အဆက်ကလေးကို မနာလိုခြင်း

ကဲ ကျွန်တော်လဲပို.စ်တင်တယ်ဗျာ…

ဘယ်နှယ့်ဗျာ.. ဂဇတ်အတိုင်ပင်ခံပို.စ်နဲ. ဒင်း ၁သိန်းပြည့်မယ့်အရေးကို မြင်မိတယ် ကျုပ် လဲ မြန်မာတစ်ယောက်ပဲ မြန်မာ့ထုံးစံအတိုင်း သူတပါးကောင်းစားကြီးပွားနေရင် မနာလိုဖြစ်တာ ကျုပ် အပြစ်မဟုတ်ဘူးနော်…..ဟွင်းဟွင်း..

ကျုပ်တို.နိုင်ငံမှာ ဟိုလူက လက်ဖက်ရည်ဆိုင်ဖွင့်လို.ကြီးပွားရင် လိုက်ဖွင့်…

ဟိုလူက ဘီယာဆိုင်ဖွင့် လို.ချမ်းသာရင် လိုက်ဖွင့်…..

ဟိုလူက ကွမ်းယာရောင်းလို. ရောင်းကောင်းရင် လိုက်ရောင်း…

ဟိုလူက ဘောလုံးဒိုင်ကိုင်လို. မြတ်ရင် လိုက်ကိုင်…

ဟိုလူက နှစ်လုံးသုံးလုံး ဒိုင်ခံလို. သောင်သာရင် လိုက်ခံ….

ဟိုလူက မာဆတ်ဖွင့်လို. တိုးတက်လာရင် လိုက်ဖွင့်…….. အဲလို အဲလို လူတွေ နေတဲ့ နိုင်ငံမှာ နေနေတဲ့ ကျုပ် လဲ ဘာသားနဲ.ထုထားလို.လဲ…

အခုဟောကြည့် အလင်းဆက်ဆိုတဲ့(အဆက်ကလေး)က အတိုင်ပင်ခံပို.စ်ဆိုပြီး လုပ်တော့ ကော့မန်.တွေ ရ အမှတ်တွေတိုး ၁သိန်းပြည့်တော့မယ်ဆိုတော့ ကျုပ်လဲ မြန်မာနိုင်ငံသားပေမို. မနာလိုလေးတော့ ဖြစ်မိသားဗျ..

အဲဒီတော့ ထုံးစံအတိုင်း…. သူတင်သလိုကျုပ်လဲ ပို.စ်တင်တယ်ဗျာ… ကဲ.. သူလိုတော့ အတိုင်ပင်ခံပို.စ် ဆိုပြီး အိုင်ဒီယာမရှိပေတော့ သများလုပ်သလိုလဲ မလုပ်နိုင်တော့… အတိုင်ပင်ခံပို.စ်လိုပဲ အဆဲခံပို.စ်ဆိုပြီး တင်မယ်ဗျာ.. မကောင်းဘူးလား…. ဟိဟိ

အဲအဲနေအုံးဗျ.. အဆဲခံပို.စ်တင်တယ်ဆိုတာလဲ… ကိုယ်ကို အရေးလုပ်ပြီး ဆဲအုံးမှလေနော.. အင်း..အဲ.. ဒီတော့ကား… အဆဲခံရအောင် ဘယ်လိုလုပ်ရပ… အင်း…

ဟင်းးးးးးး ဆဲယုံနဲ.လဲမပြီးသေးဘူး.. တော်ကြာ ကိုယ့်ပို.စ်က မဆဲချင်ဖြစ်နေရင် ကော့မန်.များများမရရင် ကိုက်မှာမဟုတ်ဘူး….. ပြီးတော့ တစ်ရွာလုံးကလဲ ဆဲချင်လာအောင်လုပ်ရအုံမယ်…

ဟုတ်တယ်လေ… တစ်ရွာလုံးကျွတ်ဝင်ဆဲမှ ကိုက်မှာကိုးဗျ… အဲဒီတော့.. တစ်ရွာလုံးဆဲအောင် ဘယ်လိုလုပ်ရဘ…..အင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး သင့်ခ် သင့်ခ် သင့်ခ်

ဟေးဟေးအကြံရဘီ ခေါင်ထိအကုန်ရဆိုသလို.. သဂျီးကို အရင်ဗျင်းရမယ်..ဟဲဟဲ :boss:

သဂျီးက သူမိန်းမမသိအောင် အမေလိကန်မ ဆိုဒ်ပြည့်ဂိုက်ပြည့်တစ်ယောက်နဲ. ကျိတ်ပုန်းခုတ်နေတယ်ဆိုလားပဲ….

ပြီးတော့ရှိသေးတယ်.. ဦးဘလက်ချောဆိုတဲ့လူကြီးကလဲ မာဆတ်မှာအကြွေးတွေ ဝိုင်းဝိုင်းလည်နေတယ်ဆိုပဲ..

ဦးပါလေရာဆိုတဲ့လူကြီးလဲ သူကိုသူ လူပျိုကြီးပါဆိုပြီး ကော်ဖီဆိုင်က ကောင်မလေးကို မျက်စိမှိတ်မှိတ်ပြနေတယ်တဲ့… ဟိဟိ :mrgreen:

အဲအဲ မီးကြိုက်တဲ့ ကြီးမိုက်ဆိုတဲ့လူကြီးလဲ….. အခု သူမီးဆိုင်မှာ ကူကူလုပ်ရင် အရက်ခွက် ခေါက်ဆွဲဖတ်တွေထဲ ဖွက်ဖွက်ထားပြီး ခိုးသောက်နေတယ်တဲ့…

နောက်ပြီး အန်တီပဒုမ္မာ ကလဲ…. ဘုရင့်နောင်တံတားကိုဖြတ်တုန်းက တံတားပြင်နေတဲ့လမ်းခင်းနေတဲ့သူတွေကို ကားရပ်လက်ညှိုးငေါက်ငေါက်ထိုးပြီး.. ရွှေဖိနပ်အသစ်ကြီးစီးနေကြတဲ့သူတွေဆိုပြီး သွားဟားလို. လမ်းပိတ်ဆိုတယ်ဆိုပြီး လိုင်စင်အသိမ်းခံရတယ်ဆိုပဲ…

ဟိုစာလုံးပေါင်းစစ်တဲ့ အဖွဲ.က အန်တီတွေ ကလဲ ဟိုရုံးတွေမှာ လတ်ပေးရန်မလို ဆိုတဲ့ စာကို စလုံးပေါင်းမှားနေတယ် သွားပြောလို. အအော်ခံရတယ်ဆိုလားပဲ… ခိခိ 😆

ဟိုထမင်းဆိုင်ပိုင်ရှင် ကေဇီ ဆိုတဲ့ အမကြီးကလဲ ဟင်းထဲကို ကြက်သားမှုန်.အစား ယမ်းစိမ်းမှားထဲမိလို. စားတဲ့လူတွေ အစာအဆိပ်သင့်လို. အမှုရင်ဆိုင်နေရတယ်ဆိုပဲ…

ကိုနိုစိုမိ ဆိုတဲ့ လူကြီးကလဲ သူနို.ဆိုရင် မိမိနေလွန်းလို.တဲ့ အခု နို.ဗူးပြောင်းစို.တော့မယ်တဲ့… ဟေးဟေး 😀 😀

မနိုဗွီကတော့ ကမ်းခြေမှာ တူးပီချ်ဝတ်ပြီး သောင်းကျန်းလို.တဲ့…

ဟိုအံချာဒုံးဆိုတဲ့ လူ.. မျက်နှာဒေါင့်မကျိုးတဲ့ အကောင် အခုတော့ မျက်နှာ ဝိုင်းသွားပြီတဲ့ အပွတ်ခံလိုက်ရလို.ဆိုပဲ…. ဘူပွတ်တာလဲဆိုတာ သိဒယ်မဟုတ်လား မပြောချင်ပါဘူးဗျာ…..

အမတ်မင်းဆိုတဲ့ ဦးလူဗျိုကြီးကလဲ ဒီတသက် သူယူရမယ့်မိန်းမမရှိတော့ဘူးဆိုပြီး စိတ်ဓာတ်ကျလို. အခု ယိုးဒယားသွားတယ်ဆိုပဲ….. ဘာလုပ်မလို.လဲမသိ… ဟိဟိ..

စီလုပ်ပြည်က ဦးကျောက်ခဲဆိုတဲ့ လူကြီးကလဲ သူဗိုက်ကြီးပူလာတာ ဘီယာတွေသောက်လို.မဟုတ်ပါဘူးတဲ့.. သူမိန်းမ ဆိတ်ပညာရှင် မမနှင်းကြောင့် လက်ရောင်လိုက်ပြီးကြီးရတာပါဆိုပြီး သတင်းစာရှင်းလင်းပွဲလုပ်အုံးမယ်တဲ့… ခွစ်ခွစ်

ဟို အယ်ဒီတာယောင်ယောင် ဘာယောင်ယောင်နဲ. မော်ဒယ်မင်းသမီးတွေကို သတင်းဓာတ်ပုံရိုက်မယ်ဆိုပြီး သူနဲ. တွဲတွဲပြီး ဓာတ်ပုံညာရိုက်နေတဲ့ အာဂဆိုတဲ့ အစ်ကိုကြီး က ဟိုနေ.က သူမိန်းမ နွယ်ဘင်မသိအောင် ခါးကြားပုလင်းခိုးသွင်းလာတာ… မိသွားတယ်ဆိုပဲ…. ဒါ အိမ်ထဲကို မှောင်ခိုပစ္စည်းသွင်းတာ တရားမဝင် ပစ္စည်းသွင်းတာ အမှုကြီးတယ်နောာာာာာာာ…

ဟိုကမ်းနားလမ်းက အဆင့်မြင့်အိမ်ရာထဲမှာ ခြေတံရှည်အိမ်နဲ.နေတဲ့ အန်တီသဲကလဲ သူယောင်္ကျားကို သိပ်ကြောက်ရတာပဲတဲ့…… facebook မှာ တိုးတိုးတိုးတိုး ပြောနေကြတာပဲ….

အဲမန်းလေးက လေးပေါက်ကြီးကလဲ သူကင်မလာကြီးကို အကြွေးနဲ.ဝယ်ထားတာတဲ့ အခု အဲဒီကင်မလာကြီး ပြန်သိမ်းခံလိုက်ရပြီဆိုပဲ…

ရွာဒတ်ပုံဆြာ ကိုလုလင်ကတော့ အခု ကင်မလာလွယ်မယ့်အစား… ကလေးကျောပိုးအိတ်လွယ်ပြီး ထိန်းနေရတယ်တဲ့….

ကင်မလာမန်း နောက်တစ်ယောက်ဖြစ်တဲ့ ဆြာအုပ် ကတော့ ဓာတ်ပုံမော်ဒယ် အမေရိကန်မကြီးကို မမှီမှီတာ လှမ်းရိုက်တာ… အောက်စလွတ်တာရိုက်မိသွားလို… ပြသနာတတ်နေတယ်ဆိုပဲ… အေးလေ ရိုက်မိမှာပေါ့ ဟိုက အရပ်အရှည်ကြီးနဲ. စကဒ်တိုကလဲဝတ်ထားတာကိုးးးးဗျ… အောက်စလွတ်တာဘယ်ဟုတ်မလဲ ကင်မလာကိုက အဲဒီမြင်ကွင်းပဲ မိမှာပေါ့လို.နော……… ဟိဟိ..(တစ်ရပ်ထဲသားချင်း စော်ကားမော်ကားပြောရတာ အရသာရှိထာအေ….)

ရွာဆရာဝန် AKKO ကလဲ မာဆတ် သွားပြီး နှိပ်တဲ့ကောင်ကလေးတွေရဲ. လက်စပြင်း ဒဏ်ဖြစ် ရောဂါတွေကို အထူးစပယ်ရှယ်ကုပေးတယ်ဆိုပဲ…

မအိတုံကတော့ သူအကျင့်အတိုင်း အိမ်သာထဲ ဓာတ်ပုံရိုက်တာ ယောင်္ကျားလေး အိမ်သာထဲမှားဝင်ရိုက်မိလို.ဆိုပဲ.. ငေးငေး

သကြားမင်းနဲ. အလင်းစက်ကတော့.. လမ်းထိပ်အကြော်ဆိုင်မှာ နပန်းလုံးရန်ဖြစ်ကြသေးတယ်တဲ့ ဒေါ်ဖွားမေကို သူယူမယ်ငါယူမယ်လုကြဆိုပဲဗျ….

ရွာသူမရွှေအိကတော့ ဒီတသက်ယောင်္ကျားမယူတော့ဘူးတဲ့ စီးပွားရေးသမားပဲလုပ်မယ်ဆိုပြီး ယောင်္ကျားအသုံးအဆောင် တွေ တင်သွင်းတဲ့ ကုမ္ပဏီဖွင့်မယ်ဆိုပဲ…

ကိုရဲစည်ကတော့ အခု အရက်၊ဆေးလိပ်၊ကွမ်း ဘာမှ မစားတော့ပဲ အသားအရေထိန်းသိမ်းနေတယ်တဲ့ သူက အခု ဗလာစီယာ ကုမ္ပဏီမှာ မော်ဒယ်လုပ်မလိုဆိုပဲ…

မားစ်ဆွေကတော့ သူ ရဲ. ၂၄နှစ်ပြည့်မွေးနေ.မှာ ရွှေဂုံတိုင်မှာ ဆီလူးကိတ်မုန်.ခွဲမယ်ဆိုပဲ…..

ဦးကြောင်ကြီးဆိုတဲ့လူကြီးကတော့.. အရင် ငါးစားနေကျကို လူပြောင်းစားမယ်ဆိုပြီးစားတာ လူအရိုးစူးလို.ဆေးရုံတင်ထားရတယ်ဆိုပဲ..ဒွစ်သွင်းထားရတယ်ဒဲ့…. အခြေအနေမကောင်းဘူးဒဲ့…

ဟို ကိုမျိုးသန်.ဆိုတဲ့လူကြီးက သူအကျင့်အတိုင်း သောက်ပြီး သွားဟဲဒါ အိမ်ပြန်လာတော့ မနက်အိမ်ကမိန်းကက သူအိတ်ကို ဖွင့်လိုက်တာ မိုက်ကြီး ပါလာလို.ဒဲ့…. ဘူ.လက်ချက်လဲတော့တိဝူး.. ဟေးဟေး

အင်းလူလဲ စုံသလောက်ဖြစ်သွားပြီး..

ကဲ ရွာသူားတွေ အကုန် ဆဲချင်နေပြီလားဟင်……….. ဆဲတော့ဗျာ…

အော်အော် အခု ပြောတဲ့အထဲမှာ မပါတဲ့သူလဲ ပါဝင်ပူးပေါင်းဆဲလို.ရပါတယ်.. ကော့မန်.နဲ.ဆဲခဲ့ရင် ဒီလူတွေထဲမပါတဲ့သူ အကြောင်းထပ်ပြီး Update လုပ်ပေးပါမယ်နော………..

 

မှတ်ချက်။                 ။ ကျေးဇူးပြုပြီး တစ်ခါလောက်တော့ ဆဲခဲ့ပါနော်……နော်လို…………

50 comments

  • alinsett (gazette)

    May 8, 2014 at 12:26 pm

    ဆဲဗူးးး
    ရီဗဲရီသွားဒယ်
    အဟီဟိဟီ
    :mrgreen:

    သဂျားဆိုတဲ့ ချာတိတ်
    ဒေါ်ဖွားမေကို လိုဂျင်ရင် နှမြောတသခြင်းမရှိ ပေးပစ်မှာဗျ
    ယူမယ်သာ ပြော
    🙂

    ဟိုပိုစ့်တစ်ပုဒ်နဲ့တင် တစ်သိန်းနား အတော် ကပ်သွားတာတော့ အဟုတ်ပဲဗျို့။
    ရွာသူားတွေ အားလုံးရဲ့ ကျေးဇူးပါခည
    အဲ့ဒီ အိုက်ဒီရာက ကျနော့် အိုက်ဒီရာ အစစ်တော့လည်း ဟုတ်ပါဘူး

    ဒါနဲ့ ခုတလော ရွာထဲက ပိုစ့်ခေါင်းစဉ်တွေထဲ
    ဆက် ပါတာတွေ များနေသလားလို့

    :mrgreen:

    • အော် အဆက်ကလေးရယ်… နင် ပေါ်ပျူ း လာ ဖြစ်နေတယ်လေ…
      ဆဲပါဆို ဆဲပါဘူးဆိုတော့… ဟွန်… အဆက်ကလေးကို ဂျစ်တော့ဝူး…

      • alinsett (gazette)

        May 8, 2014 at 4:09 pm

        အဆက်ကလေးလို့ ခေါ်တာ တစ်ခါမြင်တိုင်း
        တစ်ခါ တွန် ့တွန့်သွားတယ်
        မျက်ခုံးးးးး

        🙂

        မဂျစ်ပဲတော့ မနေပါနဲ့ အတိုက်ကလေးရယ်

        :mrgreen:

  • Myo Thant

    May 8, 2014 at 12:43 pm

    သိပ်ကို ဆဲတတ်တဲ့ ကျုပ်က

    ကျုပ်နာမည် မပါလို့ ဆဲမသွားကြောင်း 🙂

    • ကိုမျိုးကြီး update လုပ်ပြီးပြီနော်….. အခု ဆဲလို.ရဘီ ထပ်ဆဲအုံးလို.နော်နော်…

      • Myo Thant

        May 9, 2014 at 9:11 am

        ( ဟို ကိုမျိုးသန်.ဆိုတဲ့လူကြီးက သူအကျင့်အတိုင်း သောက်ပြီး သွားဟဲဒါ အိမ်ပြန်လာတော့ မနက်အိမ်ကမိန်းကက သူအိတ်ကို ဖွင့်လိုက်တာ မိုက်ကြီး ပါလာလို.ဒဲ့…. ဘူ.လက်ချက်လဲတော့တိဝူး.. ဟေးဟေး )

        ဘယ့်နှယ် ဘယ်ကမိန်းမက ပါလာတာတုန်းဗျ ၊
        ကျုပ်မှာ မိန်းမ မရှိဘူးဆိုတာတော့ ခီညား သိသင့်တယ် ၊
        မဆင်မခြင် မရေးပါနဲ့ ၊ အသရေဖျက်မှုနဲ့ တရားစွဲပစ်မှာနော် ၊
        မိန်းမရှိရက်နဲ့ ကေတီဗီသွားတာ ဟို ဟို ဘာဘလက်ဆိုလား
        အဲဒီလူကြီးရယ် ငယ်ငယ်ကလိမ္မာတဲ့လူကြီးရယ်
        သူတို့သွားတာဗျ ၊ ကျုပ်က ပေါ်တာမိသွားတာ ၊ 🙂

        • ဟာဂျာ ဒီလူကြီး မိန်းမမရှိတာသိပါတယ်ဂျ…. လူရှိန်အောင်ထည့်ရေးတာလေဂျာ… ဘယ်နှယ့်ဂျာ အလိုက်ကန်းဆိုးမသိ.. လျှောက်အော်နေတာ..
          ဂုဏ်ရှိအောင်လဲ ထည့်ရေးပေးရသေးတယ်…
          လူပျိုးကြီး သားတစ်ယောက်အဖေဆို ဘယ်စိတ်ဝင်စားမလဲဂျ.. ဟာဂျာ ဟာဂျာ

        • Myo Thant

          May 9, 2014 at 9:34 am

          🙂

  • ဦးကျောက်ခဲ

    May 8, 2014 at 12:48 pm

    ရှိနေတုန်းက အဆိတ်ခံရတယ် ၊ ပြန်သွားတော့ လွမ်းရတယ်…
    မဆဲတော့ပါဘူး… အာဘွားပဲ ပေးချင်နေတာ… အဟိ
    ဂွဇက်လိခ်တွေရှိသေးတယ်… တိချင်ရင် ပိုက်ပိုက်ခွဲပေး
    😀

    • ဟင် ဆဲပါဆို အာဘွားပေးချင်တယ်ဆိုပဲ.. အမငီး… သူကစ်က ကြောက်ချာကြီးလားမတိ..ဟိဟိ..
      တစ်သိန်းရရင် ၂၀% ပေးမယ်ပြော… ဟေဟေ့

  • ဆဲတယ်ဗျာ… ဆဲတယ်…. ကိုတိုက်ကို မော်ကြည့်ခွင့်မရှိဆိုလို့ မကျေနပ်ဘူး.. ဆဲတယ်ဗျာ..

    • ဆဲဗျာ ဆဲဗျာ ဒီမယ် အလုံမှာနေတဲ့ကောင်မလေး လေးထောင့်ကိုပဲ ပွတ်လို.ရမယ်.. အပုကိုပွတ်ရင်အပွတ်ပဲအဖတ်တင်မယ်ပွသွားမယ် ဘာမှတ်လဲ… ဟွန်… ငင်းငငင်း

  • ကူမားရ်

    May 8, 2014 at 2:53 pm

    မိတိုက်..
    နင်ဟာလေ..အီကြာကွေးမ..ပဲပလာတာမ..စမူဆာမ..ကော်ပြန့်မ..ပေါက်စီမ..ဝက်သလုံးမ..ကြေးအိုးမ..
    ဆိတ်သားပဖ်မ..ဒါန်ပေါက်မ..ဘာကျန်သေးလဲ..စားချင်တာတွေ..ခိခိ

    • ကျေးကျေး အန်တီမဆွေ… အခုလို စုံစီနဖာ ဆဲပေးသွားတာ…..
      မားစ်တို.များ… ဆဲတဲ့နေရာသိပ်တော်တာပဲ.. ချစ်သွားးးးးးးးးးးးဘီ…. ဟိဟိ

  • kyeemite

    May 8, 2014 at 3:01 pm

    ခွားမသေး…နောက်အားမှပျံလာပီး အရှည်ကြီးဆဲအုံးမယ် 😀

    • အော်ဆဲပါဆို… အားမှအားရပါးရဆဲ.. အဲအဲ ဒါပေမယ့် အရှည်ကြီးဆဲမယ်ဆိုတော့ ဒီက ပုတဲ့သူကို လာနောက်နေသလိုပဲနော်… ဟွန်.းးး
      မီးကို ပုလင်းဖွတ်ထားတဲ့နေရာပါပြောလိုက်ရမလား.. ငင်းငင်း

  • Mr. MarGa

    May 8, 2014 at 4:12 pm

    ဒေါ်ဖွားမေ ကို အလက်ဆင်း မူပိုင် ပေးထားပါတယ်
    ဦးမာဃ တစ်ဖက်တစ်ထောင်နဲ့ လက်မလည်လို့
    :mrgreenn:

    • alinsett (gazette)

      May 8, 2014 at 4:27 pm

      ဒေါ်ဖွားမေကို အုကြောင်ဂျီးနဲ့ စီဇင်ပေးမလို့ပါ
      သဂျားလည်း ယူဂျင်ယူ

      :mrgreen:

      • Mr. MarGa

        May 8, 2014 at 5:05 pm

        ဆုတောင်းက မမှားပါဝူးဗျာ…… ပျော်လို့ ရွှင်လို့ အဟိ
        စကားမစပ် သမီးတော်လေးရော ကျန်းခန့်သာလို့ မာပါစ ဒက်ဒီ :mrgreenn:

  • ကေဇီ

    May 8, 2014 at 4:40 pm

    ဆဲတော့ ဆဲ ချင်တယ်။
    ဒီ ကိစ္စနဲ့တော့ မဟုတ်ဘူးးး
    ညည်း ဖဘ ၂ ခုလုံး ပို့ထားတဲ့ မက်စိ ကို မပြန်လို့။
    ပြီးမှ သများနာမည်လည်း မပါဘူးတို့ ဘာတို့ လာအော် ရင် ဆဲလွှတ်မယ်။
    နာ့ ကို အကြောင်းပြန်ပါဦးအေ။
    ခြေနေချက်ကတော့ အရပ်နဲ့ မလိုက်!!

    😀

    • အမလေးဟယ်ညည်းနှယ့် ညည်းပို.ပြီး သများ သင်္ကြန်ပြန်လာတော့ အဖေ့ဘွတ်မှာ စာပြန်ထားပါတယ်နော်.. မရဘူးလား… ပြန်ထပ်ပို.ပေးအုံးမယ်..
      လာပြန်ဘီဒီအရပ် အရပ်ကို စော်ကားရင် ယရက နဲ.တွေ.မယ်နော်… ဟွန်.

  • Crystalline

    May 8, 2014 at 4:59 pm

    တင်စရာမရှိပဲ ကွန်မင့်များများရချင်ရင် သမော်တီး ဘေဘီဂဲလ်ပုံတင်ပေါ့… အဖေပုံတော့ မပါစေနဲ့ပေါ့. :kwi:

    • အမယ် ဒါ မသိစိတ်ထဲက တောင်းဆိုနေတာပေါ့လေ.. အဖေပုံပါလာလိုရှိရင် စိတ်မခိုင်မှာစိုးလို.လား… ဟုတ်လား..
      အင်း ခရစ်လေးရယ်.. ဒီဘဝတော့ အရပ်ကမမှီ အသက်က ကွာ…. ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူးအေ..
      ခွိခွီခွိ စိစိစိ ဂိဂိဂိ

  • TNA

    May 8, 2014 at 5:33 pm

    ဆဲပအေ။ ကွိစိကွစ ပိကျိပွကျ ဝိစိဝစွ @@2&&&*****+++++!!!!!!!!????????//////// : mrgreen:

    သွ့သူ အုပ်အုပ်ကြောက်ရဒါမြန်း၊ သွ့သူ မယကဟာဗြဲဟာဂို နာ့ဂို ယကက ဖြစ်အောင်လုပ်သေး။ ဆဲပအေ ကွိစိကွစ ပိကျိပွကျ ဝိစိဝစွ @@2&&&*****+++++!!!!!!!!????????//////// : mrgreen:

    • အမလေး ဘယ်နှယ့် မယက တွေ ယယက တွေ ပြောနေရသတုံးအေ… အဲလို မပြောရဘူး.. ဒီလိုပြောရတယ်… ကြောက်တာဟုတ်ဘူးရယ်…. သများတို.က ရုပ်ပိုင်းဆိုင်ရာ စိုးမိုးမှုမခံရပေမယ့် စိတ်ပိုင်းဆိုင်ရာ စိုးမိုးမှုပဲ ခံရတာပါလို. အဲလိုပြောရတယ်အေ့… ဟေးဟေး

  • weiwei

    May 8, 2014 at 6:17 pm

    အမှတ်​အလကားဝင်​ယူသွားပါသည်​။

    • ဟုတ်တယ်တော့ အန်တီမဝေကြီးကလဲတော့ ဆဲပါဆိုတော့.. မဆဲပဲ အမှတ်ဝင်ယူသွားတယ်တော့. ဟုတ်တယ်တော့…

  • lu lu

    May 8, 2014 at 7:25 pm

    ဆဲရမယ့်ပိုစ် ဆိုလို ့ဝမ်းသာအားရ ဝင် ဆဲမလို ့ဟာ
    (အမှန်တော့အလုပ်မှာဆဲချင် တာတွေကိုစုထားဒါ )
    ရီလိုက် ရတာ အာညောင်းသွားလို ့အားပါးတရ မဆဲ
    လိုက် ရတာကိုပဲ စိတ်ညစ်စွာ ဆဲသွားပါတယ်။

    နာ့နာမည် မပါသေးဘူး ဟူးးးးးး
    တော်ပါဒေးယဲ့ , , , ,

    • လူလူ ချိုတာ ဘီလူလဲဟင်… သများသိလားမြင်ဝူးလားဟင်..
      ညည်းနှယ့်အေ.. အဆဲပို.စ်ပါဆို ဆဲချင်သလိုဆဲလို.ရဒယ်လေအေ…
      ညည်းလိုရုံးကဆဲစရာတွေ ဒီမှာလာဆဲရင် သများတို. ပေါမှပေါ.. ရုံးကလူတွေ တစ်ရက်တစ်ယောက်တမျိုးဆဲရင်ကို.. သဂျီးဆာဗာရောင်းပြီးကို အမှတ်ပေးရမှာ… ဟေဟေး..
      သများတို.နှစ်ယောက်ပေါင်းပြီး ရုံးဆဲပို.စ်တင်ကြမလားအေ… ဘီလိုလဲ.. ဟဲဟဲ

  • ကင် မ လာ အ ကြွေး တောင် မ ကျေ သေး ဘူး ကင် မ ရာ က ပျက် ပြီ

    ဟို အ လှူ ရက် က ဦး ပေါက် ဟာ ကြီး ကိုင် ချင် လို့ ပါ ဆို တာ နဲ့ သ နာ းလို့ ပေး ကိုင် လိုက် တာ။

    အဲ့ ကောင် က ဓါတ် ပုံ မ ရိုက် ဘဲ ပြောင်း ကြီး ဘဲ ပွတ် ပွတ် နေ တာ မြင် လိုက် တယ်။

    အခု တော့ အဲ့ ပြောင်း ကြီး ဘာ ဖြစ ်သွား တယ် မ သ ိဘူး။

    လည် ထွက် နေ တယ်။

    အကြွေး တောင် မ ကျေ သေး ဘဲ အဲ့ ကောင် ကြောင့် ပျက် သွား တာ။

    ဆယ် ့ တစ်မွှာ ပူး ဆယ့် တစ် ခါ မွှေး ပါ စေ တော်

    • ဟင် တကယ်ကြီးလားလေးပေါက်..
      ဦးပေါက်ဟာကြီးဆိုပါလား အမငီး ကင်မလာလေးတော့ထည့်ကျောပါဂျာ ကျောချမ်းထာ… အာဟိ..
      သများနဲ.မဆိုင်ဘူးနော်.. ပြောင်းပွတ်တာလောက်နဲ.တော့ အဲလောက်မပျက်နိုင်ပါဘူးဂျာ…ဟုတ်တယ်..
      ဆယ့်တစ်မွှာပူးမွေးပြီး ဘောသင်းထောင်ပလိုက်မယ်ဂျာ… ငှဲငှဲငှဲ..

  • Ma Ei

    May 9, 2014 at 11:47 am

    တစ်ခါလောက်ဆဲခဲ့ပါဆိုပေမယ့်
    နာ့ နံမယ်မပါလို့ ဆဲတော့ဘူး…ဒါပဲ
    🙂

    • ဟေဟုတ်သား အန်တီမအိကိုမေ့တွားဒယ်….
      နောက်ဆိုသတိရအောင် ဆမ်းဒရစ်လေး လုပ်ကျွေးလေနော်…. ခုခိခုခိ

  • black chaw

    May 9, 2014 at 12:23 pm

    အင်း…
    မာဆတ် ဆိုတာကြီးကို…
    တစ်သက်နဲ့ တစ်ကိုယ် တစ်ခါမှ မရောက်ခဲ့ဖူးပါဘူး ရွှေတိုက်ရယ်…။
    ညာပြောရင်
    ဝါဆိုမိုးဦးလေးနဲ့ ညားရပါစေရဲ့ဗျာ…။
    😀

    • အော်ဟော လူရိုးကြီးပေါ့လေ… ပါးစပ်ထဲလက်ထည့်ရင် မကိုက်တတ်ဘူး… စုပ်နေတာပေါ့… ဟုတ်လား.. ဟေဟေ့…
      ဝါဆိုမိုးအု တော့မသိဘူး အခုတော့ ကျုပ်လေ… စံရတီမိုးမြင့်လေးကို လွှတ်ကြိုက်နေတယ်ဗျို… ညာပြောမိရင် သူနဲ. တစ်ခါလောက်ဖက်နမ်းမိပါစေဗျာ… ဟိဟိ

      • sorrow

        May 9, 2014 at 3:48 pm

        ကိုဘလက်လား ရိုးတာ ..လျှောက်ပြော…..ရွာထဲမှာ အမှန်အကန်ရိုးတာ ဆိုလို့ …ဆောရိုးတစ်ကောင်ထဲရှိတယ်..အဟိဟိ ….

        • black chaw

          May 9, 2014 at 4:57 pm

          @ sorrow ;
          အေးပေါ့…အေးပေါ့…အေးပေါ့…အေးပေါ့…။
          တကယ်…ခင်လို့ သတိပေးမယ် သိလား…။
          အမျိုးအရင်းကြီးတွေက မယုံရဘူး…။
          ရွှေတိုက်။ ။ ဟင်…ဆောရိုးနဲ့ ဦးဘလက်က အမျိုးတော်တယ် ဟက်လား…။
          လူရိုးကြီးဘလက် ။ အေး…တော်တာပေါ့ကွယ်…။
          သူလည်း မြန်မာပြည်သား…၊ ကိုယ်လည်း မြန်မာပြည်သား…။
          သူလည်း ကချင်နုထွားကြီး…၊
          ကိုယ်ကလည်း ကချင်နုထွားကြီးဖြစ်ချင်သူ…။
          ဟေး…ညီငယ်လေး…ဆောရိုး…ဝါဆာနာရော…။
          😀

  • ဦးဦးပါလေရာ

    May 10, 2014 at 11:57 am

    အဆဲခံချင်တာနဲ့ပဲ မနှစ်လောက်က သတင်းဟောင်းကြီး တင်ရသလားဟဲ့ … ငတိုက်ရဲ့ …
    .ကျုပ်အကြောင်း သတင်းတင်ချင်ရင် စာလောက်နဲ့ မလုံလောက်တော့ဘူး… ကင်မလာလေးနဲ့ ခိုးရိုက်မှ ပြည့်စုံမှာ…။

    • ရွှေတိုက်စိုး

      May 10, 2014 at 12:20 pm

      အော် အဆဲခံချင်လို စိတ်တိုအောင် အကုန်လျှောက်ဖွပါတယ်ဆို… သူတို.မှာ စိတ်မတိုပဲနဲ. ကိုယ်ဟာကိုတောင် ပြန်ဖော်နေကြသေးတယ်…. အံ့ဩဘ…
      နေအုံး တစ်နေ.နေ.ကို ပုံခိုးရိုက်ထားအုံးမယ်.. ဟေဟေ့

  • Ma Ma

    May 10, 2014 at 10:38 pm

    ပိုစ့်ပိုင်ရှင်လည်းပွိုင့်ရ၊ ကွန်မန့်ပေးသူလည်း ပွိုင့်ရဆိုတော့ကာ…….
    အပြန်အလှန်အကျိုးများမယ့်ကိစ္စမို့ မငြင်းကောင်းပါဘူး။

    ယာလည်း ညက်စေ၊ ကြက်လည်း မောစေဆိုသလို…….
    သဂျီးမျက်ဖြူဆိုက်တာတော့ သူ့ကုသိုလ်နဲ့သူ ပေ့ါ။ :boss:

    • ဒါဘဲလေ.. ဟေးဟေးဟေးး… သဂျီးဟိုဒင်းဆိုက်တာ ကောင်းဒါပေါ့.. အန်တီမမရယ်.. ခိခိ

  • Ko chogyi

    May 11, 2014 at 9:34 am

    ဪ ရွှေတိုက်စိုး….ရွှေတိုက်စိုး……..
    အရပ်ပုသလောက် ဉာဏ်မမှီပါလား….
    ဒါနဲ့များဆယ်အိမ်ခေါင်းလုပ်သေးတယ်……
    အဲဒီဉာဏ်လောက်ဆို အနည်းဆုံး ဝန်ကြီးတစ်နေရာတော့ရသင့်တယ်….
    ဆဲတဲ့အထဲငါမပါလို့…………ငါမပြန်မဆဲဘူးနော်

    • ဟင် ဘယ်နှယ့် သများသားသမီး အရပ်ပုတာကို လာစော်ဒကားမော်ဒကားပြောပါလိမ့်…
      အမငီး ဝန်ကြီးများတော်ခန်.လိုက်သေး..ဟေးဟေး…
      မဆဲတော့ဘူးဒဲ့.. အမလေးးးးကြားလို.မှကောင်းကြသေးရဲ.လား…အရပ်ကတို.ရေးးးးးးးးးး… မဆဲသာမဆဲသာ အရပ်ကို စော်ကားသွားတာ.. ဆဲတာထက်နာသေး………..အမလေးးးးးးးးးးးးတော့……..ကြားလို.မှကောင်းကြသေးရဲ.လား…………….လို…….

  • padonmar

    May 11, 2014 at 10:05 am

    ဆဲဆိုခြင်းသည် ငရဲကြီးသလောလို့ တပုဒ်လောက်တင်လိုက်ရ..

    • တိန်.. စိတ်ကြီးတယ်နော်… လုပ်ပါနဲ.အန်တီရယ်.. သဂျီး ဆာဗာရောင်းပေးနေရပါမယ်.. ညှာညှာတာတာလေးလုပ်ပါနော်နော်..

  • အော်ငါ့နှယ့် အဆဲခံချင်လွန်းလို.မှ ပို.စ်တင်ပြီး အဆဲခံပါတယ်ဆို… ဘယ်ကိုရွှေကိုမျိုးတွေက လာနီ နေပါလိမ့်..
    နီမယ့်အစား.. ကော့မန်.လေးနဲ.လာဆဲလိုက်ပါလား… နာမယ်မသိစေချင်ရင် တခြားအကောင့်သစ်ဖွင့်ပြီးဆဲစမ်းပါဗျာ..ကဲ…
    ဒါမှမဟုတ်သဂျီး.. အနီ ရရင် .၀၅ အမှတ်ပေးဗျာ….. ဟေးဟေး….

    ကျုပ်ခမျာသနားပါတယ်ဗျာ… ကျုပ်ကိုကျုပ်တောင် တော်တော်သနားနေတာ… သဂျီးဆီက တစ်သိန်းရချင်လွန်းလို.ပါ…. အနီသမားများ.. နီမယ့်အစား လာဆဲစမ်းဘာ… ဘယ်နှယ့် အခုရေကြည့်တာ.. အနီ ၁၉ခုရှိတယ်.. စိမ်းထားတာတွေပါ ပေါင်းရင် အနဲဆုံး ၅ဝ လောက်ရှိမယ်.. ဒါများ.. ကော့မန်.ပြောင်းပေးရင် ကျုပ ်ခိုင်ပြီးအေ…………..

    • alinsett (gazette)

      May 12, 2014 at 12:43 pm

      အော်
      အတိုက်ကလေးက တသိန်းပြည့်ချင်နေတာ

      ကျုပ်ကတော့ တသိန်းပြည့်တော့မယ်ဆိုလေ
      ဝမ်းနည်းလာလေလေပဲကွယ်

  • အာဂ

    May 12, 2014 at 3:58 pm

    ငါ…………….ပြောလိုက်ရရင် မကောင်းတော့ဘူး….သတိ္တရှိရင် အရပ်ခြင်းပြိုင်ရှည်မလား..တိုက်တိုက်….။ဟွင့်….နာလှိူ့ဝှက်ချက်ပေါက်ကြားလို့ကတော့ တေဘီမှတ်..။

  • တောတွင်းပျော်

    May 14, 2014 at 11:54 am

    ဆဲချင်လို ့နာမည်ဝင်ရှာတာ မတွေ ့လို ့
    ၅ဝမြောက်comment နဲ ့ အခါ ၅ဝတိတိ ဝင်ဆဲလိုက်တယ်။

    ဆရာလည်း ကျနော ့လိုပဲ
    ကျနော်လည်း( )လိုပဲ…

Leave a Reply