဆိုတော့ အဲဒီ သတ္တဝါကို သတ်ရတာ ခက်လာလို့ဗျ။ ခွေးကို သတ်တာက ရိုက်သတ်လို့ ရနိုင်တယ်။ ဆင်ကို သတ်ပြီဆိုရင်တော့ လက်နက်တွေ ဘာတွေယူပြီး သေသေချာချာ လင့်စင်ပေါ်ကနေ ပစ်မှရတတ်တာမျိုး။ လူကို သတ်ရင်တော့ မပြောနဲ့တော့။ သတ္တဝါအားလုံးထဲမှာ အသိဉာဏ် အရှိဆုံးဆိုတော့ ကိုယ့်ကိုကိုယ် မသေအောင် အတတ်နိုင်ဆုံး ကာကွယ်တော့တာ။ စဉ်းစားကြည့်လေ။ ဘယ်သတ္တဝါကို သတ်ဖို့ လေယာဉ်ပျံနဲ့ ဗုံးကြဲဖို့ လိုမလည်း။ လူကျတော့ ဗုံးကြဲလည်း ကျင်းထဲ ဝင်နေမယ်ဆိုပြီး စဉ်းစားတတ်တာဆိုတော့ သတ်မယ့် လူကလည်း စီမံကိန်းတွေချပြီး ပိုအားစိုက် ရတော့တာပေါ့။ အဲဒီတော့ လုပ်တဲ့ ကာယကံ မနောကံတွေက တအားကြီးသွားပြီလေ။ ဒါကြောင့် အကုသိုလ် ပိုကြီးတာ။
          နောက်ပြီး လူမှာက ကိုယ်ကျင့်တရား ဆိုတာ ရှိသေးတယ်။ ထေရဝါဒအရ ဂုဏ်ကြီးတဲ့ လူကို ပြုမူတဲ့ စေတနာတိုင်းဟာ အကျိုးပေးကြီးတယ်။ ကုသိုလ်ပဲဖြစ်ဖြစ် အကုသိုလ်ပဲ ဖြစ်ဖြစ်ပေါ့။ ဥပမာ သီလမရှိတဲ့ လူတွေကို ထမင်းရည်ချောင်းစီးပြီး လှူတာနဲ့ မြတ်စွာဘုရား ဒါမှမဟုတ် ရဟန္တာတပါးပါးကို ဆွမ်းကပ်တာ အကျိုးပေးချင်း မတူဘူး။ ဂုဏ်ကွာတာကိုး။ အဲဒီလိုပဲ လူကို သတ်တာလည်း အကုသိုလ်ဖြစ်တာ အမှန်ပဲ။ ဒါပေမယ့် ရဟန္တာကိုသတ်တဲ့ ကံကတော့ အပြစ်ပိုကြီးတယ်။ အဲဒီဘဝ နိဗ္ဗာန် မရနိုင်တော့သလို သေရင် ငရဲ ကျိန်းသေတယ်။
          မြတ်စွာဘုရားရှင်ကျတော့ ထေရဝါဒအရ အသက်ကို ဘယ်လို လူနတ်ကမှ အန္တရာယ်ပေးလို့ မရဘူး။ အလွန်ဆုံး သွေးစိမ်းတည်ရုံလောက်ပဲ လုပ်နိုင်တယ်။ ဒါပေမယ့် ငရဲသွားဖို့ ပါမစ်ရပြီးသားပဲ။ ရှင်ဒေဝဒတ် အဲဒါကြောင့် မြေမျိုသွားတာ။
          ကိုအေးလွင်ဦးရေ မြတ်စွာဘုရားရှင်ရဲ့ တရားဟာ အရာရာ အစီအစဉ်တကျ ဖြစ်ပြီး ယုတ္တိအလွန် ရှိပါတယ်။ ရှေ့အကြောင်းနဲ့ နောက်အကြောင်းကို ဆက်စပ်ပြီး တွေးနိုင်ဖို့ လိုပါတယ်။ အဲဒီလို မတွေးနိုင်တဲ့ လူပြိန်းတွေ အတွက်တော့ နားလည်မှာ မဟုတ်သလို နားမလည်ဘူးဆိုပြီး ပြစ်မှားရင်လည်း ကိုယ်ပဲ ငရဲသွားရမှာပါ။ များလွန်းလို့ နောက်မှ အေးဆေး ဆက်ရေးမယ်ဗျာ။

        • kai

          May 9, 2014 at 11:15 pm

          ကောင်းပါလေ့..။
          ကိုရင်စံလှကြီးလို.. ဘရိန်းဝပ်ရှ်ခံထားရသူတွေများတာနဲ့အမျှ… .ထေရဝါဒဝင်တွေခမြာ… အနုမြူမပြောနဲ့.. လျှပ်စစ်တောင်သုံးပြီး ပစ္စည်းသစ်ထွင်ရဲမှာမဟုတ်တော့ဘူး..။

          အင်း.. ဂွမ်တိဂွမ်တိအတွေးတွေ…။

          အမပုဒုမ္မာကိုစာပြန်ရေးရရင်တော့.. လဆိုတာကြီးကတကယ်ရှိတာ/မရှိတာ.. အချက်အလက်(Fact) အရပါပဲ..။ လရှိနေတာမို့.. မယုံလည်း.. မယုံသလိုနေ… ယုံ.. ယုံတဲ့သူ အဲဒါကြီးကနေ အကျိုးအမြတ်ထုတ်ယူ… လူတွေကောင်းအောင်လုပ်..။ အဲလို..။

          မယုံသူအိပ်နေ..။ ဘာမှမဖြစ်.. ။

          ငရဲကအဲလိုမဟုတ်ဖူးဗျ..။ Fiction or Faked ပဲ..။ လူတွေကိုခြောက်နေတဲ့ကောင်..။ ငရဲကိုသွားယုံတဲ့အထိပြသနာသိပ်မရှိသေးပေမယ့်.. အယုံလွန်ပြီး… ကိုယ့်တိုးတက်ရေး.. ကိုယ့်ပါတ်ဝန်းကျင်အပြန်အလှန်ဆက်သွယ်ရေးတွေပါထိခိုက်နိုင်တဲ့အခြေအနေရောက်လာရင်.. အခြေအနေမှန်ကိုအသိပေးသင့်ပြီထင်တာပဲ..။

          ဒီလိုခေတ်ကြီးမှာလေ..။

          မိုးကြိုးပစ်ချတာကို.. ဝရဇိန်လက်နက်.. မိုးကြိုးစက်လုပ်ပြောပြောပြီး.. .ခြောက်ရမယ့်အချိန်ခေတ်ကာလ.. ကျော်သင့်ပြီ..ဟူလို…. :mrgreen:

          ပုရွတ်ဆိတ်သတ်တဲ့ကိစ္စကတော့.. ဆွေးနွေးစရာအများကြီး..။
          တိုတိုဆိုရင်တော့.. ကံ-ကံရဲ့အကျိုးကြည့်။ လူနဲ့ပါတ်ဝန်းကျင် အညမညသဘောကြည့်..။ လူ့ဦးနှောက်နဲ့.. သင့်/မသင့် ဆုံးဖြတ်သင့်သည်သာ ထင်ပါကြောင်း….

          ကိုရင်ကြီးအေးလွင်ခင်ဗျ…
          ငရဲနဲ့ခြောက်သူတွေကျ.. ဘုံရောက်တယ်ဆိုတာရော.. တကယ်ကြီးယုံတာလားဟင်….

          ချ..ချ..အဲဒီမယုံတဲ့အကောင်ကိုချ..။ :buu:

  • etone

    May 7, 2014 at 6:06 pm

    no… no…. စာအရေးသားမယဉ်ပါးလို့ အဓိပါ္ပယ်လွဲသွားတယ် ….. စိတ်အကျဉ်းချတယ်ဆိုတာ တကိုယ်စာ အတွေးသက်သက်ပါ ..
    ဥပမာပေးရလျှင် သီလယူထားပြီးဗိုက်ဆာလို့ နောက်တနေ့ အာရုံတက်ကို ရေလှိမ့်သောက်ရင်း စောင့်နေတဲ့ ခံစားချက်မျိုးကို ပြောတာ …. ကိုယ့်ဟာကိုယ်ပြောပါတယ် 😀

  • Aye Lwin Oo

    May 9, 2014 at 9:28 am

    ကိုkai ခင်ဗျား

    အဲ . . . ကျွန်တော်က ၅၅ ဆိုတော့ ကိုkai လို့ခေါ်လိုက်တာပါ။ မဟုတ်ရင်လဲ ကိုကြီးkai လို့ ခေါ်ရမလား . . . မသိ။

    ုkai ရဲ့ comment ဖတ်ရတိုင်း သဘောကျမိပါတယ်။ kai က ငြင်းခုန်ခြင်းသည် အနုပညာလို့ ပြောပေမဲ့ နောက်တစ်ခုထပ်တိုး လိုက်ချင်ပါရဲ့။ ကလိခြင်းသည် အနုပညာ လို့ . . .

    ရွာသား၊ ရွာသမီးတွေက ဂဇက်သဂျီး၊ ဂဇက်သဂျီး လို့ ခေါ်ကြတယ်။ ကျွန်တော်ကတော့ ဂလိသဂျီးလို့ ခေါ်လိုက်ချင်ပါသဗျာ။ kai စာကိုဖတ်ရရင် ဂလိထိုးခံရသလိုဘဲ။ ချစ်လို့ခေါ်တယ်လို့ မှတ်ပါနော့ . . . စိတ်ဆိုးပြီး ဖျက်တော့ မပစ်လိုက်ပါနဲ့ခင်ဗျ။

    Little Boy နဲ့ Fat Man တို့ကို နိဟွန်းကို မေတ္တာလက်ဆောင်ပါဆယ်ပို့လိုက်တဲ့ကိစ္စမှာ ဘယ်သူတွေ ဘယ်လိုစေတနာကြသလဲတော့ ကျွန်တော်မသိပါ။ ဒါပေမဲ့ Pacific War ကြီး မပြီးမချင်း လူတွေအများကြီးသေကုန်မဲ့အတူတူ နိပွန်တွေ နဲနဲလောက် သေချင်သေပါစေ၊ ပို့လိုက်ကွာ လို့ (သဘောပြောပါတယ်) ပြောလိုက်တဲ့ ဦးထရူးမင်းကြီးကတော့ သေစေလိုတဲ့စေတနာပါ ပါလိမ့်မယ်။ စေတနာပါရင်တော့ ငရဲရောက်မယ်လို့ ယုံပါတယ်။

    kai မယုံရင် လိုက်ကြည့်ပါလား။ ရောက်ဖူးတာပေါ့ ။

    အဲ . . . တွေ့ရင်လည်း ပြောပြပါဦးနော့။ ကျွန်တော်ကတော့ ယုံလို့ လိုက်မကြည့်တော့ပါဘူး။ ရန်ကုန်နွေတောင် ကျောကော့နေတာ၊ ငရဲနွေဆိုရင်တော့ အကုန်ကော့ကုန်မယ်. . . (ဆံပင်ပြောပါတယ်)

    kai သွားမယ်ဆိုရင်လည်း မိုးလေး တစ်ပေါက် နှစ်ပေါက်လောက် ရွာအောင် စောင့်ပြီးမှ သွားပါလား။ နဲနဲများ အေးသွားမလားလို့ . .

    • ကေဇီ

      May 9, 2014 at 10:45 am

      တဂျီး အသည်းကုတ်တတ်တဲ့ အကြောင်းကို သိကုန်ကြပြီ/

      ဟေးဟေးဟေးးး
      :mrgreen:

      ကောင်းလိုက်တဲ့ နာမည်။
      ဘာတဲ့။
      ကလိ သဂျီး !!

      😀

      • Aye Lwin Oo

        May 9, 2014 at 11:13 am

        ဂလိသဂျီး ပါ အန်တီZEE

        kai ကလိလိုက်ရင် ဂလိထိုးသလို ယားကျိ ယားကျိဖြစ်တတ်လို့ ဂလိသဂျီးလို့ ခေါ်လိုက်ချင်တယ် ….
        . . . လို့ ပြောတာပါ။

    • kai

      May 9, 2014 at 12:03 pm

      ဒီခေတ်မယ်ဗျာ..။
      အင်နာဂျီကအင်မတန်ဈေးကြီးတာ..။
      energy ကြောင့်စစ်ပွဲကြီးတွေဖြစ်တယ်..။ စွမ်းအင်ကြောင်လူတွေ သန်းချီသတ်ကြ..သတ်ခံရ..သေကြတယ်…။

      အင်နာဂျီရှိရင်.. အာကာသကောင်းကင်.. ခါးစောင်းတင်တက်နိုင်တယ်..။
      စွမ်းအင်နဲ့ပဲ..နေကမီးလောင်တယ်..။
      စွမ်းအင်နဲ့ပဲ..နေက.. ဆိုလာမုန်တိုင်းရန်ကို.. ကမ္ဘာကကာကွယ်နိုင်တယ်..

      ဆိုတော့…
      ဘာတဲ့.. ငရဲမီးတတို့က… သစ်ပုံ..ကျောက်ပုံကြီးတွေတောင် ဟုတ်ကနဲ့..ကုန်အောင်အပူပြင်းတယ်ဆိုပဲ..။ စွမ်းအင်သိပ်ကြီးတာပေါ့..။
      အဲဒီငရဲကျတဲ့သူတွေ.. မသေဘူးဆိုပဲ..။ အဲဒီစွမ်းအင်နဲ့.. တန်ခိုးရှင်လို..လုပ်ချင်တာလုပ်နိုင်မှာ..။

      ငရဲသွားချင်သဗျို့..။
      ပို့ကြပါ.. ပို့ကြပါ..။ ပို့ပေးနိုင်သူတွေ.. ပို့ပေးကြပါ…။
      မသေခင်ပို့ပါလေ..။
      ကျေးဇူးတင်တယ်/မယ်….။ :mrgreen:

      မှတ်ချက်။ ။ ငရဲကြီး၈ထပ်ရှိတယ်လို့..ငရဲနဲ့ခြောက်ပြော.. ပြောနေတဲ့သူတွေ..သူရို့ ရောက်ဖူးကြတာလားဟင်…။ ❓

      • Aye Lwin Oo

        May 9, 2014 at 2:56 pm

        ကျွန်တော်ငယ်ငယ်လေးတုံးက အိမ်မှာ ဘဲလ်အဲယားကားကြီးတစ်စီးရှိတာ မှတ်မိတယ်ဗျ။ ထူးထူးဆန်းဆန်း ပန်းရောင်ကြီး။ အမေက ခဏခဏပြောဘူးတယ်။ ကျွန်တော်သုံးနှစ်သားလောက်မှာ ညနေ အမေရုံးဆင်းလာတော့ အဖေက အမေ့ကို အဝတ်တွေထဲ့၊ အဝတ်တွေထဲ့၊ မန္တလေးတက်ရအောင် ဆိုပြီး ချက်ခြင်း တက်လာကြတယ်ပေါ့ဗျာ။ ကျွန်တော်ကတော့ ဘာတစ်ခုမှ ရေးရေးကို မမှတ်မိပါဘူး။ ဓာတ်ပုံလေးတွေတွေ့မှ အော် . . အင်း ပေါ့။ ၃နှစ်သားဆိုတော့ ပြီးခဲ့တဲ့ နှစ် ၅ဝ စွန်းစွန်းလေးတုံးကပေါ့ ဗျာ . . .

        ငရဲတော့ ရောက်ဘူးတယ် လို့ ထင်တာဘဲ kai ရဲ့။ သိပ်မမှတ်မိလို့။ နှစ် ၅ဝ စွန်းစွန်းကိုတောင်မမှတ်မိတာ။ နှစ် ၅ဝ ရဲ့ ဟိုးးးးး နောက်ဖက် တော်တော်စွန်းစွန်းကဆိုတော့ ၊ မှတ်ဉာဏ်ကလဲ သိပ်မကောင်းတော့ဘူးဆိုတော့ လေ . . .
        ငရဲတုံးက ဓာတ်ပုံလေးတွေ ရှာကြည့်လိုက်ဦးမယ်။ တွေ့ရင် kai ကို ပြမနော် . .

        တစ်ခုတော့ မှတ်မိသလိုလို . . . ငရဲမင်းကြီးကပြောတာလား၊ Embassy of Union of Hell မှာ passport ထပ်တုံးက ငရဲမလေးက ပြောတာလား မသေချာလို့။

        ငရဲသွားချင်ရင်တဲ့ . . . ကိုယ်တိုင် Visa တင်ရမယ်တဲ့။ ပွဲစားနဲ့ မတင်ပါနဲ့ တဲ့။ Visa က ဘယ်နေ့ကျမလဲဆိုတာလဲ ပြောရခက်ပါတယ် တဲ့။ မသေခင်ကျမလား၊ သေပြီးမှ ကျမလား ပေါ့။ ဘယ်အချိန်ကျကျ စိတ်မပူပါနဲ့တဲ့။ ငရဲရောက်မှာပါတဲ့။

        ချစ်လို့ နောက်ခြင်းသာဖြစ်ပါကြောင်း..
        စိတ်မဆိုးစေလို.. :mrgreen:

        အင် – – – kai စာထဲက နောက်ဆုံးစာကြောင်း၂ကြောင်း Copy Paste လုပ်လိုက်တာ ဟို သဖြဲလေးပုံ ပါမလာဘူးဗျ။

      • padonmar

        May 9, 2014 at 7:14 pm

        သူကြီးရော ကျမတို့ရော လပေါ်ကို မရောက်ဖူးဘူးလေ။
        ဒါဆို လဆိုတာ မရှိတော့ဘူးလား။
        အပိုလိုတို့ ဒစ်စကာဗာရီတို့ ဆိုတာ စတူဒီယိုထဲ ရိုက်ပြီး ညာနေတာများလား။
        ……..
        ငရဲကြီး ၈ထပ်ရှိရှိမရှိရှိ ဗုဒ္ဓဝါဒကတော့ ကိုယ်မဖြစ်ချင်တာတွေကို သူများအပေါ် မလုပ်ဖို့ပါပဲ။
        ပရွက်ဆိတ်လေးမို့ သတ်မယ်၊လူတော့ မသတ်နဲ့ ဆိုတာ ကိုယ်ချင်းမစာရာရောက်ပါတယ်။
        ………..
        ဟီရီုရှီးမား ဗုံးကြဲတာ ဗုံးချရတာတော့ လွယ်သလိုပဲ၊
        ဒီ အနုမြူဗုံးဖြစ်ဖို့ အားထုတ်ခဲ့ကြတာတွေက ဆင်သတ်တာထက်တောင် အားစိုက်ခဲ့ကြသေး။

        • Aye Lwin Oo

          May 9, 2014 at 9:48 pm

          ဒဂျီးကလိတာ စိတ်မဆိုးပါနဲ့ အာတီမာရယ်။

          ဟီရိုရှိးမားမှာ ဆင်မပါလောက်ပါဘူးဆိုလို့ ကျွန်တော် စာပြန်ပေးလိုက်တာနဲ့ သူငရဲသွားချင်စိတ်ပေါ်သွားတယ် လေ။ ဘယ်လိုသွားရမှန်းမသိလို့ ငရဲသွားချင်တယ်၊ ပို့ပေးကြပါ။ ရောက်ဖူးရင်လဲပြောကြပါဆိုပြီး ထပ်ကလိတာပါ။
          အခု ကျွန်တော် အင်ဖော်မေး နဲ့ ရှင်းလိုက်လို့ ဘိုင်ဆာ တင်ရမယ်ဆိုတာ သူသိသွားပြီ။
          နဲနဲလေး စောင့်ကြည့်နေ။ သံရုံး ဘယ်လိုသွားရမလဲသိအောင် ကလိဦးမှာ။

          kai ရေ
          ကျွန်တော် ပြောဖို့ နဲနဲမေ့သွားတယ်။ ဘိုင်ဆာ မတင်ခင် ပစပို့ကို သက်တမ်းလေးတိုးထားဖို့ မမေ့နဲ့နော်။ ငရဲက ဘိုင်ဆာကို ကြာကြာလေးပေးတတ်တယ်။ လိုရမယ်ရ နှစ်ကမာ္ဘလောက် တိုးထားရင် မမှားပါဘူး။ မြန်မာသံရုံးက ငရဲပြည်မှာ မရှိတော့ တော်ကြာ သက်တမ်းကုန်သွားရင် အို ဖြစ်ပြီး ပြန်လာလို့ မရမှာစိုးလို့။
          just FYI

          ချစ်လို့ နောက်ခြင်းသာဖြစ်ပါကြောင်း..
          စိတ်မဆိုးစေလိုပါကြောင်း. :mrgreen:

          ဓဂြီးစိတ်ဆိုးမှာစိုးလို့ သူ့ဖြေဆေးလေး ပြန် ထဲ့ ထဲ့ ပေးရတယ်။

  • သီဟသူရ ညောင်ရမ်းဂျီးထူ

    May 9, 2014 at 12:56 pm

    ဆေးရိုးသည်ကန့်လန့်ကန့်လန့်ကွာ

    • kai

      May 9, 2014 at 1:04 pm

      ဟင်း..ဟင်း..
      ဒီခေတ်မှာ.. ဆေးရိုး(ဆေးရွက်ကြီးအရိုး/အရွက်)ကနေလုပ်တဲ့.. ဆေးပြင်းလိပ်ဈေးဘယ်လလောက်မှတ်သလည်းဗျ..


      Top 10 Most Expensive Cigars in the World
      1. Gurkha Black Dragon, $1,150.00

      Gurkha-Black-Dragon-1150

      This is the most expensive cigar on the market. The cigar is available at a size of 8.5 inches long and 52-inch ring size. The bone chests in which they come in are hand carved. They’re rarely available and can only be purchased at selected cigar shops worldwide.

      ဒေါ်လှ ၁၁၅ဝတဲ့..။ စိန်ကောင်းကျောက်ကောင်းတွေထက်တောင်ဈေးကြီးနေတာတွေရှိတယ်..။
      ကန့်လန့်မဟုတ်.. ဘေးတိုက်.. နောက်ခြင်းသာဖြစ်ပါကြောင်း..
      စိတ်မဆိုးစေလို.. :mrgreen:

  • Aye Lwin Oo

    May 10, 2014 at 2:43 am

    ပထမ ကိုရင်အေးတဲ့။
    အခု ကိုရင်က အသက်ကြီးပြီလို့ ပြောမိလို့လားမသိ . . ကိုရင်ကြီးအေးလွင် ဖြစ်သွားပြီ။
    နောက်တစ်ခါဆိုရင်တော့ ဦးဇင်းအေးလွင် ဖြစ်ဖို့ဘဲရှိတော့တယ်။

    မတတ်နိုင်ပါဘူး၊ ကျရာဇာတ်ထုပ်မှာတော့ ကာလံနဲ့ ကာရံညီအောင်ပေါ့ . . .

    အဟမ်း အဟမ်း ကဲ ကဲ ဒကာကြီး kai ရေ့

    ဒကာကြီး ကိုင်ချင်တာ ကိုင်ပါဗျာ။ ကိုရင်ကြီးကိုတော့ ချ ချ နဲ့ မြှောက်မပေးပါနဲ့။
    ကိုရင်ကြီးက
    – – – ယုံပြီး ကြည်တဲ့သူတွေကိုရော
    – – – ယုံပြီး မကြည်တဲ့သူတွေကိုရော
    – – – မယုံပြီး မကြည်တဲ့သူတွေကိုရော

    ဘယ်သူ့ကိုမှမချချင်ပါဘူး။ အေးအေးလေးဖြစ်အောင် မွှေးမွှေးလေးဘဲ ပေးနေချင်ပါတယ်။

    အဲဗျ . . . ကိုရင်ကြီးကို ယုံသလားမေးတော့
    ကိုယ်ဆင်းရမဲ့ မှတ်တိုင်ရောက်လို့ဆင်းပြီး ပြောင်းစီးရမဲ့နောက်ကားက ငရဲBus လား၊ ဘုံBus လားပေါ်မှာ မူတည်တယ်လို့ ယုံပါတယ်ခင်ဗျ။

    ကိုယ်ကြိုက်တာ ကိုယ်လုပ်၊ ကိုယ်လုပ်တာ ကိုယ်ရပါလိမ့်မယ်။

    ကိုရင်ကြီးအေး @ ကိုရင်ကြီးမွှေး

    • kai

      May 10, 2014 at 9:49 am

      တင်ပါ့ဦးဇင်း.. အဲ.. အဲ.. ယောင်လို့..
      ဆိုတော့…
      တနေ့တနေ့.. ကလေးပေါင်း ၃သိန်းရသောင်းကျော် ဤဒွဒ္ဓယာမှာမွေးနေသတဲ့…။
      အူဝဲဆိုပြီး.. အော်တောင်မအော်ရသေးဘူး..။
      တချို့က.. လမ်းဘေးမှာ..
      တချို့က.. အေအိုင်ဒီအက်စ်ပါသဗျ..။
      တချို့က.. ရွှေဘုံမှာ..
      တချို့က.. ငွေပုံဘေးမှာ..
      တချို့ကျတော့.. တော်ဝင်သားသမီးတန်းဖြစ်နေသဗျ..
      တချို့ကတော့..သမ္မတကိုအဖေတော်နေသပေါ့လေ..။
      တချို့ကျတော့..အကြီးအကဲသားသမီးဗျ..
      တချို့တွေကျ.. အကြီးအကဲတော့အကြီးအကဲ.. အမေဇုံတောထဲက.. အကျီ င်္မဝတ်တဲ့.. လူရိုင်းတွေရဲ့အကြီးအကဲသားသမီးတဲ့..
      တချို့ကတော့..ခြေထောက်ပါမလားဘူးဗျာ
      တချို့က.. လက်ချောင်း၆ချောင်းခင်ဗျ…

      အင်း..
      ပြောကြတာပဲ…
      ကိုယ်ကြိုက်တာ ကိုယ်လုပ်၊ ကိုယ်လုပ်တာ ကိုယ်ရပါလိမ့်မယ်။ ..တဲ့..။
      ကွိ..

      နောက်တာနော..။ စိတ်မဆိုးကြေး..။

      • Aye Lwin Oo

        May 10, 2014 at 12:29 pm

        ကိုရင်ကြီးက လှည်းနေ၊ လှေအောင်း၊ မာဆတ် မကျန် နားလည်အောင်
        “ ကိုယ်ကြိုက်တာ ကိုယ်လုပ်၊ ကိုယ်လုပ်တာ ကိုယ်ရပါလိမ့်မယ်။ ” ဆိုတာလေးကို ဘိရုမာဂို (Birumago) နဲ့ရေးလိုက်တော့ ဒဂါကြီးကွိ က ပြုံးစိ ပြုံးစိ နဲ့ ၊ ကလိသလိုလို . . . ကွိသလိုလို

        ဒီတစ်ခါ အဲဂို (Eigo) နဲ့ ရေးလိုက်မယ် . . .
        ကဲ . . . လာလရော့

        Galatians 6:7-9
        King James Version (KJV)

        7. Be not deceived; God is not mocked: for whatsoever a man soweth, that shall he also reap.

        8. For he that soweth to his flesh shall of the flesh reap corruption; but he that soweth to the Spirit shall of the Spirit reap life everlasting.

        9. And let us not be weary in well doing: for in due season we shall reap, if we faint not.

        တော်ပါသေးရဲ့။
        အသက်ကြီးပေမဲ့ a b c d လေးတွေ နဲနဲကျန်နေသေးလို့ . . .

        • San Hla Gyi

          May 10, 2014 at 6:26 pm

          အင်း ကိုအေးလွင်ဦးလည်း ကျနော်က သေချာ ပြောထားရဲ့သားနဲ့။ သဂျီးနောက်ကို လိုက်ပြီး တခုချင်း လိုက်ပြောမနေနဲ့လို့ ပြောတာ နားမှမထောင်ပဲကိုး။

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 10, 2014 at 10:49 am

    . တစ်ခုခုတော့ပြောခြင်ပါတယ်
    . ငရဲကြီးမှာကြောက်လို့

  • ဦးဦးပါလေရာ

    May 10, 2014 at 11:44 am

    .အခုထိ ဖတ်ရတဲ့ ကွန်မင့်တွေက အင်မတန် မှတ်သားစရာ လေးစားစရာဖြစ်ပါတယ်။
    .ဖတ်မှတ်နာယူရတာလဲ ကျေးဇူးတင်ပါတယ်…

    .ကျုပ်ကတော့ ကိုယ်ပိုင် ပေါက်တတ်ကရ အတွေးလေး ဝင်ပြောသွားမယ်ပေါ့…

    .ငရဲ ဆိုတာကို တကယ်တော့ လူတွေက သိပ်မကြောက်ပါဘူး…

    .ငရဲ ကို ယုံယုံမယုံယုံ သေခြင်းတရားကို ကိုယ်နဲ့ ဝေးသေးတယ်ထင်လို့ ရိုးရိုးလူတွေက မကြောက်ပါဘူး…
    .ရိုးရိုးထက် သာတဲ့လူတွေကျပြန်တော့ သေခြင်းတရားကို မဝေးဘူးထင်ပေမယ့် သူတို့မှာကျတော့ ငရဲကျစရာအကုသိုလ် သိပ်မဖြစ်တော့လို့ .သိပ်မကြောက်တော့ပါဘူး…။
    .ဒါကြောင့် ငရဲကြောက်ပြီး ဗုဒ္ဓဘာသာဝင်တွေ သိပ္ပံနည်းပညာ အသစ်အဆန်းတွေ မတီထွင်တော့မှာတော့ ပူစရာသိပ်မရှိလှပါဘူး..
    .ညံ့ လို့ မတီထွင်နိုင်မှာပဲ ပူ ရမှာ…။

    .တကယ်တော့ဗျာ…
    .တဖက်ကလှည့်စဉ်းစားရင်
    .ငရဲမရှိပဲ ဘယ့်နှယ်လုပ် လူအများကိုးကွယ်တဲ့ ဘာသာတခု ဖြစ်နိုင်ပါ့မလဲ……

    .ဒါ့ကြောင့်လေ….
    .ကျုပ်သာ ဘာသာတခုခုကို ဖေါ်ဆောင်သူတစ်ဦးဖြစ်ခဲ့ရင်
    .ကျုပ်မှာ ကိုယ်ပိုင်ငရဲမရှိရင်တောင်..

    .သူများဆီက

    .သွားကို ငှား…ပြီး

    .ထည့်လိုက်ဦးမှာ….။

    • San Hla Gyi

      May 10, 2014 at 9:26 pm

      ဦးဦးပါလေရာရေ
      ငရဲကြောက်လို့ အနုမြူ စွမ်းအင်တို့ လျှပ်စစ်စွမ်းအင်တို့ မသုံးသင့်တာ မဟုတ်။ ရည်ရွယ်ချက်ကောင်း စေတနာကောင်းနဲ့ ဆိုရင် ထွင်သင့် သုံးသင့် ထွင်နိုင် သုံးနိုင်တယ် ဆိုတဲ့ အကြောင်း အောက်မှာ ကျနော် ပြန်ရှင်းပြထားပါတယ်။ ဒေဝဒတ်က မြတ်စွာဘုရားကို သွေးစိမ်းတည်အောင် ကျောက်တုံးကြီး တွန်းချတာနဲ့ ဆေးဆရာ ဇီဝကက ဆေးကုတာ ကွာကြောင်း ဥပမာ ပေးထားပါတယ်။ သဂျီ းက သိပ်နားမလည်လို့ အဲဒါမှားပြောမိတာပါ။

  • San Hla Gyi

    May 10, 2014 at 6:13 pm

    ဟုတ်တယ် ဦးဦးပါလေရာရေ
    တကယ်တော့ ကျုပ်က ကျုပ်ကွန်မန့်တွေကို ပို့စ်ပိုင်ရှင်ကို ပြောချင်တာပါ။ ဆွေးနွေးတာလည်း သူနဲ့ ဆွေးနွေးချင်တာ အဓိကပါ။ သူ့ခမျာလည်း ရေးတာလေး ကောင်းရဲ့သားနဲ့ ပထမဆုံးရေးတဲ့ ပို့စ်မှာပဲ စစချင်းရက်တွေမှာ ဆန့်ကျင်ဘက်သဘော ကွန်မန့်တွေကို တွေ့လိုက်ရလို့ တမျိုးများ ဖြစ်သွားသလားပဲ။ အမှန်တော့ လူသစ်ကို ဒါမျိုး ရှောင်သင့်တယ်။ အဲဒါကြောင့် ကိုယ့်ဘာသာ အကြောင်းလည်း ဖြစ်တော့ ကိုယ်မှ မပြောရင် ပေါက်ကရပြောကြမယ်။ ထေရဝါဒဘက်က သေသေချာချာ ပြန်မဆွေးနွေးပါဘူးလို့ ထင်သွားမှာစိုးလို့ ဝင်ပါလိုက်တာပါ။ အခုတော့ ကျုပ်ပဲ ပို့စ်ပိုင်ရှင်လုပ်ပြီး တာဝန်ယူလိုက်တော့မယ် စဉ်းစားတယ်။
    ဦးဦးပါလေရာရေ သဂျီးက ကျနော့်ကို ဘရိန်းဝပ်ရှ် အလုပ်ခံထားရတယ်လို့ ထင်တယ်တဲ့။ ထူးဆန်းတာက ကျနော်ကလည်း သူဟာ ဘရိန်းဝပ်ရှ် အလုပ်ခံထားရတယ်လို့ သေသေချာချာကို ယုံနေတယ်။ ကျနော့်ဘက်က ဘာကြောင့် ဒီလို ထင်နေသလည်း ဆိုတာ ရှင်းပြမယ်။ ပြောရင်းနဲ့ သူနားမလည်ဘူးဆိုတာ ထင်ရှားလာတယ်။ သူပြောတဲ့ အပေါ်က ကွန်မန့်က ဒီလို။
    “ကောင်းပါလေ့ ကိုရင်စံလှကြီးလို ဘရိန်းဝပ်ရှ် ခံထားရသူတွေ များတာနဲ့အမျှ ထေရဝါဒဝင်တွေ ခမြာ အနုမြူမပြောနဲ့ လျှပ်စစ်တောင်သုံးပြီး ပစ္စည်းသစ် ထွင်ရဲမှာ မဟုတ်တော့ဘူး။ အင်း ဂွမ်တိ ဂွမ်တိ အတွေးတွေ” အဲဒီမှာ သူမှားသွားတာပဲ ဦးဦးပါလေရာရေ။ သူဘာလို့ ဒါကို ပြောတာလည်းဆိုတော့ သူအတွေးမှားသွားတာ။ သူက ကျနော်ပေးတဲ့ ဥပမာဖြစ်တဲ့ အနုမြူဗုံးလုပ်တဲ့ စီမံကိန်းကို အပေါ်ယံလေးတွေးပြီး ဒါဆို ထေရဝါဒက အနုမြူသုံးလို့ မရဘူးလို့ ထင်သွားတာ။ သူ အနုမြူလို့ ပြောသွားတာ အားလုံး မြင်လိုက်မှာပေါ့။ နောက်က လျှပ်စစ်ပါတာကို ကြည့်တော့ အနုမြူကို စွမ်းအင်အနေနဲ့ ပြောသွားပုံပေါ်တယ်။ အနုမြူဗုံးလို့ ပြောမသွားဘူး။
    သဂျီးက အပေါ်က ပို့စ်ပိုင်ရှင်ရော ဒေါက်တာပဒုမ္မာရော ကျနော်ပါပြောတဲ့ အဓိကကီးပွိုင့်ကို မစဉ်းစားမိဘူး။ ပို့စ်ပိုင်ရှင်က သူ့ပို့စ်မှာပြောတယ်။
    “ဘုရားရှင်က စက္ခုပါလ ရဟန်းတော်မှာ သေစေလိုသော စိတ်စေတနာ မရှိသည့်အတွက် အပြစ်မရှိကြောင်း မိန့်တော်မူခဲ့သည်။” ဒေါက်တာပဒုမ္မာပြောတာက ဒီလို။
    “မြတ်စွာဘုရားက မနောကံကို အရေးအကြီးဆုံးလို့ ဟောထားပါတယ်။” ကျနော်ပြောတာက “ထေရဝါဒကတော့ စေတနာကွာတာနဲ့ ကံကွာပါတယ်။ အဓိကက သုံးယောက်စလုံးက ရည်ရွယ်ချက်စေတနာကို ပြောသွားတာ။ သဂျီးက ဒါကို သဘောမပေါက်တော့ ဥပမာကို လှေနံဓားထစ် ယူပြီး ထေရဝါဒက အနုမြူ မသုံးကောင်းတာ ဖြစ်မယ် ထင်သွားရှာတယ်။
    ဘယ်ဟုတ်မလည်း ရွာသူရွာသားတို့။ အနုမြူကို သတ္တဝါတွေ အကျိုးရှိတဲ့ လုပ်ငန်းမှာသုံးမယ် သတ်ဖို့ ဖြတ်ဖို့ မဟုတ်ဖူးဆို သုံးကောင်းတာပေါ့။ တီထွင်လို့ ရတာပေါ့။ ဘုရားကတောင် ချီးကျူးဦးမယ်။ အဲ ဒါပေမယ့် စကတည်းက ဗုံးကြီးလုပ်မယ် ဆိုရင်တော့ အကုသိုလ် ဖြစ်ပြီ။ လက်နက်ဆိုတာ လုပ်ကတည်းက ဒီလက်နက်ကြီး ထိသွားတဲ့လူတွေ ကျန်းမာပါစေဆိုပြီး လုပ်တာမှ မဟုတ်တာ။ ဒီလိုပဲ လျှပ်စစ်ဓါတ်လည်း ကောင်းရာမွန်ရာ သုံးမယ်ဆို ဘုရားက ချီးကျူးမှာပေါ့။ ငါ နွားတွေကို လျှပ်စစ်နဲ့ ရှော့ရိုက်ပြီး သတ်မယ် ဆိုလို့ကတော့ ရည်ရွယ်ချက် မကောင်းလို့ အကုသိုလ် ဖြစ်မှာပေါ့။
    ကျနော်ပြောခဲ့တဲ့ ကွန်မန့်မှာ ဘုရားရှင်ကို သွေးစိမ်းတည်အောင် တနည်း သွေးထွက်အောင်အထိ လုပ်တဲ့ အကုသိုလ်က အကြီးဆုံးလို့ ပြောခဲ့တယ်။ တော်ကြာ လူပြိန်းတွေက လှေနံဓားထစ်တွေးမှာစိုးလို့ အခု အသေးစိတ် ပြောရတော့တယ်။ ဒါလည်း စေတနာ အပေါ်မှာ တည်တယ်။ ရှင်ဒေဝဒတ်က မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် ပြုပါစေဆိုတဲ့ စိတ်ထားနဲ့ ကျောက်တုံးကြီး တွန်းချလိုက်တော့ သူက မြေမျိုသွားတယ်။ ဆေးဆရာ ဇီဝကကျတော့ မြတ်စွာဘုရားရှင် ဝေဒနာ သက်သာပါစေ အနာပျောက်ပါစေဆိုတဲ့ စိတ်ထားနဲ့ ဘုရားရှင်ရဲ့ ခြေမတော်က အနာကို ဓားနဲ့ ခွဲပြီးကုတာ သူက မြေမမျိုပဲ ကုသိုလ်ရတယ်။
    သဂျီးကို ကျနော်က ဘရိန်းဝပ်ရှ် လုပ်ခံထားရတယ်လို့ ထင်တာ အဲဒါကြောင့်ပါ ရွာသူရွာသားတို့ရေ။ သုံးယောက်လုံးက အထပ်ထပ် ရှင်းပြနေတာကို သူ့မှာ ဒီ စာပိုဒ်နှစ်ခုတည်းကို နားမလည်ပဲ ခဏ ခဏ မှားနေလို့။ ဒါတောင် ဒါက တကယ့် ကကြီးရေက ရှိသေးတာ။ ကျန်တာ ဆိုရင်တော့ မပြောနဲ့တော့။

  • lu lu

    May 10, 2014 at 6:55 pm

    ဖတ်မှတ် သွားပါတယ် ( ငြင်းခုန် တာတွေ ကလိတာတွေ ရော အားလုံးကို )
    ငါ သူ ့ကိုသတ် ရင် ငါ့ကိုလည်း သတ်ကြမှာပဲ
    ပြုသူ အသစ် ဖြစ်သူ အ ဟောင်း
    ကိုယ်ပြုတဲ့ကံ ပဲ့တင် သံ ကိုယ့်ထံပြန်လာမည်
    🙁 )-:

  • ဦးကြောင်ကြီး

    May 11, 2014 at 1:51 am

    လုံးကောက်ယူလျင်တော့ သီလပေ့ါဗျာ.. စောင့်ထိန်းခြင်း ဖြစ်ပါတယ်။ ဒါကို ဆက်ပွားတော့ စောင့်သီလတို့ ကျင့်သီလတို ဘာညာတွေ ဆက်ဖြစ်လာရော။ ဓမ္မသဘောအရတော့ အစွဲမျှသာပါ။ အစွဲလို မြင်တဲ့အခါ သုံးယုံသုံးပြီး မစွဲမိဖို့ အရေးကြီးတယ်။ စွဲတော့ ဘာဖြစ်သလဲ… သီလဆိုတာ ဘာသာတိုင်းမှာရှိသဗျ.. မြန်တျန့်က ကိုယ့်သီလ အကောင်းထင်သလို ခရစ်ယာန် မွတ်ဆလင်များက လည်း သူတို့ဟာမှ အစစ်ထင်ထယ်။ ဘာသာခြင်း တူပစေဦး လူမျိုးဒေသ ဂိုဏ်းဂဏကွဲသွားတာနဲ့ မဟုတ်ထင် အဆင့်နိမ့်နဲ့ ဆိုပြန်ရော။ ကိုယ့်ခြင်းခြင်း တူပြန်တော့ရော ငါ့ဟာကမှ ငါ့ဆရာကမှ ဖြစ်ဦးမယ်။ ဒါနဲ့ပဲ သမိုင်းတလျောက်မှာ ပြစ်မှားကြ အထင်လွဲကျ မတရားပြုကျဖြစ်တယ်။ ထေရဝါဒကို အပြစ်တင်နေတာ မဟုတ်၊ ပိဋကတ်ကို ရှုံ့ချနေတာမဟုတ်.. အဲဒါတွေကို စွဲလန်းဖက်တွယ်လွန်းနေတာကို ထောက်ပြနေတာ။ ဗုဒ္ဓဘာသာဆိုလျင် ဂိုဏ်းဂဏ အခြေမခံဘူး.. ဓမ္မကိုအခြေခံရမယ်။ ဓမ္မကို မလိုချင်သူ မလိုက်နိုင်သူတွေက လောကီသာဝကတွေအဖြစ် ကံတွေပြုုု ကြ. သာသနာကို ထောက်ပံ့ကြပေါ့။ သူ့အသက်သတ်လို့ အပြစ်တင်ကြေးဆို ကျုပ်တို့ ဘယ်လိုလုပ် အသားစားမလဲ၊ လူသတ်ကောင် စစ်တပ်မရှိရင် သူများကျွန်ဖြစ်သွားမှာပေါ့။ ဒါပေမဲ့ ခုဟာက ဓမ္မတာ နဲ့ သာသနာ ရောထွေးယှက်တင် လွန်းနေတယ်။

  • San Hla Gyi

    May 11, 2014 at 9:48 pm

    ကိုကြောင်ကြီးရေ ကျနော့် အပေါ်ကွန်မန့်ထဲမှာ ပြောထားသလို ဒဿန မတူရင် မဆွေးနွေးတာ ကောင်းတယ်ဗျ။ ဆိုလိုတာက သူများ ယုံကြည်ရာ တန်ဖိုးထားရာ ဘာသာတရား အပေါ်မှာ မစော်ကားမိဖို့ပါ။ ဒါဟာ ဒီဂေဇက်ရဲ့ စည်းကမ်းချက် နံပါတ် ၆ လည်း ဖြစ်ပါတယ်။ ဟိုတုန်းကတည်းက ကျုပ် ကိုမိုးတိမ်ဆိုတဲ့ လူကို ပြောခဲ့ဖူးတယ်။ သူ အစ္စလာမ်ဘာသာကို တိုက်ခိုက်တဲ့ ဆောင်းပါးတွေ ရေးနေကတည်းက ကျနော် ပြောခဲ့ဖူးတယ်။ ကိုယ့်ကို တိုက်ခိုက်လို့ ဝါဒရေးအရ ပြန်ပြီး ယှဉ်ပြိုင်တာက တပိုင်း ကိုယ်က သွားပြီး ရန်လိုနေတယ် ကိုယ့်ကိုကိုယ် လူတတ်ကြီးလုပ်ပြီး သူများဘာသာကို ဝေဖန်နေမယ်ဆိုရင် လွန်ရာကျမှာပေါ့။ ဒီနေ့အထိ ကျနော် ဒီမူကိုပဲ ကိုင်ပါတယ်။ အခု ပါလာရတာလည်း ပို့စ်ပိုင်ရှင်က ဘယ်လို ရည်ရွယ်ချက်နဲ့ တင်တာလည်းတော့ မသိ။ သူကလည်း ထွက်မလာတော့ဘူး။ အောက်က ကွန်မန့်တွေကလည်း ထေရဝါဒကို တိုက်ခိုက်တဲ့ ကွန်မန့်တွေ စပါလာပြီ။ ဘယ်သူမှလည်း ဝင်မပြောကြဘူး။ ဒါကြောင့် ဝင်ရှင်းပြရတယ်။
    ဒီတချက်တော့ ခင်ဗျားနဲ့ ကျုပ် သဘောမတူဘူး။ ခင်ဗျားပြောတာက “ထေရဝါဒကို အပြစ်တင်နေတာ မဟုတ် ပိဋကတ်ကို ရှုံ့ချနေတာမဟုတ် အဲဒါတွေကို စွဲလန်းဖက်တွယ်လွန်းနေတာကို ထောက်ပြနေတာ” အဲဒီလို ပြောလိုက်တယ်။ အဲဒါတော့ ကျုပ် လုံးဝ သဘောမတူဘူး။ ကျုပ်အမြင်က ခင်ဗျားက ပညတ်နဲ့ ပရမတ်တွေ ရောနေတယ်လို့ ထင်တယ်။ စိတ်မဆိုးနဲ့ ဒါ ရင်းနှီးတဲ့ အနေနဲ့ ပြောတာ။ ဒီလိုဗျ။ သူများဝါဒက ကိုယ့်ကိုလာပြီးတော့ ပြောဆိုတဲ့အခါ ကိုယ့်ရဲ့ ဆင်ခြင်ပုံ သုံးသပ်ပုံ ယုတ္တိကျပုံတွေကို ရှင်းပြရတယ်။ ဒီလို ရှင်းပြတာဟာ စွဲလမ်းဖက်တွယ်တာနဲ့ တခြားစီပဲ။ ကျနော် ဥပမာ နည်းနည်းပေးမယ်။
    မြတ်စွာဘုရားရှင် လက်ထက်တော်တုန်းက ပုဏ္ဏားတယောက်ဟာ ဘုရားရှေ့တည့်တည့်လာပြီး မင်းမျိုးနဲ့ ပုဏ္ဏားမျိုးမှာ ပုဏ္ဏားမျိုးကသာ မြင့်မြတ်ပါတယ်လို့ လက်ညှိုးငေါက်ငေါက် ထိုးပြီး ဝါဒတင်တဲ့အခါ မြတ်စွာဘုရားရှင်က ပုဏ္ဏားကို အပြန်အလှန် မေးခွန်းတွေ ထုတ်ပြီး လောက သမုတိသစ္စာအရ မင်းမျိုးကသာ မြင့်မြတ်ပါတယ် ဆိုပြီး နောက်ဆုံးမှာ ပုဏ္ဏားကို ရှုံးနိမ့်စေပြီး ပုဏ္ဏားရဲ့ ဝါဒကိုလည်း အားလုံးရှေ့မှာပဲ ချေဖျက်လိုက်တယ်။ မြတ်စွာဘုရားရှင်က မင်းမျိုး ဆိုတာကို စွဲလမ်းဖက်တွယ်နေပါ့မလား။ မစွဲလန်းလို့ပဲ ရှင်ဘုရင်ဘဝကို အပြီး စွန့်လွှတ်ခဲ့ပြီ။ ဒါပေမယ့် ဒါတွေကို စွဲလန်းမနေပါဘူး ဆိုပြီး ဘာမှ မရှင်းပြနိုင်ရင် နောင်တချိန်ကျတော့ ဂေါတမ မြတ်စွာဘုရားရှင်ဟာ ဒီဝါဒကို မရှင်းပြနိုင်လို့ မရှင်းတာ ဆိုပြီး ဉာဏ် တထွာတမိုက်နဲ့ လူတွေက စော်ကား ပြစ်မှားပြီး ငရဲသွားကြမှာကိုး။
    ဒေါက်တာပဒုမ္မာ စာဖတ်နေရင် ဟိုတုန်းက ဆရာမရဲ့ပို့စ်တခုမှာ ကျနော် အကျယ်တဝင့် ပြောချင်ပေမယ့် မပြောဖြစ်ခဲ့တဲ့ အကြောင်းတခုကို ဒီနေ့ ကျနော် ဖြည်လိုက်ပါတယ်။ ပို့စ် ကျနော် မမှတ်မိတော့ပါဘူး ဟိုတုန်းက ဆရာမရဲ့ ပို့စ် အဟောင်းတခုမှာ ဆရာမက တရားကျင့်တဲ့ အကြောင်းရေးတုန်းက ကျနော်က တရားကျင့်တာဟာ လူတိုင်း မလုပ်နိုင်လို့ အနည်းလေးတော့ မြန်မာလူငယ်တွေကို ထေရဝါဒ ဗုဒ္ဓဘာသာ အကြောင်း သိစေချင်တယ်လို့ ကျနော် ပြောခဲ့ဖူးတာ မှတ်မိပါတယ်။ ဆရာမ ပိုသိမှာပါ။ ဆရာမက အကျင့်သမား ထင်ပါရဲ့။ ကျနော့်ကို လှံစူးတာ ဥပမာပေးတာ ကျနော် မှတ်မိပါတယ်။ ကျနော် အဲဒီတုန်းက တကယ် ပြောချင်ခဲ့တာက အသိသည်လည်း အရေးကြီးတယ် ကျင့်တာကပဲ အရေးကြီးတာ မဟုတ်ဘူး ဆိုတာ ပြောချင်ခဲ့တာပါ။ အကောင်းဆုံးကတော့ သိလည်း သိမယ် ကျင့်လည်း ကျင့်နိုင်မယ် ဆိုရင်တော့ အကောင်းဆုံးပါ။ တချို့က ထင်တယ် ကျင့်ဖို့ပဲလိုတယ် သိဖို့ မလိုဘူး တဖက်စွန်းရောက်တဲ့ အတွေးပါ။ သိဖို့ပဲ လိုတယ် ကျင့်ဖို့မလိုဘူး ဆိုရင်လည်း တဖက်စွန်းရောက်တဲ့ အတွေးပါ။ မန်းဂေဇက်မှာ နေမယ်ဆိုရင်တော့ သိဖို့က နည်းနည်း ပိုအရေးကြီးပါတယ်။ ဘာလို့လည်းဆိုတော့ စာရေးတဲ့ အထဲမှာ ရဟန္တာတွေ မပါနိုင်လို့ ဖြစ်ပြီး ဝါဒတွေက စုံလွန်းလို့ပါ။
    ဘာကြောင့် သိဖို့လိုတာလည်း ဆိုတော့ ဟိုတုန်းက မိလိန္ဒမင်းကြီးဟာ သံဃာတော်တွေကို မေးခွန်းပေါင်းစုံ ထုတ်ပြီး မေးပါတယ်။ သူ ကတ်သီးကတ်သပ် မေးတာကို သံဃာတော်တွေ မဖြေနိုင်ကြလို့ ရှောင်နေရပါတယ်။ အားလုံးလိုလိုက အကျင့်သမားတွေပါ။ ကိုယ်တော့သိတယ် ကိုယ်သိတာကို သူတပါး ခြေခြေမြစ်မြစ် နားလည်အောင် ဝေါဟာရနဲ့ မရှင်းပြတတ်ပါဘူး။ နောက်ဆုံး သိပ်ဒုက္ခ ရောက်လာတော့ ရှင်နာဂသိန်ကို ငါ့ရှင် မိလိန္ဒမင်းကြီးရဲ့ ဝါဒတွေကို ငါ့ရှင် ချေဖျက်ပါဆိုပြီး လွှတ်တော့မှပဲ အဲဒီ ပြဿနာ ပြေလည်ပါတယ်။ ဆိုလိုတာက ကိုယ်သိတာကို သူများကို ရှင်းပြနိုင်ဖို့ လိုတယ်ဆိုတာ သိစေချင်တာပါ။ အခု ဒီပို့စ်ကွန်မန့်တွေ တခြားဟာတွေ လိုက်ဖတ်တော့မှပဲ လူငယ်ထဲက ထေရဝါဒ ဗုဒ္ဓဘာသာလို့ နာမည်ခံပြီး အခြေခံတောင် နားမလည်တဲ့လူ သိပ်များတာ သိလိုက်ပါတယ်။ တကယ် ပြောတာပါ။ စိတ်မဆိုးစေလိုပါ။
    ကိုကြောင်ကြီးပြောတဲ့ ဓမ္မတာနဲ့ သာသနာ ရောထွေးယှက်တင်လွန်းတယ် ဆိုတာလည်း ကျနော် တခါတည်း ဖြည်သွားပါတယ်။ ကျနော် အခုပြောတဲ့ ကွန်မန့် အတော်များများက ဓမ္မကြောင်းပေါ်မှာ အခြေခံပြီး ပြောသွားတာပါ။ လောကီကြောင်း မပါပါဘူး။ ကျနော် အကြိမ်ကြိမ် ပြောဖူးသလို တချို့နေရာမှာ ဘယ်လိုမှ မတူတဲ့ လိုင်းနှစ်ခု ဖြစ်လို့ပါ။ ဗုဒ္ဓဘာသာအရ ရဟန္တာ ဖြစ်သွားတဲ့လူဟာ လူဝတ်နဲ့ ဆက်နေလို့ မရတော့ပါဘူး။ ရဟန်းမဝတ်ရင် အဲဒီနေ့မှာ ပရိနိဗ္ဗာန် ပြုရပါတယ်။ ဘာလို့လည်းဆိုတော့ လူဝတ်ဟာ အရိယာ ပုဂ္ဂိုလ်အတွက် သေလောက်အောင် ပူတာကိုး။ အဲဒီနှစ်ခုကိုတော့ တူအောင် ညှိလို့ မရပါဘူး။ ကိုယ်က ဘယ်လိုင်းမှာ ရပ်မယ့်လူလည်း ဆိုတာပဲ မူတည်ပါလိမ့်မယ်။

    • ဦးကြောင်ကြီး

      May 11, 2014 at 10:48 pm

      ကစံလှဂျီးရေ.. ယင်းယင်းဏှီးဏှီး ပေါဂျဒါပေ့ါဗျာ.. အနော်ဂတော့ ကြောင်ကြီးပါ။ ထေရဝါဒ ပိဋကတ်ကို ဖက်တွယ်လွန်းတယ်ဆိုတာ ဘုန်းကြီး၊လူ မြန်တျန့်အားလုံးကို ယေဘူယျ ညွှန်းပါတယ်။ ဘုရားဖက်ဖက် တရားဖက်ဖက် သံဃာဖက်ဖက် ဘာပဲဖက်ဖက် ပညတ်စကားအဖြစ် သုံးတာကလွဲလို့ အကောင်းထက် အဆိုးများစေလို့ပါ။ ခေတ်ကမတူတော့ဘူးလေ.. ဟိုးတချိန်လို ရေမြေတောတောင် ကာဆီးထားလို့ သီးခြားရပ်တည်နေနိုင်ရင် တမျုးိပေါ့။ ဒီနေ့လို အယူပေါင်းစုံ ရောထွေးနေတဲ့ခေတ်မှာ ကိုယ့်ဝါဒကို ဖက်တွယ်မှု အားကြီးလေ ပြသနာ ပိုစုံလေပါ။ နို့မို့လျင် ကိုယ်ကအမှန်ဖြစ်ပြီး အခြားဟာတွေကို အပြစ်မြင်တတ်တယ်။ ဥမပါဗျာ.. သက်သတ်လွတ်စားတာပဲကြည့်.. ပြောလိုက်ကြတဲ့ မြန်တျန့်တွေ.. ဒေဝဒတ်တဲ့ အယူမှားနေတာတဲ့.. မမှားပါဘူး.. ဒါပေသိ အသားစားနေတဲ့ ကိုယ်ကရော မှန်လို့လား..။ ကျမ်းဂန်ကို အတည်ယူပြီး သူများကို ကဲ့ရဲ့တယ်။ အခြားဥပမာတွေ သာသနာသမိုင်း လူ့သမိုင်းတွေမှာ အများဂျီးရှိတယ်။ အမှန်တရားဆိုတာ ဖက်တွယ်မရစကောင်းဘူး..။ အဲဒါကို အရှိလုပ် ဆုပ်ကိုင်လိုက်တဲ့အခါ တကယ်ရှိသလိုဖြစ်ပြီး ငါမှန် သူမှားဖြစ်တယ်။ သတိပြုဖို့က ကိုယ်ဖာသာကိုယ် အေးဆေးနေလို့မရတဲ့ ခေတ်ဖြစ်နေပြီ။ ဆုပ်ကိုင်တော့ ဘာဖြစ်သလဲ သူများမပြောနဲ့ ကိုယ့်အခြင်းခြင်းတောင် မကြည့်ချင်အောင် ကွဲရတယ်။

      • San Hla Gyi

        May 12, 2014 at 10:45 pm

        ကိုကြောင်ကြီးရေ
        ကျုပ်စိတ်ထဲမှာ အခုရက်ပိုင်း ခင်ဗျား ကွန်မန့်တွေကို မြင်နေရတာ စိတ်မကောင်းသလိုလို ဘာလိုလိုကြီးပဲ။ ဟုတ် မဟုတ်တော့မသိ ကျုပ်စိတ်ထဲမယ် ကျုပ် သိပ်ခင်တဲ့ မိတ်ဆွေတယောက် သေသွားတဲ့ သတင်း ကြားရသလို ခံစားရတယ်။ ဒါမှမဟုတ်လည်း သိုင်းလောကရဲ့ စိန်ခေါ်သံဆိုတဲ့ သိုင်းကားထဲကလို နောက်ဆုံးကျမှ မင်းသားဟာ သူ အထင်ကြီးထားတဲ့ သူ့ဆရာရဲ့ အကြောင်းကို သိလိုက်ရသလို ဖြစ်နေတယ်။ ကျုပ်လည်း အလုပ်ပင်ပန်းတုန်း စာရေးလို့ တမျိုး ဖြစ်နေသလား မသိ။ ကျုပ်ပြောခဲ့တာ ရှိသားပဲ။ ဒါကြောင့် အယူဝါဒ မတူရင် မဆွေးနွေးနဲ့။ ကိုယ်က ဘာသာရေးနဲ့ ပက်သက်လို့ သူပြောတာကို မယုံရင် သူ့ကို မဝေဖန်နဲ့။ ဒါက အခြေခံ လူ့ယာဉ်ကျေးမှုပဲ။ ကျနော် ပထမ ကွန်မန့်မှာလည်း ပြောခဲ့သားပဲ။ အခု ဖြစ်နေတာက ဝက်သားမစားတဲ့ လူရှေ့မှာ ကျုပ်တော့ ဝက်သားစားတယ် ဒီတော့ ဝက်သားမစားတဲ့ ခင်ဗျားမှားတယ်လို့ ပြောသလို ဖြစ်နေတယ်။ ကိုယ့်ဝါဒကို မဖက်တွယ်နဲ့ ဆိုတာ ပြောတော့ လွယ်လွယ်လေး။ အထူးသဖြင့် ကိုယ်က သူများကို စပြီး ဝေဖန်တဲ့ အခါမျိုး။ တကယ်တမ်းကျတော့ အပြင်လောကက ပုထုဇဉ်ဆိုတာ ဒီလို ဘယ်ဟုတ်မလည်းဗျ။ စဉ်းစားကြည့် ဘုရား ရဟန္တာတောင် ဝါဒတင်လာတဲ့လူ ရှိရင် တဘက်သားဝါဒရဲ့ စနစ်မကျပုံကို ရှင်းပြတတ်သေး ဆိုတော့ သာမန်လူကို အစွဲမထားနဲ့ ဆိုလည်း အရူးဖြစ်မှာပေါ့။ ဒါကြောင့် ဒါဟာ ဒီဆိုက်ရဲ့ စည်းကမ်းချက် ဖြစ်နေတာပေါ့။ တကယ် လက်တွေ့ မလိုက်နာတာ အများဆုံးကတော့ ဘယ်သူလည်း မသိဘူးနော်။ အဲဒါ ကိုယ်က ထေရဝါဒတွေ သနားပါတယ် ငါ စစ်မှန်သော ပစ်စုတ်ပန် သာသနာ ဖြန့်ဖြူးမယ်။ ငါ့ဘာသာကို ဖြန့်ဖြူးမယ်ဆိုလို့ ဘယ်ဖြစ်ပါ့မလည်း။ ဘာသာရေးက အကဲဆတ်တယ်ဗျ။ ၉၆၉တို့ ဘာတို့လည်း ကျုပ်မထောက်ခံခဲ့ဘူး။
        အပြင်လောကက မြန်မာတွေတော့ ကျုပ်သေချာ မသိလို့ မပြောနိုင်ဘူး။ ဒါပေမယ့် မန်းဂေဇက်ထဲမှာ ကျုပ်မြင်သလောက်ကတော့ ထေရဝါဒဘက်က သိပ် မဖက်တွယ်ပါဘူး။ ဒီလောက် ပက်ပက်စက်စက် ရှေ့ပိုင်းမှာ ပြောနေတာတွေ တွေ့တာတောင် ဒီလို ထေရဝါဒဘက်က သေသေချာချာ ချေပတာမျိုး ကျုပ်စာရေးသက်မှာ မတွေ့မိဘူး။ အဲဒီလို သူများကို အစွဲမထားနဲ့ ဆိုရင် သက်ဆိုင်ရာတွေက ကိုယ့်လူကို အစကတည်းက နိုင်အောင် ထိန်းသင့်တယ်နော်။ အဲဒီ ကိုယ့်ကိုကိုယ် မှန်တယ်ထင်ပြီး ဘာသာရေးနဲ့ ပက်သက်လို့ သူများကို အထင်မသေးဖို့ ကိစ္စက ကျုပ်စည်းကမ်းလို့ ထင်သလား။ ဘယ်ကလာ အဲဒါ သဂျီးရဲ့ လူသားဆန်တဲ့ သဘောထားဗျ။ ဟာ ဘယ်မှာ ပြောလိုတုန်းဗျ ဆိုရင်တော့ သူတယောက်တည်းတော့ မဟုတ်ပါဘူး။ နှစ်ယောက်ပါ။ တယောက်ကပြောတယ် တယောက်က သဘောတူတယ်။ ဒီထဲက တချို့လူတွေ ဘဖောကြီးလို့ ခေါ်တဲ့ Foreign Resident ရဲ့ပို့စ်မှာ FR က ဒီလိုရေးတယ်။
        “ဘာသာရေး ခွဲခြားဖိနှိပ်ပါတယ်။ တိုင်းရင်းသားတွေရဲ့ ကိုးကွယ်မှုဘာသာကို လေးစားရပါမယ်။ သူ့ဘာသာသူ တောစောင့်နတ်ပဲ ကိုးကွယ် ကိုးကွယ် မြေကြီးပဲ ကိုးကွယ် ကိုးကွယ်ပါ။ မထီမဲ့မြင်လည်း မလုပ်ရပါဘူး။ ခွဲခြားလည်း မဆက်ဆံရပါဘူး။” အဲဒါက ပို့စ်ပိုင်ရှင်ရဲ့ သဘောထား။ အဲဒါကို သဂျီးသဘောတူတဲ့ ကွန်မန့်က ဒီလိုဗျ။ “ဒီအထဲ ရေးထားတာတွေကို တန်ဖိုးထားပါတယ်။ တန်ဖိုးရှိတဲ့ ဆွေးနွေးချက်တွေပါ။” ဟော သူလည်း ဘာသာရေး မထီမဲ့မြင် မပြုရဘူးဆိုတာ သဘောတူတယ်။ အခြားအချက်တွေလည်း ရှိတယ်။ ဒါပေမယ့် ဘာသာရေးနဲ့ ပက်သက်တာပဲ ထုတ်လိုက်တာ။ အဲဒီတုန်းက သဂျီးက မကန့်ကွက်ပဲကို သဘောတူတယ်။ အဲဒီဆောင်းပါးက http://myanmargazette.net/113840 မှာရေးထားတာ။ နေ့စွဲက April 9 2012 နဲ့ ရေးထားတာ။ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ကတည်းကပဲ။ အဲဒီတော့ မြန်မာတွေရဲ့ ပိဋကတ်သုံးပုံကို ဘယ်သူယုံယုံ မယုံယုံ ထေရဝါဒအဖွင့်က ဟန်တယ် မဟန်တယ် ပြောခွင့်ကို မရှိဘူး။ ပြောရင် ဘာသာရေး မထီမဲ့မြင်လုပ်တာ ဖြစ်တယ်။
        နေအုံး ကိုကြောင်ကြီး တခြားအချက်တွေ ကျုပ်ပြီးအောင် ပြောပြီးမှ ခင်ဗျား ပြောချင်ပြန်ပြော။ ကျုပ် အခုသွားအိပ်တော့မယ်။ ထေရဝါဒဗုဒ္ဓဘာသာဘက်က လူသစ်တွေ နည်းနည်ပါးပါးလည်း အားပေးဦးပါးဟ။ ဒေါက်တာပဒုမ္မာ တယောက်တည်း ဖြစ်နေဦးမယ်။ အစိမ်းလေးများလည်း ကျုပ်ကွန်မန့်ကို လုပ်ပေးကြပါ။

        • San Hla Gyi

          May 13, 2014 at 9:13 am

          သက်သတ်လွတ်စားသူကို ဒေဝဒတ်ဂိုဏ်းသားတွေလို့ ရှုံ့ချသူကတော့ အပြင်မှာ မသိဘူး။ မန်းဂေဇက်မှာတော့ ထေရဝါဒထဲက သိပ်မတွေ့ပါဘူး။ မူရင်းပို့စ်ရဲ့ စာထဲမှာလည်း ထေရဝါဒဘက်က ယူဆချက်ကို ပြတာပဲ တွေ့ပြီး နှိပ်နယ်တဲ့ စကားလုံး မတွေ့ပါဘူး။ ကွန်မန့်ထဲမှာလည်း မတွေ့ပါဘူး။ ကျနော့်ကွန်မန့်ဆို ဘုရားရှင်တောင် ကြုံကြိုက်ရင် သက်သတ်လွတ်ဆွမ်း ဘုဉ်းပေးတယ်လို့ ရေးထားသေးတယ်။ ပြောတဲ့လူတော့ ဒီထဲမှာ ရှိပါတယ်။ ဘယ်နေရာမှာ ပြောတယ်ဆိုတာည်း ကျနော် သိပါတယ်။ ကိုကြောင်ကြီး ဆွေးနွေးချင်ရင်တော့ အဲဒီလူနဲ့ အားမနာတမ်း သွားဆွေးနွေးပါ။

    • ဦးကြောင်ကြီး

      May 11, 2014 at 11:04 pm

      လျှာရာပိုဗာလေး တင်းနစ်ရိုက်တာ ကြည့်ရင်း ယောင်မှား ခလုပ်နှိပ်မိလိုက်တာ စာမပြီးသေးပဲ ကွန်းမန့်ထွက်သွားတယ်။ အတိုချုံးပြောမယ်.. နောက်တချက်က ရဟနာ္တဖြစ်လျင် လူဝတ်နဲ့ ဆက်မနေလို့ မရဆိုတာ ဟုတ်မည်မထင်။ သေချာပြန်စစ်ပါ.ကြည့်. စာမှာ အဲသလို အတိအကျ မပြောခဲ့လို့ မှတ်ဖူးတယ်။ အတိတ်မှာ အဲလိုဖြစ်သွားကြတယ်.. ဒါနဲ့ အနာဂတ်မှာ အဲသလို ဖြစ်ရမယ် ဆိုလို့မရဘူး။ ဒါကြောင့် အဲဒီ အယူကိုပယ်တယ်။ ခေတ်တွေမတူတာ မမေ့ပါနဲ့..။ သာသနာ နေလိုလလို ထွန်ကားချိန်လိုတော့ ပညတ်အဆင်း တူချင်မှတူမယ်။ အနှစ်သာရကတော့ အတူတူပဲ..။ မတူဆို ဘုန်းကံခြင်းမတူဘူး ဒီတော့ ကိုယ်တန်ရာ တန်ရာပဲ ရမှာပါ့။ စာအုပ်ကြီးကို ဖက်တွယ်ထားရင်တော့ စာပဲရမယ် အနှစ်သာရ ရဖို့မလွယ်။
      ဓမ္မတာနဲ့ သာသနာဆိုတာ လောကီလောကုတ်ထက် ပိုကျယ်တဲ့အနေနဲ့ သုံးတာပါ။ ဓမ္မတာဆိုတာ လုပ်ရိုးလုပ်စဉ် ဖြစ်မြဲကိုရည်ညွှန်းပြီး သာသနာဆိုတာ ဗုဒ္ဓဘုရားပွင့်မှ သိခွင့်ရတဲ့ သစ္စာတရားကို ဆိုပါတယ်။ သာသနာဆိုပြီး သစ္စာမထိုက်တဲ့ အလုပ်တွေလုပ်နေလျင်၊ ကိုယ့်ကိုယ်ကို အဟုတ်ထင်ပြီး သစ္စာနဲ့လွဲနေရင် သာသနာဆိုလဲ ဓမ္မတာပါပဲ။ ဘယ်လိုသိမလဲဆိုတာတော့ ကိုယ်ဖြစ်ကိုယ်ခံ။ သိသူက ပြောလဲ အဖြူ အမဲလို အကောင်အထည်ဖော်ပြကောင်းတဲ့ အရာမဟုတ်ဘူး။ ဝိပသနာကျင့်တယ်ဆိုပြီး တလွဲလုပ်နေလျင် ဓမ္မတာပါပဲ..ကံပဲရတာကိုး။ ဆုကြီးပန် ပါရမီဖြည့်နေသူကတော့ ခြွင်းချက်ပေါ့ဗျာ။။ ဒါလည်း ကိုယ့်ကိုယ်ကို အထင်ကြီးပြီး လုပ်တာလား.. အတိတ်ကံပေါင်းများစွာ ဆက်လာပြီး လုပ်နေတာလား ရှိသေးတယ်။ ဆုကြီးပန်တယ်ဆိုတိုင်း မဟုတ်ပြန်ဘူး။
      ပြန်ချုပ်ရလျင် ဖက်တွယ်မှု အားကြီးလေ ကိုယ့်ကိုယ်ကို အမှန်ယူလေ သူများကို အထင်မကြီးလေ ပယ်ချလေပါပဲ။

      • San Hla Gyi

        May 13, 2014 at 9:15 am

        ကိုကြောင်ကြီးရေ ကိုကြောင်ကြီး ပြောလိုက်တဲ့ ဝါဒ ဖြစ်တဲ့ “ရဟန္တာဖြစ်လျှင် လူဝတ်နဲ့ ဆက်နေလို့မရ ဆိုတာ ဟုတ်မည်မထင်။ သေချာပြန်စစ်ပါ ကြည့် စာမှာ အဲဒီလို အတိအကျ မပြောခဲ့လို့ မှတ်ဖူးတယ်” ကိုကြောင်ကြီး ပြန်စစ်ပါဆိုလို့ ကျနော် ပြန်စစ်ကြည့်လိုက်တော့ ကိုကြောင်ကြီးှဝါဒဟာ ထေရဝါဒ အတွက်တော့ အတိအကျ မှားတယ်လို့ တွေ့ပါတယ်။ ကိုကြောင်ကြီးအတွက် မှန်ချင် မှန်ပါလိမ့်မယ်။ ကိုကြောင်ကြီး ပြန်စစ်ခိုင်းတာနော်။ ထေရဝါဒ ဗုဒ္ဓဘာသာဝင်တွေ ဗဟုသုတရအောင် ပြန်တင်ပေးမယ်။ တခြား အယူဝါဒ ရှိသူတွေက မကြည်ညိုချင်နေပါ။ ထေရဝါဒ ကျမ်းဂန်တွေ ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုတဲ့ စကား လေသံတောင် မဟစေလိုပါ။ သူများ တန်ဖိုးထားတာတွေကိ မပုတ်ခတ်တာကို ပညာတတ် လူယာဉ်ကျေးလို့ ခေါ်ပါတယ်။ မသိသေးရင် ပြန်ဖတ်စေလိုပါတယ် Repeat(Credit to FR)
        “ထိုအခါ မြတ်စွာဘုရားလည်း ဤသို့ အကြံတော် ဖြစ်သည်။ ယသလည်း အာသဝေါကုန်၍ ရဟန္တာ ဖြစ်လေပြီ။ အိမ်ရာထောင်သော လူဘောင်သို့ဝင်၍ ကာမဂုဏ် ခံစားခြင်းဌာ မထိုက်တော့ပြီ။ အဖ သူဌေးကြီးလည်း သာသနာကို မဖျက်ဆီးရာပြီ။ တန်ခိုးတော်ကို ငြိမ်းစေမှ သင့်မည်ဟု ကြံ၍ သားအဖ နှစ်ဦးတို့ကို အချင်းချင်း မြင်စေ၏။ သူဌေးလည်း အနီးတွင်ရှိသော ယသ သတို့သားကို မြင်လေလျှင် ရွှင်လန်းသောစိတ် ရှိသည် ဖြစ်၍ ချစ်သား သင့်အမိသည် စိုးရိမ်ခြင်း ငိုကြွေးခြင်း ကြီးစွာ ဖြစ်နေသည်။ သင့်အမိအား အသက်ကို ပေးခြင်းဌာ အိမ်သို့ လိုက်ပါဦးဟု ဆိုလျှင် ရှင်ယသကလည်း ဘုရား မျက်နှာတော်ကို မော်၍ ကြည့်၏။ ဘုရားသခင်လည်း သင်သူဌေးသည် ငါဟောကြားသော သစ္စာတရားကို ထင်ရှား မြင်သကဲ့သို့ ယသ သတို့သားလည်း တရားတော်ကို မြင်ပြီ။ အာသဝေါတရား လေးပါးတို့မှ လွတ်ပေပြီ။ ရှေးလူဖြစ်သောအခါကဲ့သို့ ကာမဂုဏ် ချမ်းသာကို ခံစားခြင်းဌာ မဖြစ်တော့ပြီဟု မိန့်တော်မူ၏။ ထိုစကားကို သူဌေးကြီး ကြားလျှင် အားရဝမ်းသာ လွန်စွာဖြစ်၍ သားယသနှင့်တကွ မြတ်စွာဘုရားရှင်အား မနက်ဖြန် အလို့ဌာ ဆွမ်းဖိတ်၍ အိမ်သို့ပြန်၏။ သူဌေးသွား၍ မကြာမြင့်မီပင် ရှင်ယသလည်း ဘုရားအထံတော်တွင် ရှင်ရဟန်း အဖြစ်ကို တောင်းပန်၍ မြတ်စွာဘုရားရှင်လည်း ဆဒ္ဒန်ဆင်မင်း၏ နှာမောင်းတော်နှင့် တူသော လက်ရုံးတော်ကို ဆန့်တန်း၍ ဧဟိဘိက္ခူ ခေါ်တော်မူသဖြင့် ဆံ မုတ်ဆိတ် လူဝတ်လူစားတို့ ကွယ်ပ၍ ရဟန်းအသွင်ဖြင့် ဖြစ်လေသည်။”
        (ကျီးသဲလေးထပ် ဆရာတော်ကြီးရေး ဇိနတ္ထပကာသနီ နှာ-၉၂ မင်းကွန်းဆရာတော်ကြီးရေး မဟာဗုဒ္ဓဝင် နှာ-၅၃၈ နဲ့ ဝိနည်းပိဋက မဟာဝဂ် ပါဠိတော်မှ ကောက်နုတ်ချက်) ကိုကြောင်ကြီးရေ သဂျီးလိုလူတောင် အခိုင်ဆုံးဖြစ်မယ်လို့ ခဏ ခဏ အော်တဲ့ ဝိနည်းပိဋကတ်မှာကို ပါတာနော်။ နောက်ပြီး နိကယ်ထဲက ခုဒ္ဒကနိကယ် မိလိန္ဒပဥှာပါဠိတော်မှာလည်း ပါတယ်။ နောက်ပြီး အဘိဓမ္မာပိဋက ကထာဝတ္ထု ပါဠိတော်မှာလည်း ပါတယ်။ အကျယ်ကို အဲဒီမှာ ရှင်းပြထားတယ်။ တတိယ သင်္ဂါယနာ နာယက အရှင်မောဂ္ဂလိပုတ္တတိသမထေရ်က ထိုဝါဒကို လူဝတ်ကြောင်အသွင်ဖြင့် သားမယားများနဲ့ နေကာ ရဟန္တာဟု အပူဇော်ခံလိုခြင်းကြောင့် ဖြစ်သည်ဆိုပြီး ပယ်ချတာ ဖတ်ရဖူးပါတယ်။ အခုခေတ်မှာ ပေါ်တာမဟုတ် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ပေါ်ခဲ့သော ဝါဒ ဖြစ်ပါတယ်။)
        ဒါကတော့ ထေရဝါဒ ဗုဒ္ဓဘာသာတွေ အတွက် ရေးပေးတာ ဖြစ်ပါတယ်။ ကိုကြောင်ကြီးကို ယုံပါလို့ မပြောနိုင်ပါ။ အထောက်အထား ပြန်စစ်ကြည့်ပါ ဆိုသောကြောင့် တင်ပေးခြင်းပါ။ ကျနော် အနေနဲ့တော့ ကိုကြောင်ကြီးရဲ့ လူဝတ်ကြောင်ဖြင့် ရဟန္တာဖြစ်ကာ လူအသွင်ဖြင့် ဆက်လက်နေထိုင်ခြင်း ရှိနိုင်တယ်ဆိုတဲ့ အချက်ကို ပယ်ပါတယ်။ ကိုကြောင်ကြီးလို ဒီနေ့ခေတ်မှာ ခေတ်တွေ ပြောင်းလို့ ရှိလာနိုင်တယ်ဆိုတဲ့ တွေးဆချက်နဲ့ ပယ်ခြင်းမဟုတ်ပါ။ ထေရဝါဒဗုဒ္ဓဘာသာဘက်က ဒီအချက်က ချွင်းချက် လုံးဝ ပေးမထားသလို ကျနော်၏ ဆင်ခြင်ဉာဏ်ကြောင့်လည်း ပယ်ပါတယ်။ ဒီဝါဒအတိုင်းဆို နောက်ပိုင်း မန်းဂေဇက်မှာတောင် လူဝတ်ကြောင် သားမယားနဲ့ ရဟန္တာတွေ ပေါ်လာဖို့ ရှိလို့ပါ။ ကိုကြောင်ကြီးက ကြိုက်လို့ ခုခေတ်မှာ လက်တော့သုံးပြီး လက်ဖက်ရည်ဆိုင်ထိုင်တဲ့ ရဟန္တာ မန်းဂေဇက်ထဲမှာကို ရှိတယ်ဆိုလည်း ကိုယ့်အယူနဲ့ကိုယ်ပါ။ ဖေ့ဘုတ်ဖွင့်ပြီး အီးမေးပို့ကာ ချက်တင်ထိုင်နေတဲ့ ရဟန္တာထေရီမယ် တပါး ရှိတယ်ဆိုရင်လည်း ယုံသူတွေရဲ့ သဘောပါပဲ။ ထေရဝါဒဘက်ကတော့ အဲဒီဝါဒကို လုံးဝကို ပယ်သွားပါတယ်။ မတူရင် ဒီအကြောင်း ဆက်မဆွေးနွေးတော့ပါ။
        အဆုံးသတ် အနေနဲ့ ပြောချင်တာကတော့ စာကို မဖက်တွယ်နဲ့ဆို ဘာကို ဖက်တွယ်ရမလည်းဆိုပြီး ဖြစ်လာပါတယ်။ ကိုယ့်အသိကိုယ်ဖက်တွယ် ဆိုတော့လည်း ကိုယ်သိတာသည် ဘယ်လောက် ပြည့်စုံသလည်းဆိုတာ မသေချာပါဘူး။ ထေရဝါဒ ပိဋကတ်တွေ မခိုင်မာဘူးလို့ အကြိမ်ကြိမ်ပြောတဲ့ သဂျီးလိုလူတောင် မြန်မာလို စာနှစ်ပိုဒ်ကို သုံးခေါက်လောက် ရှင်းပြရပါတယ်။ ဆိုလိုတာက စာအုပ်ထဲမှာ ပါတိုင်း တရားသေယူရန်မဟုတ် အဲဒီကဟာကို ရှေ့နောက်တိုင်းထွာတဲ့ဉာဏ်နဲ့ ယူရင် အမှားအနည်းဆုံးလို့ ထင်ပါတယ်။ စာအုပ်သည် နှောင်းခေတ်မှစပြီး ယနေ့ခေတ် ပညာရှင်များအထိ ကျမ်းပြုရင် မလွဲမသွေ ကိုင်ရတဲ့ အရာ ဖြစ်ပါတယ်။ ဆိုရိုးစကားကလည်း စစ်သူရဲသည် ချပ်ဝတ်တန်ဆာ စစ်လက်နက်များ ထားခဲ့၍ စစ်မြေသို့ မထွက်ရာ။ ပညာရှိသည်လည်း ကျမ်းကိုးကျမ်းကား အထောက်အထား မရှိပဲ မင်းပွဲအလည် စကား မဆိုရာ ဆိုလို့ပါ။

        • တိမ်မည်း

          May 13, 2014 at 9:35 am

          ဟီး… ကပ်သီး ကပ်သီး ပြောတယ်လို ့ တော့ မပြောပါနဲ ့…..
          စာ ကို သေချာ ဖတ်ကြည့်ပါတယ်….

          တစ် – ရဟန္တာ ဆို မှတော့ အနဲနဲ ့အများကိလေသာ ကုန်ခန်းတဲ့ပုဂ္ဂိုုလ် လို ့မြင်ပါတယ်….
          နှစ် – ဟုတ်ပီ ကိလေသာ ကုန်ခန်းတိုင်း ဘုန်းကြီး ဝတ်လို ့ရပါသလား….
          သုံး – အမိအဘ သားမယား မလွဲမသွေ လုပ်ကျွေးရန် ရှိသောသူ… ရာဇဝတ်သင့်သောသူ…. အကြွေးရှိသောသူ…. ကူးစက်ရောဂါရှိသောသူ…. စသဖြင့် ရဟန်းတက်ရင် သိမ်ဝင်ခါနီး ရွက်ဖတ်ရပါတယ်…. အဲ့ဒါတွေ ကင်းပီလား… အကျုုံးဝင်ပီလား…
          လေး – ရဟန်း မဖြစ်နိုင်တဲ့ ကန် ့သတ် ချက်တွေ ရှိပီး ရဟန္တာ ဖြစ်နေသောသူကို မဖြစ်မနေ ရဟန်း ဝတ်ရမယ်လို ့ပညက်ထားပါသလား…..

          စဉ်းစားကြည့်တာပါ…..

        • ဦးကြောင်ကြီး

          May 13, 2014 at 11:32 am

          ကစံလှဂျီးရေ… သင်္ကန်းစီးဖို့ဆိုတာ အတိတ်ဘုန်းကံပါမှ စီးခွင့်ရပါတယ်။ ရဟနာ္တတိုင်း အဲလိုကံပါမည် မထင်နဲ့၊ ပြောပီးသားပါ ယနေ့ခေတ်ကိုက ဘုန်းကံမွဲသူများခေတ်ပါလို့။ ကစံလှဂျီးရှင်းသွားတဲ့ထဲမှာ ဘုရားက ဟေ့.. ရဟနာ္တဖြစ်လျင် သင်္ကန်းဝတ်စေ မဝတ်လျင် ခုနှစ်ရက်အတွင်း သေစေလို့ ပါတာလည်း မတွေ့မိ။ သင်္ကန်းလှူ ခဲ့ဖူးတဲ့ကံပါလို့ ဘုရားက ဧဟိဘိက္ခူ ခေါ် ချီးမြှောက်တယ်၊ ဒါမှမဟုတ်လည်း တနည်းနည်းနဲ့ သာသနာ့ဘောင် ဝင်လို့ရပြီ။ သေချာတာတော့ ကိလေသာ အာသဝေါ ကုန်ခမ်းသူ ရဟနာ္တမပြောနဲ့ ဒေါသပယ်ပြီးသူ အနာဂါမ်ပုဂ္ဂိုလ် ဖြစ်လျင်ပင် လောကီစွန့်တာမို့ ဘုရားသားတော် ဖြစ်ချင်မှာ အသေအချာပါ။ သို့ပေမဲ့ပေါ့လေ ကံဆိုတာ ဆန်းကြယ်တယ်၊ မစဉ်းစားအပ်တဲ့ အရာတွေထဲမှာ ဘုရားညဏ်တော်၊ စတြာဝဠာနဲ့ ကံ သုံးခုရှိတယ်လို့ ဘုရားပညတ်တော်မူခဲ့ကြောင်း မှတ်သားဖူးတယ်။ အရာရာ အားလုံးဟာ မိမိစိတ်က ဖန်တီးယူနေတာမို့ ကြီးချင်လဲကိုယ် သေးချင်လည်း ကိုယ်ပါပဲ။ ရဟနာ္တဆိုတာကို အဲဒီသဘော ရိုးရိုးသားသား မြင်ကြည့်လျင် မိုးလောက်ကြီး မြင့်လဲဖြစ်ပါတယ်၊ မြေပြင်ထက်က သစ်ပင်လောက် မြင့်တယ်ထင်လဲ မမှားဘူးလေ။ မိုးလောက်အမြင့် ယူထားသူက သစ်ပင်လောက် မြင့်တယ်ပြောတော့ ဒေါကီးတာပေါ့၊ သစ်ပင်လောက် မြင့်တယ်ဆိုသူက မိုးလောက်လို့လဲလည်းဆိုရော ခွိခွိနဲ့ရယ်ရော…။
          ဒါဖြစ်မှ ဟိုဟာဖြစ်ရမယ် မစွဲပါနဲ့၊ ဒါမဖြစ်လျင် ဟိုဟာမဖြစ်လည်း မစွဲပါနဲ့၊ ဒါဖြစ်လျင် ဟိုဟာမဖြစ်လဲ မစွဲပါနဲ့၊ ဒါမဖြစ်လို့ ဟိုဟာဖြစ်လဲ မစွဲပါနဲ့။ ဘာမှမစွဲလို့ ဖြစ်မလားကွလို့လဲ မစွဲပါနဲ့၊ တခုခုတော့ စွဲမှဖြစ်မှာပေါ့လို့လဲ မစွဲပါနဲ့။ ဒါဆိုမင်းကရော အစွဲလွတ်လို့လားလို့လဲ မစွဲချင်ပါနဲ့၊ မင်းလျောက်ပြောနေတာ သောက်ရူးလို့လဲ မစွဲပါနဲ့။ ငါ့အချိန်တွေ ကုန်သွားပြီလို့လဲ မစွဲပါနဲ့။ ဒီကောင် ငရဲကျမည်လို့လဲ မစွဲပါနဲ့။ ငါတော့ ကုသိုလ်အတော်ရသွားပြီလည်း မစွဲပါနဲ့။ မစွဲတာလဲ မစွဲပါနဲ့၊ စွဲတာလဲ မစွဲပါနဲ့ မစွဲတစွဲလဲ မစွဲပါနဲ့ ဘာကြီးလဲဟလို့လည်း မစွဲပါနဲ့… အောင်မငှီး ကယ်ဂျပါဦး အစွဲလွတ်အောင်…

        • ဦးကြောင်ကြီး

          May 13, 2014 at 11:46 am

          ကတိမ်မဲ ရုတ်ဝါဒီ ကူမြူ နစ် ဘီလူးသရဲ အမိသတ် အဖသတ် အရက်သမား ဘိန်းစာ ဖဲသမားဂျီးရေ… ပရမတ်သစ္စာထိုက်သွားသူကို ပညတ်အမြင်နဲ့ မကြည့်ပါနဲ့။ ရိုင်းရိုင်း ပြောပါမယ်.. ကိုယ်တွေကသာ မိန်းမပေါင်ကြားထဲနေပြီး အခြစ်အတွက် မိသားစုအတွက် ဘာအတွက်ညာအတွက် နွားလိုရုန်းတာ အဟုတ်ထင်နေတာ.. ကိလေသာ ခမ်းခြောက်ပြီးသွားသူအဖို့ အဲဒီစိတ် မရှိတော့ပါဘူး။ မရှိတော့ဆိုတာ မကောင်းဘူး မလုပ်အပ်ဘူးလို့ သူသူငှာငှာ သိသလို ရှောင်ကြဉ်တာ မဟုတ်ဘဲ တကယ်မဟုတ်တာမှန်းသိလို့ စွန့်လိုက်တဲ့သဘောပါ။ ဥပမာဗျာ.. ငယ်ငယ်က ပုံပြင်ထဲက မင်းသားလေး အကြောင်း နားထောင်လို့ကောင်းပေမဲ့ ကြီးလာတဲ့အခါ အဟုတ်လုပ် နားထောင်ပါဦးမလား.. အဲဒါက ဟုတ်လဲမဟုတ်ဘူး အင်ဂျီးဆိုတဲ့ အသိနဲ့နော်… ရဟနာ္တဆိုတာက လောဘ ဒေါသ မောဟ မာနဆိုတဲ့ ကိလေသာတွေ စင်ကြယ်သွားပြီ။ ဈာန်သမာပတ်လို ချိုးနှိမ်ပစ်လိုက်တာ မဟုတ်ဘူး။ နောင်တဖန် ပြန်မဖြစ်တော့တဲ့ စင်ကြယ်ခြင်းမျိုး..။ ဝေါဟာရ စာလုံးအရသာ လောကီပညတ်တွေ သုံးပေးနေရပေမဲ့ ပုထုဇဉ်တွေ ခံစားတဲ့ အသိမျိုး လုံးဝမရှိတော့ဘူး။ မိန်းမတွေ့လို့ မိန်းမရယ်လို့ မခံစားဘူး.. အမှတ်သညာပဲ ရှိတယ်။ ရွှေငွေ မိဘ သားသမီး ဆရာ တပည့် ထိုနည်းတူစွာ.. ဒါကို ကိုယ့်စိတ်နဲ့နှိုင်းပြီး ဟိုစိတ်တော့ ဖြစ်မှာပဲ ဒီစိတ်တော့ဖြစ်မှာပါ မတွေးကောင်းဘူး။ အဲဒါ သမထပေါက်သူနဲ့ ဝိပဿ နာအကျင့် အောင်မြင်သွားသူ ကွာခြားချက်ပဲ။ အပြင်ပန်း အသွင်အပြင် အမူအယာ ကွာကောင်းကွာမယ်.. ကံကိုယှဉ်မရကောင်းလေ..၊ ကိလေသာ ပြတ်ငြိမ်းမှုမှာတော့ လားလားမျှမဆိုင်..။

      • တိမ်မည်း

        May 13, 2014 at 1:05 pm

        ကတိမ်မဲ ရုတ်ဝါဒီ ကူမြူ နစ် ဘီလူးသရဲ အမိသတ် အဖသတ် အရက်သမား ဘိန်းစာ ဖဲသမားဂျီးရေ… ပရမတ်သစ္စာထိုက်သွားသူကို ပညတ်အမြင်နဲ့ မကြည့်ပါနဲ့။ ရိုင်းရိုင်း ပြောပါမယ်.. ကိုယ်တွေကသာ မိန်းမပေါင်ကြားထဲနေပြီး အခြစ်အတွက် မိသားစုအတွက် ဘာအတွက်ညာအတွက် နွားလိုရုန်းတာ အဟုတ်ထင်နေတာ.. ကိလေသာ ခမ်းခြောက်ပြီးသွားသူအဖို့ အဲဒီစိတ် မရှိတော့ပါဘူး။ မရှိတော့ဆိုတာ မကောင်းဘူး မလုပ်အပ်ဘူးလို့ သူသူငှာငှာ သိသလို ရှောင်ကြဉ်တာ မဟုတ်ဘဲ တကယ်မဟုတ်တာမှန်းသိလို့ စွန့်လိုက်တဲ့သဘောပါ။ ဥပမာဗျာ.. ငယ်ငယ်က ပုံပြင်ထဲက မင်းသားလေး အကြောင်း နားထောင်လို့ကောင်းပေမဲ့ ကြီးလာတဲ့အခါ အဟုတ်လုပ် နားထောင်ပါဦးမလား.. အဲဒါက ဟုတ်လဲမဟုတ်ဘူး အင်ဂျီးဆိုတဲ့ အသိနဲ့နော်… ရဟနာ္တဆိုတာက လောဘ ဒေါသ မောဟ မာနဆိုတဲ့ ကိလေသာတွေ စင်ကြယ်သွားပြီ။ ဈာန်သမာပတ်လို ချိုးနှိမ်ပစ်လိုက်တာ မဟုတ်ဘူး။ နောင်တဖန် ပြန်မဖြစ်တော့တဲ့ စင်ကြယ်ခြင်းမျိုး..။ ဝေါဟာရ စာလုံးအရသာ လောကီပညတ်တွေ သုံးပေးနေရပေမဲ့ ပုထုဇဉ်တွေ ခံစားတဲ့ အသိမျိုး လုံးဝမရှိတော့ဘူး။ မိန်းမတွေ့လို့ မိန်းမရယ်လို့ မခံစားဘူး.. အမှတ်သညာပဲ ရှိတယ်။ ရွှေငွေ မိဘ သားသမီး ဆရာ တပည့် ထိုနည်းတူစွာ.. ဒါကို ကိုယ့်စိတ်နဲ့နှိုင်းပြီး ဟိုစိတ်တော့ ဖြစ်မှာပဲ ဒီစိတ်တော့ဖြစ်မှာပါ မတွေးကောင်းဘူး။ အဲဒါ သမထပေါက်သူနဲ့ ဝိပဿ နာအကျင့် အောင်မြင်သွားသူ ကွာခြားချက်ပဲ။ အပြင်ပန်း အသွင်အပြင် အမူအယာ ကွာကောင်းကွာမယ်.. ကံကိုယှဉ်မရကောင်းလေ..၊ ကိလေသာ ပြတ်ငြိမ်းမှုမှာတော့ လားလားမျှမဆိုင်..။

        အမှန်က အဲ့ ကော်မန် ့ကို ပြန်ချင်တာ… reply လုပ်မရလို ့ ဒီနေရာမှာ လာ စာပြန်တာ…
        ၁။ ကျွန်တော်က ပညက်တွေ ပရမတ်တွေ သိပ်မသိဖူး… မြင်တာလောက်လေးကို ဝင်ပြောကြည့်တာ….
        ၂။

        ကတိမ်မဲ ရုတ်ဝါဒီ ကူမြူ နစ် ဘီလူးသရဲ အမိသတ် အဖသတ် အရက်သမား ဘိန်းစာ ဖဲသမားဂျီးရေ…

        အဲ့ဒါ ဘာစကား ပြောတာလဲ… နားမလည်ဖူး မသိဖူး… ပြောတာမှားနေတယ်ဆိုရင် ပွင့်ပွင့်လင်းလင်း ပြောလို ့ရတယ်… မကြိုက်ရင် မိုင်းနပ်စ်ပေးလို ့ရတယ်…. ဆဲစရာမလိုဖူး…. ဆဲရင်လည်း အမိသတ် အဖသတ်လို ့ပြောရအောင်… ခင်ဗျားက ကျုပ်အကြောင်း ဘယ်လောက် သိလို ့လဲ… ဘုရား တရား အကြောင်းပြောနေပီး… ယုတ်မာ ရိုင်းစိုင်းတဲ့စကား ပြောတာ ကောင်းသလား….

        • kai

          May 13, 2014 at 3:19 pm

          ကတိမ်မည်းရယ်..
          အဲဒီကြောင်စကားများအဖက်လုပ်.. စိတ်ထဲထားနေရသေးတယ်..။
          တိရိစ္ဆာန်ပါဆိုမှ.. လူလိုဘယ်ပြောပါ့မလည်း…။

          ဒါပေမယ့်..
          နယူးယောက်ရောက်ရင်တော့.. ချိန်းပြီးအိ်မ်ပေါ်သာတက်သွားလိုက်..။
          လိုတာအကုန်.. ကူညီလုပ်ပေးတတ်တဲ့ကြောင်.. အဲ..အဲ.. လူ..။ :mrgreen:

        • San Hla Gyi

          May 13, 2014 at 6:21 pm

          ဟာ မသိရင် ကိုယ့်ဘာသာကိုယ် လေ့လာရတယ်ဗျ။ ကလေးလေးလို လျှောက်မေးမနေရဘူး။ အဲဒါက တိမ်မည်းဆိုသူရဲ့ မသိနားမလည်မှုကို ပြတယ်။ အပေါ်က ကွန်မန့်ထဲမယ် ကျုပ်က ခင်ဗျားတို့ မေးချင်ရာမေး ကျုပ်ဖြေမယ်လို့ ပြောခဲ့လို့လား။ကျုပ် စေတနာ ရှိသူပဲ ကွက်ဖြေတာလေ။ မေးတာက မေးလို့ ရပါတယ်။ ဒါပေမယ့် မေးတဲ့ ပုံစံက ကွာသေးတယ်။ ကိုယ်က မသိလို့ မေးချင်ရင် ရိုရိုသေသေ မေးရတယ်။ ပညာစမ်းသလိုလို ဘာလိုလိုနဲ့ နာမည်တောင် မတပ်ပဲ လူပါး မလုပ်ရဘူး။ ဒါကြောင့် ဖြေဖို့ မလိုအပ်လို့ မဖြေဘူး။ ခင်ဗျား ဒီပုံစံနဲ့ သွားမေးရင် ကျုပ်မပြောနဲ့ သမ္မာသမ္ဗုဒ္ဓဘုရားတောင် မဖြေဘူး။ မာလုကျပုတ္တဆိုတဲ့ ရဟန်းတပါးဟာ အဲလိုပဲ ဘုရားကို သွားပြီး ဒီပြဿနာကို မဖြေဆိုရင် လူထွက်မယ် ပြောတော့ ဘုရားက ချစ်သား မာလုကျပုတ္တ ငါ့သာသနာလို့ လာပါ ဒီတရားကို ဟောကြားပါမယ်လို့ ငါပြောခဲ့ဘူးသလား သင်ကရော မလာခင် အဲဒီလို ကတိရလို့ လာတာလား။ အဲဒီလိုလည်း မဟုတ်ပဲနဲ့ ဘာလို့ ဒီလို မေးရသလည်း။ ထိုအယူ ငါမယူဆိုပြီး ပြန်ပြောလိုက်တယ်။ သူ မေးပုံ မတတ်လို့ ဘုရားတောင် သူဖြေစေချင်သလို မဖြေဘူး။ အဲဒီတော့ ခင်ဗျားရဲ့ ကွန်မန့်ကတော့ ကျုပ်ဖြေဖို့ မတန်လို့ မဖြေဘူး။ ကိုကြောင်ကြီးနဲ့ ခင်ဗျားကိစ္စကတော့ ခင်ဗျားတို့ချင်း ရှင်းကြပါ။

        • ဦးကြောင်ကြီး

          May 14, 2014 at 12:33 pm

          ကတိမ်မည်း.. နင်ဒေါ့ ငရဲကျီးဦးမယ်.. လူဂျီး လူဂျီးမှန်းမတိ…

    • ဦးကြောင်ကြီး

      May 11, 2014 at 11:19 pm

      ရေး… လျှာရာလေး ရီးယဲမက်ဒရစ်အိုးပင်းမှာ အနိုင်ရဗိုလ်စွဲသွားပါပြီ…။ ဘယ့်နှယ်ဖြစ်တယ်မသိ အစောကလည်း ကြည့်နေရင်း ဒုတိယအကြိမ် ယောင်မှား ဆန်းမစ်ခလုပ် နှိပ်မိလို့ မပြီးသေးပဲ ထွက်သွားတယ်။ ဒီတခါတော့ တကယ်အပြီးပါ။
      ဆရာကြီး ဦးဂိုအင်ဂါ ရိပ်သာမှာ ဓမ္မသက်သက်ကို ရည်ညွှန်းတော့ ဘာသာခြားတွေ ဝင်လာတယ်။ ဘုရားဟော ဖြစ်ပျက်ကိုပဲ သူတို့ဘာသာမှာ ပြန်အသုံးချတယ်။ ဒါကို အစွဲကြီးသူများက အပြစ်တင်တယ်။ ရတနာသုံးပါးစလုံး မပါလို့ မမှန်ဘူး လမ်းလွဲတယ်ပေါလေ။ မှန်ပါ၏ အကောင်းအဆိုး ဒွန်တွဲနေပါသည်။ ဒါဆို ထေရဝါဒ အစွဲကြီးသူများရော မှားတာတွေ မရှိဘူးလား။ ဆရာကြီးထက် ပိုသန့်စင်နေကြပါသလား။ (လူနည်းစု ခြွင်းချက်) ပိုသာသနာ ပြု နိုင်ကြပါသလား။ ကိုယ့်ဂိုဏ်းထဲ မဝင်တော့ အထင်မကြီးကြတော့ဘူး။ သာသနာဆိုတာ ကိလေသာ ပြတ်ပေးတာကိုခေါ်တယ်။ ဆက်ပေးတာဆို ဓမ္မတာပဲ။ အဲလိုပြောလို့ ကံကို ပြစ်ပယ်ခိုင်းနေတာမဟုတ်.. ဆင်းရဲသားရှိမှ သူဌေးရှိမှာပေါ့၊ အဲဒီသဘောပဲ။ ဘုရားတောင် ချွတ်မရတာ ကိုယ်က ဘာကောင်မို့လဲ။ စာကိုအပြစ်မတင် စာကိုအတည်ယူလွန်း ဖက်တွယ်မှုကိုသာ အပြစ်တင်ပါ၏။

      • San Hla Gyi

        May 13, 2014 at 6:24 pm

        ကိုကြောင်ကြီးရေ အဲဒီ အပေါ်က ဟာက မိလိန္ဒမင်းနဲ့ အမေးအဖြေခန်းထဲမှာ အကျယ်ပါတယ်။ ခုနစ်ရက်မဟုတ်ဘူး။ နေ့မကူးဘူးလို့ကို ပါတယ်။ ကိုယ်ကြိုက်သလိုယူ။ ကျုပ်ကတော့ ကိုကြောင်ကြီး တွေးကြံပြီး ပြောတဲ့ စကားကို ယူမလား။ ရှင်နာဂသိန်မထေရ်နဲ့ မောဂ္ဂလိပုတ္တတိသမထေရ် စကား နှစ်ခုထဲက တခုရွေး ဆိုရင်တော့ ရှင်နာဂသိန်တို့ အဆုံးအဖြတ်ကို ယူတယ်။ ထပ်ပြောစရာ မလိုတော့ဘူး။

  • padonmar

    May 11, 2014 at 10:34 pm

    ကိုစံလှကြီးရေ
    ကျမ ဖတ်နေပါတယ်။
    ပို့စ်ပိုင်ရှင်ဒေါက်တာရည်က ကွန်ပျူတာ မကျွမ်းတဲ့ စာရေးဝါသနာပါသူ ဆရာဝန်မကြီးပါ။
    ဂဇက်နဲ့ မိတ်ဆက်ပေးတော့ သူ့ရဲ့ စရဏ မဂ္ဂဇင်း မှာပါပြီး ဆောင်းပါးကို တင်ပေးဖို့ ကွန်ပျူတာ စာစီမှာ အပ်ပြီး ကျမလက်ထဲထည့်ပေးလိုက်တာပါ။
    ဒါကြောင့် သူပေါ်မလာနိုင်တာပါ။
    ကျမကလည်း မအားတာကတကြောင်း၊ ကိုးနတ်ရှင်မကောင်းလွန်းတာကတကြောင်း၊
    ကျမကိုယ်တိုင် သေသေချာချာ မဆွေးနွေးတတ်တာတကြောင်း၊
    သူဝင်နိုင်တဲ့အခါ သူ့ဖာသာ ပြန်တဲ့ ကိုယ်ပိုင် ဖြေကြားချက်တွေ ဖြစ်စေချင်တာကတကြောင်း၊

    ကျမနဲ့ သိသူလို့ဆိုပြီး ဝေဖန်ချင်သူတွေ အားမနာစေချင်တာကတကြောင်းတွေ ကြောင့် (အခုနောက်ပိုင်း အချင်းချင်းသိလာတော့ အသက်အရွယ်ကိုငဲ့ပြီး ကျမကို လျှော့လျှော့ပေါ့ပေါ့ ဝေဖန်ကြတာ အားမရဘူး)
    ကျမ သိပ်မမန့်တာပါ။
    အခုလို ကိုစံလှကြီး၊ကိုအေးလွင်ဦး၊ဦးပါ၊သူကြီးတို့ ဦးဆောင် ဆွေးနွေးနေကြတာ ကျေးဇူးတင်ပါတယ်။
    ဒေါက်တာရည်လည်း သဘောကျမှာပါ။
    ဆက်လက်ပြီး စိတ်အနှောက်အယှက်မရှိ ဆွေးနွေးပေးကြပါ။
    အများ အကျိုးရှိပါတယ်။
    ကျမပို့စ်မှာ မန့်ခဲ့တာလည်း မှတ်မိပါတယ်။

    • San Hla Gyi

      May 13, 2014 at 6:18 pm

      ဒေါက်တာပဒုမ္မာရေ
      ဆရာမကို ဟိုတုန်းကတည်းက ကျနော် တချို့လူတွေ ဦးလွန်ပဲ့လွန် သူများ ဘာသာ လူမျိုးကို စော်ကားနေတာတွေကို ကြားထဲက ဝင်ပြီး နည်းနည်း နားချဖို့ နားဝင်အောင် ပြောဖို့ ပြောခဲ့ပါတယ်နော်။

  • ဦးကျောက်ခဲ

    May 13, 2014 at 5:28 pm

    ကျောက်စ်လည်း မိတ်ဆွေများနဲ့ ငြင်းရဦးမယ်…
    ပြောရရင် ကျောက်စ် မိရိုးဖလာ ဗုဒ္ဓဘာသာဝင်မဟုတ်ခဲ့ပါဘူး…
    အခုအထိလည်း မေးခွန်းများရှိလို့ ဘယ်ဘာသာမှ မဝင်တာပါ…
    ရဟန်းန္တာကိစ္စက စွန်းလွန်းဆရာတော် မောင်ရင်ပေါ်ချောက်မှာ ဘာလို့သင်္ကန်းစည်းခဲ့ရတယ်ဆိုတာနဲ့ ပြတ်မယ်ထင်တယ် ။ မြင့်မြတ်သူဖြစ်မှ ဒီအဝတ်ကိုဘာလုပ်ရမှာလဲ ။ ခရစ်ယာန်မှာလည်း ထို့အတူပါ…

    • Aye Lwin Oo

      May 13, 2014 at 6:09 pm

      မစ်စတာကျောက်s ခင်ဗျား။
      ဘယ်ဘာသာမှမဝင်တာပါ လို့ပြောလို့ သိပ်သဘောကျပါတယ်။
      ယုံတယ်၊ မယုံဘူးဆိုတာ နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာက လာပါတယ်။ ဘာကိုယုံမလဲ၊ ဘာကိုမယုံဘူးလဲ ဆိုတာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်လို့ မဝေဖန်ပါ။
      စွန်းလွန်းဆရာတော်ကိစ္စကတော့ ဖတ်ဖူးတာလေး မှတ်မိသလောက်ပြောချင်လို့ပါ။
      ဆရာတော်ဟာ မောင်ရင်ပေါ်ချောက်မှာ တရားအားထုတ်စဉ် တစ်လလျှင် မဂ်တစ်ကြိမ်ဆိုက်ခဲ့ပြီး နောက်ဆုံး အရဟတ္တမဂ်ဆိုက်ပြီး ရဟန္တာဖြစ်ပြီးမှ သင်္ကန်းစည်းခဲ့တာမဟုတ်ပါ။ ကိုရင်ကြီးဦးကဝိဘဝနှင့် တရားအားထုတ်ပြီး ရဟန္တာဖြစ်ခဲ့ခြင်း ဖြစ်ပါတယ်။
      (မှားသွားရင်လဲ ကျွန်တော့ကို အပြစ်မတင်ပါနဲ့၊ အသက်ကြီးလို့ မကောင်းတော့တဲ့ ဘရိမ်းကို သာ ဘလိမ်းတင်ပါဗျာ)

    • San Hla Gyi

      May 13, 2014 at 6:17 pm

      ဦးကျောက်ခဲရေ ဦးကျောက်ခဲတို့ အပေါ် သဘောထားကလည်း ကိုဘလက်ချောကို ပြောခဲ့သလိုပဲ။ ဆရာမ ဒေါက်တာပဒုမ္မာကို ပြောခဲ့သလိုပဲ။

  • weiwei

    May 13, 2014 at 11:38 pm

    ကွန်မန့်တွေအကုန် တစ်ထိုင်ထဲ ဖတ်လိုက်မိလို့ တော်တော်လေး မူးသွားပါတယ် ..
    အကုသိုလ်ဆိုတာကို သိသိကြီးနဲ့လုပ်တာနဲ့ မသိပဲနဲ့လုပ်တာ ဘယ်ဟာ ပိုပြီး အပြစ်ကြီးလဲဆိုတာလေး သတိရမိတယ် .. အကုသိုလ်မှန်းသိထားပြီးမှ ကျူးလွန်တဲ့အခါမှာတော့ ဝိနည်းလွတ်ဖြစ်အောင် ကြိုးစားမိတာပေါ့နော် ..

    • ဦးကြောင်ကြီး

      May 14, 2014 at 12:35 pm

      အမ်တီဝေ ကိုးကန့်သဗုံမဂျီး.. တယားမကျင့်ဘဲ ဘာလာအာချောင်သလဲ…

      • weiwei

        May 14, 2014 at 12:57 pm

        သိချင်တာလေးတစ်ခုလောက် ဖြေပေးပါ ဦးကြောင် …
        ယခုသာသနာမှာ အမျိုးသမီးတွေရော ရဟန္တာဖြစ်နိုင်ပါလား????

        • ဦးကြောင်ကြီး

          May 15, 2014 at 1:03 pm

          ငါဘုရား အဆုံးအမကို ကျင့်ကြံသူရှိနေသမျှပတ်လုံး သာသနာ မဆိတ်သုဉ်းလို့ မှတ်တမ်းစကားရှိ၏။ သာသနာကို ယောက်ျားပဲ ထိုက်တန်တယ်၊ သင်္ကန်းစီးမှ ဖြစ်မယ် ပြောခဲ့လို့လား…။
          ဟောသည်မှာ ပဲခူးအောင်ဓမ္မရိပ်သာက မယ်တော်ကြီးတပါး တလောက ပျံတော်မူတော့ ဓာတ်တော်ကျတဲ့သတင်းနဲ့ဓာတ်ပုံ….
          သိကြားသာသနာတော့ စနေပြီ ရဲဘော်တို့..

          Thabarwa Centre
          May 1
          ဒီ နေ့ ဆ ရာ တော် ထံ ကိစ္စ ၁ ခု ဦး တင်ရန် အ တွက် ကွယ် လွန် သွား ပြီး ဖြစ်သော အ ဖွား ဒေါ် စော ရင် အား ကျန်ရစ် သူ မိ သား စု များ ရည် စူး ပြု လုပ်ဒါ န ပွဲ သို့ အ မှတ် မ ထင် ကျွန် တော်ရောက် ရှိ ခဲ့ ပါ တယ်။

          အ ဖွား ဒေါ် စော ရင် သည် ဟို အ ရင် က အောင် ဓမ္မ ရိပ် သာ ယောဂီ ၁ဦး ဖြစ်ပြီး ခန္ဓာ ဝန် မ ချ မှီ ရက် ပိုင်း အ လို မှာဆ ရာ တော် အား ဒါ န ပြု လုပ် သွားပါတယ်။ လူ ပု ဂိ္ဂု လ် အ နေ နဲ့ အိမ် တွင်နေ ထိုင် ပြီး ကိုယ် ကျိုး စွန့် အ နစ် နာ ခံ၍ ဆ ရာ တော် တို့ လို သာသနာ့ အကျိုးသယ် ပိုး ထမ်း ရွက် ခဲ့ တယ် ဆို ပြီးတရား ဟော ရာ ၌ဟော ကြား သွား ကိုလည်း နာ ကြား ရပါတယ်။ အိမ် တွင်း နေ ပု ဂိ္ဂုလ် ၁ ဦး အ နေ နဲ့ဘဝ ကို ချု ပ် ငြိမ်း ကုန် ဆုံး သွား နိုင် ခြင်း ကို ဒီ ဒါ ကာ မ ကြီး အား ပထမ ဦးဆုံး ဘဝ မှာ မြင် တွေ့ ချင် ဘဲ တဲ့။ ဓာတ်တော်ကျတာနဲ့ ဓာတ်ပုံတွေကိုတော့ သိချင်လျင် သဘာဝရိပ်သာဖဘပေ့ချ်မှာ https://www.facebook.com/pages/Thabarwa-Centre/142617729133749?hc_location=timeline ဖတ်ရှုနိုင်ပါသည်။

          အဖွားဒေါ်စောရင် (အသက်၉၂နှစ်) ၏ရွှေရောင် အရိုးဓာတ်တော်ပုံ
          https://www.facebook.com/photo.php?fbid=673676989334339&set=p.673676989334339&type=1&theater

          အ ဖွား ဒေါ် စော ရင် ၏ ကြွင်း ကျန် ရစ် ခဲ့ သော် ပုံ မှန် မ ဟုတ် ထူး ခြား ပြောင်လဲ့ နေ သော အ ရိုး များ ဓါတ် ပုံ တော့ကျွန် တော် ထံ တွင် ပါ မ လာ ပါ ။ အဖွားဒေါ် စော ရင် ၏ သီလ သမာဓိ ပညာဂုဏ် တို့ အား ရည် သန် ကျန် ရစ် သူမိ သား စု တ ကွ ဓမ္မ မိတ် ဆွေ တို့ အားသဒ္ဒါ သီလ အကျင့် တိုး ပွား ဖို့ ကျွန်တော် ရိုက် ကူး ခဲ့ သော ပုံ ရိပ် တို့ ကို မျှဝေ လိုက် ပါ တယ်

  • myat pearl phyu

    May 15, 2014 at 3:50 pm

    .. ဘာသာရေးဆိုလို့ စိတ်ဝင်တစားနဲ့ အစအဆုံးသေချာဖတ်၊ မှတ်ခဲ့ပါတယ်ချင့်…
    ..ဦးစံလှကြီး ချက်ကျလက်ကျ ပြန်ဖြေတာတွေ အရမ်းသဘောကျပါတယ်…အားပေးလျှက်ပါ…
    ..အခုတလော အိမ်မှာ ကြွက်တစ်ချို ့ သောင်းကျန်းနေလို့ မေမေက ကော်ကပ်ပြီး ကြွက်ဖမ်းဖို့လုပ်ကြပါတယ်…စိတ်ဆင်းရဲလှပါတယ်..အဲ့ဒီလိုလုပ်တာ ပါဏာတိပါတာကံမို့လို့ မေမေ့ကို မလုပ်ဖို့ ပြောမိပါတယ်…
    ဒီပိုစ့်ကနေ ဗဟုသုတွေ ထပ်ရခဲ့ပါတယ်…
    လူတွေဟာ လောဘ၊ ဒေါသ၊ မောဟ တွေ မသိမှု အဝိဇ္ဇာ အမှောင်ဖုံးလို့ မိုက်တွင်းနက်နေကြတာပါ…
    မသိတော့ လိုချင်၊
    လိုချင်တော့ စွဲလမ်း၊
    စွဲလမ်းတော့ ပြုလုပ်၊
    ပြုလုပ်တော့ ရရှိ၊
    ရတော့ ဒုက္ခ နဲ့ သံသရာလည်နေကြတော့မှာပါပဲ…ဟူးးး…

  • kthwinzayarmyo

    June 23, 2014 at 5:17 pm

    တနေ့ထင်းခုတ်သမား ထင်းခွဲနေတုန်း သူ့အမေနှဖူးယင်ကောင်နားတာတွေ့တော့ စေတနာနဲ့ ယင်ကောင်ကို ပုဆိန်နဲ့ ထုလိုက်တာ နှဖူးကွဲသေပါလေရော ယင်မောင်းချင်တဲ့စေတနာကြောင့်ငရဲ့မကျဘူးပဲပြောကြမလား ပညာအကြောင်းမေ့နေကြမှာစိုးလို့ပါ

  • padonmar

    December 6, 2014 at 9:08 pm

    မိုးပြာတပည့်လေးပါလို့ ပြောပြီး ပထမဆုံးတွေ့ဆုံပွဲလာတက်သွားတဲ့ ကိုသွင်ဇေယျာမျိုး
    အမေးလေးကို ပြန်ဖြေပေးဖို့ Bookmark လုပ်ပြီး မှတ်ထားတာ ၆လတောင်ကြာသွားတယ်။
    ……..
    လောကကြောင်းနဲ့ အရင်တွေးကြည့်ရအောင်၊
    အမေ့နဖူးက ယင်ကို ပုဆိန်နဲ့ ထုလို့ အမေသေသွားရင်
    ဒါဟာ လူသေမှု ဖြစ်ပါတယ်။
    တချက်တည်းနဲ့ သေတာဖြစ်လို့ မသေသေအောင် အားထုတ်မှု မပါကြောင်းလည်း ရှင်းပါတယ်။
    လူသတ်မှုတော့ မမြောက်ပါဘူး။
    အဲတော့ အပြစ်တော့ ခံရပါမယ်။
    လူသတ်မှုလောက်တော့ အပြစ်မကြီးပါဘူး။
    ………..
    အဲသလိုပဲ
    ထင်းခုတ်သမားဟာ ယင်ကိုတော့ သေစေလိုစိတ်ရှိပါတယ်။
    သေအောင်လည်း အားထုတ်ပါတယ်။
    ယင်လည်းသူ့ကြောင့် သေသွားတယ်၊
    သူသေခါနီးမှာ ဒီအကုသိုလ်ကို စိတ်စွဲနေမယ်ဆိုရင် အဲဒီအမှုအတွက် သူငရဲကြီးပါမယ်။ဖြစ်ဖို့များတာ ငရဲ အငယ်တွေကိုကျပါမယ်။
    ……………………..
    အမေသေတာမှာ သူက သေစေလိုစိတ်မရှိပါ။
    အမေသေအောင် အားထုတ်ခြင်းလည်း မဟုတ်ပါ။
    အမေကတော့ သေသွားပါတယ်။
    အဲဒီအတွက် သူဟာ ပဉ္စာနန္တရိယကံ မထိုက်ပါဘူး။
    (အမိ၊အဖ၊ရဟန္တာသတ်၊ ဘုရားကို သွေးခြေအုအောင်လုပ်၊သံဃာဂိုဏ်းခွဲတဲ့ ကံပါ။ သေရင် အဝီစိဆိုတဲ့ ဒုက္ခအကြီးဆုံး ငရဲကို ရောက်စေတဲ့ကံဖြစ်ပါတယ်)
    အခု အဲဒီကံမထိုက်တဲ့ အတွက် အဝီစိငရဲကိုတော့ ဒီကံကြောင့် မရောက်နိုင်ပါဘူး။
    …………………..
    အရေးကြီးတာက ဒီပဉ္စာနန္တရိယကံထိုက်သွားပြီဆိုရင် ဒီဘဝတွက် မဂ်ဖိုလ်မရနိုင်တော့ပါ။
    သို့သော်…ဒီကိစ္စမှာ အမေ့နဖူးကို ပုဆိန်နဲ့ထုရင် ငါ့အမေသေနိုင်ပါလား ဆိုတာတောင် မသိအောင် ဉာဏ်နည်းတဲ့ သူဖြစ်နေဖို့များတဲ့အတွက် (တိဟိတ် မဟုတ်တဲ့ အတွက် )အစကတည်းက ဒီဘဝ မဂ်ဖိုလ်မရနိုင်တဲ့ လူမျိုးပဲဖြစ်မှာပါ။

  • uncle gyi

    December 7, 2014 at 11:32 pm

    အိမ်ကမိန်းမကပုရွတ်ဆိတ် ကြွက် ခြ ဂျပိုး ခြင်
    ဘယ်တော့မှမသတ်ရိပ်သာလည်းအမြဲသွား
    သူကတော့ပြောသလိုဆိုနတ်ပြည်တော့အနည်းဆုံး

    ကျုပ်ကတော့
    မိန်းမကအိမ်မှာကြွက်တွေသောင်းကျန်းနေပြီပြောတာနဲ့
    အလိုက်တသိဖမ်း
    ပုရွတ်ဆိတ်တွေပေါနေပြီ
    တအိမ်လုံးခြင် ဂျပိုးတွေများနေပြီဆို
    ဆိုတာနဲ့အလိုကိ်တသိဆေးဖြန်း
    စိန်လှကြီးပြောသလိုဆိုဘယ်ရောက်မယ်မသိ

    ဘယ်ရောက်မယ်ကနောက်
    လောလောဆယ်အလိုက်သိဖို့ကအရေး
    ကြီးတယ်လေ

    • kai

      December 9, 2014 at 5:50 am

      ကြွက်..ခြင်..ယင်က.. လူတွေကြားထဲမှာ.. ပေါများပေါက်ဖွားလွန်းလာရင်.. လူ(တွေ)သေတဲ့အထိဖြစ်စေနိုင်တယ်…။
      ဒီအကောင်တွေကို.. ပေါများပေါက်ဖွားခွင့်ပေး..လွှတ်ထားတာဟာ.. လူတွေကိုသတ်ခံရဖို့တဖက်လှည့်နဲ့အားပေးအားမြှောက်ပြုတာပဲ..။
      အဲလိုလူတွေများတဲ့.. အိမ်ထောင်စု.. ရပ်ကွက်..ကျေးရွာ…မြို့နယ်မှာ.. ကလေးတွေသွေးလွန်တုတ်ကွေးဖြစ်ရင်..လူသေရင်..။ ပုလိပ်ရောဂါဖြစ်ရင်..လူသေရင်..။ ဝမ်းရောဂါဖြစ်ရင်.. လူသေရင်.. အဲဒီလူတွေပယောဂမကင်းဘူးလို့.. တိုက်ရိုက်ပြောနိုင်တယ်…။
      ငါ့လက်ကလွတ်ဗြွတ်… အယူအဆနဲ့.. အတ္တကြီးသူ.. ၊
      …လူသေစေသူများပေါ့…။

      ဂေါတမဗုဒ္ဓက.. ရဟန်းက လူသားကိုသတ်ရင်.. ပါရာဇိကကျတယ်… ပြောတယ်..။
      တိရိစ္ဆာန်သတ်ရင်.. (ဖြည်လို့ရတဲ့)အာပတ်သင့်တယ်ပြောတယ်…။
      လူအသက်နဲ့.. တိရိစ္ဆာန်အသက်အပေါ်ထားတဲ့သဘော.. အပြစ်.. နှိုင်းယှဉ်ကြည့်ဖို့ပါပဲ…။

      ဆိုတော့…
      ပစ္စုပ္ပန်သာရှုကြေးဆို.. အန်ကယ်ကြီးကသာ.. လူ့အသက်ကယ်သမား.. ကုသိုလ်တွေအတုံးလိုက်အတစ်လိုက်.. ရနေသူပါလို့..။ :k:

  • aye.kk

    December 8, 2014 at 10:23 am

    အရင်တုန်းကတော့ ကိုယ့်ခန္ဓာကိုယ်ပေါ်မှာ ခြင်လာနားရင်
    ရိုက်မိတတ်တာအမှန်ပါပဲ ။ ရိပ်သာဝင်ပြီး သတိပဌာန်တရား ပွားများအားထုတ်ပြီး
    ပြန်လာတဲ့အချိန်ကစပြီး ရိပ်သာကပြန်ထွက်လာပြီး အခုနောက်ပိုင်းမှာ သေစေလိုတဲ့စိတ်ဆန္ဒမျိုး မရှိတော့
    တာအမှန်ပါပဲ ။ကိုယ့်ကိုယ်ပေါ်မှာ ခြင်လာနားရင် ပါးစပ်ကနေလေမှုတ်ပြီး မောင်းထုတ်လိုက်ပါတယ် ။
    အရင်ကဈေးဝယ်ရင် အရှင်သားမှသာ ရွေးဝယ်စားခဲ့တယ် ။ မိတ်ဆွေဘကြီးက သင်ထားပေးတာလည်းပါပါတယ် ။
    ကြက်သားစားရင် လည်ပင်းကိုအရင်ကြည့် လည်ချောင်းနေရာမှာ ဒါးလီးထားတဲ့နေရာက တုန်းတိတိဖြစ်နေရင် အသေသား ဖြစ်လို ့ဝယ်မစားဘို ့ပါ။လည်ချောင်းလှီးထားတဲ့နေရာက ပန်းပွင့်လို ဖြစ်နေရင် အရှင်သား ခွဲခြားနိုင်တယ် ။ အသေသားနဲ ့အရှင်သားကိုသတ်ထားတာကို ခွဲခြားပြထားလို ့ ဈေးဝယ်တဲ့အခါတိုင်း အရှင်သားသတ်ပြီးသားကိုပဲ ဝယ်စားတာပါ ။ ဝက်သားလည်းထို ့အတူပါပဲ ။ အသားနဲ့အခေါက် အသားနဲ ့အဆီခေါက်နေရာ မှာအမြင်နဲ ့ခွဲခြားနိုင်အောင်
    လက်တွေ ့သိနိုင်အောင်ပြောပြသင်ပြထားပေးတော့ ။ အသေသားနဲ ့အရှင်သား ခွဲခြားပြီး မှ ဝယ်စားလေ့ရှိပါတယ် ။ အခုဆိုရင်တော့ အသေသားလား အရှင်သားလား ဆိုတာကို စိတ်က အာရုံမဖြစ်တော့တာအမှန်ပါပဲ ။ ။ အသားတွေကို စားချင်တဲ့စိတ်လည်းလျော့ပါး နည်းပါးသွားပါတယ် ။ အဓိကတော့ မေတ္တာတရားပါပဲ ။ မေတ္တာတရားရှိနေရင် ကိုယ်ချင်းစာနာစိတ် နားလည်နိုင်စွမ်းအားရှိသွားပါတယ် ။ ပါဏာတိပါတကံကိုလည်း နားလည်လက်ခံနိုင်စွမ်းအား ပြည့်ဝသွားတာမို ့။ အကုသိုယ်စိတ် ပယ်ရှားသွားနိုင်မိပါတယ်။ ကျမအနေနဲ ့အမြတ်ဆုံး အလုပ်ဖြစ်တဲ့ ဝိပဿ နာ ဘာဝနာအားထုတ်ခဲ့တဲ့ အကျိုးကျေးဇူးတရားပါပဲ ။
    ပုထုဇဉ်တွေမှန်သမျှ ငါးပါးသီလခိုင်မြဲဘို ့ကို မလုပ်နိုင်သေးတာက အမှန်ပါဆိုတာကိုတော့ ကျမအမြင်အနေနဲ ့ သာပြောပြလိုက်ပါရစေ ။

    • kai

      December 9, 2014 at 6:41 am

      မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် ကလေးငယ်ငါးသောင်းခန့်သည် ကာကွယ်၍ရသော ရောဂါများဖြင့် သေဆုံးနေရကြောင်း ကမ္ဘာ့ဘဏ်၏ မရှိမဖြစ်လိုအပ်သော ကျန်းမာရေးဝန်ဆောင်မှုများ လက်လှမ်းမီရေး စီမံချက်အရ သိရသည် ။

      “မြန်မာနိုင်ငံမှာ ကလေးသေနှုန်းက တော်တော်လေးမြင့်နေပါတယ်။ ကျွန်မတို့ထက် ပိုများတာဆိုရင် တီမောလိစ်နဲ့ လာအိုလောက်ပဲ ရှိပါတယ်။ ကမ္ဘောဒီးယားကလည်း ကျွန်မတို့အောက်ကို ရောက်သွားပါပြီ။ မိန်းမတွေသေနှုန်းကျတော့ နိုင်ငံတစ်နိုင်ငံ ချမ်းသာဆင်းရဲတာထက် women imporment လို့ခေါ်တဲ့ မိန်းမတွေကို တန်ဖိုးထားမှုနဲ့လည်း အများကြီးမူတည်ပါတယ်” ဟု နိုင်ငံတော်သမ္မတ၏ အကြံပေးဖြစ်သူ ဒေါက်တာဒေါ်ရင်ရင်နွယ်က ပြောကြားသည်။ –
      ..
      “မြန်မာနိုင်ငံမှာရှိတဲ့ ကလေးတွေရဲ့ အာဟာရချို့တဲ့မှု (chronic under nutrition) ကို ကြည့်ရင် ၃၅ ရာခိုင်နှုန်းရှိပါတယ်။ အခု ဒီစာရင်းဇယားက UNICEF ကနေ နောက်ဆုံးပြုစုထားတဲ့ စာရင်းတွေအရ သိရတာပါ။ ၃၅ ရာခိုင်နှုန်းဆိုတော့ သုံးယောက်မှာ တစ်ယောက်ဖြစ်နေတယ်။ အဲဒီလို အာဟာရချို့တဲ့အတွက် ဦးနှောက်ရဲ့ဖွံ့ဖြိုးမှုကိုပါ သွားထိပါတယ်။ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိရုံမကဘူး။ တိုင်းပြည်တစ်ပြည်ရဲ့ GDP ကို နှစ်ရာခိုင်နှုန်းကနေ သုံးရာခိုင်နှုန်းလောက်အထိ လျော့သွားစေတယ်ဆိုတာ အများအပြားလုပ်ထားတဲ့ သုတေသနတွေအရ သိရပါတယ်။ ကမ္ဘာ့ဘဏ်က လုပ်ထားတာလည်း ရှိပါတယ်။ ဒါက ကလေးတွေ အသက်နှစ်နှစ်မပြည့်ခင် ဖြစ်နေတာတွေ များပါတယ်။ ဒါကို လုပ်ဖို့အတွက်ဆိုရင် မိခင်ကျန်းမာရေးကို ဂရုစိုက်ဖို့လိုပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာလည်း ဂရုစိုက်ရတယ်။ ကလေးတွေ နှစ်နှစ်မတိုင်ခင် micro nutrition တွေ macro nutrition တွေ လုပ်ရပါမယ်။ ဒီနေရာမှာ တစ်ခုပြောချင်တာက ကလေးသူငယ်တွေရဲ့ အာဟာရချို့တဲ့မှုက တားမြစ်လို့ရတဲ့ အကြောင်းတရားတွေထဲမှာလည်း ရှိနေတယ်။ ရှောင်ကြဉ်လို့ရတဲ့ အကြောင်းတရားတွေ၊ ကုသလို့ရတဲ့ အကြောင်းတစ်ကြောင်းဖြစ်တယ်။ ကုသလို့မရတာ မဟုတ်ဘူး” ဟု ဒေါက်တာဒေါ်ရင်ရင်နွယ်က ပြောကြားသည်။ – See more at: http://news-eleven.com/local/%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%84%E1%80%B6%E1%80%90%E1%80%BC%E1%80%84%E1%80%B9-%E1%80%90%E1%80%85%E1%80%B9%E1%82%8F%E1%80%BD%E1%80%85%E1%80%B9%E1%80%9C%E1%80%BD%E1%80%BA%E1%80%84%E1%80%B9-%E1%80%80%E1%80%B1%E1%80%9C%E1%80%B8%E1%80%84%E1%80%9A%E1%80%B9%E1%80%84%E1%80%AB%E1%80%B8%E1%80%B1%E1%80%9E%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%81%E1%80%94%E1%80%B9%E1%82%94-%E1%80%80%E1%80%AC%E1%80%80%E1%80%BC%E1%80%9A%E1%80%B9%E1%81%8D%E1%80%9B%E1%80%B1%E1%80%9E%E1%80%AC-%E1%80%B1%E1%80%9B%E1%80%AC%E1%80%82%E1%80%AB%E1%80%BB%E1%80%96%E1%80%84%E1%80%B9%E1%80%B7-%E1%80%B1%E1%80%9E%E1%80%86%E1%80%AF%E1%80%B6%E1%80%B8%E1%80%B1%E1%80%94%E1%80%9B%E1%80%B1%E1%81%BE%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B8#sthash.KiowNRHa.dpuf
      ===========

  • kai

    September 13, 2016 at 1:31 pm

    ခြင်ကတဆင့်ကူးတဲ့.. ဇီကာဗိုင်းရပ်စ်တွေခေတ်စားနေတော့.. ဒီပို့စ်လေးသတိရလို့…
    အင်း…
    ကျိန်စာက လွတ်ဟန်ပင်မပြုသေး.. :k:

Leave a Reply