” ဆရာဝန်ကြီးဖြစ်စေချင်လို့”

ခင္ခMay 5, 20141min22610

” ဆရာဝန်ကြီးဖြစ်စေချင်လို့”

 

လှုပ်ရှားသက်ဝင် အလုပ်များမယ့်အဆင်

ပူရပင်ရ နောက်တစ်တန်းက

နှစ်ချင်းပေါက်လည်း အောင်စေချင်

ဂုဏ်ထူးများလည်း ရလိုအင်

အပြိုင်ကြော်ငြာ လိုက်ကာဖတ်လို့

ကိုယ်ပိုင်ကျောင်းတွေ မှိုလိုပေါက်သမို့

ငါ့သား ငါ့သမီး ဘယ်ကျောင်းထားစို့

ဂုဏ်ထူးပါကာ ဆရာဝန်ကြီးဖြစ်ရဖို့

ဘယ်လိုလုပ်ရ စပ်စုကြပြီ

ကားများပြားပန်း ခတ်လေသည်။

 

တစ်နေ့လုပ်တစ်နေ့စား အဖေများက

အဖေ့သမီး နောက်နှစ်ဆယ်တန်း

အစိုးရကျောင်း ဆက်တက်ဖို့ပြင်

သူများဂုဏ်ထူး အောင်ပြီးစာအုပ်

သွားတောင်းကာသာ ကျက်ပါသမီးရယ်

လူဘဝဆိုတာ ကံပါရင်ကွယ်

ငါ့သမီးလေး ဆရာဝန်ကြီးဖြစ်စေချင်တယ်။

 

မိဘမယ့်ကျောင်း စာအံခေါင်းလောင်း

တိုးတိတ်ငြိမ်သက် ကျောင်းဖွင့်ရက်မဟုတ်

စာအံသံက ကျယ်ကာကြားရ

ကြိုးစားလှတဲ့ ကလေးမနှယ်

သီလရှင်ကြီး ကြည့်ကာပီတိသွယ်

ဒီကလေး ဒီနှစ်ဆယ်တန်းမယ်

ဂုဏ်ထူးတွေနဲ့ အောင်ရင်ကောင်းမယ်

သူ့ဘဝလှဖို့ ဆရာဝန်ကြီးဖြစ်စေချင်လို့။

 

 

 

ခင်ခ။

10 comments

  • TNA

    May 5, 2014 at 6:32 pm

    ကျွန်မကတော့ ကျွန်မသားကို ဆရာဝန်မဖြစ်စေချင်ပါဘူး။ တကယ်ပါ။ သူ့ဟာသူဝါသနာပါရင်တော့ တမျိုးပေါ့။

  • ကလေးတွေကတော့ဆရာဝန်လုပ်မယ်က တပြားမှမလျှော့တဲ့သူချည့်ပါပဲ။
    သူတို့တကယ်တက်နိုင်ရင်တောင် ထားနိုင်ဖို့ ကျမအခုတည်းကခေါင်းခဲနေရပါပြီ။
    🙂

  • ကေဇီ

    May 5, 2014 at 7:57 pm

    အနော့တုန်းကလည်း ဆရာဝန်နဲ့ဖြစ်ချင် (အဲလေ) ဆရာဝန်ဖြစ်ချင်လွန်းလို့ ကြိုးစားခဲ့ရတာ။
    သူများအသက်ကယ်ချင်လို့တော့ မဟုတ်ဘူးးး အမျိုးထဲ မျက်နှာပွင့်ချင်လို့။
    ငိငိ

    😀

  • ခင် ခ

    May 5, 2014 at 10:06 pm

    ဆင်းရဲရဲ ချမ်းသာသာ ဘယ်လိုအခြေအနေဘဲဖြစ်ဖြစ် မိဘတွေ အုပ်ထိန်းသူတွေကတော့ ကလေးတွေကို အမြင့်ဆုံးထူးချွန်စေချင်တဲ့ စိတ်ဆန္ဒသဘာဝလေးကို အခြေခံရေးမိတာပါ

  • မှန် ပါ ကြောင်း

    ကျ နော သူ ငယ် ချင် းရဲ့ သား က တော့ ဆရာ ဝန် လိုင်း မှီ တယ်

    သူ က ဆ ရာ ဝန် ဝါ သ နာ မ ပါ

    မိဘ တွေက လဲ တ မိ ပေါက် တစ ်ယောက် ထွန်း

    လွန် ဆွဲ နေ ကြ လေ ရဲ့

  • Paing Lay

    May 6, 2014 at 4:13 pm

    ဒါကြောင့်မို့ ထင်တယ် ဆရာဝန် အနုပညာရှင်ကအစ လုပ်ငန်းရှင် ခရိုနီများအဆုံး နာမည်တွေ ရှည်လျားကြလေကုန်သတည်းပေါ့ 😀

  • ဆရာဝန်ဆိုတာ လူ့အသက်ကယ်ရတဲ့အလုပ်ဖြစ်လို့ အင်မတန်မွန်မြတ်ပါတယ်..
    ဒါပေမယ့် ဝါသနာမပါဘဲ (အနစ်နာမခံနိုင်ဘဲ) ဂုဏ်မျက်နှာ၊ ငွေမျက်နှာနဲ့ တစ်ဝန်ထဲဝန်နေတဲ့သူတွေကိုတော့ ဘယ်လိုမှ ရှင်းပြလို့ မရဘူးရယ်…

    အမျိုးထဲမှာဆို ကိုးတန်းကတည်းက တစ်ခါတည်းဖြတ်တယ်.. ဆေးလိုင်းဝါသနာပါလား… ဆရာဝန်ဖြစ်ချင်လား.. ဖြစ်အောင်ကြိုးစားမှာလား.. ဆရာဝန်မမီရင်တောင် သွားဆေး၊ ဆေးဘက်ပညာ၊ ဆေးဝါးကျွမ်းကျင်၊ သူနာပြု .. အဲဒါတွေ တက်မှာလား.. အနည်းဆုံး အမှတ်က ၄၅ဝ အထက်မှာရှိတယ်.. ဝါသနာပါလို့ မီအောင်ကြိုးစားမယ်လို့ ဆုံးဖြတ်လား… ဝါသနာမပါဘူးဆိုလို့ကတော့ ဘိုင်အိုတွဲတောင် မယူနဲ့တော့ လို့ ပြောလိုက်တယ်.. တောကျောင်းတွေ၊ နယ်ကျောင်းတွေကနေ အခြေခံမပါဘဲ တက်လာတယ်.. ကိုးတန်းရောက်မှ အင်္ဂလိပ်လိုသင်ရမယ့် သိပ္ပံတွဲကိုယူမယ်ဆိုရင် စာမလိုက်နိုင်ဘဲ ဒုက္ခရောက်မယ်.. ဘိုင်အိုက အခက်ဆုံးရယ်..

    အနော်ဆို စီးပွားရေးကို ဝါသနာပါတာ.. ဘောဂတွဲပဲ ယူပါမယ်ဆိုတာ ပြောလို့မရဘူးရယ်.. ဘိုင်အိုတွဲမှ မယူရင်ပဲ ကျောင်းဆက်တက်လို့မရတော့မယ် ပုံစံတွေနဲ့ ပြောကြလို့ မလွန်ဆန်နိုင်ဘဲ ယူခဲ့ရတာ.. ဆယ်တန်းရောက်တော့လည်း အမေနဲ့ အပေးအယူလုပ်ရသေးတယ်.. အမှတ်မီရင်တောင် ဆေးကျောင်းမတက်ခိုင်းပါဘူးဆိုတဲ့ ကတိကိုတောင်းတာ.. အမှတ်မီလို့ တက်ခိုင်းမယ်ဆိုရင် မမီအောင် ဖြေပစ်မယ်လို့ ခြိမ်းခြောက်လိုက်တယ်.. ဆယ်တန်းလည်းအောင်ရော ဝိဇ္ဇာဘွဲ့ပဲ ဆက်တက်တော့ သင်ထားသမျှ အကုန်မေ့ကုန်ရော.. လုပ်နေတဲ့အလုပ်နဲ့လည်း တစ်ခြားဆီ… 🙂

    ဟဲ.. နောက်တစ်ခုက အနော် ဆယ်တန်းတုန်းက သင်ရိုးစာအုပ်တွေကို ရှေ့နှစ်က အစ်ကိုကြီးတစ်ယောက်ဆီက ယူပြီး သင်ရတာ.. ကျောင်းလည်းပြီးရော သူ့ညီလေးအတွက်ဆိုပြီး ပြန်ပေးလိုက်ရတယ်.. အဲ့နှစ်ကတော့ စာအုပ်ဖိုး သိပ်မကုန်လိုက်ဘူးရယ်.. 🙂

  • sorrow

    May 9, 2014 at 4:37 pm

    ဒီပို့စ်မှာ ကျော် လေးစားအားကျရပါသော ချစ်လှစွာသော ဆြာလေး ဘက်စုံရ ဂီဂီ ..မည့်သို့မည်ပုံမှတ်ချက်ပေးမည် ကို အလွန်သိလိုကြောင်း ….

  • lu lu

    May 9, 2014 at 6:48 pm

    ” ဒီဘဝအတွက်တော့ဝေးပြီကွယ် နောင် ဘဝအတွက်တော့ဆုပန် ရွယ် ”
    ဆရာဝန်မဖြစ်ခဲ့ဘူးဆိုတော့ ဆိုဒေါ့ ဆရာဝန်က တော်
    လည်းမဖြစ်ချင် ဘူးဆိုဒေါ့ ဆရာဝန်သားသားမီမီး
    လေးတွေမျှော်ရင် ကောင်းမလား ဘာလား ညာလား
    နဲ ့ကိုယ့်ရည်မှန်းချက်တွေးရင်းနဲ ့ပျော် ပျော်

Leave a Reply