ကဗျာဆိုတာ

ခင္ခMay 6, 20141min1305

ကဗျာဆိုတာ

လူ့စဉ်းစားဉာဏ် ရဲ့ ပဲ့တင်သံ

လူ့နှလုံးသား ရဲ့ တုန်လှုပ်သံ

လူ့စိတ်ဓာတ် ရဲ့ မြည်ဟီးသံ

လူ့မျှော်လင့်ချက် ရဲ့ သီကျူးသံ

ကဗျာဆိုတာ

ကျွန်မတို့ ရဲ့ ရုန်းကန်သံပါဘဲ။

 

ကျွန်မက ကဗျာဆရာမ မဟုတ်ပါဘူး၊ ကဗျာလေးတစ်ပုဒ် ရေးပေးပါဆိုတော့ ကဗျာကိုမြတ်နိုးတန်ဖိုးထားတဲ့သူ တစ်ယောက်အနေနဲ့ပဲ ကဗျာအပေါ်အမြင်ကို ကဗျာပုံစံမျိုးနဲ့ ရေးလိုက်ပါတယ်။

(ဒေါ်အောင်ဆန်းစုကြည် – မေ ၆ ရက် ၂၀၁၄ mizzima ငြိမ်းဝေ(ကဗျာအိုးဝေ) မှ ကူးယူဖော်ပြသည်)

 

ဖတ်ရင်းနဲ့ ကြိုက်လွန်းလို့ ကဗျာအဖွဲ့လေးအတွက် အလွမ်းပြေပေါ့ဗျာ။

 

 

ခင်ခ။

5 comments

  • ကေဇီ

    May 6, 2014 at 6:25 pm

    ကျေးဇူးပါကိုခရေ

    ခုမှ ဖတ်ဖူးတာပါ

    🙂

  • Iris

    May 6, 2014 at 7:16 pm

    ချစ်​စရာ​ကောင်​းပြီး ရိုးရှင်​းလှပတဲ့ ကဗျာ​လေးပဲ ဦးခ။ ☺

  • alinsett (gazette)

    May 7, 2014 at 9:35 am

    ဟုတ်ပါ့
    အခုမှ ဖတ်မိတယ်။
    ရှင်းရှင်း ရိုးရိုး ရဲရဲ ရေးထားတဲ့ ကဗျာလေးပါပဲ
    ဝေမျှပေးတဲ့အတွက် ကျေးဇူးပါခင်ဗျ။

    ———

  • kyeemite

    May 8, 2014 at 2:44 pm

    ကျေးဇူးပါကိုခရေ..ခုမှဖတ်ဖူးတယ်ဗျာ..

  • black chaw

    May 9, 2014 at 1:03 pm

    လေးလေးစားစား ဖတ်သွားပါတယ် ဗျာ…။

Leave a Reply