ဈာန်

ムラカミMay 6, 20141min32516

စတုရန်း ဖြစ်စေ ထောင့်မှန်စတုဂံ ဖြစ်စေ …

ဘဲဥပုံ ဖြစ်စေ စက်ဝိုင်း ဖြစ်စေ …

တြိဂံ တခုဖြစ်စေ ဗဟုဂံ တခု ဖြစ်စေ …

ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့ …

 

ဟို ဒါရိုက်တာစကား ငှားပြောရရင်

မဟာသမုဒ္ဒရာတောင်မှ ..အနားသတ်မျဉ်း ရှိသေးတယ်..

အားလုံးဟာ ဘာမဆို ဘောင်နဲ့ စည်းနဲ့ ..အကန့်အသတ်နဲ့

ဧရိယာ နဲ့ ပမာဏ နဲ့ ဆိုပါတော့ …

 

အဲ့သည့် ဘောင်ခတ်ထားတဲ့ နယ်ပယ်တခုမှာ …

ဘာကို ခင်းကျင်းမလဲ ဆိုတာထက် …

ဘာကို လွှတ်ထားမလဲ ဆိုတာ ကိုက …

ပြောင်မြောက်တဲ့.. ဖွဲ့စည်းတည်ဆောက်ပုံ တခု..

ဖြစ်နေပြန်လေတယ် မဟုတ်လား …

အတ္ထိဟာ တန်ဖိုး တခု ဆို နတ္ထိကလည်း နောက်ထပ် ခြားနားတဲ့

တန်ဖိုးတခုဖြစ်လိမ့်မယ် …

မပြည့်စုံမှု ဆိုတာက နောက်တနည်းပြောရရင်

လွတ်မြောက်ခြင်းရဲ့ ကိုယ်ပိုင်သင်္ကေတ လည်း ဟုတ်ပြန်တယ်

တကယ်တော့ အကြည်ဓါတ်လေး တခုပါပဲ …

 

 
တော်သေးပြီ…

ဇိမ်ဖုံးဂျီး

မိဂီ

16 comments

  • surmi

    May 6, 2014 at 8:37 am

    ဟေ !! ဘာလဲ ဟေ့

    .
    .
    .
    သိပါဘူးကွာ
    ကျုပ်ကိုခေါ်လိုက်သလား းးး လို့ 🙂

  • Mr. MarGa

    May 6, 2014 at 8:45 am

    အကြည်ဓာတ် အကြည်ဓာတ် နဲ့ ပြောနေကြတာ
    ဒါဆိုရင် သူ့ရဲ့ဆန့်ကျင်ဘက် အနောက်ဓာတ် က ဘယ်မတုံးးး :mrgreenn:

  • alinsett (gazette)

    May 6, 2014 at 8:48 am

    အဲ့ဒါမျိုးရေးဇမ်းပါကွယ်

    ဘာလို့ ဟိုလိုပုံတွေရေးလဲ
    ဒီမှာ ရီရတာ အူတွေနာတယ်
    :kwi:

  • kai

    May 6, 2014 at 12:44 pm

    အကြည်ဓာတ်(၆)ပါး..

    မျက်စိအကြည်..
    နားအကြည်…………
    နှာခေါင်းအကြည်………
    လျှာအကြည်………..
    ကိုယ်အကြည်………
    ဟဒယ(နှလုံး)အကြည်………

  • Iris

    May 6, 2014 at 1:44 pm

    ငယ်​ပ​စေ ကြီးပ​စေ
    ​တောင်​့ပ​စေ ​ဖြောင်​့ပ​စေ
    နုပ​စေ ကြမ်​းပ​စေ
    ဘယ်​လိုပဲဖြစ်​ဖြစ်​​ပေါ့။

    ဟို နှူးဘာ စကားငှါး​ပြောရရင်​
    အားလုံးဟာ ဘာမဆို
    အချိန်​နဲ့ အရွယ်​နဲ့
    သူ့ဆိုက်​နဲ့ သူ့စတိုင်​နဲ့
    သူ့အထာနဲ့ သူ့မာယာနဲ့

    အဲ့လို ​ရွေးချယ်စရာ​​​တွေ အလယ်
    ဘ​ယ်​လိုချဉ်​းကပ်​ရမလဲ ဆိုတာထက်​
    ဘယ်​လို စိတ်​ဝင်​စားလာ​အောင်​ ဆွဲ​​ဆောင်ရမ​လဲ ဆိုတာက
    အဓိက ​သော့ချက်​။

    ​ဒူးရင်​းသီး ဟာ ​မောင်​ဂီ့ အကြိုက်​ဆို​ပေမဲ့
    ​စောရိုးက​တော့ ​ဒေါင်​းဥခန်​့မျှ အိမွမွပဲ

    ​နောက်​ဆုံး​မ​တော့ ချစ်​တ​ီးမကြီး ဖြူ​ဖွေး သာ။

    • sorrow

      May 6, 2014 at 1:58 pm

      အို သန်ရာသန်ရာပဲ …ကြီးကြီးဘာလုပ်မလဲ ..ဒေါင်းဥလောက်အတော်ပဲ …..အဟိဟိ

    • ROssI

      May 6, 2014 at 2:03 pm

      တိန်….
      ရန်စတဲ့အပြင် ရန်ပါတိုက်သွားသေး…
      စကားမစပ် …ဟိုစာရေးဆြာ ..မုန့်ဖက်ထုပ်တွေ ထိပ်လိုက်စမ်း တဲ့ ဟာသလေးသွားသတိရဒယ်…
      ဒေါ်ပျားလိမ္မော်သီး ရဲ့ …
      ငိငိ…

      • Wow

        May 8, 2014 at 11:10 am

        မနိုင်ဝန် တယ်ထမ်းချင်တဲ့ နှစ်ယောက်… :mrgreen:

        • sorrow

          May 8, 2014 at 11:14 am

          ဒေါင်းဥလောက်မှမနိုင်လဲ ..စိုင်းစိုင်းလိုမားပဲသွားလုပ်လိုက်တော့မယ်…အဟိဟိ ….

  • Iris

    May 6, 2014 at 2:04 pm

    ​ဒေါင်​းဥ ဆိုတာနဲ့ ​ရောက်​လာတာပဲ။ 😛

    • sorrow

      May 6, 2014 at 2:06 pm

      ခီညားက ရန်စတာကိုး…ဒေါ်ပျားလိမ္မော်သီး ရဲ့ …အဟိဟိ

  • Iris

    May 6, 2014 at 2:07 pm

    ဘာတုန်​း ပျားလိမ်​​မော်​ဆိုတာ။
    မုန့်​ဖက်​ထုပ်​???? ဂျာပွန်​လို​တွေလာမ​ပြောနဲ့ မသိဘူး။

    • ROssI

      May 6, 2014 at 2:26 pm

      ဂလိုလေဗျာ … မုန့်ဖက်ထုပ်ဆိုတာ..
      အဲ့သည့်ဆြာတခါသား …
      သူ့ခညာ ဗိုက်ဆာလို့ ..စားစရာ မုန့်ဖက်ထုပ်ရှာတွေ့ပါတယ် တဲ့ ..
      ထုပ်ထားတုန်းသာ ကြီးတယ် ထင်ရတာ …ဖက်တွေကထူလွန်းလို့ … တကယ်က မုန့်ကသေးနေ..
      စားလို့ မဝ- အဲ …စိတ်တိုင်းကမကျ…
      သည်တော့ … မုန့်ကထွားတာလား ..ဖက်ကထူတာလား သိရဖို့ …မုန်ကဖက်ထုပ်သည် ဆီမယ်
      မုန့်ဖက်ထုပ်တွေ ထိပ်လိုက်စမ်းပါသတဲ့ …. ဟိဟ…
      ရောင်းတဲ့ကောင်မလေးက သေနာဂျီး ဆိုလား လူယုတ်မာဂျီး ဆိုလား.. ဆဲလွှတ်ခံထိပါသတဲ့ ….
      ဟီဟိ….

      မုန့်ဖက်ထုပ် ဆိုသည်မှာ ဆိုပီး မုန့်ဖက်ထုပ် ဋီကာ ဖွင့်ရင်ကောင်းမား ..တွေးနေပါတယ်…

      • TNA

        May 6, 2014 at 4:08 pm

        ရိုစီမရယ် နင့်ဆီမယ်လဲ မရိုးနိုင်တဲ့ ဇာတ်လမ်းတွေပေါလှချည်လား။ ဇဂါးမစပ် ခုဘာလုပ်နေဒုန်း

        • ROssI

          May 6, 2014 at 4:26 pm

          မုန့်ဖက်ထုပ်စား… အဲ့လေ. … စာဖတ်နေတယ်ချင့်

  • black chaw

    May 9, 2014 at 1:18 pm

    ဆိုင်မဆိုင်တော့ မသိဘူးနော်…။
    မပြည့်စုံမှု ဆိုတာက နောက်တနည်းပြောရရင်
    လွတ်မြောက်ခြင်းရဲ့ ကိုယ်ပိုင်သင်္ကေတ
    ဆိုတာလေး ဖတ်ပြီး
    မင်းသိင်္ခ ရဲ့ ဘာဘာဘာမှ မသိဘူး ကို သွားသတိရမိပါတယ်…။
    :mrgreen:

Leave a Reply