ချမ်းသာတဲ့မနက်ခင်းဖြစ်ဖို့ အတွက်
ချမ်းသာစွာအိပ်စက်နိုင် ခဲ့လား
ဖဲမွေ့ ယာပေါ် မှာအိမ်မက်ဆိုးတွေ စိတ်သောက တွေနဲ့ အတူ
အိပ်စက်အနားယူခဲ့မယ်ဆိုရင် ကိုယ်ချမ်းသာပြီးစိတ်ဆင်းရဲ နေရ တော့နိုးထလာတဲ့မနက်ခင်းလေးက ချမ်းသာတဲ့မနက်ခင်းလေး
မဖြစ်နိုင် တော့ဘူးပေါ့ ။ တဲအိမ်မှာ လမ်းဘေးမှာ ဘယ်လိုနေရာမှာ
ဖြစ်ဖြစ် စိတ်သောကမရှိဘဲ အိပ်စက်နိုင် ခဲ့သူအတွက်တော့သူ့ ရဲ့ 
မနက်ခင်းတိုင်းကချမ်းသာနေမှာပါ ။
ဒီရွာ ထဲမှာရောချမ်းသာအိပ်စက်နိုင် ခဲ့တဲ့သူ ဘယ် နှယောက်များ
ရှိမလဲ ။ သာယာတဲ့မနက်ခင်းလေးမှာ ချမ်းသာစွာနိုးထနိုင် ခဲ့ရင်
သူ့ ရဲ့ တ နေ့ တာလုံးကို အဓိပ္ပာယ် ရှိစွာဖြတ်သန်းနိုင်းမှာပါ ။
စိတ်ညစ်စရာတွေကို မ တွေးနဲ့ လို့ မဆိုလိုပါဘူး ဒါမဲ့ အိပ်ယာ
ထဲထိတော့ခေါ်မလာ နဲ့ ပေါ့ ။ စိတ်ဆင်းရဲတယ်ဆိုတာ အ တွေး
တွေကြောင့် ပါတဲ့
အ တွေးမမှန်လို့ ပေါ့ ။ စိတ်ဆင်းရဲစရာအ တွေးကိုတွေးနေလို့ 
စိတ်ကဆင်းရဲနေတာ ။ တ နေ့ လုံးတွေးနေတဲ့ထဲ အဓိပ္ပာယ် ရှိတဲ့
အ တွေး အကျိုးရှိတဲ့အ တွေးဘယ်လောက်များ တွေးဖူးကြသလဲ ။
ဒါစဉ်းစားတတ်ဖို့ တော့လို ပါတယ် ။
ကဲ . .ရွာသူရွာသားအားလုံးကို ချမ်းသာသောမနက်ခင်းလေးဖြစ်ဖို့ 
အရင် ဆုံး နှုတ်ဆက် လိုက်ပါတယ် . .
Good morning !
:-) :-)

lu lu
11,5,2014 ,sun.
တောင် ကြီး

About Sine Sant

Sine Sant has written 23 post in this Website..

မှန်လိုလူ