မယုံမရှိနဲ့ . . .ဟောဒါ မာယာ. . .

alinsettMay 10, 20141min19115

ယုံလို့မရတဲ့ ယုန်တွေနဲ့ . . .

ကြားလို့မှမကောင်းတဲ့ကျားတွေ

တိုက်ခိုက်ကြတာများ

အသံတွေ ခလွမ်ခလွမ်နဲ့

ကဲ

ခင်ဗျား

ကျားရလား

ယုန်ရလား

 

သစ်မဟုတ်တဲ့အပင်တွေချန်လို့

သစ်ဟုတ်တဲ့အပင်တွေခုတ်

လူရုပ်ပေါက်လျက်နဲ့ လူယုတ်စာရင်း ဝင်လို့ပေါ့။

တွေ ့နေလား

ဟိုနားမှာ ရုတ်ရုတ် ရုတ်ရုတ်နဲ့။

 

ဟိုမှာလည်း ကြည့်ဦး

လူယုတ်မာတချို့က

လူတချို့ကို

လူယုတ်မာလို့ အမည်တပ်ပြီး

ယုတ်မာလိုက်ကြပြီ. . .

 

ဘာဆက်လုပ်မလဲ

ဆက်ပြီး ဘာလုပ်မလဲ

ဘာလုပ်ပြီး ဆက်မလဲ

. . . . .

. . . . .

 

အလင်းဆက် (Gazette)

 

9 / 5 / 2014 / 21 : 29

မင်္ဂလာဒုံ

 

 

 

 

 

 

 

 

15 comments

  • Mr. MarGa

    May 10, 2014 at 2:36 pm

    မယုံဘူး အဲဒါ အာပလာ
    တကယ်တော့ ဒါဟာ အာဏာ
    ထပ် ရှင်းအောင်ပြောရရင် အားလုံးဟာ မရေရာ
    ဆိုတော့ ငါတို့ဘဝက မသေချာ
    တွေးပါ… တွေးပါ…

    • Aye Lwin Oo

      May 10, 2014 at 3:55 pm

      အာပလာဆိုတာ bla bla
      အာဏာကတော့ တဏှာ နှဏှာ
      မရေရာတာက ကမ္ဘေ ကမာ္ဘ
      မသေချာတာက တစ်လင်ကွာ

      သေချာတာလေး တစ်ခုကတော့ သေရွာ ပါခင်ဗျား

      • alinsett (gazette)

        May 10, 2014 at 4:10 pm

        အဟုတ်

        အဲဒါတစ်ခုပဲ သေချာတယ်
        ဒါတောင် ဘယ်အချိန်မှာလဲ
        ဘယ်နေရာမှာလဲ
        ဘယ်လိုလဲ ဆိုတာ မသေချာသေးဘူး

        :kwi:

      • Mr. MarGa

        May 10, 2014 at 5:24 pm

        ငါသည်မုချသေရမည်… .အချိန်ပိုင်းသာလိုတော့သည်…….. ပေါ့ ဗျာ

  • lu lu

    May 10, 2014 at 2:50 pm

    မလုပ် ရ သေးတဲ့ကိုယ် ့ရဲ ့တန်ဖိုးရှိတဲ့လုပ်စရာ
    တွေကိုပဲဆက်လုပ်သွားမှာပါ တချို ့ကိစ္စတွေက
    ကိုယ်နဲ ့မဆိုင် သလိုပဲနေသင့်တယ်
    ဘာလို ့လဲ
    ကိုယ့်ရဲ ့တန်ဖိုးရှိတဲ့အချိန်တွေကနှမျောစရာ
    ကောင်းလွန်းလို ့ပဲ

  • တောတွင်းပျော်

    May 10, 2014 at 9:15 pm

    ဒီမှာလည်းကြည့်အုံး
    ရွာသူတစ်ချို ့က
    တော်ပျော် ငပြောင်ကို
    တော်ပျော် သူတော်စင်အမည်တပ်ပြီး
    ချဲဂဏန်းလိုက်တောင်းနေကြပြီ…

    ငပြောင် ဘာဆက်လုပ်ရမလဲ
    ဘာဆက်ပြီး ငပြောင်လုပ်ရမလဲ
    ဘယ်လိုလုပ်ပြီး
    ဘယ်လိုလုပ်ပြီး
    ဘယ်လိုလုပ်ပြီး

    • alinsett (gazette)

      May 11, 2014 at 7:48 am

      ဟို ဦးပြောင်ခမျာလည်း
      ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်နေပုံရတယ်
      နော့

      :mrgreen:

  • အာဂ

    May 11, 2014 at 2:24 am

    ကြားနဲကျား
    ယုံနဲ့ယုန်

    ကြားယုံနဲ့မပြီး

    အသုံးမဝင်တာချန်
    အသုံးဝင်တာခုတ်
    လူယုတ် နဲ့ လူရုပ်

    ရကောက် နဲ့ ယ ပက်လက်ကြား ဘဝ များ

    အော် ့ ့ ့ ့ ့ ့အော်ဆက်ရန်လက်ကျန်ရှိသေး သလား

    မူးမူးနဲ့ရေးမိတာ

    • alinsett (gazette)

      May 11, 2014 at 6:56 am

      ကိုအာဂ
      ကဗျာအတွေးတွေ ပို ပို တောက်ပလာတယ်

  • TNA

    May 11, 2014 at 3:40 pm

    နာလဲဂဂျာစပ်မို့ တူဒို့ချည်းစပ်တွားလို့ ပြန်တော့မယ်အေ။ သစ်ပင်လဲချိတော့ဝူး။ အဲကွန်းနဲ့ပဲနေ အဲ့အဲ့အဲ့ မီးပျက်တွားဘီ 😥 :byee:

Leave a Reply