ကန်တော့ ချိုး (၁)

အာဂMay 10, 20141min2438

☻တစ်နေ့သုံးကြိမ် ရေချိုးရခြင်းဘေးမှကင်းဝေးအောင် အရှင်နေမင်း ပူခြင်းလျော့ ပါစေသား။

☻လာချင်လာ ပျက်ချင်ပျက် ပြည်သူ ဘဝ အနေခက် အောင် စွမ်းဆောင်
တော်မူသော် ငညစ်သခင် EPC မင်း လည်းညစ်ခြင်းကင်းကင်းနဲအလင်းပေးပါစေသား။

☻ယူသော်မှန်ပြီးပေး သော်ငဝိုင်း ပတ်ချာဝိုုင်း အောင်၊ လိပ်တို့ ဘုရင် ပက်ကျိသခင် အရှင်စုတ်ပတ် MPT နတ်လည်း အမြန်လမ်း speed နဲ့အင်တာနတ်ကောင်းအောင်မစပါစေသား။

☻ပြောတော့ဆွေးနွေး ငြိမ်းချမ်းရေးကွယ်ရာပစ်ခတ် မျက်နှာဖုံးတပ်စစ်ဖိနပ်၊
ပြည်သူအများ အပြေးအလွှားဒုက္ခပိုင်စိုး သေမင်းမျိုးအရှင် တပ်မတော်သည်လည်း ပြည်သူ့ခြေဖဝါး ပြားပြားခ၍ အခစားပါစေသား။

8 comments

  • Mr. MarGa

    May 10, 2014 at 3:32 pm

    ဤသို့ပူဇော် ဖူးမျော်မာန်လျော့ ကန်တော့ရသော အကျိုးအားကြောင့်……………….

    ဆုတောင်း ဆို ပိုမှန်မယ် ကိုရင်ရ …

    • အာဂ

      May 10, 2014 at 3:57 pm

      ဝုတ်ပ ကိုမာဂ ရယ် ခင်းဗျားနယ့်ဗျာ..အခုမှ အချိန်ကိုက်မိုးရွာအောင်လုပ်တာကိုးဗျ..။

      • Mr. MarGa

        May 10, 2014 at 5:32 pm

        မရွာတော့လဲ မရွာလို့ ရွာပြန်တော့လဲ ရွာလို့ နဲ့ ခင်ဗျားတို့တွေက ဘယ်လိုမှ အနှောင့်အသွားမလွတ်ပါလားဗျ

  • alinsett (gazette)

    May 10, 2014 at 4:23 pm

    ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်
    အဲ့ လူတစ်စုရဲ့ ညစ်ကျယ်ကျယ်လုပ်ရပ်တွေ ရပ်တန်းက ရပ်ပါတော့လို့ပဲ . . . .

    🙁

  • ကေဇီ

    May 10, 2014 at 4:31 pm

    ဂဂ ဆုတောင်းမှန်သမျှ
    တိုတယ်လိ၊ အက်(ဖ)ဆိုလုတလိ၊ ဒက်ဖနိတ်လိ သဘူတော့ပါတယ်။

  • lu lu

    May 10, 2014 at 6:34 pm

    အာဂ ရေ ဆုတောင်းပြောင်းလိုက်ပါတော့လို ့
    ဒီမင်းဒီသခင် ဒီအရှင် နဲ ့ပဲနေပါရ စေ ဖျာ့
    ဒီ့ထက်ဆိုးတဲ့မင်း သခင် အရှင် တွေရောက်လာရင်
    ပိုဆိုးမှာစိုးလို ့ပါ ဖျာ ့ 🙂
    အဟိဟိ , , :-))

  • Ma Ma

    May 11, 2014 at 10:53 am

    ကိုသာဆိုးတွေနဲ့ချည်းတွေ့နေရလို့ ဒီအတိုင်းလေးပဲ ကောင်းပါတယ် ………. 🙁

  • TNA

    May 11, 2014 at 3:34 pm

    ဒဂျီးကတော့ ဆုတောင်းကိုမယုံဘူးဆိုလား :mrgreen:

Leave a Reply