” လှမ်းမြင်မိလေသောအခါ “

ခင္ခMay 6, 20141min1123

” လှမ်းမြင်မိလေသောအခါ “

 

မိုးလေးက တစ်ဖျောက်ဖျောက်

လူတစ်ယောက်က တစ်တောက်တောက်

မိုးကာဝတ်လို့ လမ်းလယ်လျှောက်

တိတ်ဆိတ်ငြိမ်သက် လမ်းတစ်ဖက်တစ်ချက်

နုတ်ဆက်မည့်သူ ခေါ်မည့်သူမဲ့

ထိုလူကတော့ လမ်းလျှောက်မပျက်

စိတ်ထဲမှာတော့ အားလုံးနုတ်ဆက်

သူသွားသင့်ခရီး စတင်လို့ထွက်

တဖြေးဖြေးနဲ့ ဝေးလှကျောပြင်

မိုးကမသဲမစဲ ရွာလျှက်အစဉ်

ပြူတင်းပေါက်က မြင်ကွင်းတစ်ခုပင်။

 

 

ခင်ခ။

3 comments

  • Kaung Kin Pyar

    May 7, 2014 at 9:08 am

    ကနားစီးကြီး လက်ထဲ ရောက်သွားတော့မယ်….။ 😀

  • lu lu

    May 11, 2014 at 8:24 am

    နာ ဟို နေ ့ကမိုးထဲလေထဲ မိုးကာဝတ်ပြီး လမ်းလျှောက်ထွက်တာ
    နှုတ်ဆက်မဲ့သူ တော့မ တွေ ့ခဲ့ဘူး
    ဒါမဲ့ ဟီးဟီး အဟင့်ဟင့် ရွှတ်
    နာ့ မိုးကာစကို ခွေးတစ်ကောင် လိုက်ဆွဲလို ့မိုးထဲမှာ ခွေးနဲ ့ရန်ဖြစ်ခဲ့ရတယ်
    ဒါ နာ့ရဲ ့မိုးရာသီအမှတ်တရ

Leave a Reply