မင်းအသံလေပြေ

ငါ့ နား မှာ လေပြေတိုးလို့
သူ့အသံနဲ့ ပျော်ခဲ့ဘူးတယ်
ဝေဝါး တဲ့ စိတ်တွေ ဘယ်သူရယ် မသိပေမဲ့
ရင်ဘက်မှာတော့ ထင်ဟပ်ခဲ့တယ်
သူ့အသံ လေပြေ..။
သူ့အသံလေပြေ ပျောက်ကွယ်လေတိုင်း
ရင်ဘက်တစ်ခု ကွက်လပ်အဖြစ်နဲ့
လစ်ဟင်းနေသလို
မျှော်လင့်ချက်လည်း မဲ့ခဲ့ရ၏..။
ဆောင်းအိပ်မက်လား
ခဏတာမက်ခွင့်ရှိမယ်ဆိုရင်တောင်
အိပ်မက် မှာ ငါ့အနားမင်းရှိနေပေးပါ
မင်းရှိနေရင် အရာရာပြည့်စုံတယ်လို့
ခံစားနေမိလို့ပါ ငါ့ရဲ့လေပြေ..။
မင်းခတ်ခဲနေလား  ဆုံတွေ့ချိန်တွေ
အိပ်မက်တွေပဲ ပေးမယ်ဆိုလည်း
မနိုးထနိုင်တဲ့  အိပ်မက်တွေ
မင်းအပိုင်စား ပေးသနားပါ….ငါ့ရဲ့လေပြေ။
မင်းအသံလေပြေ
ရင်ခုန်သံအထက်မှာ ပွင့်ဖူးနေပါတယ်လေ…..။
နိုင်နိုင်ထွန်း  >> cherrylandlay