ဒီနေ့ မေလ (၈) ရက်နေ့ဟာ ရွာထဲက စွယ်စုံရ အနုပညာရှင် ရွာသားတစ်ယောက်ရဲ့ မွေးနေ့ဖြစ်ပါတယ်..

သူ့ကိုယ်ထဲမှာ အနုပညာသွေးတွေက မှော်ဆန်စွာ စီးဆင်းနေလေရဲ့… မှန်ကန်တဲ့စိတ်ရင်း နဲ့ ရိုးသားတဲ့စိတ်ဓာတ်ကို အခြေခံထားလိုက်တော့ သူ့ရဲ့အနုပညာတွေက တစ်ကိုယ်လုံးကနေ ထူးချွန်ပြောင်မြောက်စွာ ထွက်ပေါ်လာတော့တယ်..

မင်းသားကတယ်၊ သီချင်းဆိုတယ်၊ စာရေးတယ်၊ ကဗျာဖွဲ့တယ်၊ ပန်းချီဆွဲတယ်၊ ပန်းပုထုတယ်.. အရာရာတိုင်းမှာ အောင်မြင်သည်အထိ ကြိုးစားလုပ်ဆောင်နိုင်စွမ်းရှိသူရတယ်လို့ လေးစားအားကျခဲ့ရတဲ့သူပါ… ကြီးမားတဲ့ မေတ္တာတရားနဲ့ ပရဟိတအလုပ်တွေကိုလည်း တတ်စွမ်းသမျှ  လုပ်ဆောင်နေတဲ့သူ ဖြစ်နေပြန်ပါရော..

ဟုတ်ပါတယ်.. သူကတော့ ဦးခေါင်၊ ဦးခေါင်ရည်၊ ကိုခေါင်၊ ခေါင် စသဖြင့် ခေါ်ကြတဲ့ တစ်ရွာလုံးက ချစ်ခင်လေးစားကြသော စုဗူးလေးနဲ့ ကျော်စွာခေါင် ဖြစ်ပါတယ်…

ပျော်ရွှင်ဖွယ်မွေးနေ့ ဖြစ်ပါစေ ဖေခေါင်.. ချစ်သောသူတွေနဲ့အတူတူနေထိုင်ရင်း မြတ်နိုးလှတဲ့အနုပညာအလုပ်တွေကို သက်ဆုံးတိုင် ပျော်ရွှင်စွာ လုပ်ဆောင်သွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်..

ချစ်စွာသော

လုံမလေး

လုံမလေးမွန်မွန်

About လုံမလေးမွန်မွန်

has written 160 post in this Website..

ကိုယ်ချစ်တဲ့သူတွေကို ကိုယ့်ရဲ့မေတ္တာတရားကို ပြသဖို့ ၀န်မလေးပါနဲ့... ဘ၀ဆိုတာ တိုတိုလေးရယ်ပါ... .... CJ # 11202010