ဆက်ဆက်ပြောတဲ့ သူ့ချစ်သူအကြောင်း – ၁

ムラカミMay 5, 20141min278513

ကိုမာဃကျော်ကို လူလွတ်တစ်ယောက်ဖြစ်ကြောင်း လက်ခံနိုင်လောက်တဲ့

သက်သေနဲ့ယုံကြည်အောင်ရှင်းပြထားနိုင်လို့ စေ့စပ်ခဲ့တာပါဟု ဆက်စ် ပန်ထုံ ရှင်းလင်း

=========================================

 

ငတော်ကီ ၊ ရန်ကုန်၊ မေ -၃

 

ယခုတစ်ပတ်အတွင်း ပရိသတ်စိတ် ဝင်စားလျက်ရှိသော ထိပ်တန်းကိစ္စရပ်များထဲတွင်

သရုပ် ဆောင်မင်းသမီးဆက်ပန်ထုံ၏ အိမ်ထောင်ရေးကိစ္စလည်း တစ်ခုအပါအဝင် ဖြစ်ခဲ့သည်။

 

တစ်ဖက်ကာယကံရှင် များက နိုင်ငံပိုင်သတင်းစာများတွင် အပြန်အလှန်ကြေ ညာခဲ့ပြီးနောက်ပိုင်း

မင်းသမီးဆက်ပန်ထုံအနေဖြင့် မည်သို့ တုံ့ပြန်ပြောဆိုမည်ဆိုခြင်းကို နောက်ဆက်တွဲ သိချင်

ဆန္ဒပြင်းပြနေကြလျက်ရှိသည်။ ထို့ကြောင့် ယနေ့ မွန်းလွဲပိုင်းက မြရိပ်မှောင် ဟိုတယ်အနီးရှိ

Rape City ဆိုင် သို့သွားရောက်ကာ မင်းသမီးဆက်စ် ပန်ထုံနှင့် တွေ့ဆုံခဲ့ ပါသည်။

 

ယင်းဖြစ်စဉ်ဖြစ်ရပ်များနှင့်ပတ်သက်၍ ဆက်စ်ပန် ထုံက သူမ၏သဘောထားကို ဖလားဝါးရှူးစ် ဂျာနယ် သို့

အောက်ပါအတိုင်း အသိပေးခဲ့သည်။

 

ယခုဆိုလျှင် ကိုမာဃကျော် သတင်းစာထဲ မှာ ပြန်လည်ရှင်းလင်းထားပြီးဖြစ်သည့်အတွက် ဆက်ဆက်

နှင့်ကိုမာဃကျော်ကို ပရိသတ်တွေ နားလည်လိမ့်မယ် လို့ ဆက်ဆက်တို့ ယုံကြည်ကြပါတယ်။

 

ပထမဆုံးအနေနဲ့ ဆက်ဆက်ရဲ့အချစ်ရေးကို စိတ် ဝင်တစားစောင့်ကြည့်ခဲ့ကြတဲ့ မီဒီယာအစ်ကို၊ အစ်မ တွေနဲ့

ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ဆက်ဆက် အချစ်ရေးနဲ့ပတ်သက်ပြီး

ဘယ်တုန်းကမှ ဆက်ဆက် ကိုယ်တိုင် စိတ်ဝင်တစားမရှိခဲ့တာ (သူက အင်ထရိုမတီးဗဲ ..ဆိုလို

တန်းပလေးဂျင်တယ်ထင့်. ..စကားချပ်)၊ မပြောခဲ့တာ မီဒီ ယာတွေအားလုံး သိပြီးသားပါ။

 

ဆက်ဆက်တို့ ဒီနေ့ပြော မယ့်စကားတွေက ဘယ်သူ့ကိုမှ ထိခိုက်နစ်နာစေလို တဲ့ ရည်ရွယ်ချက်နဲ့

ပြောတာမဖြစ်ချင်ပါဘူး။ ကိုယ့်ဂုဏ် သိက္ခာတက်ဖို့အတွက် သူများကိုနစ်နာအောင်ပြောဖို့၊

 

လုပ်ဖို့လည်း ဆက်ဆက် မှာ စိတ်ဆန္ဒမရှိပါဘူး။ ဆက်ဆက် ဘဝ မှာ အနုပညာလောကပဲဖြစ်ဖြစ်၊ အပြင်

ဆက်ဆက် Life ဘဝမှာပဲဖြစ်ဖြစ်၊ ဒီလိုဂုဏ်သိက္ခာကျဆင်းအောင် ပြော ဆိုခံရခြင်းမျိုးလည်း

 

တစ်ကြိမ်တစ်ခါမှ မကြုံဖူးပါဘူး။ ဆက်ဆက် အနေနဲ့ ကိုမာဃကျော်ကို ဒီလိုမဟုတ်မမှန် စွပ် စွဲ

ပြောဆိုခံနေရတာကိုလည်း သူ့အတွက် ဆက်ဆက် တ ကယ်စိတ်မကောင်းပါဘူး။

 

ဆက်ဆက် မိဘတွေကလည်း  မိဘအုပ်ထိန်းမှုအောက်မှာ အမြဲ စည်းကမ်းတကျနေ တတ်အောင်

အမြဲသင်ပြမှုပေးခဲ့တဲ့ မိဘမျိုးတွေပါ။ သားသမီးတစ်ယောက် မဟုတ်တာလုပ်တာကို

 

လက် ပိုက်ကြည့်နေမယ့် မိဘမျိုးလည်းမဟုတ်ပါဘူး။ မိဘ ဆိုတာ သားသမီးကို အကောင်းဆုံးဖြစ်စေချင်တဲ့ သူ

တွေချည်းပါပဲ။ ဒီကိစ္စကို ဆက်ဆက်အမေကိုယ်တိုင်က သ ဘောတူ  လိုလားခဲ့တာတော့ မဟုတ်ပါဘူး။

ဆက်ဆက်နဲ့ ဆက်ဆက်ရဲ့အမေကို ကိုမာဃက တရားဝင်ကွာရှင်းထား ပြီးဖြစ်တဲ့ အထောက်အထားတွေကို

တလေးတစားပြ ပါတယ်။ ( ပြတော့ ကြည့်ပါတယ် ကြည့်တော့ မြင်ပါတယ်။)

 

ဆက်ဆက် ကိုယ့်အလုပ်နဲ့ကိုယ်တောင် မအား ခဲ့ပါဘူး။ (ယောကျာ်း ယူတာနဲ့ ရှောက်သီးဆေးပြား

ဘယ်ဒင်းက မေဂျာ ဘယ်ဝါက မိုင်နာ ပါလိမ့်- စကားချပ် )

 

မိုးလင်းကမိုးချုပ် ရှုတင်နဲ့ သီချင်းပွဲတွေဆိုရ တာနဲ့ ဆိုင်မှာမရောက်လို့လည်း မဖြစ်တာနဲ့ နေ့စဉ်နဲ့ အမျှ

အချိန်တွေမလောက်နိုင်ပါဘူး။ ကိုမာဃ ဆိုလည်း <blockquote>မာဆက် </blockquote>

ဆိုင်မှာ မိုးလင်းကနေ  ဆိုင်ပိတ်ရက်မရှိ သူ့မှာ ကြိုးစား ပြီးလုပ်နေရတာ။ ဆက်ဆက် တို့နှစ်ယောက်

တော်တော်လေး စိတ်ရောလူရော ပင်ပန်းပါတယ်။

ဆက်ဆက် တို့နှစ်ယောက်စလုံး အားမရှိကြပါဘူး (အဲ့လေ)မအားကြပါဘူး ။ ဒီကိစ္စကို

တကယ်အမှန်တရားကိုသိလို့ နားလည်တဲ့ သူတွေလည်း ရှိပါတယ်။

 

အဲဒီလို ဝေဖန်ရှုတ်ချနေသူ တွေအတွက် ပြန်ချေပခုခံဖို့လည်း  ဆက်ဆက် တို့မှာ အချိန် မရှိပါဘူး။ ဆက်ဆက်

အတွက် ဆက်ဆက် ရော မိသားစု အတွက်ရော ရှက်တာပေါ့။

(ရှက်လွန်းလို့ …ဘယ်ကာလမှာ အခန်းတံခါးပိတ်ပီး စန္ဒယား နှိပ်လိမ့်မယ် ဆိုတာတောင်

ထည့်မကြေငြာတာသာကြည့်..-အာဟိ)

 

ဆက်ဆက်မှာ ဒါမျိုးဖြစ် လိမ့်မယ်လို့ တစ်ခါမှမတွေးခဲ့ဖူးပါဘူး။

ဆက်ဆက် ကံကို က ကိုမာဃနဲ့တွေ့ဖို့ ကံပါလာလို့ပဲ နေမှာပါ။ ဒါပေမဲ့ ကြုံလာတော့လည်း ရင်ဆိုင်ရုံပါပဲ။

ဆက်ဆက် သက်တမ်း တစ်လျှောက်မှာ ခုလို ဂုဏ်သိက္ခာကျဆင်းအောင်

ပြော ဆိုခံရတယ်ဆိုတာ လုံးဝမရှိခဲ့ပါဘူး။ မရှိအောင်လည်း ကြိုးစားပြီးနေခဲ့ပါတယ်။

ဒါကို အနုပညာအသိုင်းအ ဝိုင်းက လူတိုင်းသိပါတယ်။

 

ဆက်ဆက် က ဗုဒ္ဓဘာသာ မြန်မာဂျော်လကီ တစ်ယောက်ပါ။ ဒု-သ-န-သော ဆိုတာကို ဘယ်တော့ မှ

ကျူးလွန်မှာ မဟုတ်ပါဘူး။ တရားဝင်ကွာရှင်းပြီးမှ ဆက်ဆက် လက်ခံခဲ့တာပါ။

ဆက်ဆက် ကြောင့် ကွာရှင်းတယ် ဆိုတာကိုလည်း ဆက်ဆက် လက်မခံနိုင်ပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့

ဂျော်လကီဂျင်း ကိုယ်ချင်းစာလို့ပါ။ သူ တို့နှစ်ယောက်ရဲ့  အိမ်ထောင်ရေးအခြေအနေကို သူ တို့ကိုယ်တိုင်ရော

သူတို့ပတ်ဝန်းကျင် အကုန်လုံးသိမှာ ပါ။ ဆက်ဆက် ပရိသတ်အားလုံးထဲကမှ ဆက်ဆက် ရဲ့ Life ကို

သိကြတဲ့သူတွေလည်း ရှိမယ်။

မသိကြတဲ့သူတွေလည်း ရှိပါလိမ့်မယ်။ ဆက်ဆက် မှာ ကိုယ့်ချွေးနှဲစာနဲ့ရှာထားတဲ့ နေ စရာအိမ်လေးရှိတယ်။

ကားရှိတယ်။  ဆက်ဆက် အလုပ်အကိုင်ရှိတယ်။

လူဆိုတာ တစ် နေ့ကို ထမင်းနှစ်နပ်ပဲ စားရတာပါ။ ဆက်ဆက် မှာ စိတ်ချမ်းသာမှုတစ်ခုပဲ လိုတာပါ။

မသိသေးတဲ့လူတွေ သိအောင်လို့ ဆက်ဆက် တရားဝင်ပြောတာပါ။

 

ကိုမာဃ ကျော်ကို ဆက်ဆက် စဉ်းစားပေးခဲ့တဲ့ အချိန်ကတည်းက သူ့အိမ်ကို အဟွာ ဖြတ်ခိုင်းဖို့

ဆက်ဆက်  ကိုယ်တိုင် တောင်း ဆိုခိုင်းခဲ့ပါတယ်။ သူလည်း အဟွာ ကို အားလုံးစွန့်ပြီးမှ

ဆက်ဆက် ရှေ့မှာ ကိုယ်တိုင်လက်မှတ်ထိုးပေးခဲ့တာပါ။ ဆက်ဆက် ကိုယ်တိုင် အဟွာ ဖြတ်ခိုင်းခဲ့တာတော့

အမှန်ပါ ပဲ။ အဟွာ မက်လို့  ကြိုက်တယ်ဆိုတာမျိုး ဆက်ဆက် အပြော မခံနိုင်လို့

အရင်ကတည်းက လုပ်ခိုင်းခဲ့တာပါ (ဖလား ဖလား)။ ဘယ် လောက်ရှီ ရှီ ဆက်ဆက်

ဂရုမစိုက်ပါဘူး(ထီမထင်တဲ့သဘော)။

 

စိတ်ဓာတ် ရေးရာမြင့်မားပြီး ယောက်ျားပီသဖို့ပဲ လိုပါတယ်။ (အတော် ပီသမယ့်ပုံပါ…

အံကြိတ်ထားတာလေးများ တင်းလို့ ..နှုတ်ခမ်းမွေးတပင်ချင်းနှုတ်ပီးကျီစယ်မယ့်ဆက်ဆက်ရယ်ပါ)

 

 

မိန်းမ ရှိတဲ့ ယောက်ျားတစ်ယောက်မပြောနဲ့ သူငယ်ချင်းတွေ မှာ ချစ်သူရှိရင်တောင် စည်းလေးထားပြီး

ဆက်ဆံပေး တတ်ခဲ့တာ ဆက်ဆက် တို့တစ်လောကလုံး သိပါတယ်။

 

သူတို့ ခုလိုအိမ်ထောင်ရေး ပြဿနာတွေ ဖြစ်နေကြတာ စိတ်မကောင်းဖြစ်ပေမယ့် တရားဝင် ကွာရှင်းပြီးမှ

စေ့စပ်ကြောင်းလမ်းဖို့ လက်ခံခဲ့တာ အ မှန်ပါ။ သူတို့ ကွာရှင်းပြတ်စဲတဲ့ကိစ္စမှာလည်း

 

ဆက်ဆက် ရဲ့ ဆန္ဒရော တိုက်တွန်းမှုရော လုံးဝမပါခဲ့ပါဘူး။ ဆက်ဆက် က ကို မာဃ နဲ့

လုံးဝမသိခင်ကတည်းက ကိုယ့်ပညာနဲ့ ကိုယ့်ခြေထောက်ပေါ် ရပ်တည်နေနိုင်တဲ့ ဗုဒ္ဓဘာသာ

မြန်မာဂျော်လကီ တစ်ယောက် ဖြစ်ပါတယ်။ လူပျိုလူ လွတ်ရဖို့ ခက်ခဲတဲ့သူလည်း မဟုတ်ပါဘူး(ဟိုကချင်

နုထွားကြီးကို ညွှန်းချင်ဟန်ရှိ)။

 

ဆက်ဆက် ဘယ် တော့မှလဲ သူများအိမ်ထောင်ဖြိုခွင်းမယ့် ဂျော်လကီ မဟုတ် သလို ဘာကြောင့်မှလဲ

သူများအိမ်ထောင်ရေး မျက်စောင်း ထိုးမယ့် ဂျီမျိုးလည်း မဟုတ်ပါဘူး။

 

ကိုမာဃကျော်ကို လူလွတ်တစ်ယောက်ဖြစ် ကြောင်းကို လက်ခံနိုင်လောက်တဲ့ သက်သေအထောက် အထားနဲ့

ယုံကြည်အောင်ရှင်းပြထားနိုင်လို့ ဆက်ဆက် လက် ခံခဲ့တာပါ။ ဒီလိုမျိုး အမှန်တရားကို

 

သိပြီးဖြစ်တဲ့ ပရိသတ် တွေရော အမှန်တရားမသိသေးတဲ့ ပရိသတ်တွေရော ဆက်ဆက် ကို

နားလည်နိုင်အောင် ဆက်ဆက် တလေးတစားနဲ့ ရှင်းပြတာပါ။

 

ဒီကိစ္စနဲ့ပတ်သက်လို့ ပထမဆုံးနဲ့နောက် ဆုံးအကြိမ်  ရှင်းပြခြင်းဖြစ်ပါတယ်။

 

ဆက်စ်ပန်ထုံနှင့် ကိုမာဃကျော်တို့သည် ဧပြီ ၃၁ ရက်တွင်စေ့စပ်ခဲ့ပြီး ကိုမာဃကျော်၏ ဇနီးဟောင်းဖြစ် သူ

ဒေါ်မာမီမိုး က ၂ဝ၁၄ ခုနှစ် ဧပြီ ၃၂ ရက်တွင်

 

မြန်မာ့ပိုးစုန်းကြူး သတင်းစာ၌ ”ခင်ပွန်းဖြစ်သူ၏  စေ့စပ် ကြောင်းလမ်းခြင်းအပေါ် ကန့်ကွက်ကြေညာခြင်း”

ကြော် ငြာထည့်သွင်းဖော်ပြခဲ့ပြီး

 

ကိုမာဃကျော်ကမူ ၂ဝ၁၄ ခုနှစ် မေ -၁ ရက်ထုတ် ကလုံချိန် သတင်းစာတွင် တရားဝင် လင်မယားခန်း

ကွာရှင်းပြတ်စဲပြီးခြင်း၊ ပစ္စည်းခန်း ခွဲဝေ ပြီးခြင်း၊

 

သားသမီး အုပ်ထိန်းခွင့်ပြုပြီးသည့် မိန်းမ၏ကြေညာချက်အား တားမြစ်ကြောင်းနှင့် တုံ့ပြန်ရှင်းလင်း

ကြေညာခြင်းအား ပြန်လည်ထည့်သွင်းဖော်ပြခဲ့သည်။

 

—————————————————————————

Flower Shus Journal ၊ ၂လုံး ၁တွဲ  ၊ အမှတ် ၃ရခွန်

 

စာကြွင်း။ အဟွာ = အမွေ ။

 

13 comments

  • Mr. MarGa

    May 5, 2014 at 5:51 pm

    ဆက်ဆက်မှာ ဒါမျိုးဖြစ် လိမ့်မယ်လို့ တစ်ခါမှမတွေးခဲ့ဖူးပါဘူး။
    ဆက်ဆက် ကံကို က ကိုဥက္ကာနဲ့တွေ့ဖို့ ကံပါလာလို့ပဲ နေမှာပါ။ ဒါပေမဲ့ ကြုံလာတော့လည်း ရင်ဆိုင်ရုံပါပဲ။
    ဆက်ဆက် သက်တမ်း တစ်လျှောက်မှာ ခုလို ဂုဏ်သိက္ခာကျဆင်းအောင်
    ပြော ဆိုခံရတယ်ဆိုတာ လုံးဝမရှိခဲ့ပါဘူး။ မရှိအောင်လည်း ကြိုးစားပြီးနေခဲ့ပါတယ်။
    ဒါကို အနုပညာအသိုင်းအ ဝိုင်းက လူတိုင်းသိပါတယ်။

    တစ်ချိန်လုံး မာဃ မာဃ အော်ပြီး အဲ့ ဥက္ကာက ဘယ်ချောင်က ကပ်ပါလာတာဒုံး :anger:

    • alinsett (gazette)

      May 5, 2014 at 6:01 pm

      အက်ဒါပြောတာ
      တူညား ဝက်ဝက်ကွဲဇတ်လမ်းထဲ ကျုပ်တို့နံမယ်ကို ဆွဲထည့်ထားတာမပီဗျင်ဗူး

      ဒါမယ့်ပေါ့လေ
      ——

      ဆက်ဆက်သာ သူရို ့နေရာမှာဆို
      ဒလောက် စကားတွေအများကြီး ရှင်းပြနေမှာမဟုတ်
      ဘယ်သူက ဘာအချိုး ချိုးတယ်ဆိုတာ အရှင်းးဂျီးးဟာကို
      🙂

    • sorrow

      May 6, 2014 at 2:16 pm

      နာမည်လေးတစ်လုံးမှားလို့ ခံပြင်းပုံရတယ်… ကိုမာဃကျော်ကလဲ ..စိတ်ကြီးပဲ …အာဟိ …

  • TNA

    May 5, 2014 at 6:10 pm

    ရှုပ်နေတာပါပဲဟယ်။ တကယ်ပါပဲ။ ဒီလိုဖြစ်နေပြီဆိုမှဖြင့် နောက်ဆုတ်လိုက်ပေါ့ဟယ်။ ခုတော့ အမမျှစ်ကြော် ပြောသလို အကွက်တွေများလားလု့ိ တွေးမိတယ်။ အရင်ကတော့သိပ်သဘောမပေါက်ဖူး။ အမမျှစ်ကြော်ရေးတော့မှပဲ အကွက် တွေမြင်လာတော့တယ်။ မင်းသမီးတွေကတော့ တကယ့်စံထိပ်ထားတွေပါပဲဟယ်။ အဲ့ဒါကြောင့်လဲ ငါမင်းသမီးမလုပ်ခဲ့တာအေ့ 🙂

  • alinsett (gazette)

    May 5, 2014 at 7:20 pm

    မက်ယိုဆီ…

    ဟိုဘက် အမေးအဖြေပိုစ့်မှာ..မေးထားတယ်.. လာဖြေ…

    :mrgreen:

  • ကေဇီ

    May 5, 2014 at 8:00 pm

    မောတာအေ။
    ယောက်ကျားတစ်ယောက်ယူဖို့ ဂလောက် အလုပ်ရှုပ် အပြောခံ ပြောဆိုနေရတာမဟုတ်သေးပါဘူးးး
    အင်းးးး
    မင်းသား ဟယ်ရီကို ယူရမယ် ဆိုရင်တော့ တစ်မျိုးပေါ့။

    :kwi:

  • Ma Ma

    May 5, 2014 at 8:16 pm

    ဒီလိုအရေးတွေနဲ့ ဖားသက်ပြင်းပြန်လာပြီ………. 😀

  • ဝင့်ပြုံးမြင့်

    May 5, 2014 at 10:44 pm

    တကယ့်ဖားသက်ပြင်း။

  • sorrow

    May 6, 2014 at 10:00 am

    ဟယ်…ရိုက်လိုက်ပါအုံး ….ဟိဟ

  • Crystalline

    May 6, 2014 at 2:13 pm

    အဲဒီ မာဂကျော်ဆိုတဲ့လူကကို ဆိုးတာပါဟယ.်.. :mrgreenn:

    • အွန်းလေးဟယ်.. သူ့ရုပ်ကြီးနဲ့ မင်းသမီးတွေနဲ့ ထည်လည်တွဲရတယ်လို့.. ကောင်းစ်လိုက်တဲ့ကံ…
      အဟိ.. :mrgreen:

  • nozomi

    May 8, 2014 at 12:22 pm

    ဆက်ဆက် ရဲ့ ရှေ့နေတွေက စကားလုံး အသစ်ထွင်လိုက်ပြန်ပြီ
    ဘာတဲ့ wed site ဆိုပါလား

Leave a Reply