အခုကျွန်တော်အလုပ်လုပ် နေတာက အင်တာနက်ဆိုင်တစ်ခုမှာပါ………….. ဒီခေတ်မှာက အင်တာနက်ဆိုတာက တော်တော်အသုံးဝင်နေတာ လေ ဒါကြောင့်………… ကျွန်တော်လည်း လူငယ်ပီပီ စူးစမ်းလိုစိတ်ရှိ တာနဲ့ ဒီမှာအလုပ်ဝင်လုပ်ဖြစ်ပါတယ်……… ကျွန်တော်တို့ဆိုင်က connection ကောင်းတော့ လူက တော့ ever စည်နေတာပေါ့…….. လာတဲ့ကောင်လေးတွေ ကောင်မလေးတွေက ဒီခေတ်စတိုင်တွေနဲ့ ပေါ့……….လူတွေကြည့်လိုက်ရင် အထင်ကြီးစရာတွေပါပဲ……… ကျွန်တော်က ဆိုင်မှာလုပ်တာဆိုတော့ coustomer တွေ ကမေးသမျှ လိုက်လံပြီး ရှင်းပြပေးရတာပေါ့…….. ဒါပေမဲ့မေးလိုက်ရင် …… မောင်လေး…..စာတွေ ဘာတွေဘယ်မှာ ရှာလို့ ရလဲ…ဘာလဲ….ညာလဲ….သူ တို့ သင်ကြားရတဲ့ စာတွေနဲ့ပတ်သတ်ပြီးမေးတာတစ်ခုမှမရှိဘူး……. မောင်လေး….. Gtalk မှာ ပုံဘယ်လိုတင်ရတာလဲ……. ဒီ EMO ကောင်လေးတွေပုံကိုဘယ်မှာရှာလို့ရလဲ ….. ဟိုကိုရီးကားကို ဘယ်မှာ download လုပ်လို့ရလဲ……… အဲ့ကားထဲကမင်းသားလေးရဲ့  ဆိုဒ်ကို ဘယ်မှာရှာလို့ရလဲ……..စသဖြင့် ပေါက်ရ (အရည်မရ အဖတ်မရ ) တွေပဲ မေးတတ်ကြပါတယ်…………. တစ်ချို့ ကတော့ စာနဲ့ပတ်သတ်ပြီးမေးတဲ့သူရှိပါတယ်……. (1/100) တစ်ရာမှာတစ်ယောက်ပေါ့………… ပြီးတော့ …မိန်းကလေး တွေ ရော….ယောက်ျားလေး တွေရော……. Gtalk အကောင့်ကို ၃ ခု ၄ ခုဖွင့်ြ့ပီး……… အားရပါးရကို သောက်တင်း ထိုင်တုတ်နေတာ ……….. တကယ့်ကို ဟက်ဟက်ပက်ပက် ကို ချက်နေတာဗျာ……… (အင်တာနက်ကို တီထွင်ခဲ့သူက မသိတာတွေကို ရှာဖို့…….လူတွေကိုအသုံးပြုရာမှာအကျိုးဖြစ်ထွန်းစေဖို့……… တစ်နိုင်ငံ နဲ့ တစ်နိုင်ငံ ဆက်သွယ်ရာမှာ လွယ်ကူစေဖို့ ……… စတဲ့ ရည်ရွယ်ချက်နဲ့ တီထွင်ခဲ့ တာပါ….) ကျွန်တော်တစ်ခါ တစ်ခါ ဆုတောင်းမိပါတယ်…… အင်တာနက်ကိုတီထွင်ခဲ့သူ မြန်မာနိုင်ငံကို မလာပါစေနဲ့……လို့……….. ဘာဖြစ်လို့လဲဆိုတော့ သူထွင်ထားတဲ့ ဒီ ဟာ ကြီး ကို မြန်မာနိုင်ငံမှာ ရည်းစားရှာဖို့ အသုံးပြုနေတာဆို……. သူ့ကိုယ်သူသတ်သေသွား နိုင်တယ်….. 5.8.2010 ရက်နေ့ ကမှတ်မိပါသေးတယ်……. ကျွန်တော်တို့ ဆိုင်ကို စကားပြန်တစ်ယောက်နဲ့ နိုင်ငံခြားသားနဲ့နိုင်ငံခြားသူ လေးယောက် လာပါတယ်………….. သြဇီ ကို pfingo ဖုန်းခေါ်လို့ ရလားဆိုပြီးတော့ပေါ့……………….. ကျွန်တော်တစ်ချက်ကြည့်လိုက်တယ်………….. နိုင်ငံခြားသူနှစ်ယောက်က အင်္ကျီရင်ဖုံး နဲ့ ထဘီနဲ့ ကို သေသေချာချာ ၀တ်ထားတာ ဗျာ…… တကယ်ကြည့်ပျော်ရှုပျော် နိုင်တယ်……….. မျက်စိကို အေးနေတာပဲ………. နိုင်ငံခြားသားနှစ်ယောက်ကျတော့ T- shirt ကို ပုဆိုးနဲ့ ၀တ်ထားတယ်….. ခါးပတ်တောင်မပတ်ပါဘူး…………….. ပြီးတော့နှစ်ယောက်ကဖုန်းပြောတယ်………..နှစ်ယောက်ကအင်တာနက်သုံးတယ်…….. ကျွန်တော်နောက်ကနေ တစ်ချက်ရှိးလိုက်တယ်………. အင်တာနက်သုံးတဲ့နှစ်ယောက်ကိုပေါ့……. Memory stick တစ်ချောင်းနဲ့ အလုပ်ရှုပ်နေတယ်………သူတို့ စာတွေကို download လုပ် ကူးယူပြီးတော့ စတစ် ထဲ ထည့်နေတယ်……… စာတွေက အများကြီးပဲဗျာ…….. ကျွန်တော်ဘာလဲဆိုတာကိုတော့နားမလည်ပေမဲ့ သူတို့ အတွက်အကျိုးပြုမည့် စာတွေဖြစ်တယ်ဆိုတာကိုတော့သိတယ်………. ကျွန်တော့်အထင်ပြောရရင် သူတို့စာတမ်းပြုစု နေတာနဲ့တူပါတယ်…………. ကဲကြည့်ဗျာ…………….. တွေ့တဲ့နေရာမှာ ဘာကိုဘယ်လို အမြတ်ရအောင်ယူရမယ်ဆိုတဲ့စိတ်ဓာတ်သူတို့မှာရှိနေတယ်ဗျ……… အခုပဲကြည့်လေ……… ပြီးတော့…….. ကျွန်တော်တို့ ကိုမေးတယ် “How much ´´ တဲ့ ကျွန်တော်တို့ စုစုပေါင်း 4500 ကျပ် ကျပါတယ်လို့ပြောတော့ သူတို့စကားပြန်က ပြန်ပြောပြလိုက်တယ်…… ဈေးတစ်စုံတစ်ရာ ဆစ်ခြင်းပြုခြင်းမရှိဘဲနဲ့ ရက်ရက်ရောရောကို ပေးသွားတယ်………ဗျာ ကျွန်တော်တကယ်လေးစားသွားပါတယ်…….. သူတို့မှာ………. သူတို့လိုအပ်ချက်နဲ့အသုံးပြုမှု ဟာ……..ဒီအခကြေးငွေနဲ့ထိုက်တန်တယ်ထင် မှတ်ထားတဲ့ ……..ကိုယ်ချင်းစာတရားရှိကြပါတယ်………… တစ်ချိုးမြန်မာတွေဆိုရင်………. ဈေးကိုမတန်တဆ ဆစ်တာ ဗျ……….. 5000 ကျရင်………3500 နဲ့ ရအောင်ဆစ်တာ……… အဲ့ဒါမျိုးကြတော့ ကျွန်တော် တကယ်စိတ်ပျက်မိတယ်ဗျာ…………. ကျွန်တော်တို့လည်း တစ်လတစ်လ Phone bill ဆောင်ရတာ နဲ တာမှမဟုတ်တာ ဗျ………. ဒါကိုသူတို့နားမလည်ဘူးလေ……… ဟိုနိုင်ငံခြားသားနဲ့ယှဉ်လိုက်ရင် ကျွန်တော် ကိုယ့်လူမျိုးကို ကိုယ်တော်တော်စိတ်ပျက်မိတယ်ဗျာ………… အဲ့ဒီနိုင်ငံခြားသားနေရာမှာ မြန်မာသာဆိုရင် မြန်မာအချင်းချင်း နှိုင်းပြီးမပြောပါဘူး…………….. အခုဟာ……….. က နိုင်ငံခြားသား…………. တစ်ခါတစ်ခါ ကျွန်တော်မြန်မာဖြစ်ရတာ …………..ရှက်တယ်ဗျာ…………………………………….

About GarmeThane

Garme Thane has written 4 post in this Website..

i m thura