သူငယ်ချင်းတို့ရေ … ဆိုင်မှာဂျီတော့ခ်သုံးရင် ပတ်စ်ဝေါ့ဒ်ကျန်တတ်ခဲ့လို့ သတိထားပေးကြပါ…..

JuemyitAugust 10, 20101min651

အင်တာနက်ဆိုင်တွေမှာ Gtalk(ဂျီတော့ခ်) သုံးသွားတဲ့သူတွေကိုယ်သုံးသွာတဲ့ စက်မှာ အကောင့်ရဲ့ ပတ်စ်ဝေါ့ဒ်(password) တွေ ကျန်ခဲ့လို့ နောက်ထပ်သုံးတဲ့သူတွေကတွေ့ပြီး password
ချိန်းသွားတာတွေ

ခဏခဏဖြစ်နေတယ်လို့ အင်တာနက်သုံးတဲ့သူတွေထံမှ သိရပါတယ်…။

အခုအချိန်မှာ Gtalk အကောင့်အသစ်တွေ ပြန်လုပ်ဖို့ကလည်း ခက်ခဲနေတယ်၊ ပတ်စ်ဝေါ့ဒ်တွေ အချိန်းခံရ တဲ့သူတွေက ထပ်ပြီးသုံးလို့မရတော့တာတွေ ရှိနေတယ်လို့ သိရပါတယ်။ သုံးသွားတဲ့စက်မှာ password
တွေ အများဆုံး ကျန်တာက မိန်းကလေး အကောင့်တွေ များတယ်လို့ အင်တာနက်အမြဲသုံးတဲ့သူတွေက
ပြောပြပါတယ်။ တချို့ဆိုင်တွေမှာလည်း တမင်သက်သက် အကောင့်ရဲ့ password တွေကို
ကျန်ခဲ့အောင်

software တွေနဲ့ လုပ်ထားတယ်လို့ သိရပါတယ်။

ကိုယ်သုံးပြီးတော့ password တွေမကျန်ခဲ့အောင် gtalk ဖွင့်ဖွင့်ချင်းမှာ remember password နေရာမှာ အမှန်ခြစ်လေး ရှိ/မရှိ စစ်ဆေးပြီးမှ အကောင့်ဝင်သင့်တယ်။ Remember password နေရာမှာ အမှန်ခြစ်လေးရှိ နေရင် ဖျက်ပြီးမှ
ကိုယ့်အကောင့်ကို သုံးသင့်တယ်
။ အကောင့်ပြန်ထွက်မယ်ဆိုရင်လဲ ကိုယ့် password
မကျန်ခဲ့

အောင် အကာင့်ကို ပြန်စစ်သင့်တယ်လို့ သိရပါတယ်။

အင်တာနက်ဆိုင်တွေမှာ password ကျန်ခဲ့အောင်လုပ်တဲ့ ဆော့ဖ်ဝဲ ရှိ/မရှိကို control panel ထဲဝင်ပြီး add or remove programs
မှာ Balzing Tool Perfect
Keylogger ဆိုတဲ့ software ရှိ/မရှိ ဝင်ကြည့်သင့်တယ်။
ဆိုင်ကလုပ်ထားရင်တော့
ကိုယ့် account password ကို ကာကွယ်လို့ မရဘူးလို့သိရပါ တယ်။ ဒါကြောင့်

ကိုယ်နဲ့သိတဲ့ ရင်းနှီးပြီး ယုံကြည်ရတဲ့ဆိုင်တွေမှာပဲ ထိုင်သင့်တယ်လို့ ဆော့ဖ်ဝဲဆရာတစ်ဦးက ပြောပါတယ်။

နောက်ပြီးတော့ တချို့ဆိုင်တွေမှာ ကိုယ်သုံးနေတဲ့ စက်ထဲကနေပြီးတော့ တခြားစက်မှာသူများတွေ ဘာလုပ်နေတယ်ဆိုတာ ကြည့်လို့ရတဲ့ ဆော့ဖ်ဝဲကို တင်ထားတာတွေလည်းရှိပါတယ်။ အဲဒီဆော့ဖ်ဝဲ ကိုယ်ထိုင်တဲ့
ဆိုင်မှာ ရှိ/မရှိ ဆိုတာကို control panel ကနေပဲဝင်ပြီး add or remove
programs မှာ VNC viewer,logmein ဆိုတဲ့
software ရှိ/မရှိ ဝင်ကြည့်လို့ရတယ်။
အဲဒီဆော့ဖ်ဝဲတွေ
တင်ထားတဲ့ဆိုင်တွေမှာ

သုံးစွဲမှုကို အထူးသဖြင့် ရှောင်သင့်တယ်လို့ ဆော့ဖ်ဝဲဆရာတစ်ဦးက ပြောပြပါတယ်။

(မော်ဒန်သတင်းဂျာနယ်၊ အတွဲ၂၁၈၊ ၃၀.၇.၁ဝ မှ ကူးယူဖော်ပြပါသည်။)

One comment

  • nitrospeed

    August 10, 2010 at 6:06 pm

    ပြောထားတာတွေက အမှန်တွေပါ……. မပြည့်စုံသေးပါဘူး……… VNC Niewer software အပြင် တခြား software တွေရှိပါသေးတယ်…….
    Internet ဆိုင်တော်တော်များများက Deep freeze တင်ထားလို့ ဘာမှာလုပ်စရာမလိုပါဘူး…….. စိတ်ချရပါတယ်……….

Leave a Reply