အနာဂတ် နိုင်ငံ

kokoMay 8, 20141min1223

အနာဂတ် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံလို အပ် ချက်များ
၁။ မြန်မာနိုင်ငံသည် သဘာဝသယံဇာတ ပေါကြွယ်ဝပြီး ပထဝီနိုင်ငံရေးအရ အရေးပါသည့်နေရာတွင် တည်ရှိသော်လည်း ယနေ့တွင်ပတ်ဝန်းကျင်နိုင်ငံများနှင့် နှိုင်းယှဉ်သော် များစွာ ခောတ်နောက်ကျလျက်ရှိပေ သည်။ထိုသို့ဖြစ်ပျက်မှု အတွက ်မည်သူ့တွင်တာဝန်ရှိသနည်း။ အားလုံးတွင်တာဝန်ရှိပါသည်။ ဘာကြောင့်
ဖြစ်ခဲ့သနည်း။ထို့သို့တရားခံရှာရာတွင်တစ်စုံတစ်ဦး၊ အဖွဲ့အစည်းတစ်ခုကို လက်ညိုးထိုး အပြစ်တင်၍မရ
ဘဲနိုင်ငံရဲ့သမိုင်း၊ ဖြတ်သန်းခဲ့ရသော နိုင်ငံရေးစနစ်၊ ထုံးတမ်းစဉ်လာ ရိုးရာဓလေ့ များပေါ် အခြေခံလျက်
ကျယ်ပြန့်စွာ သုံသပ်ရန်လိုအပ်ပါသည်။ပြဿနာတစ်ခုကို ဖြေရှင်းရန်တွင်ယင်းပြဿနာ၏ ဇစ်မြစ်ကိုသိ
ရှိရန်လိုအပ်ပါသည်။ မြန်မာနိုင်ငံ၏ သမိုင်းကိုုပြန်ကြည့် မည်ဆိုလျှင် ရေုးယခင် သက်ဦးဆံပိုင်ဘုရင်စနစ်
ကို နှစ်ပေါင်းများစွာကျင့်သုံးခဲ့သည်ကို တွေ့ရပါမည်။ထိုသို့ အစဉ်အလာအုပ်ချူပ်ရေးစနစ်ကိုကျင့်သုံးနေရာ
မှ အင်္ဂလိပ်တို့သိမ်းပိုက် အုပ်ချူပ်ခြင်းကို နှစ်ပေါင်း ၁၀ဝ ကျော်ခန့်ခံခဲ့ရ ပြန်သည်။သက်ဦးဆံပိုင် အုပ်ချူပ်
ရေးသည် မည်သို့ပင် အားနည်းချက်များရှိစေကာမူ မြန်မာတို့၏ အတွင်းခံစိတ် တွင်လူပုဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂိုလ် ကိုးကွယ်ယုံ
ကြည်မှု၊ ခပ်ရှင်းရှင်းပြောရလျှင် မြန်မာတို့၏အတွင်းခံစိတ်တွင် ကျွှန်စိတ်များအမြစ်တွယ်လျက်ရှိပေသည်။
မည်သို့ပင်ဒီမိုကရေဟု အော်ဟစ်နေစေကာမူ အာဏာရှင် တောင်းတသော အာဏာရှင်ဆန်သော အတွေး
အခေါ် အကျင့်အကြံ များအမြစ်တွယ်နေပေသည်။ ထိုသို့ပြောလျှင် လက်ခံသူနည်းပါး ပါလိမ့်မည်။၎င်းအ
တွေးအခေါ်သည် တိုင်ပြည်တိုးတက်မှု နှင့် မည်သို့ ဆိုင်သနည်း။ လူများအသုံးမကျ လို့ အစိုးရ အဂတိ လိုက်
စားလို့ ပညာရေးအခြေမခိုင်လို့ တိုင်းပြည် မတိုးတက် တာပါ စသည့် အကြောင်းအရင်များစွာရှိပါလိ်မ့်မည်။
သို့သော၎င်းကြောင်းအရာများသည် ရောဂါ ၏အပေါ်ယံ လက်ဏ္ခာများသာဖြစ်ပြီးအဓိက မှာအာဏာရှင်
တောင်းတမှုသာဖြစ်သည်။၎င်းရောဂါအားအမြစ် ပြတ်အောင်မကုသနိုင်ပါက ခဏတာ သာပျောက်ကင်း
ပြီးအချိန်အခါတိုက် ဆိုင်လျှင် မူရင်းရောဂါ ပေါ်လာပေမည်။
၂။ အထက်ပါကြောင်းအရင်းမှာ ပြဿနာ ပြန်ဖြစ်နိုင်သည့် ကြောင်းအရင်းသာဖြစ်ပြီး နောက်ထပ်အ
ကြောင်းအရင်းများစွာရှိပါသေးသည်။ပြဿနာများမှာရောထွေး နေပြီး တစ်ခုနှင့် တစ်ခုလဲချိတ် ဆက်
လျှက်ရှ်ိပေသည်။ လူမှုအသိုင်းအဝိုင်း ၊ ထုံးတမ်းစဉ်လာ ၊ ဘာသာရေး၊( ဘာသာရေး ဆို၍ မူရင်း ဗုဒ္ဓ္ဓ၏တရား
သဘောများကို ဆိုလိုရင်းမဟုတ်ပဲ မြန်မာပြည်သူများ လက်ခံကျင့်သုံးနေသော မိရိုးဖလာဘာသာရေးယုံ
ကြည်မှု)ဖြတ်သန်းရသော လူမှုပတ်ဝန်းကျင်၊အရိုးစွဲ၍နေသော အမှန်တရားဟုယုံကြည်ထားသောအမှန်တ
ရား စသည့် ပြောမကုန်အောင် ကျန်ပါအုံးမည်။
၃။ အကြမ်းအားဖြင့်သုံးသပ်ပါက မြန်မာပြည်သူများသည် ခန်ညံ့ ညံ့ သူများမဟုတ်ကြပါ။ ကြားဖူးကြမှာ
ပါ လူကောင်း နှင့်လူတော်ဘယ်သင်းပိုကောင်းမလဲ။ လူကောင်းတွေတော်တော် ၊လူတော်တွေ ကောင်း ကောင်းပေါ့။ ဘာပြောစရာရှိလဲ။ တော်တဲ့လူရော မတော်တဲ့လူရော မကောင်းဘူးဆိုလျှင်ဖြင့် ပြောစရာရှိ
လာပါပြီ။လူကောင်းတွေများအောင်ဘယ်လိုလုပ်မလဲ။လူငယ်များကောင်းအောင်လူကြီးများကောင်းပြဖို့လို
ပါလိမ့်မည်။သားသမီး များကောင်းအောင်မိဘများ ကောင်းဖို့ လိုပါလိမ့်မည်။ မိဘများဘာကောင်းပြမည်
နည်း။ လူဘောင်လောကအတွက် ပတ်ဝန်းကျင် အတွက်ကောင်းကျိူးများကိုဆိုလိုပါသည်။ငါနှင့်ငါသာ နှိုင်း
စရာမိဘများမှ ပေါက်ဖွားလာပါက သားသမီးများနည်းထိုနည်းနင် နင်သာ ရှိပါလို့မည်။အပြောင်းအလဲကို ဘယ်နေ ရာက စ မလဲ။ တစ်နေရာရာက စရပါလိမ့်မည်။
၄။ ဘယ်အပိုင်းက စပြောမလဲ။အစိုးရပို်င်းလား၊ ပြည်သူ အပိုင်းလား။ အစိုးရဖြစ်ဖြစ် ပြည်သူဖြစ်ဖြစ်
အားလုံးဟာပြည်သူ ပြည်သားတွေကြီးပါပဲ။ အစိုးရပိုင်းနေနဲ့ အပြောင်းအလဲ အများကြီးလုပ်ခဲ့ပါတယ် ။
လုပ်နေဆဲဖြစ်ပါတယ်။အောင်ခြေအထိမပြောင်းလဲသေးဘူးလို့တော့ပြောကြပါတယ်။ အစိုးရ ကတော့ပေါ်လ
စီပိုင်းကို စတင်ပြောင်းလဲခဲ့ပါတယ်။ ဒီနေရာမှာတစ်ခုပြော စရာရှိတာက အစိုးရရဲ ့မဟာဗျူဟာ အတိအကျ မသိရှိပါဘူး။ တကယ်ပဲ မဟာဗျူဟာ၊ နည်းဗျူဟာ အတိအကျမရှိတာလား။ မီးစင်ကြည့် ကနေတာလား။
အတိအကျမသိပါဘူး။ကျေးလက်ဒေသဖွံ့ ဖြိုးရေး ၊ ဆင်းရဲမွဲတေမှု လျှော့ချရေး ဘယ်လောက်အောင်မြင် ပြီ
လဲ၊ ပထမ အကြိမ် အစည်းအဝေး ရဲ ့ဆုံးဖြတ်ချက် (သို့မဟုတ်)အကောင်အထည်ဖော်ဆောင်ရွက်ခြင်းအပေါ်
ပြီးစီးမှုအားပြန် လည်သုံးသပ်မှု ဘယ်အတိုင်းအတာထိရှိလဲ။နောင်လာမယ့် ၁ဝ နှစ်လောက် လုပ်ဆောင်မှု
အပေါ် တန်ပြန်သက်ရောက်မှု များအားကြိုတင် သုံးသပ်ထားရပါမယ်။
၄။ အစိုးရအတွင်း အဂတိလိုက်စားမှုများ အာဏာအလွဲသုံးမှုများ မိမိ၏လုပ်ပိုင်ခွင့်ကို အသုံးချပြီးကိုယ်
ကျိူးစီးပွားရှာမှု များကိုထိန်းချူပ်ရန် ထိရောက်သော နည်းလမ်းများဖြင့်ကိုင် တွယ်ရမည် ဖြစ်သည်။အဂတိ
လိုက်စားဟု ဆိုရာတွင် ဝန်ကြီးအဆင့်မှ အောက်ခြေ အပေါက်စောင့်အထိ သူ့နေရာနှင့်သူ ရှိကြသည်။
တိုင်းပြည်၏ ထောက်ပံ့ မှု ကို ရယူ သူ မှန်သမျှ သည် ပြည်သူ့ ဝန်ထမ်းဖြစ်သည်။ ပြည်သူများထမ်းဆောင်
သောအခွန် အခများကို ရရှိခံစားသူမှန် သမျှသည် ပြည်သူ့ဝန်ထမ်း ဖြစ်သင့်သည်။ယခု လက်ရှိ အချိ်န်တွင်
တာဝန်ထမ်းဆောင် လျက် ရှိသော ဝန်ထမ်း အားလုံးတွင် နိုင်ငံတော်၏ တရားဝင် အထောက်အပံ့ ဖြင့်
ရပ်တည်နေသူ မည်မျှ ရှိ သနည်း။ အဖွဲ့ အစည်းတစ်ခုခုလောက်က survey လုပ်ကြည့် လျှင်၊သိနိုင်မလား။
တကယ်လို့ လုပ်ဖြစ်ရင်တောင် data အမှန်မရန်ိုင်ပါ။ တိုင်းပြည်၏ ထောက်ပံ့မှု မဟုတ်သောငွေ ကြေးများ
သည် တိုက် ရိုက် သို့မဟုတ် သွယ်ဝိုက် ၍ တိုင်းပြည်၏ဝင်ငွေများဖြစ်သည်။
၅။ ၎င်းဝင်ငွေများအား ပြုန်းတီးမှု မရှိစေရန် ပြဿနာ များ၏ အရှင်းမြစ် များအားရှာဖွေ၍ ထိရောက်
သော ဆောင်ရွက်မှုများ ၊အရေးယူမှုများ လုပ်ဆောင်ရန် လိုအပ်သည်။ အဂတိ လိုက်စားမှုဆိုရာ၌ အောက်
ခြေဝန်ထမ်း များ၏ နေ့စဉ် စားဝတ်နေရေးလို အပ်ချက်ပြည့် မှီရန် အတွက် လိုအပ်သော ငွေကြေး ရရှိ စေရန် အလွဲသုံးမှု မှစ ၍ အထက်ပိုင်း အရာရှိကြီးများ၏ ထားစရာမ ရှိ အောင် အလိုလောဘ မသပ်နိုင်ပဲ
အလွဲသုံးမှုများ အထိ အမျိူး မျိူး ရှိပေရာ ဘယ်အတိုင်းအတာ ဘယ်ရာထူးအဆင့်အတန်း အားတစ်ခုချင်း
စီ ဘယ်ကဲ့သို့ ကိုင်တွယ်ရမည် ကိုတိကျသေခြာသော စီမံချက် တစ်ခုချင်းစီ ထားရှိရန် လိုအပ်ပေသည်။
၎င်းအလွဲသုံးမှုများအား ထိရောက်စွာအကိုင်တွယ်နိုင်ပါက မည်သို့ပင် စီးပွားရေးတိုးတက် စေကာမူ
အိပ်ပေါက်နှင့် ဖားကောက်သကဲ့သို့ တိုင်းပြည် ၏ အကျိူးအမြတ်များသည် လူနည်းစုကောင်းစားရေး
သို့သာ ဦးတည်နေမည် ဖြစ်ပါသည်။
၆။ အထက်ပါ အုပ်ချူပ်သူ လူတန်းစားများ၏ အလွဲသုံးမှုများ ကို ကိုင်တွယ် နေရင်း တပြိုင်နက်
ယနေ့ သမ္မတကြီး ပြောကြားသိ ု့အခြေခံပညာရေး တိုးတက်စေရန်ဆောင်ရွက်မှုများ၊ နည်းပညာဖွံ့ဖြိုး
တို်းတက်မှုအတွက် အခြေခံလိုအပ်ချက်များ၊လူသားအရင်းအမြစ်တိုးတက်ရေများအားရေရည်စီမံကိန်း
များချ၍ ဆောင်ရွက်ရမည်ဖြစ်ပါသည်။၎င်းတို့အားစီမံဆောင်ရွက်မည့်သူများမှာ အစိုးရဝန်ထမ်းများ
ကိုယ်စလှယ်များ တရားရေးအမှုထမ်းတစ် နည်းမဟုတ်တစ်နည်းပါဝင်ပတ် နေပေရာ ဆိုခဲ့ ပါ အလွဲသုံး
မှုများပပျောက်မှသာ ထိရောက်စွာဆောက်ရွက် နိုင်မည်ဖြစ်သည်။

3 comments

  • မီ မီ

    May 8, 2014 at 1:23 pm

    သတင်းစာထဲမှာ ခေါင်းကြီးပိုင်းဖတ်ရသလိုပဲ

    နားလည်မှုအားနဲပါသေးတယ်ရှင်
    လစာများများပဲတိုးစေချင်တာပါရှင် ဟီဟိ

  • kai

    May 8, 2014 at 2:20 pm

    ဘာလုပ်လုပ်.. ဘာဘာဘာမှ..ဖြစ်မလာပါ..။
    တရွေ့ရွေ့နဲ့တက်သလိုလိုလို.. ဖြစ်လာလိုက်..” ဗြုန်းဆို”.. ပြန်ကျသွားလိုက်..
    ဒီလို.. ဒီလိုသွားပါမယ်..။

    လူထုအများစုရဲ့အတွေးအခေါ်တွေ ခေတ်နောက်ကျကျန်ခဲ့လို့ပါ…။
    မြို့နေတွေတောင်မှ.. ဒီဟာဒီလောက်ဆို.. တောနေလူတွေအတွက်.. တွေးကြည့်တောင်မရဲ…။

    ဆိုတော့…
    အတွေးအခေါ်တို့၏ ရှေ့ဆောင်အရင်းမြစ်သည်.. ဘာသာရေး..။
    လက်ရှိဘာသာရေးကို အခြေခံကနေပြင်မှဖြစ်မယ်…. လို့.. အကြိမ်တသိန်းမက.. ပြောနေပါကြောင်း..။ :mrgreen:

Leave a Reply