မေမေ

လောကဒဏ်ရာတွေကို

ဒူးမတုန်. . လက်မတုန်ပဲ

ကုသပေးခဲ့သူ. . .

 

မေမေ

သားဆိုတဲ့ စာသားကို

မေတ္တာဓါတ်စီး

နှလုံးသွေးနဲ့ ရေးပြီး

သမိုင်းဝင်ခဲ့သူ. . .

 

မေမေ

ပင်လယ်ရေသာ ခန်းခြောက်လိမ့်မယ်. . .

မေမေ့အချစ်တွေ ထာဝရပြည့်လျှံ

ဘယ်တော့မှလည်း မခန်းလောက်ဘူး

ဦးညွတ်ပါတယ်မေမေ

 

ဘယ်နေရာရောက်ရောက်

မေမေရှိတယ်ဆိုတဲ့အသိနဲ့

လုံခြုံနွေးထွေး

အပူတွေလည်း အေးစေခဲ့သူ. . .

 

မေမေ. . . .

မေမေ့အတွက် ချစ်သားချစ်သမီးတွေကအသက်

သားတို့အတွက်လည်း

မေမေက အသက်ပါမေမေ

မေမေမရှိရင်

အသက်ရှူဖို့ လေ မရှိ. . .

ပြိုကျမယ့် သစ်ပင်လေးတွေလို

သားတို့ပါ မေမေ . . .

 

မေမေ့ ခွင့်လွှတ်ပြုံးတစ်ချက်နဲ့

တစ်သက်တာ အမှားကင်းအောင်နေဖို့

ဆုံးဖြတ်နိုင်ခဲ့တယ်

မေမေဟာ . . .

အမှန်တရားကို လမ်းပြသူ. . .

 

မေမေရေ. . . .

နူးညံ့ညင်သာတဲ့ အပြုံးနဲ့

သားသမီးတွေဘက်က အမြဲ

နှလုံးသားလှနိုင်ခဲ့သူ. . .

မေမေ့မေတ္တာကို အတုခိုးဖို့. . .

လောလောဆယ် . . .

သား

ရှိခိုးကန်တော့လိုက်ပါတယ် မေမေ

 

———-

 

အလင်းဆက်(Gazette)

 

11 / 5 / 2014 / sunday

 

မရမ်းကုန်း

 

အမေနေ့ အမှတ်တရ

 

 

 

 

alinsett

About alinsett

alinsett has written 615 post in this Website..

. . .